အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်း

5

(2 မှတ်ချက်)

Certified

8 hour(s)

212 စာရင်းသွင်းထားသူဦးရေ

1540 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် မူလတန်းသိပ္ပံဘာသာရပ်သင်ကြားရန် စိတ်ပါဝင်စားသူများအတွက် ရည်ညွှန်းပါသည်။ ဤသင်တန်းတွင် သင်သည် သိပ္ပံဘာသာရပ်သင်ကြားရာတွင် အထောက်အကူပြုစေရန် သိပ္ပံဘာသာရပ်ဆိုင်ရာ အခြေခံအချက်အလက်များအပြင် ထိရောက်စွာ သင်ကြားပို့ချပေးနိုင်သည့် အရည်အချင်းပြည့်ဝသည့် မူလတန်းသိပ္ပံဘာသာရပ်သင်ဆရာတစ်ဦး ဖြစ်လာစေရန်အတွက် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားများ ဖွံ့ဖြိုးတိုးတက်စေမည့် လက်တွေ့လုပ်ငန်းများ၊ သင်ပြမှုနမူနာပုံစံများ၊ ဆန်းသစ်တီထွင်မှုရှိသော သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်နည်းများအပြင် ဆက်လက်ဆည်းပူးစရာများ စသည်တို့ကို စနစ်တကျလေ့လာရမည်ဖြစ်သည်။

ဤသင်တန်းတွင် အဓိကအားဖြင့် အောက်ပါမော်ဂျူးများကို သင်ယူရပါမည် -

မော်ဂျူး ၁။ သင်ကြားမှုနည်းလမ်းများ
       ၁.၁။ သိပ္ပံမိတ်ဆက်
       ၁.၂။ သိပ္ပံနည်းကျဆောင်ရွက်ခြင်း
       ၁.၃။ စစ်ဆေးအကဲဖြတ်ခြင်း
       ၁.၄။ သင်ပြမှုပုံစံများနှင့် သင်ခန်းစာရေးဆွဲခြင်း
မော်ဂျူး ၂။ ဇီဝဗေဒ
       ၂.၁။ သက်ရှိများ
       ၂.၂။ လူသားများအပါအဝင် သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်အပေါ်လွှာနှင့်ရွေ့လျားနိုင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ပြောင်းလဲမှုများအကြောင်း
       ၂.၃။ သဘာဝပတ်ဝန်းကျင်
မော်ဂျူး ၃။ ဓာတုဗေဒ
       ၃.၁။ ဒြပ်
       ၃.၂။ ဒြပ်၏ဂုဏ်သတ္တိများ
       ၃.၃။ လူမှုအဖွဲ့အစည်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ
မော်ဂျူး ၄။ ရူပဗေဒ
       ၄.၁။ အားနှင့်ရွေ့လျားမှု
       ၄.၂။ လှိုင်းများ - အသံနှင့် အလင်း
       ၄.၃။ အပူစွမ်းအင်
       ၄.၄။ လျှပ်စစ်နှင့် သံလိုက်
       ၄.၅။ ကမ္ဘာမြေကြီးနှင့် အာကာသ

အဓိကအသုံးအနှုန်းများ

အဓိပ္ပာယ်ဖြည်ထုတ်ခြင်း (decode)၊ စူးစမ်းရှာဖွေမှု အခြေပြု သင်ယူမှု (inquiry-based learning)၊ အကြောင်းအရာ ဆက်သွယ်ပြပုံစံ/ စိတ်ကူးပုံဖော်ခြင်း (mind map)၊ ရုပ်ပုံဖော်ကြည့်ခြင်း (visualisation)၊ 5Es၊ လိုက်လျောညီထွေ ရှင်သန်မှု (adaptation)၊ ခန္ဓာကိုယ်အပေါ်လွှာများ (body covering)၊ အရေပြားလွှာ (dermis)၊ အရေပြားအပေါ်ယံလွှာ (epidermis)၊ အပြင်အရိုးငြမ်း (exoskeleton)၊ အင်္ဂါရပ် (feature)၊ အကြေးခွံ (scale)၊ အရွယ်ရောက်ချိန် (puberty)၊ အမန်တန်နိယာမ (Amonton’s law)၊ ပုံဆောင်မဲ့ (amorphous)၊ အဗိုဂါဒရိုနိယာမ (Avogadro’s law) ၊ ဘွိုင်းလ်နိယာမ (Boyle’s law)၊ ချားလ်စ်နိယာမ (Charles’ law)၊ ပုံဆောင်ခဲ အသွင်ဆောင်သော (crystalline)၊ ဟိုက်ဒြိုဂျင် (Hydrogen) ၊ ဟိုက်ဒြိုဂျင်ပါအောက်ဆိုက်ဒ် (hydrogen peroxide) ၊ မဂ္ဂနီဆီယမ် (magnesium)၊ မိုးလ်အပိုင်းဂဏန်း (mole fraction) ၊ စံတိုက်ခြင်း (titration)၊ အမ်ဖီပတ်သစ်မော်လီကျူး၊ ပျော်ဝင်ပစ္စည်း၊ ပျော်ဝင်နိုင်စွမ်း၊ ဖျော်ရည်၊ ဆိုင်းရည်၊ အရှိန်(acceleration)၊ ဖိအား (pressure)၊ ခုခံမှု(resistance)၊ စကေလာ (scalar)၊ အမြန်(speed)၊ ဗက်တာ (vector)၊ အလျင်(velocity)၊ အရွေ့(displacement)။

ဤမူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်းသင်တန်းတက်‌ရောက်ပြီးစီးပါက အလယ်တန်းအထူးပြု ဇီဝဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

အလယ်တန်းအထူးပြု ဇီဝဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း - https://mmteacherplatform.net/en/e-learning/courses/aletanataupyu-ziwbedbaathayaat-asangatmyngatthinkyakhyin

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင်စဆရာများအပြင် လုပ်ငန်းခွင်ဝင်ပြီးဆရာများ အပါအဝင် ဆရာလုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်လိုသူများပါမကျန် လေ့လာသိရှိထားရန် လိုအပ်သော သိပ္ပံဆိုင်ရာအသိသညာများကို ဆည်းပူးလေ့လာနိုင်ရန်နှင့် မူလတန်း သိပ္ပံဘာသာရပ်ကို ထိရောက်စွာ သင်ကြားနိုင်ရေးအတွက် အထောက်အကူပြုရန် ဖြစ်ပါသည်။ ဆရာများအနေဖြင့် သိပ္ပံဘာသာရပ်ဆိုင်ရာ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒဆိုင်ရာ အသိပညာများကို ပိုမိုနက်နဲစွာ လေ့လာနိုင်ရန်၊ သင့်လျော်သော သင်ကြားရေးချဥ်းကပ်နည်းများ၊ အကျိုးရှိထိရောက်သော သင်ပြမှုနမူနာပုံစံများ၊ သိပ္ပံဘာသာရပ်ဆိုင်ရာ ဆန်းသစ်သောသင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်နည်းများကို ထိရောက်စွာအသုံးချ၍ လူတိုင်းအကျုံးဝင်သည့် ပညာရေးရပ်ဝန်းတစ်ခု ဖန်တီးပေးနိုင်ရန် စီစဥ်ရေးဆွဲထားပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို တက်ရောက်ပြီးချိန်တွင် သင်သည် - 

