Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLogin

|

Register

ကျောင်းသားများ၏ သင်ယူမှုကို ပိုမိုထိရောက်စွာ ပံ့ပိုးပေးနိုင်သည့် စစ်ဆေးအကဲဖြတ်မှုများ စီစဉ်ဆောင်ရွက်ခြင်း

5

(4 Reviews)

Certified

5 hour(s)

142 Enrollment(s)

1580 View(s)

Share On :

Course Description

၂၁ ရာစု ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်မှု’ သင်တန်းတွင် သင်ယူခဲ့သည့်အတိုင်း ၂၁ ရာစုတွင် တိုးတက်အောင်မြင်ရန် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများတွင် 5 Cs ဟုခေါ်သော စူးစမ်းလိုစိတ် (curiosity)၊ လေးနက်စွာ ဆန်းစစ်ဝေဖန်စဉ်းစားခြင်း (critical thinking)၊ တီထွင်ဖန်တီးစဉ်းစားခြင်း (creative thinking)၊ ပူးပေါင်းဆောင်ရွက်ခြင်း (collaboration) နှင့် ဆက်သွယ်ပြောဆိုခြင်း (communication) စသည်တို့ ပါဝင်သည်။ ‘သင်ယူသူဗဟိုပြုနှင့် တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ်နည်းများ’ သင်တန်းတွင်လည်း ကျောင်းသားများကို 5C ကဲ့သို့သော အသိပညာ၊ ကျွမ်းကျင်မှုများနှင့် ၎င်းတို့ ခံယူထားသည့် သဘောထားများ၊ တန်ဖိုးထားမှုများကို လက်တွေ့လောက အခြေအနေတွင် အသုံးချနိုင်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် စစ်ဆေးအကဲဖြတ်ခြင်းကို စီစဉ်ဆောင်ရွက်သည့်အခါ အဆိုပါ ချဉ်းကပ်နည်းများနှင့် ကိုက်ညီရန် လိုအပ်သည့်အပြင် သင်ယူသူကို ဗဟိုပြုပြီး တတ်ကျွမ်းမှုကို အခြေခံသည့် သင်ရိုးညွှန်းတမ်းနှင့်လည်း လိုက်လျောညီထွေမှု ရှိရမည်။ သို့မှသာ ကျောင်းသားများသည် ၎င်းတို့၏သင်ယူမှုကို လက်တွေ့ဘဝ အခြေအနေများတွင် မည်သို့အသုံးပြုမည်ကို ထင်ဟပ်စေသော လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိသည့် လုပ်ငန်းများမှတစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုများနှင့် နားလည်မှုကို သရုပ်ပြနိုင်မည်ဖြစ်သည်။ ဤသင်တန်းတွင် သင်ယူထားသည့် ကျွမ်းကျင်မှုနှင့် အသိပညာများကို ကျယ်ကျယ်ပြန့်ပြန့် ပြသနိုင်စေရန် စွမ်းဆောင်ရည် စစ်ဆေးအကဲဖြတ်ခြင်း (Performance assessment) ကို မည်ကဲ့သို့ အသုံးပြုနိုင်ကြောင်းကို ဦးစွာ လေ့လာပါမည်။ ထို့နောက် လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း (Authentic assessment) မှတစ်ဆင့် အကဲဖြတ်ခြင်း လုပ်ငန်းတာဝန်များကို လက်တွေ့ဘဝ အခြေအနေနှင့် မည်သို့ ဆက်စပ်နိုင်သည်ကို စူးစမ်းလေ့လာပါမည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် -

မော်ဂျူး (၁) စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း (Performance Assessment)

(၁.၁) စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း၏ အင်္ဂါရပ်များ

(၁.၂) အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားနှင့် စစ်ဆေးရန်အချက်များပါသော စာရင်းများကို စစ်ဆေးအကဲဖြတ်မှုကိရိယာအဖြစ် အသုံးပြုခြင်း

(၁.၃) အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားအတွက် လိုအပ်သောအင်္ဂါရပ်များ

မော်ဂျူး (၂) လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း (Authentic Assessment

(၂.၁) လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း၏ အင်္ဂါရပ်များ

(၂.၂) လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း ပါရှိသည့် သင်ခန်းစာများ

အဓိက အသုံးအနှုန်းများ

လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း (Authentic assessment)၊ ဖြစ်ရပ်လေ့လာခြင်းများ၊ စစ်ဆေးရန် အချက်များပါသော စာရင်းများ၊ တတ်ကျွမ်းမှုအခြေပြု ပညာရေး (competency-based education - CBE)၊ သင်ယူသူဗဟိုပြု ချဉ်းကပ်နည်း၊ သင်ယူမှုရလဒ်များ၊ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း (Performance assessment)၊ သင်ယူမှုအထောက်အထားမှတ်တမ်းများ၊ စီမံချက်အခြေပြု သင်ယူမှု၊ အဆင့်သတ်မှတ်တိုင်းတာမှု၊ သရုပ်ဆောင် သင်ကြားသင်ယူခြင်း၊ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယား၊ သရုပ်သဏ္ဌာန်တူ လုပ်ဆောင်ခြင်းများ

