သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းနှင့် တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ်နည်း
5
(2 Reviews)
Certified
5 hour(s)
125 Enrollment(s)
3043 View(s)

Share On :
Course Description
ဤ ‘သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းနှင့် တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ်နည်း’ သင်တန်းသည် ဆရာများအတွက် သင်ယူသူဗဟိုပြုပြီး တတ်ကျွမ်းမှုအခြေပြုသည့် သင်ကြားရေး ချဉ်းကပ်နည်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် အသိပညာများ ရရှိစေရန် အထောက်အကူပြုပါသည်။ ဆရာများအနေဖြင့် အဓိကအရေးပါသည့် ထည့်သွင်းစဉ်းစားချက်များနှင့် လက်တွေ့ကျင့်သုံးနည်းများမှတစ်ဆင့် ကျောင်းသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး စိတ်ဝင်စားဖွယ်ရာ၊ အစီအစဉ်တကျရှိသည့် သင်ခန်းစာများကို ပြင်ဆင်ရေးဆွဲနိုင်မည် ဖြစ်သည်။
သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။
မော်ဂျူး (၁) - သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းနှင့် ၎င်းကို မြန်မာကျောင်းစာသင်ခန်းများတွင် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ
(၁.၁) သင်ယူသူဗဟိုပြု ချဉ်းကပ်နည်း သဘောတရားများ
(၁.၂) မြန်မာကျောင်းစာသင်ခန်းများတွင် သင်ယူသူဗဟိုပြုသည့် သင်ကြားရေးရပ်ဝန်းတစ်ခု ဖန်တီးခြင်း
(၁.၃) သင်ယူသူဗဟိုပြုသည့် သင်ခန်းစာများ ပြင်ဆင်ရေးဆွဲခြင်း
(၁.၄) သင်ယူသူဗဟိုပြု ချဉ်းကပ်နည်း၏ ကတစ်ခုဖြစ်သော စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၂) - တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ်နည်း
(၂.၁) တတ်ကျွမ်းမှုအခြေပြု ပညာရေး မိတ်ဆက် နှင့် သဘောတရားများ
(၂.၂) တတ်ကျွမ်းမှုများနှင့် သင်ယူမှုရလဒ်များကို ချိန်ညှိခြင်း
အဓိကအသုံးအနှုန်းများ
သင်ယူသူဗဟိုပြု၊ တတ်ကျွမ်းမှုအခြေပြု ပညာရေး (competency-based education - CBE)၊ သင်ယူမှုရလဒ်များ၊ တတ်ကျွမ်းမှုများ
Course Objectives
ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ ဆရာများအနေဖြင့် သင်ယူသူဗဟိုပြုပြီး တတ်ကျွမ်းမှုအခြေပြုသည့် သင်ကြားရေးနည်းလမ်းများကို လက်တွေ့ကျကျ ဖော်ဆောင်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် အသိပညာများရရှိကာ ကျောင်းသားများ၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် စိတ်ဝင်စားဖွယ်ရာ သင်ခန်းစာများကို ပြင်ဆင်ရေးဆွဲနိုင်စေရန် ဖြစ်သည်။
Learning Outcomes
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
- သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းနှင့် ဆရာဗဟိုပြု ချဉ်းကပ်နည်းများအကြား တူညီချက်များနှင့် ခြားနားချက်များကို နှိုင်းယှဉ်တတ်မည်။
- စာသင်ခန်းပုံစံဒီဇိုင်းနှင့် စာသင်ခန်းစီမံခန့်ခွဲမှုကို စဉ်းစားသည့်နေရာတွင် သင်ယူသူဗဟိုပြု သဘောတရားများကို အသုံးချတတ်မည်။
- သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) ကျွမ်းကျင်မှုများကို သင်ကြားသည့် စာသင်ခန်းတစ်ခုအတွက် သင်ယူသူဗဟိုပြုသည့် သင်ယူမှုရည်ရွယ်ချက်များ ရေးဆွဲချမှတ်တတ်မည်။