  • မူလတန်းသိပ္ပံဘာသာရပ်၏ ရည်မှန်းချက်များ၊ မူလတန်းသိပ္ပံ ပြဋ္ဌာန်းစာအုပ်များနှင့် ဆရာလမ်းညွှန်၏ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်တတ်မည်။
  • မူလတန်း သိပ္ပံသင်ရိုးမာတိကာ၏ သင်ကြားမည့်အကြောင်းအရာများနှင့် သင်ကြားမှုအစီအစဉ်များကို ရှင်းပြတတ်မည်။
  • သိပ္ပံဘာသာရပ်ရှိ စူးစမ်းရှာဖွေမှုအခြေပြု သင်ယူခြင်း၏ သဘောတရားများနှင့် လုပ်ငန်းစဉ်များကို ရှင်းပြတတ်မည်။
  • စူးစမ်းရှာဖွေရာတွင် အသုံးပြုသည့် သိပ္ပံဆိုင်ရာကျွမ်းကျင်မှုများနှင့် စူးစမ်းလေ့လာမှုအမျိုးအစားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • မူလတန်းအောက်ဆင့် ကျောင်းသားများ၏ သိပ္ပံနည်းကျဆောင်ရွက်ပုံများကို တိုးတက်ကောင်းမွန်စေမည့် နည်းလမ်းများကို ဆွေးနွေးတတ်မည်။
  • သင်ယူစဉ်နှင့် သင်ကြားပြီး စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများနှင့် တုံ့ပြန်အကြံပြုချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ပူးပေါင်းဆောင်ရွက်သင်ကြားခြင်းဖြင့် မူလတန်းကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် တစ်ကိုယ်ရေတိုးတက်မှုတို့ကို မည်သို့ ပျိုးထောင်နိုင်ကြောင်း ရှင်းပြတတ်မည်။
  • မူလတန်းအောက်ဆင့် သင်ပြမှုပုံစံများရေးဆွဲနည်းကိုလေ့လာရမည်ဖြစ်ပြီး 5Es နမူနာပုံစံဖြင့် ထိရောက်သော သင်ခန်းစာရေးဆွဲနည်းကို ဒီဇိုင်းဆွဲအသုံးပြုတတ်မည်။
  • အပင်များ၏ ပြင်ပအစိတ်အပိုင်းများနှင့် ၎င်းတို့ပေါက်ရောက်ရှင်သန်ရာ ဒေသများအလိုက် အပင်အမျိုးအစားများကို ဖော်ပြတတ်မည်။
  • လူသားအပါအဝင်သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်အပေါ်လွှာအမျိုးအစားများကို ရှင်းပြပြီး စူးစမ်းလေ့လာတတ်မည်။
  • သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်ရွေ့လျားနိုင်မှုအမျိုးမျိုးကို ဖော်ပြတတ်မည်။
  • လူ့ခန္ဓာကိုယ်၏ ပြင်ပအစိတ်အပိုင်းများနှင့် ၎င်းတို့ကို မည်သို့အသုံးပြုကြောင်း ရှင်းပြတတ်မည်။
  • အရွယ်ရောက်ချိန်တွင် လူသားများ၌ ဖြစ်ပွားသော ရုပ်ပိုင်းဆိုင်ရာနှင့် ဓာတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကို ရှင်းပြတတ်မည်။
  • သက်ရှိသတ္တဝါများနှင့် လူသားများ၏ ဇီဝကမ္မဆိုင်ရာလိုအပ်ချက်များကို ဖော်ပြတတ်မည်။
  • လူ့အစာခြေစနစ်၏ လုပ်ဆောင်ချက်များကို ရှင်းပြတတ်ပြီး သက်ရှိသတ္တဝါများ၏ အစာခြေစနစ်များကို နှိုင်းယှဉ်ကြည့်တတ်မည်။
  • မတူညီသော သဘာဝပတ်ဝန်းကျင်များတွင် ရာသီအလိုက် ပြောင်းလဲမှုများဖြစ်ပေါ်စေသောအချက်များကို ထည့်သွင်းစဉ်းစားတတ်ပြီး ရာသီအလိုက်အခြေအနေများနှင့် မိုးလေဝသ၏ အကျိုးသက်ရောက်မှုကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • လေ့လာခဲ့သည့် သိပ္ပံဆိုင်ရာအသိသညာများကို ပထမတန်း/ဒုတိယတန်းအတွက် သင်ကြားမှုရင်းမြစ်များ ဖန်တီးတတ်မည်။
  • ဒြပ်အခြေအနေအမျိုးမျိုး၏ ပြောင်းလဲမှုများကို ရှင်းပြတတ်မည်။
  • ပုံဆောင်ခဲအသွင်ဆောင်သော အစိုင်အခဲနှင့် ပုံဆောင်ခဲအသွင်မဆောင်သော အစိုင်အခဲကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ဒြပ်ဝတ္ထု၏အရည်အခြေအနေနှင့် ရုပ်ခြေပြစည်းကို ရှင်းပြတတ်မည်ဖြစ်သည်။