Course Objectives

ဤသင်တန်း၏ အဓိကဦးတည်ချက်မှာ သင်၏ စစ်ဆေးအကဲဖြတ်မှုကို သင်ယူသူဗဟိုပြု နှင့်/သို့မဟုတ် တတ်ကျွမ်းမှုအခြေပြု သင်ရိုးညွှန်းတမ်းနှင့် ကိုက်ညီမှုရှိစေရန် စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း (Performance assessment) နှင့် လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း (Authentic assessment) များကို မည်သည့်အချိန်တွင် အကောင်အထည်ဖော်ရမည်ကို သိရှိနားလည်ပြီး လိုအပ်သော ကျွမ်းကျင်မှုများ ရရှိသွားစေရန် ဖြစ်သည်။

Learning Outcomes

သင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -

  • မည်သည့် လုပ်ငန်းတာဝန်များက စဉ်းစားတွေးခေါ်မှု အနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များကို မြှင့်တင်ပေးပြီး မည်သည့်လုပ်ငန်းတာဝန်များကမူ အဆင့်မြင့် တွေးခေါ်မှု စွမ်းရည်များကို မြှင့်တင်ပေးသည်ကို ခွဲခြားသတ်မှတ်နိုင်မည်။
  • စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း၏အင်္ဂါရပ်များကို ဖော်ပြနိုင်မည်။
  • သင်ပြမှုပုံစံတစ်ခုတွင် စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း အဆင့်များကို ခွဲခြားသတ်မှတ်နိုင်မည်။
  • ကျောင်းသားများကို အကဲဖြတ်ရန် အကဲဖြတ်ရန်သတ်မှတ်ချက်ဇယားနှင့် စစ်ဆေးရန် အချက်များပါသော စာရင်းများ အသုံးပြုပုံကို နားလည်လာမည်။
  • အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားနှင့် စစ်ဆေးရန် အချက်များပါသော စာရင်းတို့၏ လိုအပ်သောအင်္ဂါရပ်များကို ခွဲခြားသတ်မှတ်နိုင်မည်။
  • လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း (Authentic assessment) ကို အဓိပ္ပာယ်သတ်မှတ်နိုင်မည်။
  • လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်းအကြား တူညီမှုများနှင့် ကွဲပြားမှုများကို ခွဲခြားသတ်မှတ်နိုင်မည်။
  • လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း၏ အဓိကအင်္ဂါရပ်များ၊ ဥပမာများနှင့် အကျိုးကျေးဇူးများကို ခွဲခြားသတ်မှတ်နိုင်မည်။
  • အတန်း၏ ဆောင်ရွက်မှု ‘ရလဒ်’ ကို ထွက်ပေါ်စေသည့် လုပ်ငန်းများကို လက်တွေ့ဘဝ လုပ်ငန်းတာဝန်များ၊ ဆက်စပ်သည့် ကျွမ်းကျင်မှုများနှင့် ချိတ်ဆက်တတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၁)။ မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

စွမ်းဆောင်ရည်ကို စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း (၁)

မော်ဂျူး (၁) အဆက်

မော်ဂျူး (၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း (၂)

မော်ဂျူး (၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၁.၂။ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားများနှင့် စစ်ဆေးရန် အချက်များပါသော စာရင်းများကို စစ်ဆေးအကဲဖြတ်မှုကိရိယာအဖြစ် အသုံးပြုခြင်း

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း - အဆက်

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း - အဆက်

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း - အဆက်

၁.၃။ အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားအတွက် လိုအပ်သော အင်္ဂါရပ်များ

မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

စစ်ဆေးရန်အချက်များပါသော စာရင်း (Checklists) ကို အကဲဖြတ်ကိရိယာအဖြစ် အသုံးပြုခြင်း

စစ်ဆေးရန် အချက်များပါသောစာရင်း၏ အင်္ဂါရပ်များ

မော်ဂျူး (၁) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

မော်ဂျူး (၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း

မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ

လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းတာဝန်များ၏ ဖော်ပြချက်များ

၂.၂။ လက်တွေ့ပြန်လည်အသုံးချနိုင်မှုကို စစ်ဆေးအကဲဖြတ်ခြင်းသင်ခန်းစာများ

မော်ဂျူး (၂) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ခြင်း

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon