အွန်လိုင်းသင်တန်းများ

ယဥ်ကျေးမှု နှင့်ပညာရေး

ယဥ်ကျေးမှု နှင့်ပညာရေး

ယဉ်ကျေးမှုနှင့် ပညာရေး အွန်လိုင်း မော်ဂျူးမှ ကြိုဆိုပါသည်။ ဤမော်ဂျုးသည် ယဉ်ကျေးမှု၏အ...

ပိုမိုလေ့လာမည်

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ပထမနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ...

သင်တန်းမော်ဂျူးအကျဉ်းချုပ်ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။

ပိုမိုလေ့လာမည်

Pre-service Teacher Education Programme: Year 1 Semester 1 E-Learning Course for Teacher Educators

Pre-service Teacher Educatio...

Overview of the courseThe course is organised into the following modules:

ပိုမိုလေ့လာမည်

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် ဒုတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း

လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ...

သင်တန်းမော်ဂျူးအကျဉ်းချုပ်ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများပါ၀င်ပါသည်။

ပိုမိုလေ့လာမည်

ငြိမ်းချမ်းရေး နှင့် ပညာရေး

ငြိမ်းချမ်းရေး နှင့် ပညာရေး

ငြိမ်းချမ်းရေးနှင့် ပညာရေး အွန်လိုင်း မော်ဂျူးမှ ကြိုဆိုပါတယ်။ဤအွန်လိုင်း မော်ဂျူးကို သင...

ပိုမိုလေ့လာမည်
အွန်လိုင်း သင်ကြားသင်ယူမှု အပိုင်း (၃) သင်ကြားသင်ယူမှုကို အထောက်အကူပြုရန် Canva အက်ပလီကေးရှင်း (application) အသုံးပြုခြင်း

အွန်လိုင်း သင်ကြားသင်ယူမှု အ...

သင်ကြားသင်ယူမှုကိရိယာအဖြစ် Canva မိုဘိုင်းအက်ပ်ကို အသုံးပြုရန်မိတ်ဆက်ခြင်းCanva သည် သြစတ...

ပိုမိုလေ့လာမည်

မော်ဂျူး(၅) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်း

မော်ဂျူး(၅) ငြိမ်းချမ်းရေး န...

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး အွန်လိုင်း သင်ခန်းစ...

ပိုမိုလေ့လာမည်

မော်ဂျူး(၄) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး၏ သင်ကြားသင်ယူရေး နည်းလမ်းများ

မော်ဂျူး(၄) ငြိမ်းချမ်းရေး န...

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး အွန်လိုင်းသင်ခန်းစာ...

ပိုမိုလေ့လာမည်

ကျွန်ုပ်တို့အကြောင်း

Myanmar Teacher Platform သည် အရည်အသွေးပြည့်မီသော သင်ယူမှုအထောက်အကူပြု ပစ္စည်းများ၊ ဗီဒီယိုများနှင့် အခြားသောသင်ကြား၊သင်ယူမှုရင်းမြစ်များကို ဆရာ၊ ဆရာမများ၊ သင်ယူသူများနှင့် အခြားစိတ်စားသူမည်သူမဆို ဘေးကင်းလုံခြုံမှုရှိစွာ ဝင်ရောက်ကြည့်ရှုရယူနိုင် ရန် အတွက် online/offline အသုံးပြုနိုင်သောပလက်ဖောင်းတစ်ခု အဖြစ် ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အဆိုပါ ပလက်ဖောင်းတွင်

၁။ တစ်ပြိုင်နက်ဖြစ်သောသင်ယူမှုနှင့် တစ်ပြိုင်နက်မဟုတ်သော သင်ယူမှုနည်းလမ်း(synchronous and asynchronous learning) များဖြင့် အခမဲ့ သင်တန်းများ တက်ရောက်နိုင်သော အွန်လိုင်း သင်ယူု ပလက်ဖောင်း ( E-learning platform) တစ်ခု ပါရှိပြီး ၊ သင်ယူသူများ အနေဖြင့် ဆွေးနွေးမှု ဖိုရမ်များမှ တဆင့် အပြန်အလှန် ဆွေးနွေးခွင့်လည်း ရရှိမည်ဖြစ်ပါသည်။   ရွေးချယ်တက်ရောက်ထားသော သင်တန်းများပြီးမြောက်သွားပါက သင်တန်းပြီးစီးကြောင်းလက်မှတ်လည်း ရရှိနိုင်ပါသည်။

