အွန်လိုင်းစာကြည့်တိုက်
အွန်လိုင်းစာကြည့်တိုက်တွင် ဆရာ၊ ဆရာမများအတွက် အခမဲ့ ရင်းမြစ်ပေါင်း ၂၀၀ ကျော် ပါဝင်ပါသည်။ ဤအွန်လိုင်းစာကြည့်တိုက်တွင် သင်၏ သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်မှုများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင့်ကျောင်းသားများအတွက် ပါဝင်ဆောင်ရွက်မှုရှိစေသော သင်ယူမှုလုပ်ငန်းများ ဖန်တီးနိုင်စေရန် ဗီီဒယိုများ၊ အီလက်ထရွန်နစ်စာအုပ်များ (e-books)၊ ဆောင်းပါးများ၊ ပိုစတာများနှင့် အခြားသော များပြားလှသည့် အခမဲ့ရင်းမြစ်များစွာကို တွေ့ရပါမည်။ ပိုမိုလေ့လာမည်
အွန်လိုင်းမှသင်ယူခြင်း
e-learning ပလက်ဖောင်းသည် အခမဲ့သင်တန်းပေါင်း ၅၀ ကျော်ကို ပို့ချလျက်ရှိပြီး မြန်မာနိုင်ငံရှိ ဆရာ၊ ဆရာမများ၏ ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ သင်တန်းများကို အွန်လိုင်းမှ တက်ရောက်နိုင်ပြီး ဒေါင်းလုတ်ပြုလုပ်၍လည်း အော့ဖ်လိုင်းတွင် သင်ယူနိုင်ပါသည်။ ဤပလက်ဖောင်းပေါ်ရှိ သင်တန်းတစ်ခုခုကို တက်ရောက်ပြီးစီးသည့် ဆရာ၊ ဆရာမများအားလုံးအနေဖြင့် သင်တန်းပြီးမြောက်ကြောင်းလက်မှတ်များ ရယူနိုင်ပါသည်။အွန်လိုင်းမှသင်ယူခြင်း ပိုမိုလေ့လာမည်
သတင်းများ
ကျွန်ုပ်တို့၏ သတင်းများနှင့်လှုပ်ရှားမှုများ
ပညာရေးအွန်လိုင်းဟောပြောပွဲ - ၈ သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း
UNESCO Myanmar, 29 Aug 2024စက်တင်ဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ် (စနေနေ့) တွင် “ကျောင်းပြင်ပပညာရေး အခြေအနေအရပ်ရပ်တွင် ကိုင်တွယ်ဖြေရှင်းရခက်ခဲသော အပြုအမူများကို စီမံခန့်ခွဲခြင်း” အွန်လိုင်းဟောပြောပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ တက်ရောက်လိုပါက အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ https://tinyurl.com/bp7czvjp မှတ်ချက်။ ဤဟောပြောပွဲကို လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမမ... ပိုမိုလေ့လာမည်
ပညာရေးအွန်လိုင်းဟောပြောပွဲ - ၇ သို့ တက်ရောက်ရန် ဖိတ်ကြားခြင်း
UNESCO Myanmar, 15 Aug 2024သြဂုတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ် (စနေနေ့)တွင် “ပဋိပက္ခကို ထည့်သွင်းစဉ်းစားသော ပညာရေး” အွန်လိုင်းဟောပြောပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ တက်ရောက်လိုပါက အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ https://tinyurl.com/5rwdv5vu မှတ်ချက်။ ဤဟောပြောပွဲကို လုပ်ငန်းခွင်ဝင်စ ဆရာ၊ဆရာမများ (အထူးသဖြင့် သင်ကြားရေးနှင့် ပတ်သက်ပြီး သင့်လျော်လုံလောက်သည့် လေ့ကျင့်သင်ကြားရေး... ပိုမိုလေ့လာမည်
အရင်းအမြစ်များ
Curriculum and Pedagogy
သင်ခန်းစာအစီအစဉ်အတွက် ICT ပေါင်းစပ်ခြင်း-အင်္ဂလိပ်ဗားရှင်း
UNESCO Myanmar, Oct 14, 2022The new pre-service teacher education curriculum is designed to make best use of ICT across all subjects and hence Non-ICT teacher educators in Education ပိုမိုလေ့လာမည်
သင်ခန်းစာအစီအစဉ်အတွက် ICT ပေါင်းစပ်ခြင်း-မြန်မာ ဗားရှင်း
UNESCO Myanmar, Sept 28, 2022The new pre-service teacher education curriculum is designed to make best use of ICT across all subjects and hence Non-ICT teacher educators in Education Learn More
EDC ပထမနှစ်၊ ပြည်တွင်းသင်ရိုးညွှန်းတမ်း-Myanmar version
UNESCO Admin, Sept 05, 2022Regional curriculum subjects are part of the College of Education curriculum. This subject is included in Myanmar's basic education curriculum with the aim of preparing and training the subjects inclu... Learn More