  • အက်စစ်-ဗေ့စ် စံတိုက်ခြင်းကို အခြေခံ၍ ပျော်ရည်တစ်ခု၏ပြင်းအားကို တွက်ချက်တတ်မည်။
  • စံနှုန်းကိုက်ဓာတ်ငွေ့နှင့် နိယာမကို ဖော်ထုတ်တတ်မည်။
  • မိုးလ်အပိုင်းဂဏန်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး ပေးထားသောပုစ္ဆာများကို ဖြေရှင်းတတ်မည်။
  • ဓာတ်ခွဲခန်းတွင် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ထုတ်ဖော်ပုံကို သရုပ်ပြသင်ကြားတတ်မည်။
  • ပျော်ရည်အမျိုးအစားများကို နှိုင်းယှဉ်ကြည့်တတ်ပြီး ပျော်ဝင်နိုင်စွမ်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ပျော်ရည်နှောများ၊ ဆိုင်းရည်နှင့်ပျော်ရည်တို့၏ ဂုဏ်သတ္တိများကို ဥပမာများဖြင့် ဖော်ပြတတ်မည်။
  • လူမှုအဖွဲ့အစည်းတွင် ဓာတုဗေဒ၏ အဓိကကျသော အခန်းကဏ္ဍကို တန်ဖိုးထားတတ်မည်။
  • မူလတန်းကျောင်းသားများ၏အသိပညာ ဖွံ့ဖြိုးတိုးတက်စေရန် ၎င်းတို့၏ နေ့စဉ်ဘဝနှင့်ချိတ်ဆက်၍ ဓာတုဗေဒအကျိုးပြုများနှင့် ဓာတုဘေးဥပဒ်များအကြောင်းကို သင်ကြားလာနိုင်မည်။
  • စကေလာတန်ဖိုးနှင့် ဗက်တာတန်ဖိုးများကို ဖော်ပြတတ်မည်။
  • အကွာအဝေး၊ အရွေ့၊ အမြန်၊ အလျင်နှင့် အရှိန်တို့အကြား ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
  • အငွေ့နှင့်အရည်တို့တွင်ရှိသော ဖိအားများကို ဖော်ပြတတ်မည်။
  • ပါစကယ်၏ နိယာမနှင့် နေ့စဉ်ဘဝတွင် ၎င်း၏ အသုံးဝင်ပုံကို ရှင်းပြတတ်မည်။
  • အရာဝတ္ထုများအပေါ် ကမ္ဘာ့ဆွဲအား၏ သက်ရောက်မှုနှင့်အတူ ဒြပ်ထုနှင့် အလေးချိန်ကြား ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
  • အာခီးမီးဒီးစ်၏ နိယာမကိုအသုံးပြုတတ်မည်။
  • လှိုင်းများ၏ ဝိသေသလက္ခဏာများကို ဖော်ပြတတ်မည်။
  • လက်တွေ့စမ်းသပ်ခြင်းမှတစ်ဆင့် တုန်ခါမှုနှင့်အကွာအဝေးတို့ကိုမူတည်၍ အသံအဆင့်များကို စူးစမ်းလေ့လာတတ်မည်။
  • အလင်းရင်းမြစ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလင်းသည် ကြေးမုံခုံးနှင့် ကြေးမုံခွက်တို့ကိုဆုံသောအခါ ဖြစ်ပေါ်လာသော အလင်းလမ်းကြောင်းများကိုပြရန် ပုံများကို အသုံးပြုတတ်မည်။
  • တည်ငြိမ်လျှပ်စစ်နှင့် ရွေ့လျားလျှပ်စစ်တို့ကို နှိုင်းယှဉ်ကြည့်တတ်မည်ဖြစ်ပြီး ဥပမာများ ပေးတတ်မည်။
  • ကူးလောင်း၏ နိယာမကို အသုံးပြုတတ်မည်။
  • အပူချိန်ကို ဆဲလ်စီးယပ်နှင့် ဖာရင်ဟိုက်စကေးလ်ဖြင့် တိုင်းတာတွက်ချက်တတ်မည်။
  • အပူပွမြှောက်ဖော်ကိန်းများကို သုံးပြီး အလျားရှည်ခြင်း၊ ဧရိယာပြန့်ခြင်းနှင့် ထုထည်ပွခြင်းတို့ကို ဆန်းစစ်တတ်မည်။
  • လေထုအတွင်းအပူစီးကူးမှုဖြစ်စဉ်၊ ဥတုရာသီနှင့် မိုးလေဝသပုံစံများအပေါ် သက်ရောက်မှုတို့ကို ရှင်းပြတတ်မည်။
  • နေအဖွဲ့အစည်း၏အဓိကကျသော ဂြိုလ်များတွင် ရှိသည့် ကွဲပြားခြားနားချက်များကို စူးစမ်းရှာဖွေတတ်မည်။
  • ဘာသာရပ်ဆိုင်ရာ အသိသညာများကို အသုံးပြုပြီး မူလတန်းအဆင့် ပထမတန်း၊ ဒုတိယတန်းကျောင်းသားများအတွက် ထိရောက်သော သိပ္ပံသင်ကြားမှုလုပ်ငန်းစဉ်များ ဖန်တီးရေးဆွဲတတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ သင်ကြားမှုနည်းလမ်းများ