၂။ အီလက်ထရွန်နစ်စာအုပ်များ(E-books)၊ ဗီဒီယိုများ စသည်ဖြင့်  အမျိုးမျိုးသော အီလက်ထရွန်နစ် သင်ကြား၊သင်ယူမှုရင်းမြစ်ပေါင်း ၂၀၀ကျော် ပါ၀င်သော အွန်လိုင်း  စာကြည့်တိုက် (E-library) လည်း ပါရှိပါသည်။  E-library ကို  E-learning platform နှင့် ပေါင်းစပ်ထားသောကြောင့် သင်ယူသူများအနေဖြင့် စနစ်တကျရှိပြီး ဆန်းသစ်သော သင်ယူမှု အတွေ့ အကြုံကိုလည်း ခံစားစေနိုင်ပါသည်။

Myanmar Teacher Platform ပေါ်ရှိ သင်ကြား၊သင်ယူမှုရင်းမြစ်များစွာကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စနစ်တကျအထူးပြုစုထားသည့်အပြင် ကောင်းမွန်သော နိုင်ငံတကာကျင့်ထုံးများအတိုင်းလည်း လိုက်နာထားပါသည်။ ယခုပလက်ဖောင်းသည် မြန်မာနိုင်ငံရှိ ဆရာ၊ဆရာမများနှင့် သင်ယူသူများအတွက် အဓိကထားသော်လည်း အသုံးပြုသူများအားလုံး၏ ပညာရေး နှင့်/သို့မဟုတ်အတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။

Myanmar Teacher Platform ကို ဖင်လန်နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် UNESCO မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပလက်ဖောင်း၏ကနဦးဗားရှင်းကို ဩစတြေးလျနိုင်ငံ၊ ဖင်လန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံအစိုးရတို့မှ ရန်ပုံငွေကူညီပံ့ပိုးပေးခဲ့ပါသည်။ အသုံးပြုသူများ ပိုမိုကောင်းမွန်သောအတွေ့အကြုံရရှိစေရန် UNESCO မှ လက်ရှိပလက်ဖောင်း၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက်  စတင်ကြိုးပမ်းအားထုတ် ခဲ့ပါသည်။ ယခုအခါ Myanmar Teacher Platform သည် မြန်မာနိုင်ငံရှိ အသုံးပြုသူများ၏ လိုအပ်ချက်၊ အခြေအနေနှင့်  ကိုက်ညီမှုရှိပြီး ပိုမိုကျယ်ပြန့်သော နည်းကိရိယာများနှင့် လုပ်ဆောင်နိုင်စွမ်းများလည်း ရှိလာပါသည်။

အမေးများသည့်မေးခွန်းများ

အသုံးပြုနိုင်ပါတယ်။ စကားဝှက်ကဲ့သို့ အရေးကြီးသော အချက်အလက်အားလုံးကို ဆာဗာပေါ်တွင် သိမ်းဆည်း/ရယူသည့် လုပ်ဆောင်ချက်တိုင်းတွင် ကုဒ်ဝှက်(encryptလုပ်)ထားသည်။ "အော့ဖ်လိုင်း" မုဒ်ကိုဖွင့်ပြီး ဖိုင်များကိုဒေါင်းလုဒ်လုပ်ပါကလည်း

ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင့်မိုဘိုင်းစက်ပစ္စည်းပေါ်တွင် သိမ်းဆည်းထားခြင်း မရှိဘဲ ဆိုဒ်ပေါ်တွင် အတိအလင်း တင်ထားသော အရင်းအမြစ်ဖိုင်များကို သိမ်းဆည်းထားရုံသာဖြစ်သည်။

Android ဖုန်း/စက်ပစ္စည်းများတွင် ဗားရှင်း-၅နှင့် အထက်ဆိုလျှင် အသုံးပြုနိုင်ပါသည်။ Andriod ဗားရှင်း-၈နှင့် အထက်ဆိုလျှင် အင်္ဂါရပ်(Feature)အားလုံးကို ပံ့ပိုးရန် ပိုမိုသေချာပါသည်။ iOS ဖုန်း/စက်ပစ္စည်းများတွင် iOS ဗားရှင်း ၁၂ နှင့်အထက်ဆိုလျှင် အသုံးပြုနိုင်ပါသည်။