Teacher Competency Standards Framework (TCSF)-Myanmar version
UNESCO Admin, Jul 25, 2022This document, Myanmar’s Teacher Competency Standards Framework (TCSF), describes what are considered the key attributes of good teaching and what is expected of teachers’ professional practice at the... Learn More
EPSD - Education for Peace and Sustainable Development
ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သောပညာရေးအွန်လိုင်းသင်ခန်းစာမော်ဂျူး(၁)ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုမိတ်ဆက်ခြင်း
UNESCO Myanmar, Sept 18, 2022This online course can be studied in 5 modules; (1) an introduction to sustainable development, (2) the importance of education for peace and sustainable development, (3) knowledge standards, (4) teac... Learn More
ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သောပညာရေးအွန်လိုင်းသင်ခန်းစာမော်ဂျူး(၂)ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သောပညာရေးကိုမိတ်ဆက်ခြင်း
UNESCO Myanmar, Sept 28, 2022This online course can be studied in 5 modules; (1) an introduction to sustainable development, (2) the importance of education for peace and sustainable development, (3) knowledge standards, (4) teac... Learn More
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး ဆရာလမ်းညွှန် - လေးတန်း- Myanmar version
UNESCO Admin, Sept 05, 2022စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး ဆရာလမ်းညွှန် - လေးတန်း- Myanmar version Learn More
Building A culture of Peace Trainer Guide Myanmar version
UNESCO Admin, Jul 25, 2022Building A culture of Peace Trainer Guide Myanmar version Learn More
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ (ICT) - Information and Communications Technology
အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း (၁)၊ဆရာနှင့် ကျောင်းသားအကြား ပြန်ကြားဆက်သွယ်ရေး နည်းလမ်းများ
UNESCO Myanmar, Oct 18, 2022In order to make the best use of ICT in all subjects of the College of Education, a new teacher education curriculum has been developed Learn More
အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း (၂)၊မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုပြီး သင်ခန်းစာပို့ချချက်ဗီဒီယိုများ ဖန်တီးခြင်း
UNESCO Myanmar, Oct 28, 2022This module will focus on teaching students the skills needed to create digital learning materials online. As teachers, online/remote Learn More
ICT ကျောင်းသား ဆရာ ဖတ်စာအုပ် ပထမနှစ် ပထမ စာသင်နှစ်-အင်္ဂလိပ်ဗားရှင်း
UNESCO Myanmar, May 5, 2022The purpose of this course is to provide student teachers with basic knowledge of ICTrelated concepts and using ICT for teaching, learning and professional development and to prepare them to teach ICT... Learn More
အွန်လိုင်းစစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT
UNESCO Myanmar, Oct 28, 2022ICT for online assessment Learn More
MIL - Media and Information Literacy
မီဒီယာ နှင့် သတင်းအချက်လက် တတ်မြောက်မှု မိတ်ဆက်
