အလယ်တန်းအထူးပြု ဇီဝဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း
0
(0 Reviews)
Certified
8 hour(s)
107 Enrollment(s)
987 View(s)

Share On :
Course Description
ဤအလယ်တန်းအထူးပြု ဇီဝဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်းသင်တန်းတက်ရောက်ပြီးစီးပါက မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။
မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်း - https://mmteacherplatform.net/en/e-learning/courses/multanataupyu-thippanbaathayaat-asangatmyngatthinkyani
Course Objectives
Learning Outcomes
- အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ သင်ယူမှုရည်မှန်းချက်များနှင့် ဇီဝဗေဒဘာသာရပ်ရှိ အလေးပေးထားသော အကြောင်းအရာကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- အလယ်တန်းအောက်ဆင့်သိပ္ပံဘာသာရပ်သင်ရိုးညွှန်းတမ်းတွင် တိုးတက်ရန်လိုအပ်သော သိပ္ပံဆိုင်ရာကျွမ်းကျင်မှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- အလယ်တန်းအောက်ဆင့် သိပ္ပံဘာသာရပ်သင်ရိုးညွှန်းတမ်းရှိ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု အမျိုးအစားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- သိပ္ပံနည်းကျစူးစမ်းလေ့လာမှုများသည် ကျောင်းသားများအား သိပ္ပံနည်းကျဆောင်ရွက်နိုင်မှုများ တိုးတက်လာစေရန် မည်သို့အထောက်အကူပြုနိုင်ကြောင်း ရှင်းပြတတ်မည်။
- အရွယ်အစား၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပေါက်ရောက်ရှင်သန်ရာ/ပေါက်ဖွားကျက်စားရာဒေသ၊ ဇီဝရုပ်ဖြစ်ပျက်ခြင်းနှင့် မျိုးပွားခြင်းတို့အပေါ်မူတည်၍ အဏုဇီဝမျိုးများအား အုပ်စုအမျိုးအစား ခွဲခြားတတ်မည်။
- ဇီဝဗေဒဆိုင်ရာ အမျိုးအစားခွဲခြားခြင်းအဆင့်ဆင့်ကို နားလည်ပြီး အဏုဇီဝများ ပါဝင်ပတ်သက်နေသော နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ပန်းပွင့်သောအပင်များနှင့် ပန်းမပွင့်သောအပင်များကို ခွဲခြားတတ်မည်။
- ၎င်းတို့၏ ဝိသေသလက္ခဏာများအရ မျိုးစေ့ဖော်အပင်များနှင့် မျိုးစေ့ဝှက်ပင်များကို အမျိုးအစား ခွဲခြားတတ်မည်။
- ၎င်းတို့၏ ဝိသေသလက္ခဏာများအပေါ်မူတည်၍ စေ့ရွက်ထီးပင်နှင့် စေ့ရွက်စုံပင်တို့ကို နှိုင်းယှဉ်တတ်မည်။
- ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများကို အမျိုးအစား ခွဲခြားတတ်မည်။
- ဆဋ္ဌမတန်းနှင့် သတ္တမတန်းကျောင်းသားများအတွက် ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများအား ချိန်ထိုးနှိုင်းယှဉ်သော သင်ယူမှုလုပ်ငန်းတစ်ခုကို ဒီဇိုင်းရေးဆွဲတတ်မည်။
- သက်ရှိများ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုနှင့် ပြုမူဆောင်ရွက်ပုံဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကို ခွဲခြားတတ်မည်။
- သက်ရှိများ၏ ဘဝဖြစ်စဉ်ခုနစ်ခုကို အသေးစိတ်ရှင်းပြတတ်မည်။
- သတ္တဝါများနှင့် အပင်များအား ၎င်းတို့ပေါက်ရောက်ရှင်သန်ရာ/ပေါက်ဖွားကျက်စားရာဒေသများတွင် အသက်ရှင်ရပ်တည်နိုင်စေသော ၎င်းတို့၏ ဝိသေသလက္ခဏများနှင့် လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများအပါအဝင် မတူညီသည့် အလေ့အထများကို အကဲဖြတ် သုံးသပ်တတ်မည်။