ဝင်းဒိုး(Windows)တွင် MTP ဝက်ဘ်ဆိုဒ်ကို ဘရောက်ဇာ(browser) မှတစ်ဆင့် အသုံးပြုနိုင်ပါသည်။ ထို့ပြင် အော့ဖ်လိုင်းမုဒ်သို့ ပြောင်းထားပါက (Progressive Web Application) ဝက်ဘ်အက်ပ်အနေဖြင့်လည်း ဒေါင်းလုဒ်လုပ်၍ အသုံးပြုနိုင်ပါသည်။ သို့သော် MTP အက်ပ်ကို Windows Store တွင် တင်ထားခြင်း မရှိသေးပါ။ (မှတ်ချက်။ Progressive Web App ကိုဘရောက်ဇာမှ အသုံးပြုသည့်အခါ ဝက်ဘ်ဆိုဒ်၏ လိပ်စာဘေးတွင် မိမိစက်ထဲသို့ ဝက်ဘ်ဆိုဒ်အား အက်ပ်အနေဖြင့် ထည့်သွင်းရန် အသိပေးချက် ခလုတ်တစ်ခုတွေ့ရမှာ ဖြစ်ပြီး ထည့်သွင်းပြီးပါက မိမိ၏ ဒက်စတော့(Desktop)ပေါ်တွင် shortcut အနေဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။)

MTP အက်ပ်တွင် bug များမရှိဘဲ crashing နှင့် freezing ဖြစ်ခြင်းများလည်း မရှိပါ။ အနည်းဆုံး Android ဗားရှင်း-၈ နှင့် iOS ဗားရှင်း ၁၂ ရှိသည့် စက်ပစ္စည်းများဖြင့် အသုံးပြုရန်လိုအပ်သည်။ MTP တွင် အခမဲ့သင်တန်းများကိုသာ အမြဲတမ်း တွေ့ရှိရမည်ဖြစ်ပြီး အကျိုးအမြတ်အတွက် မည်သည့်ကြော်ငြာများကိုမျှ ထည့်သွင်းထားခြင်း မရှိပါ။

Appleမှ MTP မိုဘိုင်းအက်ပ်သည် လူမှုကွန်ရက်အက်ပ် မဟုတ်သောကြောင့် ပရိုဖိုင်ကို အသုံးပြုသူတစ်ဦးထံမှ တောင်းဆိုခြင်းကို ခွင့်မပြုပါ။

ကနဦးစမ်းသပ်မှု(Pilot Testing) ပြုလုပ်ရာတွင် ပါဝင်သူအချို့သည် 3G ကွန်ရက်ကိုသာ အသုံးပြုနိုင်ပြီး အက်ပ်အား 3Gကွန်ရက်ဖြင့်သာ စမ်းသပ်ခဲ့ပါသည်။ လုပ်ဒင်း(loading)တက်ရန် နှေးသည်မှလွဲ၍ ကောင်းစွာအသုံးပြုနိုင်ပါသည်။

ယခုအချိန်အထိ UNESCO ဝန်ထမ်းများကသာ MTP တွင် အသိအမှတ်ပြုသင်တန်းများကို ဖန်တီးသူအဖြစ်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်သူ အဖြစ်သော်လည်းကောင်း ဆောင်ရွက်နိုင်ပြီး အနာဂတ်တွင် ပြင်ပအဖွဲ့အစည်းများမှ အသုံးပြုသူများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစီအစဉ်အချို့ကို ထည့်သွင်းစဉ်းစားထားပါသည်။ MTPသည် လက်ရှိတွင် သင်ယူသူများအပေါ်တွင် ပိုမိုဦးစားပေးထားသောကြောင့် မိုဘိုင်းအက်ပ်များတွင် သင်ယူသူများအတွက် လုပ်ဆောင်ချက်များသာ ပါရှိပြီး  သင်တန်းဖန်တီးသူ/နည်းပြများသည် သင်တန်းများဖန်တီးရန်နှင့် တင်သွင်းရန်အတွက် ဝက်ဘ်ဗားရှင်းကိုသာ အသုံးပြုနိုင်သည်။ သင်ယူသူများနှင့် ဆရာများကို အပြည့်အဝ ပံ့ပိုးပေးသည့် မိုဘိုင်းအက်ပ်တစ်ခုအဖြစ် တက်လှမ်းရန် အခါအားလျော်စွာ လုပ်ဆောင်ချက်များအား တိုးချဲ့သွားပါမည်။