UNESCO Myanmar, Oct 15, 2022This course is designed to introduce learners to basic Media and Information Literacy concepts including the definitions, individual and societal rights, and MIL competencies Media and information li... Learn More
မီဒီယာနှင့် သတင်းအချက်အလက် တတ်မြောက်မှု (ဒစ်ဂျစ်တယ် တတ်မြောက်မှု)
UNESCO Myanmar, Oct 28, 2022This module will focus on teaching students the skills needed to create digital learning materials online. As teachers, online/remote Learn More
မီဒီယာတတ်မြောက်ရေး လှုပ်ရှားမှုများ
UNESCO Myanmar, May 5, 2022The purpose of this course is to provide student teachers with basic knowledge of ICTrelated concepts and using ICT for teaching, learning and professional development and to prepare them to teach ICT... Learn More
ထိရောက်သော နှုတ်ဘာသာစကား၏ အစိတ်အပိုင်းငါးခု
UNESCO Myanmar, Jul 26, 2022Oral Language is the child’s first, most important, and most frequently used structured medium of communication. It is the primary means through which each individual child will be enabled to structur... Learn More
လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း - Comprehensive Sexuality Education
အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်၊ လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေးမော်ဂျူး(၁) ကျန်းမာ ပျော်ရွှင် ဘဝသံစဉ်
UNESCO Myanmar, Oct 18, 2022Welcome to the CHIV AIDS Sexual and Reproductive Health online course. This online course is supported by funding from the United Budget Result and Accountability Framework, UNESCO Learn More
အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်၊ လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေးမော်ဂျူး(၂) လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး
UNESCO Myanmar, Oct 18, 2022Welcome to the CHIV AIDS Sexual and Reproductive Health online course. This online course is supported by funding from the United Budget Result and Accountability Framework, UNESCO Learn More
HIV/AIDS နှင့် လိင်မှုပညာပေး(တာဝန်ခံလမ်းညွှန်)
UNESCO Myanmar, Jun 06, 2022This reference material is prepared for teacher educators and student teachers to do self-learning and also support for primary and middle level teaching life skills in school. It describes awareness... Learn More
ကျွန်ုပ်တို့အကြောင်း
Myanmar Teacher Platform က အရည်အသွေးပြည့်မီတဲ့ပညာရေးကတစ်ဆင့် ဘဝတိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ချက်ထားရှိတဲ့ ဆရာ၊ ဆရာမတွေ ၊ ဆရာအတတ်သင် ဆရာ၊ ဆရာမတွေ ၊ ဆရာအတတ်သင် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘေးကင်းလုံခြုံမှုရှိပြီး လူတိုင်းပါဝင်လေ့လာနိုင်တဲ့ ရပ်ဝန်းတစ်ခု ဖြစ်ပါတယ်။ ပလက်ဖောင်းတွင် အောက်ပါတို့ ပါဝင်ပါသည်။
၁။ တစ်ပြိုင်နက်ဖြစ်သောသင်ယူမှုနှင့် တစ်ပြိုင်နက်မဟုတ်သော သင်ယူမှုနည်းလမ်း(synchronous and asynchronous learning) များဖြင့် အခမဲ့ သင်တန်းများ တက်ရောက်နိုင်သော အွန်လိုင်း သင်ယူု ပလက်ဖောင်း ( E-learning platform) တစ်ခု ပါရှိပြီး ၊ သင်ယူသူများ အနေဖြင့် ဆွေးနွေးမှု ဖိုရမ်များမှ တဆင့် အပြန်အလှန် ဆွေးနွေးခွင့်လည်း ရရှိမည်ဖြစ်ပါသည်။ ရွေးချယ်တက်ရောက်ထားသော သင်တန်းများပြီးမြောက်သွားပါက သင်တန်းပြီးစီးကြောင်းလက်မှတ်လည်း ရရှိနိုင်ပါသည်။