- အပင်တစ်ရှူးအမျိုးမျိုးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ဆဲလ်ပွားတစ်ရှူး၏ ဆဲလ်ကွဲပွားခြင်းကို ရှင်းပြတတ်မည်။
- ရိုးရှင်းတစ်ရှူးတွင်ပါဝင်သော အစိတ်အပိုင်းများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဖော်ပြတတ်မည်။
- ရှုပ်ထွေးတစ်ရှူးတွင် ပါဝင်သော အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို ဖော်ပြတတ်မည်။
- သတ္တဝါတစ်ရှူးအမျိုးအစားအမျိုးမျိုးကို ဆန်းစစ်တတ်မည်။
- အပေါ်ယံလွှာတစ်ရှူး၏ပုံစံနှင့် ဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းပြတတ်မည်။
- တွယ်ဆက်တစ်ရှူးအမျိုးမျိုးကို ဖော်ပြတတ်မည်။
- ခန္ဓာကိုယ်ရှိကြွက်သားတစ်ရှူးအမျိုးမျိုးကို ဖော်ပြတတ်မည်။
- အာရုံကြောတစ်ရှူးနှင့် အာရုံကြောစနစ်ကို ရှင်းပြတတ်မည်။
- အပင်များရှိ အင်္ဂါတစ်ခုစီ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို ကြည့်ရှုလေ့လာပြီး အမျိုးအစားခွဲခြားတတ်မည်။
- သတ္တဝါများ၏အဓိကကိုယ်အင်္ဂါများနှင့် ကိုယ်အင်္ဂါစနစ်များကို စာရင်းပြုစုတတ်မည်။
- လူ့ကိုယ်အင်္ဂါစနစ်တစ်ခုစီနှင့် ပတ်သက်သောအစိတ်အပိုင်းများကို ဖော်ပြနိုင်ပြီး စနစ်တစ်ခုစီ၏ လုပ်ဆောင်ချက်များကို ရှင်းပြတတ်မည်။
- လူ့အာရုံခံစနစ်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်ကို စစ်ဆေးတတ်မည်။
- ကိုယ်တွင်းဓာတ်မျှမှုကို ထိန်းထားနိုင်ရန်အတွက် လူ့ခန္ဓာကိုယ်ရှိစနစ်များ အတူတကွ အလုပ်လုပ်နိုင်ရန် အရေးပါပုံကို ဖော်ပြတတ်မည်။
- ဂေဟဗေဒနှင့် ဂေဟစနစ်ကို အဓိပ္ပာယ်သတ်မှတ်တတ်မည်။
- ဂေဟစနစ်အမျိုးအစားများကိုဖော်ပြပြီး ဂေဟစနစ်အမျိုးအစားအမျိုးမျိုးကို ခွဲခြားတတ်မည်။
- သက်ဆိုင်ရာနယ်ပယ်ရှိ အပင်များနှင့်သတ္တဝါများ၏ ဆက်နွှယ်မှုပြစက်ဝန်း/ဒိုင်ယာဂရမ်ပုံကို ရေးဆွဲတတ်မည်။
- အပင်များနှင့် သတ္တဝါများအကြားရှိ ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
- အပင်များနှင့် သတ္တဝါများအကြားရှိ ဆက်နွှယ်မှု၏အကျိုးကျေးဇူးများကို အကဲဖြတ်တတ်မည်။
- ဂေဟစနစ်တစ်ခုရှိ စွမ်းအင်စီးဆင်းမှုကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
- ကျောင်းသားများ၏ ဒေသတွင်းဂေဟစနစ်တစ်ခုရှိ စွမ်းအင်စီးဆင်းမှု၏ အကျိုးကျေးဇူးများကို ဆွေးနွေးတတ်မည်။
- အပင်များနှင့် သတ္တဝါများ၏ ရုပ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကိုဖော်ပြပြီး သတ္တဝါများသည် ယင်းလိုက်လျောညီထွေရှင်သန်နေထိုင်မှုများကြောင့် ပေါက်ဖွားကျက်စားရာဒေသတစ်ခုခုတွင် မည်သို့ အသက်ရှင်နေနိုင်စွမ်း ရှိသည်ကို ရှင်းပြတတ်မည်။
- အပင်များနှင့် သတ္တဝါများ၏ အပြုအမူဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကိုဖော်ပြပြီး သတ္တဝါများသည် ယင်းလိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကြောင့် ပေါက်ဖွားကျက်စားရာ ဒေသတစ်ခုခုတွင် မည်သို့ အသက်ရှင်နေနိုင်စွမ်းရှိသည်ကို ရှင်းပြတတ်မည်။