စာရင်းသွင်းခနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ၎င်းတို့ကို နည်းပညာပိုင်းအရ အကောင်အထည်ဖော်ရန် ဖြစ်နိုင်သော်လည်း MTP သည် အရင်းအမြစ်များနှင့် သင်တန်းများကို အမြဲတမ်း အခမဲ့ပေးမည့် သင်ကြားသင်ယူမှုပလက်ဖောင်းတစ်ခု ဖြစ်သောကြောင့် ထိုဝန်ဆောင်မှုများ ပါဝင်မည် မဟုတ်ပါ။

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ(အိုင်စီတီ)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သောပညာရေး(EPSD)၊ မီဒီယာနှင့် သတင်းအချက်အလက် တတ်မြောက်မှု(MIL) စသည်ဖြင့် အမျိုးမျိုးသော သင်တန်းများကို ရှာဖွေနိုင်ပါသည်။  E-learning သင်တန်းအမျိုးအစားများအမျိုးအစားများမှတစ်ဆင့် ရရှိနိုင်သော အမျိုးအစားအားလုံးကို ရှာပါ။

အက်ပ်ကိုဖျက်ပြီးနောက် ထပ်မံထည့်သွင်းရန် အကြံပြုအပ်ပါသည်။

အင်တာနက် ချိတ်ဆက်မှုကို စစ်ဆေးပါ။ အင်တာနက် ချိတ်ဆက်မှု (Internet Connection) ရှိပါ က အက်ပ်ကိုပိတ်ပြီးနောက် ပြန်လည်ဖွင့်ပါ။

ကျေးဇူးပြု၍ အကောင့်ရှိ “ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်(Contact Us)” မှတစ်ဆင့် မိမိ၏ အခက်အခဲနှင့်သက်ဆိုင်သော အချက်အလက်များအား ပေးပို့ပေးပါ။ အက်ဒမင်(admin) က အီးမေးလ်မှတစ်ဆင့် ပြန်လည်ဆက်သွယ်ပြီး ဖြေရှင်းပေးမည် ဖြစ်ပါသည်။

နည်းပညာဆိုင်ရာ ပြဿနာများရှိပါက ကျေးဇူးပြ၍ ပင်မစာမျက်နှာ(Home Page) မှတစ်ဆင့် အကောင့်နေရာ(Account Tab) သို့သွားပြီး “ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်” ကိုသုံးပြီး ပြဿနာအကြောင်း ပြောပြဆက်သွယ်ပေးပါ။

သင့်အကောင့်(ကျောင်းသားကျောင်းဆရာ/သတင်းထောက်/ဆရာ သင်ကြားရေးတာဝန်များ)ကို စာရင်းသွင်းပြီးနောက် သင့်အကောင့်ကို စတင်အသုံးပြုရန်အတွက် စီမံခန့်ခွဲသူထံမှ အတည်ပြုချက်ကို စောင့်ပါ။

သို့သော်၊ သင်သည် Independent Learner(လေ့လာသင်ယူသူ) အကောင့်အတွက် စာရင်းသွင်းပါက သင်၏အီးမေးလ်လိပ်စာသို့ ပေးပို့သော OTP ကို အတည်ပြုပြီးနောက်တွင် သင်သည် စနစ်သို့ ဝင်ရောက်နိုင်သည်။

သင့်တွင် E-learning အကောင့်တစ်ခုရှိနှင့်ပြီးပါက၊ အကောင့်ဝင်ခြင်းစာမျက်နှာတွင် အသုံးပြုသူအမည်နှင့် စကားဝှက်ကို ဖြည့်သွင်းရုံဖြင့် ၎င်းကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-learning သို့ဝင်ရောက်ရန် မတူညီသော အကောင့်အမျိုးအစား(၆)ခုရှိသည်။  ၎င်းတို့မှာ စီမံခန့်ခွဲသူ၊ မန်နေဂျာ၊ ဆရာ(ပညာပေးသူ/ပညာရေးဒီဂရီကောလိပ်မှ သင်တန်းတင်မည့်သူ)၊ ဆရာ(ကျောင်းသား/ပညာရေးဒီဂရီကောလိပ်မှ သင်တန်းတက်မည့်သူ)၊ သတင်းထောက်နှင့် လေ့လာသင်ယူသူ တို့ဖြစ်ပါသည်။