- စစ်ဆေးအကဲဖြတ်နေစဉ် သင်ယူသူဗဟိုပြု သဘောတရားများ မည်သို့ထင်ဟပ်နေသည်ကို နားလည်သဘောပေါက်မည်။
- တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ်နည်း၏ အဓိက ထူးခြားချက်များနှင့် အကျိုးကျေးဇူးများကို ဖော်ထုတ်နိုင်မည်။
- မြန်မာ ကျောင်းစာသင်ခန်းများတွင် စီမံချက်အခြေပြု လေ့လာသင်ယူမှု ဖြစ်ရပ်တစ်ခုအတွက် သင်ယူသူဆိုင်ရာ တတ်ကျွမ်းမှုများကို ပြုစုတတ်မည်။
Please login to take this course
Lectures
မိတ်ဆက်
မော်ဂျူး (၁) - သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းကို မြန်မာ ကျောင်းစာသင်ခန်းများတွင် အကောင်အထည်ဖော်နိုင်ရန် သင်ယူသူဗဟိုပြု ချဉ်းကပ်နည်း နှင့် လက်တွေ့အသုံးချနည်းများ
မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၁.၁။ သင်ယူသူဗဟိုပြု ချဉ်းကပ်နည်း သဘောတရားများ
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန် လုပ်ငန်း
မော်ဂျူး (၁.၁) - အဆက်
၁.၂။ မြန်မာကျောင်းစာသင်ခန်းများတွင် သင်ယူသူဗဟိုပြုသည့် သင်ကြားရေးရပ်ဝန်းတစ်ခု ဖန်တီးခြင်း
မော်ဂျူး (၁.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း
စာသင်ခန်းတွင်း သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းများ - စာသင်ခန်း အခင်းအကျင်းပုံစံ
အဓိကမှတ်ချက်များ
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
ဖော်ပြခဲ့သည့် ဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ပြီး သင်ယူသူဗဟိုပြုသည့် မြန်မာ ကျောင်းစာသင်ခန်းတစ်ခု ဖြစ်လာစေနိုင်သည့် စာသင်ခန်းစီမံခန့်ခွဲမှု နည်းလမ်းများ
မော်ဂျူး (၁.၂) အတွက် ဗီဒီယိုသင်ခန်းစာ
၁.၃။ သင်ယူသူဗဟိုပြုသည့် သင်ခန်းစာတစ်ခု ပြင်ဆင်ရေးဆွဲခြင်း
သင်ယူသူဗဟိုပြု သင်ခန်းစာ ဦးတည်ချက်များနှင့် ဆရာဗဟိုပြု/သမားရိုးကျ သင်ခန်းစာဦးတည်ချက်များ
မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၁.၄။ သင်ယူသူဗဟိုပြု ချဉ်းကပ်နည်း၏ ကတစ်ခုဖြစ်သော စစ်ဆေးအကဲဖြတ်ခြင်း
သင်ယူသူဗဟိုပြု စစ်ဆေးအကဲဖြတ်မှုများတွင် ရှိသည့် အောင်မြင်မှုစံသတ်မှတ်ချက်များ၊ တတ်ကျွမ်းမှုများ နှင့် အကဲဖြတ်ရန် အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားများ
မော်ဂျူး (၁.၄) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ တတ်ကျွမ်းမှုအခြေပြု ချဉ်းကပ်နည်း
မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များ နှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၂.၁။ တတ်ကျွမ်းမှုအခြေပြုပညာရေး (Competency Based Education – CBE) မိတ်ဆက်နှင့် သဘောတရားများ
အသိပညာအခြေပြု ဦးတည်ချက် နှင့် တတ်ကျွမ်းမှုအခြေပြု ဦးတည်ချက်
မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်း (၂)
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၂.၂။ တတ်ကျွမ်းမှုများနှင့် သင်ယူမှုရလဒ်များကို ချိန်ညှိခြင်း
မော်ဂျူး (၂.၂) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂) အနှစ်ချုပ်
Summary
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ
Related Courses