- ဆဋ္ဌမတန်းနှင့် သတ္တမတန်းတို့အတွက် အပင်များကြီးထွားခြင်းနှင့် ရှင်သန်ရပ်တည်နိုင်ခြင်းသည် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ်တွင် မည်သို့မူတည်နေကြောင်း ရှင်းပြတတ်မည်။
- သဟဇီဝဆက်ဆံရေး၊ ကပ်ပါးဆက်ဆံရေး၊ အပြန်အလှန်အကျိုးပြုဆက်ဆံရေးနှင့် တစ်ဖက်တည်းအကျိုးပြု ဆက်ဆံရေးနှင့် သားရဲ-သားကောင်ဆက်ဆံရေးတို့အပါအဝင် သက်ရှိများအကြားရှိ အပြန်အလှန်သက်ရောက်မှုများနှင့် ဆက်စပ်မှုများကို ရှင်းပြတတ်မည်။
- ဂေဟစနစ်များရှိ ဆက်စပ်မှုများကို နမူနာလုပ်ပြရန် အစာကွင်းဆက်များနှင့် အစာကွန်ရက်များကို အသုံးပြုတတ်မည်။
- အစာကွန်ရက်တစ်ခုရှိ သက်ရှိများအပေါ် သက်ရှိဦးရေ ပြောင်းလဲခြင်း၏ သက်ရောက်မှုကို ရှင်းပြတတ်မည်။
- လူသားများ၏ လုပ်ဆောင်မှုများအပါအဝင် ပတ်ဝန်းကျင်ကို ပြောင်းလဲစေသော အရာများသည် အပင်များပြန့်ပွားခြင်းနှင့် မျိုးကွဲများရှိခြင်းအပေါ် မည်သို့သက်ရောက်မှု ရှိကြောင်း ရှင်းပြတတ်မည်။
- ဇီဝမျိုးစုံ မျိုးကွဲများရှိခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း၏ အရေးပါမှုကို ဖော်ပြတတ်မည်။
- ပန်းပွင့်များ၏ ဖွဲ့စည်းတည်ဆောက်ပုံများ၊ လုပ်ဆောင်ချက်များနှင့် ပန်းပွင့်သောအပင်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ပန်းပွင့်သောအပင်များ၏ ဇီဝစက်ဝန်းကို ရေးဆွဲဖော်ပြထားသော သင်ကြားမှုရင်းမြစ်တစ်ခုကို ပူးပေါင်းဖန်တီးပြုလုပ်တတ်မည်။
- ဖွဲ့စည်းတည်ဆောက်ပုံများကို သတ်မှတ်ဖော်ထုတ်ရန် ပန်းပွင့်အမျိုးမျိုးကို စုဆောင်းပြီး နည်းလမ်းတကျ ခွဲစိတ်လေ့လာတတ်မည်။
- မတူညီသောပန်းပွင့်အမျိုးမျိုးအား လေ့လာတွေ့ရှိမှုများကို မှတ်တမ်းတင်နိုင်ရန် ပုံများရေးဆွဲပြီး အမည်အညွှန်းရေးထိုးတတ်မည်။
- ပန်းပွင့်များ၏ သီးခြားသတ်မှတ်ထားသော ဖွဲ့စည်းတည်ဆောက်ပုံများ ပါရှိခြင်း/မပါရှိခြင်းအပေါ် အခြေပြု၍ မျိုးပွားခြင်းအမျိုးအစားများကို ခွဲခြားတတ်မည်။
- သစ်သီးများ၏ အမျိုးမျိုးသောဖွဲ့စည်းတည်ဆောက်ပုံများကို သတ်မှတ်ဖော်ထုတ်နိုင်ပြီး သစ်သီးအမျိုးအစားများအကြားရှိ ကွဲပြားခြားနားမှုကို နားလည်သဘောပေါက်လာမည်။
- ဝတ်မှုန်ကူးခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး မတူညီသောဝတ်မှုန်ကူးခြင်းအမျိုးအစားများ၊ ဝတ်မှုန်ကူးခြင်းဖြစ်ပေါ်လာပုံ၊ ဝတ်မှုန်ကူးခြင်းရှိ သတ္တဝါများ၏ အခန်းကဏ္ဍကို ရှင်းပြတတ်မည်။
- သန္ဓေအောင်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီး သန္ဓေအောင်ခြင်းဖြစ်စဉ်ကို ရှင်းပြတတ်မည်။
- ဒီအန်အေ၊ မျိုးရိုးဗီဇနှင့် ခရိုမိုဆုမ်းများ၏ အခန်းကဏ္ဍများကို နားလည်လာမည်။
- အပင်များရှိ လိင်ရှိမျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်းတို့၏ ကွဲပြားခြားနားမှုကို ရှင်းပြတတ်မည်။
- သတ္တဝါများ၏ လိင်ရှိမျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်းအကြောင်းကို ရှင်းပြတတ်မည်။
- သတ္တဝါများ၏ လိင်ရှိမျိုးပွားခြင်းအတွက်လိုအပ်သော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ဆဋ္ဌမတန်းနှင့် သတ္တမတန်း စာသင်ခန်းများအတွက် ကွဲထွက်မျိုးပွားခြင်းနှင့် အဖူးကူးခြင်းကဲ့သို့ သတ္တဝါများ၏ လိင်ရှိမျိုးပွားပုံယန္တရားများကို ရှာဖွေလေ့လာနိုင်သော သင်ယူမှုလုပ်ငန်းတစ်ခုကို ပူးပေါင်းရေးဆွဲတတ်မည်။