မော်ဂျူး (၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ

၁.၁။ သိပ္ပံမိတ်ဆက်

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

မော်ဂျူး (၁.၁) အတွက် လက်တွေ့လုပ်ငန်း

၁.၂။ သိပ္ပံနည်းကျဆောင်ရွက်ခြင်း

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

ကလေးသူငယ်ဗဟိုပြု သိပ္ပံဆိုင်ရာစူးစမ်းရှာဖွေမှုအတွက် အခွင့်အလမ်းများ

စူးစမ်းလေ့လာမှုအမျိုးအစားများနှင့် နမူနာပုံစံများ (ပထမတန်းနှင့် ဒုတိယတန်းအထိ)

မော်ဂျူး (၁.၂) အတွက် လက်တွေ့လုပ်ငန်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

သင်ယူမှုအထောက်အထားများကို စုံစမ်းလေ့လာခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၁.၃) အတွက် လက်တွေ့လုပ်ငန်း (၁)

အောက်ပါတို့ကို မှား/မှန် ရွေး၍ဖြေဆိုပါ။

ပူးပေါင်းဆောင်ရွက်မှုရှိသော လုပ်ဆောင်ချက်များအတွက် အသင်းဝင်များ၏ ကဏ္ဍများနှင့် တာဝန်ယူမှုများ

အသင်းဝင်များ၏ ကဏ္ဍများနှင့် တာဝန်ယူမှုများကို အစီအစဉ်ချမှတ်ပေးခြင်း

ဦးထုပ်ခြောက်လုံး တွေးခေါ်ခြင်းနည်းလမ်း

ပူးပေါင်းဆောင်ရွက်ခြင်း - 5Es

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၂။ ဇီဝဗေဒ

မော်ဂျူး (၂) အတွက် ဉာဏ်ဖွင့်မေးခွန်းများ

၂.၁။ သက်ရှိများ

အပင်များ၏ပြင်ပအစိတ်အပိုင်းများ

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အပင်များ၏ အင်္ဂါရပ်များအပေါ်အခြေခံ၍ အပင်အမျိုးအစားများကို ကြည့်ရှုလေ့လာခြင်းနှင့် နှိုင်းယှဉ်ခြင်း

မော်ဂျူး (၂.၁) အတွက် လက်တွေ့လုပ်ငန်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

၂.၂။ လူသားများအပါအဝင် သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်အပေါ်လွှာနှင့် ရွေ့လျားနိုင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ပြောင်းလဲမှုများအကြောင်း

သက်ရှိသတ္တဝါများ၏ ခန္ဓာကိုယ်အပေါ်လွှာနှင့် ရွေ့လျားနိုင်မှု

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

သက်ရှိသတ္တဝါများ၏ ပြင်ပဖွဲ့စည်းတည်ဆောက်ပုံများနှင့် ၎င်း၏လုပ်ဆောင်ချက်များ

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

သင်ကြားနည်း အကြံပြုချက်

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များ

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

အာရုံ (၅) ပါးနှင့် ၎င်းတို့၏ အင်္ဂါရပ်များ

လူ့ခန္ဓာကိုယ်ရှိ ပြောင်းလဲမှုများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အစာခြေစနစ်

မော်ဂျူး (၂.၂) အတွက် လက်တွေ့လုပ်ငန်း (၂)

ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂.၃) ရပ်တန့်၍ စဉ်းစားပါ

ရာသီအလိုက် ပြောင်းလဲမှုများ၏ သက်ရောက်မှု

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၃။ ဓာတုဗေဒ

မော်ဂျူး (၃) အတွက် ဉာဏ်ဖွင့်မေးခွန်းများ

၃.၁။ ဒြပ်

မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း

မော်ဂျူး (၃.၂) ရပ်တန့်၍ စဉ်းစားပါ

မော်ဂျူး (၃.၂) အတွက် လက်တွေ့လုပ်ငန်း (၁)

အောက်ပါ‌တို့မှ အဖြေမှန်ကို ‌ရွေးချယ်ပါ။

စံတိုက်ခြင်း

မော်ဂျူး (၃.၂) အတွက် လက်တွေ့လုပ်ငန်း (၂)