၂။ အီလက်ထရွန်နစ်စာအုပ်များ(E-books)၊ ဗီဒီယိုများ စသည်ဖြင့် အမျိုးမျိုးသော အီလက်ထရွန်နစ် သင်ကြား၊သင်ယူမှုရင်းမြစ်ပေါင်း ၂၀၀ကျော် ပါ၀င်သော အွန်လိုင်း စာကြည့်တိုက် (E-library) လည်း ပါရှိပါသည်။ E-library ကို E-learning platform နှင့် ပေါင်းစပ်ထားသောကြောင့် သင်ယူသူများအနေဖြင့် စနစ်တကျရှိပြီး ဆန်းသစ်သော သင်ယူမှု အတွေ့ အကြုံကိုလည်း ခံစားစေနိုင်ပါသည်။
၃။ မြန်မာနိုင်ငံမှ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (MTCSF)၊ ပဋိပက္ခအခြေအနေရှိ ဆရာ၊ ဆရာမ (TiCC) များအတွက် လေ့ကျင့်သင်ကြားရေးဆိုင်ရာသင်ထောက်ကူပစ္စည်းအစုံ နှင့် MTP ပေါ်ရှိ ရင်းမြစ်များနှင့် ချိတ်ဆက်ထားသည့် ဘလော့ဂ်များလည်း ပါဝင်သည်။ ဤဘလော့ဂ်ပို့စ်များကို အပတ်စဉ်တိုင်း မျှဝေပေးသွားမည်ဖြစ်သည်။ ဆရာ၊ ဆရာမများအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်း၊ ဆရာအတတ်ပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိအမြင်များရရှိခြင်းနှင့် ဆရာအတတ်ပညာဆိုင်ရာရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်ရရှိနိုင်ခြင်းဟူသည့် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။
၄။ အပတ်စဉ် တင်ဆက်မျှဝေသွားမည့် ဘလော့ဂ်ဆောင်းပါးများနှင့်ပတ်သက်ပြီး မိမိ၏အတွေးအမြင်များကို ဆွေးနွေးနိုင်သကဲ့သို့ သင့်လုပ်ဖော်ကိုင်ဖက်ဆရာ၊ ဆရာမများ၊ ဝါရင့်ဆရာ၊ ဆရာမများနှင့်ပါ သင့်အတွေ့အကြုံများနှင့် အမြင်များကို ဖလှယ်နိုင်သည့် ဆွေးနွေးသည့်အဖွဲ့များလည်း ပါဝင်ပါသည်။ ဤအဖွဲ့များမှတစ်ဆင့် သင့် အတတ်ပညာဆိုင်ရာနယ်ပယ်ကို ချဲ့ထွင်နိုင်ပြီး အချင်းချင်းအပြန်အလှန်သင်ကြားခြင်း (peer learning) ကိုလည်း တိုးမြှင့်လုပ်ဆောင်နိုင်ပါသည်။
Myanmar Teacher Platform ပေါ်ရှိ သင်ကြား၊သင်ယူမှုရင်းမြစ်များစွာကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စနစ်တကျအထူးပြုစုထားသည့်အပြင် ကောင်းမွန်သော နိုင်ငံတကာကျင့်ထုံးများအတိုင်းလည်း လိုက်နာထားပါသည်။ ယခုပလက်ဖောင်းသည် မြန်မာနိုင်ငံရှိ ဆရာ၊ဆရာမများနှင့် သင်ယူသူများအတွက် အဓိကထားသော်လည်း အသုံးပြုသူများအားလုံး၏ ပညာရေး နှင့်/သို့မဟုတ်အတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါသည်။
Myanmar Teacher Platform ကို ဖင်လန်နိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် UNESCO မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပလက်ဖောင်း၏ကနဦးဗားရှင်းကို ဩစတြေးလျနိုင်ငံ၊ ဖင်လန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံအစိုးရတို့မှ ရန်ပုံငွေကူညီပံ့ပိုးပေးခဲ့ပါသည်။ အသုံးပြုသူများ ပိုမိုကောင်းမွန်သောအတွေ့အကြုံရရှိစေရန် UNESCO မှ လက်ရှိပလက်ဖောင်း၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် စတင်ကြိုးပမ်းအားထုတ် ခဲ့ပါသည်။ ယခုအခါ Myanmar Teacher Platform သည် မြန်မာနိုင်ငံရှိ အသုံးပြုသူများ၏ လိုအပ်ချက်၊ အခြေအနေနှင့် ကိုက်ညီမှုရှိပြီး ပိုမိုကျယ်ပြန့်သော နည်းကိရိယာများနှင့် လုပ်ဆောင်နိုင်စွမ်းများလည်း ရှိလာပါသည်။
ဆက်သွယ်ရန်အမေးများသည့်မေးခွန်းများ
-
MTP မိုဘိုင်းအက်ပ်ကို လုံခြုံစွာ အသုံးပြုနိုင်ပါသလား။
အသုံးပြုနိုင်ပါတယ်။ စကားဝှက်ကဲ့သို့ အရေးကြီးသော အချက်အလက်အားလုံးကို ဆာဗာပေါ်တွင် သိမ်းဆည်း/ရယူသည့် လုပ်ဆောင်ချက်တိုင်းတွင် ကုဒ်ဝှက်(encryptလုပ်)ထားသည်။ "အော့ဖ်လိုင်း" မုဒ်ကိုဖွင့်ပြီး ဖိုင်များကိုဒေါင်းလုဒ်လုပ်ပါကလည်း
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို သင့်မိုဘိုင်းစက်ပစ္စည်းပေါ်တွင် သိမ်းဆည်းထားခြင်း မရှိဘဲ ဆိုဒ်ပေါ်တွင် အတိအလင်း တင်ထားသော အရင်းအမြစ်ဖိုင်များကို သိမ်းဆည်းထားရုံသာဖြစ်သည်။