- သတ္တဝါများ၏ ကိုယ်တွင်းသန္ဓေအောင်ခြင်းနှင့် ပြင်ပသန္ဓေအောင်ခြင်းတို့အကြောင်း တစ်ခုစီအတွက် ဥပမာများပေး၍ ခွဲခြားတတ်မည်။
- ဥမှပေါက်ဖွားသောနို့တိုက်သတ္တဝါများ၊ အချင်းရှိနို့တိုက်သတ္တဝါများ၊ သားပိုက်ကောင် မျိုးစိတ်ဝင်သတ္တဝါများ၊ ငှက်များ၊ ငါးများနှင့် ခရုမျိုးစိတ်ဝင်သတ္တဝါများ၏ မျိုးပွားပုံယန္တရားများကို ရှင်းပြတတ်မည်။
- ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများ၏ သန္ဓေသားလောင်းဖွံ့ဖြိုးမှုနှင့် ဇီဝစက်ဝန်းများကို ချိန်ထိုးနှိုင်းယှဉ်တတ်မည်။ ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများအား ခွဲခြားသိမြင်နိုင်သော ဝိသေသလက္ခဏာများကို သတ်မှတ်ဖော်ထုတ်ပြီး တစ်ခုစီအတွက်ဥပမာများပေးတတ်မည်။
- ပညာရေးတွင် လူတိုင်းအကျုံးဝင်မှု၏ သဘောတရားကို ရှင်းပြတတ်မည်။
- ကျောင်းသားများ၏ သင်ယူခြင်းအပေါ် ထိရောက်သော တုံ့ပြန်အကြံပြုချက်ပေးနိုင်ရန်အတွက် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းတို့ကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- သိပ္ပံဆိုင်ရာ အသိပညာနှင့်ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ရန် အသုံးပြုနိုင်သော လူတိုင်းအကျုံးဝင်သည့် အလေ့အကျင့်များကို ရှင်းပြတတ်ပြီး ကျောင်းသားများ၏ တိုးတက်မှုကို ကြည့်ရှုလေ့လာရန်နှင့် စောင့်ကြည့်မှတ်တမ်းတင်ရန်အတွက် ၎င်းတို့ကို မည်သို့အသုံးပြုသည်ကို ရှင်းပြတတ်မည်။
- အမျိုးမျိုးသော သင်ကြားမှုနည်းလမ်းများကို ပေါင်းစပ်လျက် သင်ပြမှုပုံစံလွှာကို အသုံးပြု၍ အလယ်တန်းဇီဝဗေဒဘာသာရပ် သင်ပြမှုပုံစံတစ်ခုကို စီစဉ်တတ်မည်။
- လူတိုင်းအကျုံးဝင်မှုရှုထောင့်မှ အလယ်တန်းဇီဝဗေဒ ဘာသာရပ်သင်ကြားမှုလုပ်ငန်းများနှင့် ရင်းမြစ်များကို ဆန်းစစ်ဝေဖန်တတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ အလယ်တန်း ဇီဝဗေဒဘာသာရပ်မိတ်ဆက်
၁.၁။ အလယ်တန်းဇီဝဗေဒဘာသာရပ်ကို မိတ်ဆက်သင်ကြားခြင်း
မော်ဂျူး (၁.၁) ရပ်တန့်၍ စဉ်းစားပါ
၁.၁.၁။ အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ ဇီဝဗေဒဘာသာရပ် အဓိကနယ်ပယ်များနှင့် သင်ယူမှုရည်မှန်းချက်များ
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၁.၂။ အလယ်တန်းသင်ရိုးညွှန်းတမ်းရှိ ရည်ရွယ်ထားသော ကျွမ်းကျင်မှုများ
မော်ဂျူး (၁.၂) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၁.၂) အတွက် ဗီဒီယိုသင်ခန်းစာ
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
မော်ဂျူး (၁.၂) အတွက် လက်တွေ့လုပ်ငန်း
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူးအဆုံးပြန်လည်သုံးသပ်ချက်
မော်ဂျူး ၂။ သက်ရှိများ
၂.၁။ အဏုဇီဝသက်ရှိများအား အမျိုးအစားခွဲခြားခြင်း
မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၁)
အဏုဇီဝသက်ရှိများဆိုသည်မှာအဘယ်နည်း။
၂.၁.၁။ အဏုဇီဝများကိုအမျိုးအစားခွဲခြားခြင်း
