အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

အခြေခံပညာအလယ်တန်း လူမှုရေးဘာသာရပ် သင်ကြားခြင်း

5

(1 မှတ်ချက်)

Certified

6 hour(s)

276 စာရင်းသွင်းထားသူဦးရေ

2205 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤ “အခြေခံပညာအလယ်တန်း လူမှုရေးဘာသာရပ် သင်ကြားခြင်း” သင်တန်း၏ အဓိကရည်ရွယ်ချက်မှာ သမိုင်းဆိုင်ရာနှင့် ပထဝီဝင်ဆိုင်ရာ စူးစမ်းလေ့လာမှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။ ဆရာများ၏ လေ့လာသင်ယူမှုများမှတစ်ဆင့် ဒေသတွင်း၊ နိုင်ငံနှင့်နိုင်ငံတကာ ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှု စသည်တို့၏ တူညီမှုများနှင့် ကွဲပြားခြားနားမှုများသည် ယနေ့ကမ္ဘာကြီးနှင့် လူသားတို့၏ဘဝအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို စတင်နားလည်လာပါလိမ့်မည်။ ထို့ပြင် လူမှုရေးဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများ တိုးပွားလာစေရန်နှင့် လူမှုရေးဘာသာရပ်ကို သင်ကြားပေးရန်အတွက် အခြေခံသင်ကြားနည်းဆိုင်ရာ အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်ပါသည်။

ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး ၁။ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်ကို မိတ်ဆက်ခြင်း
မော်ဂျူး ၂။ ပတ်ဝန်းကျင်ဆိုင်ရာ ပထဝီဝင်
၂.၁။ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု
၂.၂။ မြေဆီလွှာတိုက်စားခံရမှုနှင့် မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်မှု
၂.၃။ အလယ်တန်းအဆင့် ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်
မော်ဂျူး ၃။ လူမှုရေးပထဝီဝင်
၃.၁။ အခြေချနေထိုင်ခြင်းနှင့် ရွှေ့ပြောင်းနေထိုင်ခြင်း
၃.၂။ အလယ်တန်းအဆင့် လူမှုရေးပထဝီဝင်
မော်ဂျူး ၄။  မြန်မာ့သမိုင်း
၄.၁။ သမိုင်းကြိုခေတ်နှင့် ရှေးဟောင်းယဥ်ကျေးမှု
၄.၂။ ပဒေသရာဇ်ခေတ်
၄.၃။ ခေတ်သစ်နှင့် ခေတ်ပြိုင်လူ့အဖွဲ့အစည်း
၄.၄။ အလယ်တန်းအဆင့် မြန်မာ့သမိုင်း
မော်ဂျူး ၅။ ဒေသန္တရပထဝီဝင်
၅.၁။ အာဆီယံနိုင်ငံများ - အင်ဒိုနီးရှား၊ လာအို၊ စင်္ကာပူ
မော်ဂျူး ၆။ လက်တွေ့ပထဝီဝင်
၆.၁။ ကွန်တိုမြေပုံများနှင့် ဝေဟင်ဓာတ်ပုံများ
မော်ဂျူး ၇။ ကမ္ဘာ့သမိုင်း
၇.၁။ ရှေးခေတ်ကမ္ဘာ့သမိုင်း
၇.၂။ ဥရောပသမိုင်း
၇.၃။ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ နိုင်ငံရေးအခြေအနေ
၇.၄။ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် သမိုင်း
မော်ဂျူး ၈။ အလယ်တန်းအဆင့် လူမှုရေးဘာသာရပ်အတွက် သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှု နည်းဗျူဟာများ
၈.၁။ အလယ်တန်းအဆင့် လူမှုရေးဘာသာရပ်အတွက် သင်ကြားခြင်းနည်းဗျူဟာများ

အဓိကအသုံးအနှုန်းများ
လူမှုရေးဘာသာရပ်၊ ပထဝီဝင်၊ သမိုင်း၊ ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်၊ လူမှုရေးပထဝီဝင်၊ မြန်မာ့သမိုင်း၊ ဒေသန္တရပထဝီဝင်၊ လက်တွေ့ပထဝီဝင်၊ ကမ္ဘာ့သမိုင်း၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေဆီလွှာတိုက်စားခြင်း၊ မြေဆီလွှာထိန်းသိမ်းမှု၊ အခြေချနေထိုင်မှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ ပုဂံခေတ်၊ ပဒေသရာဇ်ခေတ်၊ ကွန်တိုမြေပုံ၊ ဝေဟင်ဓာတ်ပုံ၊ စစ်ဆေးအကဲဖြတ်ခြင်း။

ဤအခြေခံပညာအလယ်တန်း လူမှုရေးဘာသာရပ် သင်ကြားခြင်းသင်တန်း တက်‌ရောက်ပြီးစီးပါက အခြေခံပညာမူလတန်း လူမှုရေးဘာသာရပ် သင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

အခြေခံပညာမူလတန်း လူမှုရေးဘာသာရပ် သင်ကြားခြင်း - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyamultan-lumhuyaebaathayaatthinkyakhyin-ptamnhit-lokngankhwinakyosayaaatatpnyaasiasin 

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ အခြေခံပညာအလယ်တန်းအဆင့် လူမှုရေးဘာသာရပ်သင်ရိုးညွှန်းတမ်းကို ထိရောက်ကောင်းမွန်စွာ သင်ကြားပေးနိုင်ရန် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများ ရှိလာစေရန် ဖြစ်သည်။ လေ့လာမှုများမှတစ်ဆင့် ယနေ့ကမ္ဘာနှင့် လူသားတို့၏ ဘဝများအပေါ် ဒေသတွင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်းနှင့် ယဉ်ကျေးမှု အသွင်ဆင်တူမှု၊ ကွဲပြားမှုများက မည်ကဲ့သို့ သက်ရောက်သည်ကို စတင်နားလည်လာလိမ့်မည်ဖြစ်သည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် - 