-
ကျွန်ုပ်၏ ဖုန်း/စက်ပစ္စည်းတွင် MTP မိုဘိုင်းအက်ပ်အား တပ်ဆင်အသုံးပြုနိုင်ပါသလား။
Android ဖုန်း/စက်ပစ္စည်းများတွင် ဗားရှင်း-၅နှင့် အထက်ဆိုလျှင် အသုံးပြုနိုင်ပါသည်။ Andriod ဗားရှင်း-၈နှင့် အထက်ဆိုလျှင် အင်္ဂါရပ်(Feature)အားလုံးကို ပံ့ပိုးရန် ပိုမိုသေချာပါသည်။ iOS ဖုန်း/စက်ပစ္စည်းများတွင် iOS ဗားရှင်း ၁၂ နှင့်အထက်ဆိုလျှင် အသုံးပြုနိုင်ပါသည်။
-
MTP အက်ပ်ကို ဝင်းဒိုး (Windows) (သို့မဟုတ်) ဝင်းဒိုးစတိုး (Windows Store)တွင် အသုံးပြုနိုင်ပါသလား။
ဝင်းဒိုး(Windows)တွင် MTP ဝက်ဘ်ဆိုဒ်ကို ဘရောက်ဇာ(browser) မှတစ်ဆင့် အသုံးပြုနိုင်ပါသည်။ ထို့ပြင် အော့ဖ်လိုင်းမုဒ်သို့ ပြောင်းထားပါက (Progressive Web Application) ဝက်ဘ်အက်ပ်အနေဖြင့်လည်း ဒေါင်းလုဒ်လုပ်၍ အသုံးပြုနိုင်ပါသည်။ သို့သော် MTP အက်ပ်ကို Windows Store တွင် တင်ထားခြင်း မရှိသေးပါ။ (မှတ်ချက်။ Progressive Web App ကိုဘရောက်ဇာမှ အသုံးပြုသည့်အခါ ဝက်ဘ်ဆိုဒ်၏ လိပ်စာဘေးတွင် မိမိစက်ထဲသို့ ဝက်ဘ်ဆိုဒ်အား အက်ပ်အနေဖြင့် ထည့်သွင်းရန် အသိပေးချက် ခလုတ်တစ်ခုတွေ့ရမှာ ဖြစ်ပြီး ထည့်သွင်းပြီးပါက မိမိ၏ ဒက်စတော့(Desktop)ပေါ်တွင် shortcut အနေဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါသည်။)
-
အက်ပ်၏ စွမ်းဆောင်ရည်(performance) ဘယ်လိုရှိပါသလဲ။ Android / iOS ဗားရှင်းနှစ်မျိုးလုံးတွင် ရုတ်တရက်ပိတ်သွားခြင်း(crashing) နှင့် မည်သည့်ခလုတ်မှ နှိပ်မရတော့ခြင်း(freezing) များဖြစ်နိုင်ပါသလား။ ကြော်ငြာများပါဝင်ခြင်းကော ရှိပါသလား။
MTP အက်ပ်တွင် bug များမရှိဘဲ crashing နှင့် freezing ဖြစ်ခြင်းများလည်း မရှိပါ။ အနည်းဆုံး Android ဗားရှင်း-၈ နှင့် iOS ဗားရှင်း ၁၂ ရှိသည့် စက်ပစ္စည်းများဖြင့် အသုံးပြုရန်လိုအပ်သည်။ MTP တွင် အခမဲ့သင်တန်းများကိုသာ အမြဲတမ်း တွေ့ရှိရမည်ဖြစ်ပြီး အကျိုးအမြတ်အတွက် မည်သည့်ကြော်ငြာများကိုမျှ ထည့်သွင်းထားခြင်း မရှိပါ။
-
iOS စက်ပစ္စည်းများအတွက် မှတ်ပုံတင်ခြင်းနှင့် အကောင့်နေရာတွင် အဘယ်ကြောင့် ပရိုဖိုင်ပုံမပါရှိသနည်း။
Appleမှ MTP မိုဘိုင်းအက်ပ်သည် လူမှုကွန်ရက်အက်ပ် မဟုတ်သောကြောင့် ပရိုဖိုင်ကို အသုံးပြုသူတစ်ဦးထံမှ တောင်းဆိုခြင်းကို ခွင့်မပြုပါ။
-
အင်တာနက် ချိတ်ဆက်မှုသည် မည်မျှကောင်းမွန်ရန် လိုအပ်ပါသနည်း။ အက်ပ်သည် 3G ကွန်ရက်တွင် ကောင်းစွာ အလုပ်လုပ်ပါသလား။
ကနဦးစမ်းသပ်မှု(Pilot Testing) ပြုလုပ်ရာတွင် ပါဝင်သူအချို့သည် 3G ကွန်ရက်ကိုသာ အသုံးပြုနိုင်ပြီး အက်ပ်အား 3Gကွန်ရက်ဖြင့်သာ စမ်းသပ်ခဲ့ပါသည်။ လုပ်ဒင်း(loading)တက်ရန် နှေးသည်မှလွဲ၍ ကောင်းစွာအသုံးပြုနိုင်ပါသည်။
-
ပြင်ပအသုံးပြုသူများသည် MTP တွင် ပူးပေါင်းဆောင်ရွက်နိုင်ပါသလား။ ဥပမာအားဖြင့်၊ https://sayarkyaung.com/ သည် စာရင်းသွင်းမှု အခကြေးငွေပေါ် အခြေခံ၍ အကြောင်းအရာ/သင်တန်း ဖန်တီးသူများအား ပလက်ဖောင်းတွင် စာရင်းသွင်းနိုင်စေပြီး သင်ကြားရေးနှင့်သင်ယူမှုအတွက် ကြားခံအဖြစ် လုပ်ဆောင်ပါသည်။ MTP သည် ထိုကဲ့သို့သော ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးမည်လား။
ယခုအချိန်အထိ UNESCO ဝန်ထမ်းများကသာ MTP တွင် အသိအမှတ်ပြုသင်တန်းများကို ဖန်တီးသူအဖြစ်သော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်သူ အဖြစ်သော်လည်းကောင်း ဆောင်ရွက်နိုင်ပြီး အနာဂတ်တွင် ပြင်ပအဖွဲ့အစည်းများမှ အသုံးပြုသူများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် အစီအစဉ်အချို့ကို ထည့်သွင်းစဉ်းစားထားပါသည်။ MTPသည် လက်ရှိတွင် သင်ယူသူများအပေါ်တွင် ပိုမိုဦးစားပေးထားသောကြောင့် မိုဘိုင်းအက်ပ်များတွင် သင်ယူသူများအတွက် လုပ်ဆောင်ချက်များသာ ပါရှိပြီး သင်တန်းဖန်တီးသူ/နည်းပြများသည် သင်တန်းများဖန်တီးရန်နှင့် တင်သွင်းရန်အတွက် ဝက်ဘ်ဗားရှင်းကိုသာ အသုံးပြုနိုင်သည်။ သင်ယူသူများနှင့် ဆရာများကို အပြည့်အဝ ပံ့ပိုးပေးသည့် မိုဘိုင်းအက်ပ်တစ်ခုအဖြစ် တက်လှမ်းရန် အခါအားလျော်စွာ လုပ်ဆောင်ချက်များအား တိုးချဲ့သွားပါမည်။