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၂.၁) အတွက် လက်တွေ့လုပ်ငန်း
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၂.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)
ဗိုင်းရပ်စ်နှင့် အမီးဗားကိုလေ့လာခြင်း
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၂)
၂.၁.၂။ အပင်များကို အမျိုးအစားခွဲခြားခြင်း
မျိုးစေ့ဝှက်ပင်နှင့် မျိုးစေ့ဖော်ပင်
မော်ဂျူး (၂.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)
မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၃)
၂.၁.၃။ သတ္တဝါများအားအမျိုးအစားခွဲခြားခြင်း (ကျောရိုးရှိသတ္တဝါများ/ ကျောရိုးမဲ့ သတ္တဝါများ)
သတ္တဝါအမျိုးအစားများနှင့် ၎င်းတို့၏ အင်္ဂါရပ်များ
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄) ၏ အဆက်
မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၄)
၂.၁.၄။ သက်ရှိများ၏ဘဝနှင့်လက္ခဏာရပ်များ - အပင်များနှင့် တိရစ္ဆာန်များ
၂.၁.၅။ အပင်နှင့်တိရစ္ဆာန်များ၏ လက္ခဏာရပ်များနှင့် လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများ
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)
၂.၂။ တစ်ရှူးများ
၂.၂.၁။ အပင်တစ်ရှူးများ (ဆဲလ်ပွားတစ်ရှူး၊ ရိုးရှင်းတစ်ရှူးနှင့် ရှုပ်ထွေးတစ်ရှူး)
၂.၂.၂။ ရှုပ်ထွေးအပင်တစ်ရှူးများ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်လုပ်ဆောင်ချက်
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
၂.၂.၃။ သတ္တဝါတစ်ရှူးများ
အပေါ်ယံလွှာတစ်ရှူး၏ လက္ခဏာရပ်များ
တွယ်ဆက်တစ်ရှူးအမျိုးအစားများ
အာရုံကြောကြွက်သားများ
မော်ဂျူး (၂.၂) ရပ်တန့်၍ စဉ်းစားပါ
မော်ဂျူး (၂.၂) အတွက် သင်ယူမှုလုပ်ငန်း
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
၂.၃။ ခန္ဓာကိုယ်အင်္ဂါစနစ်များ
၂.၃.၁။ အပင်များရှိအင်္ဂါစနစ်များ၏ပူးပေါင်းဆောင်ရွက်ခြင်း
မော်ဂျူး (၂.၃) အတွက် သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၂.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
၂.၃.၂။ လူ့ခန္ဓာကိုယ်ရှိ ကိုယ်အင်္ဂါစနစ်များ
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
၂.၃.၃။ လူ့အရေပြားနှင့်အာရုံကြောစနစ်၏ဖွဲ့စည်းတည်ဆောက်ပုံ
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၂.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
မော်ဂျူး (၂.၃) ရပ်တန့်၍ စဉ်းစားပါ
၂.၃.၄။ လူ့ခန္ဓာကိုယ်ရှိစနစ်များ၏အပြန်အလှန်ဆက်သွယ်မှု
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၃။ ဂေဟဗေဒ
မော်ဂျူး (၃.၁) ရပ်တန့်၍ စဉ်းစားပါ (၁)
၃.၁။ ဂေဟဗေဒနှင့် ဂေဟစနစ်များ
ဂေဟစနစ်များကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ခြင်းနှင့် ဖော်ပြခြင်း
မော်ဂျူး (၃.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၃.၁) ရပ်တန့်၍ စဉ်းစားပါ (၂)
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
ဂေဟစနစ်အတွင်းရှိသက်ရှိများ၏အခန်းကဏ္ဍ
မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇီဝဗေဒ
၄.၁။ အပင်များနှင့် သတ္တဝါများတွင်ရှိသော လိုက်လျောညီထွေနေထိုင်မှုများ
မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း
အပင်များနှင့် သတ္တဝါများ၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများ
မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
၄.၂။ အပင်များကြီးထွားခြင်းနှင့် အကာအကွယ်ရရှိခြင်း
မော်ဂျူး (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အပင်ကြီးထွားမှုအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ
မော်ဂျူး (၄.၂) အတွက် အိမ်စာလုပ်ငန်း
၄.၃။ သတ္တဝါများကြီးထွားခြင်းနှင့် အကာအကွယ်ရရှိခြင်း
သက်ရှိတို့၏ သဟဇီဝဖြစ်မှု
ဂေဟစနစ်အတွင်းရှိ ဆက်နွှယ်မှုများ
မော်ဂျူး (၄.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၄.၃) အတွက် လက်တွေ့လုပ်ငန်း
၄.၄။ အစာကွန်ရက်များတွင် ဆက်စပ်လျက်ရှိသော ဇီဝသက်ရှိများ
မော်ဂျူး (၄.၄) အတွက် လက်တွေ့လုပ်ငန်း
မော်ဂျူး (၄.၅) ရပ်တန့်၍ စဉ်းစားပါ
၄.၅။ အပင်အရေအတွက် ပြောင်းလဲမှုများနှင့် ထိန်းသိမ်းကာကွယ်မှု
မြန်မာနိုင်ငံ၏ ဇီဝမျိုးကွဲများ
မော်ဂျူး (၄.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းနှင့် နမူနာအဖြေ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၅။ မျိုးပွားခြင်း
၅.၁။ အပင်များမျိုးပွားခြင်း
၅.၁.၁။ ပန်းပွင့်၏ အစိတ်အပိုင်းများ၊ ပန်းပွင့်သောအပင်များနှင့် ၎င်းတို့၏ ဇီဝစက်ဝန်း
ပန်းပွင့်များ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များ
ပန်းပွင့်သောအပင်များနှင့် ၎င်းတို့၏ဇီဝစက်ဝန်း
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)
၅.၁.၂။ လက်တွေ့လုပ်ဆောင်ခြင်း - ပန်းပွင့်တစ်ပွင့်၏ အစိတ်အပိုင်းများ
မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၂) ၏ အဆက်
မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ (၁)
၅.၁.၃။ ပန်းပွင့်များနှင့် သစ်သီးများအပေါ် အခြေပြု၍ အပင်များကို အမျိုးအစားခွဲခြင်း
ပန်းပွင့်တစ်ပွင့်၏ အဓိကအစိတ်အပိုင်း လေးခု
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မတူညီသောသစ်သီးအမျိုးအစားများ၏ ဖွဲ့စည်းတည်ဆောက်ပုံများ
သစ်သီးအမျိုးအစားများ
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
၅.၁.၄။ ဝတ်မှုန်ကူးခြင်း
ဝတ်မှုန်ကူးသူများကို ကြည့်ရှုလေ့လာခြင်း
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)
၅.၁.၅ ။ သန္ဓေအောင်ခြင်း
အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)
အစေ့တစ်စေ့၏ ဖွဲ့စည်းတည်ဆောက်ပုံ
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)
၅.၁.၆ ။ အပင်များရှိ လိင်မဲ့မျိုးပွားခြင်း
မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ (၂)
ကျောင်းသားများတွင်ရှိနိုင်သော အယူအဆလွဲမှားခြင်းများ
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၆)
၅.၂။ သတ္တဝါများ မျိုးပွားခြင်း
မော်ဂျူး (၅.၂) ရပ်တန့်၍ စဉ်းစားပါ (၁)