သတ်မှတ်ထားသော ဝင်ရောက်ခွင့်စည်းမျဉ်းများ(Access Rights) ပေါ်မူတည်၍ သင်တန်းအသစ်များတင်ခြင်းနှင့် သင်တန်းများတက်ရောက်ခြင်းတို့တွင် ကွဲပြားနိုင်သည်။

အသုံးပြုနိုင်ပါသည်။ အကယ်၍ စကားဝှက်ကို မေ့သွားပါက "စကားဝှက်မေ့နေသည်”ကိုနှိပ်ပါ။ ပြီးနောက် စကားဝှက်ကို ပြန်လည်သတ်မှတ်(Reset)ပါ။ ကျေးဇူးပြု၍ အီးမေးလ်လိပ်စာသည် အမှန်တကယ် အသုံးပြုနေသော အီးမေးလ်လိပ်စာ ဖြစ်သင့်ကြောင်းနှင့် ယခင်က မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သော အီးမေးလ်နှင့် တူညီမှုရှိသင့်ကြောင်း သတိပြုပေးပါ။

မကြည့်ရှုနိုင်ပါ။ မိမိကိုယ်တိုင်၊ သင်တန်းဖန်တီးသူ၊ သင်တန်းဖန်တီးရာတွင် ပူးပေါင်းပါဝင်သူများနှင့် အက်ဒမင်(admin) များသာ ဤအချက်အလက်များကို ကြည့်ရှုနိုင်ပြီး မိမိနှင့်အသုံးပြုသူ အမျိုးအစား တူညီသူများ(ဥပမာ - သင်ယူလေ့လာသူအားလုံး)မှ မကြည့်ရှုနိုင်ပါ။

သင်တန်းကို မတော်တဆ ဖယ်ရှား (သို့မဟုတ်) ဖျက်သိမ်းလိုက်မိပါက ၎င်းသင်တန်းကို ပြန်လည်စတင်မရနိုင်ပါ။ သင်တန်းကို နောက်တစ်ကြိမ် ပြန်လည်ရယူပြီး အစမှစတင်ရန် လိုအပ်သည်။

MTPတွင် သင်တန်းတစ်ခုအား တစ်ကြိမ်ထက်ပို၍ လေ့လာနိုင်ပါသည်။ သင်တန်းပြီးဆုံးကြောင်း လက်မှတ် ထုတ်ယူပြီးသည့်တိုင်အောင် အရင်က လေ့လာခဲ့သည်များကို အစမှ ပြန်လည် လေ့လာနိုင်ပါသည်။

သင်၏မိုဘိုင်းဖုန်းကို အသုံးပြုပြီး assignment တင်ရန်အတွက် အချက်အလက်များကို ရုပ်ပုံဖိုင် (jpg, jpeg, png, gif)၊ Microsoft word ဖိုင်၊ PDF ဖိုင်၊ ဗွီဒီယိုဖိုင်(mp4) (သို့မဟုတ်) အသံဖိုင်(mp3) အနေဖြင့် ပြင်ဆင်နိုင်ပါသည်။ ထို့နောက် "ဖိုင်ရွေးရန်" ခလုတ်ကို နှိပ်၍ ရွေးချယ်နိုင်ပြီး "တင်သွင်းမည်" ကိုနှိပ်ကာ assignment တင်နိုင်ပါသည်။

ကျေးဇူးပြု၍ နိဒါန်း(Introduction) အပိုင်းကိုစစ်ဆေးပြီး ၎င်းကို ဖတ်ရှုပြီးစီးကြောင်း မှတ်သားနိုင်ရန် Next ကိုနှိပ်ပါ။

"ဖိုင်များ" > "ဒေါင်းလုဒ်များ (Downloads)"