စာရင်းသွင်းခနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ၎င်းတို့ကို နည်းပညာပိုင်းအရ အကောင်အထည်ဖော်ရန် ဖြစ်နိုင်သော်လည်း MTP သည် အရင်းအမြစ်များနှင့် သင်တန်းများကို အမြဲတမ်း အခမဲ့ပေးမည့် သင်ကြားသင်ယူမှုပလက်ဖောင်းတစ်ခု ဖြစ်သောကြောင့် ထိုဝန်ဆောင်မှုများ ပါဝင်မည် မဟုတ်ပါ။
-
E-learning မှာ ဘယ်လို အကြောင်းအရာမျိုးတွေ ရှာတွေ့နိုင်မလဲ။
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ(အိုင်စီတီ)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သောပညာရေး(EPSD)၊ မီဒီယာနှင့် သတင်းအချက်အလက် တတ်မြောက်မှု(MIL) စသည်ဖြင့် အမျိုးမျိုးသော သင်တန်းများကို ရှာဖွေနိုင်ပါသည်။ E-learning သင်တန်းအမျိုးအစားများအမျိုးအစားများမှတစ်ဆင့် ရရှိနိုင်သော အမျိုးအစားအားလုံးကို ရှာပါ။
-
အက်ပ်များကို နောက်ဆုံးဗားရှင်းသို့ အပ်ဒိတ်(update) ပြုလုပ်ပြီးနောက် ဗီဒီယိုများကို ကောင်းစွာ မကြည့်ရှုနိုင်ပါ။ ထိုပြဿနာကို မည်သို့ ဖြေရှင်းသင့်ပါသနည်း။
အက်ပ်ကိုဖျက်ပြီးနောက် ထပ်မံထည့်သွင်းရန် အကြံပြုအပ်ပါသည်။
-
“အချက်အလက် (data) များ ပြသရန် မအောင်မြင်ပါ" မက်ဆေ့ချ်အား ရရှိခဲ့ပါက မည်သို့ဖြေရှင်း ရမည်နည်း။
အင်တာနက် ချိတ်ဆက်မှုကို စစ်ဆေးပါ။ အင်တာနက် ချိတ်ဆက်မှု (Internet Connection) ရှိပါ က အက်ပ်ကိုပိတ်ပြီးနောက် ပြန်လည်ဖွင့်ပါ။
-
အကယ်၍ ပြဿနာများကို ဖြေရှင်းရာတွင် အမေးများသည့်မေးခွန်းများ(FAQ)တွင် ဖော်ပြထားသော ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် ဖြေရှင်း၍မရနိုင်ပါက မည်သို့တင်ပြနိုင်မည်နည်း။
ကျေးဇူးပြု၍ အကောင့်ရှိ “ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်(Contact Us)” မှတစ်ဆင့် မိမိ၏ အခက်အခဲနှင့်သက်ဆိုင်သော အချက်အလက်များအား ပေးပို့ပေးပါ။ အက်ဒမင်(admin) က အီးမေးလ်မှတစ်ဆင့် ပြန်လည်ဆက်သွယ်ပြီး ဖြေရှင်းပေးမည် ဖြစ်ပါသည်။
-
MTP တွင် နည်းပညာဆိုင်ရာ ပြဿနာများ ရှိပါက ယူနက်စကိုမှ တာဝန်ရှိသူနှင့် မည်သို့ ဆက်သွယ်နိုင်မည်နည်း။
နည်းပညာဆိုင်ရာ ပြဿနာများရှိပါက ကျေးဇူးပြ၍ ပင်မစာမျက်နှာ(Home Page) မှတစ်ဆင့် အကောင့်နေရာ(Account Tab) သို့သွားပြီး “ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်” ကိုသုံးပြီး ပြဿနာအကြောင်း ပြောပြဆက်သွယ်ပေးပါ။
-
ကျွန်ုပ်၏အကောင့်ကို မည်သို့ဝင်ရောက်နိုင်မည်နည်း။
သင်၏ စာရင်းသွင်းခြင်း(registration)အဆင့် ပြီးဆုံးသွားပါက သင်၏အီးမေးလ်လိပ်စာ(သို့မဟုတ်) ဖုန်းသို့ ပေးပို့သော OTP ကို အတည်ပြုပြီးနောက်တွင် သင်သည် စနစ်သို့ ဝင်ရောက်နိုင်သည်။
သင့်တွင် E-learning အကောင့်တစ်ခုရှိနှင့်ပြီးပါက၊ အကောင့်ဝင်ခြင်းစာမျက်နှာတွင် အသုံးပြုသူအမည်နှင့် စကားဝှက်ကို ဖြည့်သွင်းရုံဖြင့် ၎င်းကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
E-learning သို့ဝင်ရောက်ရန် မတူညီသော အကောင့်အမျိုးအစား(၆)ခုရှိသည်။ ၎င်းတို့မှာ စီမံခန့်ခွဲသူ၊ မန်နေဂျာ၊ ဆရာ(ပညာပေးသူ/ပညာရေးဒီဂရီကောလိပ်မှ သင်တန်းတင်မည့်သူ)၊ ဆရာ(ကျောင်းသား/ပညာရေးဒီဂရီကောလိပ်မှ သင်တန်းတက်မည့်သူ)၊ သတင်းထောက်နှင့် လေ့လာသင်ယူသူ တို့ဖြစ်ပါသည်။
သတ်မှတ်ထားသော ဝင်ရောက်ခွင့်စည်းမျဉ်းများ(Access Rights) ပေါ်မူတည်၍ သင်တန်းအသစ်များတင်ခြင်းနှင့် သင်တန်းများတက်ရောက်ခြင်းတို့တွင် ကွဲပြားနိုင်သည်။