၅.၂.၁။ သတ္တဝါများရှိ လိင်ရှိမျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်း
လိင်ရှိမျိုးပွားခြင်း
ဥ ဥ ချသော သတ္တဝါ၊ ဥတွင်းသားရှင်မွေးသတ္တဝါ၊ သားရှင်မွေးသတ္တဝါတို့၏ စရိုက်လက္ခဏာများ
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
မော်ဂျူး (၅.၂) အတွက် သင်ယူမှုလုပ်ငန်း
လူသားသန္ဓေသားလောင်း ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်များ
လိင်မဲ့မျိုးပွားခြင်း (Asexual Reproduction)
မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
၅.၂.၂။ သတ္တဝါများ၏ ကိုယ်တွင်း သန္ဓေအောင်ခြင်းနှင့် ပြင်ပသန္ဓေအောင်ခြင်း
ကိုယ်တွင်းသန္ဓေအောင်ခြင်း (Internal Fertilization)
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
ပြင်ပသန္ဓေအောင်ခြင်း (External Fertilization)
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)
မော်ဂျူး (၅.၂) အတွက် သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၅.၂) အတွက် သင်ယူမှုလုပ်ငန်း (၂)
၅.၂.၃ ။ ကျောရိုးမဲ့သတ္တဝါများနှင့် ကျောရိုးရှိသတ္တဝါများ၏ ဇီဝစက်ဝန်း
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
ကျောရိုးရှိသတ္တဝါများ၏ သန္ဓေလောင်း ဖွံ့ဖြိုးမှု
ကျောရိုးရှိသတ္တဝါများ၏ သန္ဓေလောင်းဖွံ့ဖြိုးမှုအဆင့်များ
မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)
ကျောရိုးမဲ့သတ္တဝါများ၏ ဇီဝစက်ဝန်းများ
မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)
မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန်မေးခွန်များနှင့် နမူနာအဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၆။ သင်ကြားမှုနည်းလမ်းများ
မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ (၁)
၆.၁။ လူတိုင်းအကျုံးဝင်မှု
မော်ဂျူး (၆.၁) အတွက် လက်တွေ့လုပ်ငန်းငယ်
မော်ဂျူး (၆.၁) အတွက် သင်ယူမှုလုပ်ငန်း
၆.၂။ သိပ္ပံဘာသာရပ်ရှိ စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
စစ်ဆေးအကဲဖြတ်မှု အမျိုးအစားများ
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
သိပ္ပံဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများ
မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
အိမ်စာလုပ်ငန်း
လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း
စာသင်ခန်းထဲတွင် ကျောင်းသားများ တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သော အခြေအနေများ
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများ
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
လက်တွေ့လုပ်ငန်းများမှ တစ်ဆင့် စစ်ဆေးအကဲဖြတ်နိုင်သော သိပ္ပံဆိုင်ရာကျွမ်းကျင်မှုများ
မော်ဂျူး (၆.၂) အတွက် ဗီဒီယိုသင်ခန်းစာ
၆.၃။ သင်ပြမှုပုံစံလွှာ
5Es
မော်ဂျူး (၆.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၆) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
Summary
သင်တန်းအနှစ်ချုပ်
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ
Related Courses