အောက်ပါ‌တို့မှ အဖြေမှန်ကို ‌ရွေးချယ်ပါ။

မိုးလ်အပိုင်းဂဏန်း

မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

ဓာတ်ငွေ့ထုတ်ဖော်ခြင်း (ဟိုက်ဒြိုဂျင်)

မော်ဂျူး (၃.၂) အတွက် လက်တွေ့လုပ်ငန်း (၃)

၃.၃။ လူမှုအဖွဲ့အစည်းရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတုဗေဒ

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

နေ့စဉ်ဘဝတွင် ဓာတုဗေဒ၏ အရေးပါပုံ

မော်ဂျူး (၃.၃) အတွက် လက်တွေ့လုပ်ငန်း (၁)

မော်ဂျူး (၃.၃) အတွက် သင်ယူမှုလုပ်ငန်း

ဓာတုဗေဒသဘောတရားကို နေ့စဉ်ဘဝသို့ ပေါင်းစပ်ခြင်း

အောက်ပါ‌တို့မှ အဖြေမှန်ကို ‌ရွေးချယ်ပါ။

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၄။ ရူပဗေဒ

မော်ဂျူး (၄) အတွက် ဉာဏ်ဖွင့်မေးခွန်းများ

၄.၁။ အားနှင့်ရွေ့လျားမှု

သက်ရောက်သောအားပမာဏနှင့် လားရာ

မော်ဂျူး (၄.၁) ခေတ္တရပ်၍ သုံးသပ်ပါ

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါ‌တို့မှ အဖြေမှန်ကို ‌ရွေးချယ်ပါ။

အောက်ပါတို့ကို မှား/မှန်ရွေး၍ ဖြေဆိုပါ။

ဒြပ်ထုနှင့် အလေးချိန်

မြုပ်ခြင်း၊ ပေါ်ခြင်းနှင့် ဒြပ်ဝတ္ထုပစ္စည်းများ၏ သိပ်သည်းဆများ

အာခီးမီးဒီးစ်နိယာမ

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း

၄.၂။ လှိုင်းများ - အသံနှင့် အလင်း

မော်ဂျူး (၄.၂) အတွက် လက်တွေ့လုပ်ငန်း

အသံ၏ သဘောသဘာဝ - ကြိုးတပ်ဖုန်းတစ်ခုကို ပြုလုပ်ခြင်း

အသံပြင်းအား အဆင့်များ

အလင်း၏ သဘောသဘာဝ

မှန်ဘီလူးခွက်နှင့် မှန်ဘီလူးခုံးများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

လူ့မျက်လုံးဖွဲ့စည်းတည်ဆောက်ပုံများ၏ လုပ်ဆောင်ချက်များ

၄.၃။ အပူစွမ်းအင်

အပူချိန်တိုင်းတာခြင်းနှင့် အပူဆိုင်ရာယူနစ်များ

မော်ဂျူး (၄.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၄.၃) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၄.၃) အတွက် လက်တွေ့လုပ်ငန်း

၄.၄။ လျှပ်စစ်နှင့် သံလိုက်

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

တည်ငြိမ်လျှပ်စစ်နှင့် ရွေ့လျားလျှပ်စစ်

အောက်ပါ‌တို့မှ အဖြေမှန်ကို ‌ရွေးချယ်ပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

လျှပ်စစ်စက်ကွင်း

မော်ဂျူး (၄.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း

လျှပ်စစ်သံလိုက်တစ်ခု တည်ဆောက်ခြင်း

မော်ဂျူး (၄.၄) အတွက် လက်တွေ့လုပ်ငန်း

အပူချိန်ပြောင်းလဲခြင်းများကြောင့် လေ၏ရွေ့လျားမှု

ရေရှိအပူစီးကူးကြောင်း

မော်ဂျူး (၄.၅) အတွက် လက်တွေ့လုပ်ငန်း (၁)

အပူစီးကူးကြောင်းနှင့် မိုးလေဝသပုံစံများ

မော်ဂျူး (၄.၅) အတွက် လက်တွေ့လုပ်ငန်း (၂)

နေအဖွဲ့အစည်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်

ဆက်လက်ဖတ်မှတ်စရာများနှင့် ထပ်ဆောင်းရင်းမြစ်များ

သက်ဆိုင်သော သင်တန်းများ

chatGPTicon
;