နောက်ဆုံးအကဲဖြတ်ခြင်းကို အလိုအလျောက် အကဲဖြတ်မည်ဖြစ်ပြီး မေးခွန်းရှည်အမျိုးအစား မပါဝင်ပါက အဖြေများကို တင်သွင်းပြီးနောက် မိမိရမှတ်သည် လက်ခံနိုင်သောအမှတ် ဟုတ်မဟုတ် ချက်ချင်း သိရှိနိုင်ပါသည်။ မေးခွန်းရှည်အမျိုးအစားတွင် သင်တန်းဖန်တီးသူ၏ တုံ့ပြန်ချက်ရရှိမှသာ ပြီးစီးနိုင်သည့်မေးခွန်းများ ပါဝင်ပါက ထိုတုံ့ပြန်ချက်များ ရရှိပြီးမှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။

ဆွေးနွေးမှုများတွင် ပါဝင်နိုင်ပြီး သင်တန်းဖန်တီးသူ/ ပို့ချသူများမှ သင်၏မေးမြန်းစုံစမ်းမှုများကို ပြန်လည်ဖြေကြားပေးပါမည်။ အချို့သောသင်တန်းများတွင် သင်တန်းပို့ချသူများနှင့် Zoom အက်ပ်ကို အသုံးပြုပြီး အပြန်အလှန် ဆက်သွယ်နိုင်သော (interactive session) ပါရှိပါသည်။ အခြားသင်တန်း တက်ရောက်သူများနှင့်လည်း ဆွေးနွေးနိုင်ရန် သင်တန်းဖော်တွင် (သို့မဟုတ်) သင်တန်းတက်နေစဉ် ချက် လုပ်ဆောင်ချက်(chat feature)ကို အသုံးပြုနိုင်ပါသည်။

ပင်မစာမျက်နှာ (Home Page)တွင်ရှိသော "အော့ဖ်လိုင်း အလုပ်လုပ်ပုံ" ကိုနှိပ်၍ ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် အော့ဖ်လိုင်းအား မှန်ကန်စွာ အသုံးပြုနိုင်ပါသည်။ Facebook၏ အော့ဖ်လိုင်းလုပ်ဆောင်ချက်နှင့် တူညီမှုမရှိဘဲ လောလောဆယ်တွင် မိမိယူထားသော သင်တန်းများအတွက်သာ အသုံးပြုနိုင်ပါသည်။

ကွဲပြားခြားနားပါသည်။ ဝက်ဘ်ဗားရှင်းတွင် အသုံးပြုထားသော အော့ဖ်လိုင်း လုပ်ဆောင်ချက်ကို iOS ဖုန်းနှင့်တက်ဘလက်များတွင် အသုံးမပြုနိုင်ပါ။ ဝက်ဘ်ဗားရှင်းတွင် အော့ဖ်လိုင်း လုပ်ဆောင်ချက်ကို အသုံးပြုထားပါက အင်တာနက်ရှိစဉ်က ကြည့်ရှုခဲ့သော စာမျက်နှာများ အားလုံးကို ဘရောက်ဇာ (browser)၏ ကရှ့်ချ်(cache)ထဲတွင် သိမ်းဆည်းထားပြီး အင်တာနက် မရှိသော်လည်း ပြန်လည်ကြည့်ရှုနိုင်မည်။ မိုဘိုင်းအက်ပ်ရှိ အော့ဖ်လိုင်း လုပ်ဆောင်ချက်မှာမူ မိမိယူထားသော သင်တန်းများကိုသာ ထောက်ပံ့(support)ပေးပြီး ၎င်းတို့ကိုသာ ပြန်လည်ကြည့်ရှုနိုင်သည်။ သို့သော် ဝက်ဘ်ဗားရှင်းတွင် အသုံးပြုသူတစ်ဦး၏ တိုးတက်မှုကို မသိမ်းဆည်းထားနိုင်ဘဲ မိုဘိုင်းအက်ပ်တွင်တော့ သိမ်းဆည်းထားကာ အင်တာနက်နှင့် ပြန်လည်ချိတ်ဆက်သောအခါ ဆာဗာပေါ်တွင် အလိုအလျောက်သွားရောက် သိမ်းဆည်းပေးမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်

For further information, please contact to:

UNESCO Myanmar

Office Phone: 01 557896, 01 546719

Fax: 01 546720

E-mail: stemmyanmar@unesco.org

No. 8/C, Bogyoke Museum Street,

Natmauk Road, Bahan Township, Yangon, Myanmar

Name is required.
An email is required.
အီးမေးလ် လိပ်စာ မှားယွင်းနေပါသည်။
A mobile number is required.
A message is required.