၂၁ ရာစု ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်မှု - ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
4
(1 Reviews)
Certified
5 hour(s)
66 Enrollment(s)
1018 View(s)

Share On :
Course Description
ယခု "စီ ငါးလုံး (5Cs) ကို မိတ်ဆက်ခြင်း" သင်ခန်းစာသည် ဆရာများအတွက် စီ ငါးလုံး အညွှန်းဘောင် (5Cs framework) ကို နားလည်စေရန်၊ စီငါးလုံးတွင် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့၏ အခန်းကဏ္ဍများကို ခွဲခြားသတ်မှတ်တတ်စေရန်နှင့် ခေတ်သစ်ပညာရေးတွင် အဆိုပါ ကျွမ်းကျင်မှုများ၏ အရေးပါပုံကို သတိပြုမိလာစေရန် ဖန်တီးထားခြင်း ဖြစ်ပါသည်။ မော်ဂျူး (၁) တွင် ဆရာများသည် စီ ငါးလုံး၏ အခြေခံသဘောတရားများကို လေ့လာသင်ယူရမည်ဖြစ်ပြီး ထိရောက်သည့် သင်ကြားမှုနှင့် သင်ယူမှုတို့ ဖြစ်လာစေရန် အဆိုပါ ကျွမ်းကျင်မှုများက မည်သို့ ဖြည့်ဆည်းပေးကြောင်း အသိအမြင်များ တိုးပွားလာမည် ဖြစ်သည်။ မော်ဂျူး (၂) တွင် အသင်းဖွဲ့စည်းခြင်း လေ့ကျင့်ခန်းများ၊ တင်ပြခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို တိုးတက်စေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုရှိသော စာသင်ခန်း ဝန်းကျင်တစ်ခုကို အားပေးပံ့ပိုးခြင်းတို့ အပါအဝင် ကျောင်းသားများအကြား ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို မြှင့်တင်ပေးမည့် လက်တွေ့နည်းလမ်းများ ကို အလေးပေးသွားမည် ဖြစ်သည်။ ဤကျွမ်းကျင်မှုများကို ပိုင်နိုင်စွာတတ်မြောက်ထားခြင်းဖြင့် ဆရာများသည် ကျောင်းသားများ၏ တတ်မြောက်အောင်မြင်မှုကို ပံ့ပိုးပေးနိုင်မည့် အစဉ် တိုးတက်ပြောင်းလဲနေသည့် လူတိုင်းအကျုံးဝင် သင်ယူရာ နေရာများကို ဖန်တီးတတ်လာမည် ဖြစ်သည်။
ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် -
မော်ဂျူး (၁) စီ ငါးလုံး (5Cs) ကို မိတ်ဆက်ခြင်း
၁.၁။ စီ ငါးလုံး အညွှန်းဘောင်ကို နားလည်သဘောပေါက်ခြင်း
၁.၂။ စီ ငါးလုံးတွင် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့၏ အခန်းကဏ္ဍများကို ခွဲခြားသတ်မှတ်ခြင်း
၁.၃။ မျက်မှောက်ခေတ်ပညာရေးတွင် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့၏ အရေးပါပုံကို သိရှိနားလည်ခြင်း
မော်ဂျူး (၂) ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြင့်မားလာစေရန် ကျောင်းသားများကို ပြင်ဆင်ခြင်း
၂.၁။ အသင်းဖွဲ့စည်းခြင်း နည်းလမ်းများ ဖန်တီးရေးဆွဲခြင်း
၂.၂။ တင်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများအတွက် သင်ယူမှုလုပ်ငန်းများ မိတ်ဆက်ခြင်း
Course Objectives
ယခုသင်တန်းက ကျောင်းသားများအကြား ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်ကောင်းမွန်လာစေရန် ကူညီပံ့ပိုးပေးနိုင်မည့် စည်းမျဉ်းများ၊ ချဉ်းကပ်ပုံများနှင့် နည်းလမ်းများကို ဆရာများ သိရှိနားလည်ပြီး လက်တွေ့ကျင့်သုံးနိုင်ရန် အထောက်အကူပြုမည် ဖြစ်သည်။
Learning Outcomes
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
- စီ ငါးလုံး အညွှန်းဘောင်နှင့် ခေတ်သစ်ပညာရေးနှင့် စီ ငါးလုံးအညွှန်းဘောင်အကြား ဆက်စပ်မှုကို နားလည်သဘောပေါက်လာမည်။
- စီ ငါးလုံးတွင် ပါဝင်သည့် အပိုင်း တစ်ခုချင်းစီကို ခွဲခြားသတ်မှတ်၍ ရှင်းပြတတ်မည်။
- စီ ငါးလုံးအညွှန်းဘောင်တွင် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့၏ အခန်းကဏ္ဍများကို ခွဲခြားသတ်မှတ်တတ်မည်။
- ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပညာရေး အလေ့အကျင့်များတွင် ပေါင်းစပ်ထည့်သွင်းခြင်း၏ အရေးပါပုံကို သတိပြုမိလာမည်။
- ပညာရေးကဏ္ဍတွင် ထိရောက်သည့် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း တို့၏ နေ့စဉ်ဘဝ ဥပမာများကို အကဲဖြတ်သုံးသပ်တတ်မည်။
- စာသင်ခန်းအတွင်း ထိရောက်သည့် အသင်းဖွဲ့စည်းခြင်း နည်းလမ်းများကို ဖန်တီးရေးဆွဲ၍ လက်တွေ့အသုံးပြုတတ်မည်။
- ကျောင်းသားများ၏ တင်ပြခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို တိုးတက်စေမည့် သင်ယူမှုလုပ်ငန်းများကို ဖန်တီးပြင်ဆင်တတ်မည်။
- ကျောင်းသားများအကြား ပူးပေါင်းဆောင်ရွက်ခြင်းကို အားပေးပံ့ပိုးသည့် စာသင်ခန်း ဝန်းကျင်တစ်ခုကို ဖန်တီးတတ်မည်။
- ပူးပေါင်းဆောင်ရွက်မှုအားကောင်းသော စာသင်ခန်း ဝန်းကျင်တစ်ခုကို အားပေးပံ့ပိုးရာတွင် တိုးတက်ရန် လိုအပ်နေသည့် နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်ရန်အတွက် မိမိ၏ ကိုယ်ပိုင် သင်ကြားရေး အလေ့အကျင့်များကို ပြန်လည်ထင်ဟပ် သုံးသပ်တတ်မည်။
- ကျောင်းသားများ၏ ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပံ့ပိုးပေးရန်အတွက် အမျိုးမျိုးသော နည်းလမ်းများနှင့် ရင်းမြစ်များကို အသုံးပြုတတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး (၁) စီ ငါးလုံး (5Cs) ကို မိတ်ဆက်ခြင်း
မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှု ရလဒ်များ
၁.၁။ စီ ငါးလုံး အညွှန်းဘောင်ကို နားလည်ခြင်း
မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၁.၂။ စီ ငါးလုံးတွင် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့၏ အခန်းကဏ္ဍများကို ခွဲခြားသတ်မှတ်ခြင်း
မော်ဂျူး (၁.၂) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၁.၂) အတွက် ဗီဒီယိုသင်ခန်းစာ
၁.၃။ မျက်မှောက်ခေတ်ပညာရေးတွင် ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့၏ အရေးပါပုံကို သိရှိနားလည်ခြင်း
မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၁) အတွက် ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး (၂) ဆက်သွယ်ပြောဆိုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြင့်မားလာစေရန် ကျောင်းသားများကို ပြင်ဆင်ခြင်း
မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှု ရလဒ်များ
၂.၁။ အသင်းဖွဲ့စည်းခြင်း နည်းလမ်းများ ဖန်တီးရေးဆွဲခြင်း
မော်ဂျူး (၂.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၂.၂။ တင်ပြခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများအတွက် သင်ယူမှုလုပ်ငန်းများ မိတ်ဆက်ခြင်း
တွေး-တွဲ-မျှဝေသင်ယူခြင်း နည်းစနစ်ကို အသုံးပြုခြင်း
မော်ဂျူး (၂.၂) အတွက် ဗီဒီယိုသင်ခန်းစာ
ဖြတ်ဆက်လုပ်ငန်းပေးခြင်း နည်းစနစ်ကို အသုံးပြုခြင်း
အဘယ်ကြောင့်နည်း ၅ ကြိမ်မေးခြင်း (Why x5) နည်းစနစ်ကို အသုံးပြုခြင်း
မော်ဂျူး (၂.၂) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၂) အတွက် ဉာဏ်စမ်းမေးခွန်း
ဖြတ်ဆက်လုပ်ငန်းတစ်ခု၏ အဆင့်များအား မှန်ကန်အောင် ပြန်စီပေးပါ။
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၂) အနှစ်ချုပ်
Summary
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ/ ထပ်ဆောင်းရင်းမြစ်များ
Related Courses