-
လွန်ခဲ့သော အချိန်ကြာမြင့်စွာကတည်းက ဝက်ဘ်ဆိုဒ်မှတစ်ဆင့် မှတ်ပုံတင်ထားသော အကောင့်အား ဆက်လက်အသုံးပြုနိုင်ပါသလား။
အသုံးပြုနိုင်ပါသည်။ အကယ်၍ စကားဝှက်ကို မေ့သွားပါက "စကားဝှက်မေ့နေသည်”ကိုနှိပ်ပါ။ ပြီးနောက် စကားဝှက်ကို ပြန်လည်သတ်မှတ်(Reset)ပါ။ ကျေးဇူးပြု၍ အီးမေးလ်လိပ်စာသည် အမှန်တကယ် အသုံးပြုနေသော အီးမေးလ်လိပ်စာ ဖြစ်သင့်ကြောင်းနှင့် ယခင်က မှတ်ပုံတင်ရာတွင် အသုံးပြုခဲ့သော အီးမေးလ်နှင့် တူညီမှုရှိသင့်ကြောင်း သတိပြုပေးပါ။
-
အခြားသင်တန်းသားများသည်ကျွန်ုပ်၏ ပရိုဖိုင်းနှင့် သင်တန်းတက်ရောက်ခြင်း တိုးတက်မှု အခြေအနေကို ကြည့်ရှုနိုင်ပါသလား။
မကြည့်ရှုနိုင်ပါ။ မိမိကိုယ်တိုင်၊ သင်တန်းဖန်တီးသူ၊ သင်တန်းဖန်တီးရာတွင် ပူးပေါင်းပါဝင်သူများနှင့် အက်ဒမင်(admin) များသာ ဤအချက်အလက်များကို ကြည့်ရှုနိုင်ပြီး မိမိနှင့်အသုံးပြုသူ အမျိုးအစား တူညီသူများ(ဥပမာ - သင်ယူလေ့လာသူအားလုံး)မှ မကြည့်ရှုနိုင်ပါ။
-
အကယ်၍ သင်တန်းကို မတော်တဆ ဖယ်ရှား (သို့မဟုတ်) ဖျက်သိမ်းလိုက်မိပါက သင်တန်းကိုပြန်လည် အသုံးပြုနိုင်ပါသလား။
သင်တန်းကို မတော်တဆ ဖယ်ရှား (သို့မဟုတ်) ဖျက်သိမ်းလိုက်မိပါက ၎င်းသင်တန်းကို ပြန်လည်စတင်မရနိုင်ပါ။ သင်တန်းကို နောက်တစ်ကြိမ် ပြန်လည်ရယူပြီး အစမှစတင်ရန် လိုအပ်သည်။
-
MTPတွင် သင်တန်းတစ်ခုအား တစ်ကြိမ်ထက်ပို၍ လေ့လာနိုင်ပါသလား။
MTPတွင် သင်တန်းတစ်ခုအား တစ်ကြိမ်ထက်ပို၍ လေ့လာနိုင်ပါသည်။ သင်တန်းပြီးဆုံးကြောင်း လက်မှတ် ထုတ်ယူပြီးသည့်တိုင်အောင် အရင်က လေ့လာခဲ့သည်များကို အစမှ ပြန်လည် လေ့လာနိုင်ပါသည်။
-
မိုဘိုင်းဖုန်းကို အသုံးပြုပြီး အဆိုင်းမင့်(assignment) မည်သို့တင်ရပါသလဲ။ အဆိုင်းမင့် တင်ဖို့ ဘယ်လို ဖိုင်အမျိုးအစားတွေ လိုအပ်ပါသလဲ။
သင်၏မိုဘိုင်းဖုန်းကို အသုံးပြုပြီး assignment တင်ရန်အတွက် အချက်အလက်များကို ရုပ်ပုံဖိုင် (jpg, jpeg, png, gif)၊ Microsoft word ဖိုင်၊ PDF ဖိုင်၊ ဗွီဒီယိုဖိုင်(mp4) (သို့မဟုတ်) အသံဖိုင်(mp3) အနေဖြင့် ပြင်ဆင်နိုင်ပါသည်။ ထို့နောက် "ဖိုင်ရွေးရန်" ခလုတ်ကို နှိပ်၍ ရွေးချယ်နိုင်ပြီး "တင်သွင်းမည်" ကိုနှိပ်ကာ assignment တင်နိုင်ပါသည်။
-
ပို့ချချက်အားလုံးကိုသင်ယူမှု ပြီးဆုံးသွားသော်လည်း အကဲဖြတ်သည့်မေးခွန်းများ(assessment) ဖြေဆိုရန် ဆက်လက် လုပ်ဆောင်၍ မရတော့ပါက မည်သို့ဖြေရှင်းသင့်ပါသနည်း။
ကျေးဇူးပြု၍ နိဒါန်း(Introduction) အပိုင်းကိုစစ်ဆေးပြီး ၎င်းကို ဖတ်ရှုပြီးစီးကြောင်း မှတ်သားနိုင်ရန် Next ကိုနှိပ်ပါ။
-
ဒေါင်းလုဒ်လုပ်ထားသော သင်တန်းပြီးဆုံးကြောင်း လက်မှတ်ကို မည်သည့်နေရာတွင်ရှာရမည်နည်း။
"ဖိုင်များ" > "ဒေါင်းလုဒ်များ (Downloads)"
-
နောက်ဆုံးအကဲဖြတ်မှုကို ပြုလုပ်မည့် ဆရာ / သင်တန်းပို့ချသူ ရှိပါသလား။ ဆရာ / သင်တန်းပို့ချသူများ၏တုံ့ပြန်ချက်ကိုကျွန်ုပ်တို့မည်သို့ရရှိနိုင်သနည်း။
နောက်ဆုံးအကဲဖြတ်ခြင်းကို အလိုအလျောက် အကဲဖြတ်မည်ဖြစ်ပြီး မေးခွန်းရှည်အမျိုးအစား မပါဝင်ပါက အဖြေများကို တင်သွင်းပြီးနောက် မိမိရမှတ်သည် လက်ခံနိုင်သောအမှတ် ဟုတ်မဟုတ် ချက်ချင်း သိရှိနိုင်ပါသည်။ မေးခွန်းရှည်အမျိုးအစားတွင် သင်တန်းဖန်တီးသူ၏ တုံ့ပြန်ချက်ရရှိမှသာ ပြီးစီးနိုင်သည့်မေးခွန်းများ ပါဝင်ပါက ထိုတုံ့ပြန်ချက်များ ရရှိပြီးမှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။
-
သင်တန်းတက်ရောက်သူများသည် သင်တန်းဖန်တီးသူ/ ပို့ချသူများနှင့် အပြန်အလှန် ဆက်သွယ် နိုင်သည့် ဆက်သွယ်ရေးလမ်းကြောင်း/နည်းလမ်း ရှိပါသလား။
ဆွေးနွေးမှုများတွင် ပါဝင်နိုင်ပြီး သင်တန်းဖန်တီးသူ/ ပို့ချသူများမှ သင်၏မေးမြန်းစုံစမ်းမှုများကို ပြန်လည်ဖြေကြားပေးပါမည်။ အချို့သောသင်တန်းများတွင် သင်တန်းပို့ချသူများနှင့် Zoom အက်ပ်ကို အသုံးပြုပြီး အပြန်အလှန် ဆက်သွယ်နိုင်သော (interactive session) ပါရှိပါသည်။ အခြားသင်တန်း တက်ရောက်သူများနှင့်လည်း ဆွေးနွေးနိုင်ရန် သင်တန်းဖော်တွင် (သို့မဟုတ်) သင်တန်းတက်နေစဉ် ချက် လုပ်ဆောင်ချက်(chat feature)ကို အသုံးပြုနိုင်ပါသည်။
-
မိုဘိုင်းအက်ပ်များတွင် အော့ဖ်လိုင်းလုပ်ဆောင်ချက်ကို မည်သို့ မှန်ကန်စွာ အသုံးပြုနိုင်သနည်း။ ၎င်းသည် Facebook၏ အော့ဖ်လိုင်းလုပ်ဆောင်ချက်နှင့် တူညီမှုရှိပါသလား။
ပင်မစာမျက်နှာ (Home Page)တွင်ရှိသော "အော့ဖ်လိုင်း အလုပ်လုပ်ပုံ" ကိုနှိပ်၍ ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် အော့ဖ်လိုင်းအား မှန်ကန်စွာ အသုံးပြုနိုင်ပါသည်။ Facebook၏ အော့ဖ်လိုင်းလုပ်ဆောင်ချက်နှင့် တူညီမှုမရှိဘဲ လောလောဆယ်တွင် မိမိယူထားသော သင်တန်းများအတွက်သာ အသုံးပြုနိုင်ပါသည်။
-
မိုဘိုင်းအက်ပ်၏ အော့ဖ်လိုင်း လုပ်ဆောင်ချက်သည် ဝက်ဘ်ဗားရှင်းရှိ အော့ဖ်လိုင်း လုပ်ဆောင်ချက်နှင့် ကွဲပြားခြားနားပါသလား။
ကွဲပြားခြားနားပါသည်။ ဝက်ဘ်ဗားရှင်းတွင် အသုံးပြုထားသော အော့ဖ်လိုင်း လုပ်ဆောင်ချက်ကို iOS ဖုန်းနှင့်တက်ဘလက်များတွင် အသုံးမပြုနိုင်ပါ။ ဝက်ဘ်ဗားရှင်းတွင် အော့ဖ်လိုင်း လုပ်ဆောင်ချက်ကို အသုံးပြုထားပါက အင်တာနက်ရှိစဉ်က ကြည့်ရှုခဲ့သော စာမျက်နှာများ အားလုံးကို ဘရောက်ဇာ (browser)၏ ကရှ့်ချ်(cache)ထဲတွင် သိမ်းဆည်းထားပြီး အင်တာနက် မရှိသော်လည်း ပြန်လည်ကြည့်ရှုနိုင်မည်။ မိုဘိုင်းအက်ပ်ရှိ အော့ဖ်လိုင်း လုပ်ဆောင်ချက်မှာမူ မိမိယူထားသော သင်တန်းများကိုသာ ထောက်ပံ့(support)ပေးပြီး ၎င်းတို့ကိုသာ ပြန်လည်ကြည့်ရှုနိုင်သည်။ သို့သော် ဝက်ဘ်ဗားရှင်းတွင် အသုံးပြုသူတစ်ဦး၏ တိုးတက်မှုကို မသိမ်းဆည်းထားနိုင်ဘဲ မိုဘိုင်းအက်ပ်တွင်တော့ သိမ်းဆည်းထားကာ အင်တာနက်နှင့် ပြန်လည်ချိတ်ဆက်သောအခါ ဆာဗာပေါ်တွင် အလိုအလျောက်သွားရောက် သိမ်းဆည်းပေးမည် ဖြစ်ပါသည်။
-
E-library မှာ ဘယ်လို အကြောင်းအရာမျိုးတွေ ရှာတွေ့နိုင်မလဲ။
E-library တွင် အီးဘွတ်များ(e-books)၊ အသံဖိုင်များ၊ ဒေါင်းလုဒ်လုပ်နိုင်သော ဗီဒီယိုများ၊ PDF ဖိုင်များ စသည်တို့ ပါဝင်ပါသည်။ E-library မှတဆင့် ရရှိနိုင်သော အရင်းအမြစ်များအားလုံးကို လေ့လာနိုင်ပါတယ်။
-
အရင်းအမြစ်များကို အသုံးပြုနေစဉ် အမှားအယွင်း မက်ဆေ့ချ်တစ်ခု ရရှိပါက ဘာလုပ်ရမည်နည်း။
ဖုန်းဗားရှင်း သို့မဟုတ် စနစ်ချို့ယွင်းချက်ကြောင့် အမှားအယွင်းအချို့ ထွက်လာသည့်အတွက် နောက်ထပ် ထပ်မံကြိုးစားရန် အကြံပြုလိုပါသည်။ သင်သည် E-libraryမှ အမှားအယွင်း မက်ဆေ့ချ်ကို ဆက်လက်ရရှိပါက ဝက်ဘ်ဆိုဒ်အက်ဒမင်ထံ (contact form)မှတဆင့် ဆက်သွယ်ပါ။
-
E-libraryရှိ အရင်းအမြစ်များကို မည်သို့ဝင်ရောက်ကြည့်ရှုနိုင်မည်နည်း။ အင်တာနက်ချိတ်ဆက်မှုမရှိဘဲ (သို့မဟုတ်) နောက်မှ လေ့လာနိုင်စေရန် ၎င်းတို့ကို ဒေါင်းလုဒ်လုပ်ရန် ဖြစ်နိုင်ပါသလား။
E-libraryတွင် အစမ်းကြည့်ရှုလေ့လာပြီး ဒေါင်းလုဒ်လုပ်နိုင်သည့် အရင်းအမြစ်ပေါင်း ၁၇၀ကျော်ရှိသည်။ရရှိနိုင်သောအရင်းအမြစ်များစာရင်းကို ကြည့်ရှုရန် E-libraryကို နှိပ်ပါ။ရှာဖွေလိုသော အရင်းအမြစ်၏ အကြောင်းအရာ သို့မဟုတ် အရင်းအမြစ်ပုံစံ/အမျိုးအစား(format)များပေါ်မူတည်၍ အရင်းအမြစ်များကို စစ်ထုတ်နိင်သလို ရှာဖွေရန်ဖောင်(search form)ကို အသုံးပြု၍လည်း ရှာဖွေနိုင်ပါသည်။အရင်းအမြစ်တစ်ခုစီ၏ ပုံ(thumbnail) သို့မဟုတ် ခေါင်းစဉ်ကို နှိပ်ပြီးလျှင် အရင်းအမြစ်အသေးစိတ်စာမျက်နှာသို့ ရောက်ရှိသွားပါမည်။ ထိုပေ့ချ်(page)တွင် ပူးတွဲပါအရင်းအမြစ်ဖိုင်များကို အစမ်းကြည့်ရှု (သို့မဟုတ်) ဒေါင်းလုဒ်လုပ်နိုင်ပါသည်။