  • အလယ်တန်းအဆင့် သမိုင်းနှင့် ပထဝီဝင်ကို သင်ကြားရန် လိုအပ်သည့် တတ်ကျွမ်းမှုများကို ဆွေးနွေးတတ်မည့်အပြင် ဤသင်ရိုးသည် ကျောင်းသားများအား ဆရာ့တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) မှ ရွေးချယ်သတ်မှတ်ထားသည့် တတ်ကျွမ်းမှုများကို ရရှိစေရန် မည်ကဲ့သို့ ပံ့ပိုးပေးနိုင်ကြောင်းကို ဖော်ပြတတ်မည်။
  • အလယ်တန်းစာသင်ခန်းများတွင် လူမှုရေးဘာသာရပ်များ၊ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်တို့ကို သင်ကြားရန် လိုအပ်သော တတ်ကျွမ်းမှုများကို ဆွေးနွေးတတ်မည်။
  • ညစ်ညမ်းမှုအမျိုးအစားအမျိုးမျိုး၏ အကြောင်းရင်းနှင့် သက်ရောက်မှုများကို ဖော်ပြတတ်မည်။
  • လေထုနှင့် ရေထုညစ်ညမ်းမှုကို စီမံခန့်ခွဲရန်နှင့် လျှော့ချရန် မတူညီသော နည်းဗျူဟာများကို  ခွဲခြားသတ်မှတ်တတ်မည်။
  • မြေဆီလွှာတိုက်စားခြင်း၏ အကြောင်းရင်းများနှင့် အကျိုးဆက်များကို ဆန်းစစ်တတ်မည်။
  • မြေဆီလွှာထိန်းသိမ်းမှုနည်းလမ်းအမျိုးမျိုးကို ခွဲခြားတတ်မည်။
  • အခြေချနေထိုင်မှုပုံစံအမျိုးမျိုးကို သတ်မှတ်ပြီး အမျိုးအစားခွဲခြားတတ်မည်။
  • မတူညီသော ရွှေ့ပြောင်းမှုအမျိုးအစားများကို ခွဲခြားသတ်မှတ်တတ်မည်။
  • ယဉ်ကျေးမှုရောနှောပေါင်းစပ်ခြင်း၏ သွင်ပြင်လက္ခဏာများကို ဆွေးနွေးတတ်မည်။
  • ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
  • မြန်မာနိုင်ငံရှိ ကျောက်ခေတ်၊ ကြေးခေတ်နှင့် သံခေတ် ယဉ်ကျေးမှုများ၏ နေရာများကို ဖော်ပြတတ်မည်။
  • ပုဂံခေတ်မတိုင်မီ မြန်မာနိုင်ငံရှိ မြို့ပြများ၏ ယဉ်ကျေးမှုနှင့် လူနေမှုပုံစံများကို ခွဲခြား တတ်မည်။
  • ပဒေသရာဇ်ခေတ်တွင် မြန်မာနိုင်ငံတွင် မင်းနိုင်ငံများ တည်ထောင်ပုံကို ရှင်းပြတတ်မည်။
  • တိုင်းရင်းသား စုံလင်ကွဲပြားမှုများနှင့် မြန်မာဘုရင်တို့ကြား ဆက်ဆံရေး သမိုင်းကြောင်းကို ဆွေးနွေးတတ်မည်။
  • ၁၅ ရာစုမှ ၁၈ ရာစုအတွင်း မြန်မာနိုင်ငံရှိ ဘုရင်များ၏ အားသာချက်များနှင့် အားနည်း ချက်များကို ဆွေးနွေးတတ်မည်။
  • မြန်မာ့ရိုးရာအစဉ်အလာ မြန်မာ့နိုင်ငံရေးစနစ်၏ ဖွဲ့စည်းပုံကို ရှင်းပြတတ်မည်။
  • ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက်တွင် မြန်မာနိုင်ငံရှိ အပြောင်းအလဲများကို ဖော်ထုတ်ပြီး မြန်မာနှင့် ဗြိတိန်ကြား ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။ 
  • လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို အုပ်ချုပ်သော အစိုးရအဆက်ဆက်ကို အမျိုးအစား  ခွဲတတ်မည်။
  • အင်ဒိုနီးရှား၊ လာအိုနှင့် စင်္ကာပူနိုင်ငံတို့၏ ပထဝီရုပဆိုင်ရာ အင်္ဂါရပ်များနှင့် လူမှုစီးပွားရေးများကို ဆွေးနွေးတတ်မည်။
  • အာဆီယံ သုံးနိုင်ငံ၏ လူမှုစီးပွားရေးများကို ဆန်းစစ်တတ်မည်။
  • ကွန်တိုမြေပုံများ၏ ဝိသေသလက္ခဏာများကို ဖော်ပြတတ်မည်။
  • ဝေဟင်ဓာတ်ပုံအမျိုးအစား အမျိုးမျိုး၏ ဝိသေသလက္ခဏာများကို သတ်မှတ်ဖော်ထုတ်နိုင်မည်။
  • ဝေဟင်ဓာတ်ပုံများကို အဓိပ္ပာယ်ဖွင့်ဆိုရန်နှင့် နားလည်သဘောပေါက်ရန် လိုအပ်သော အချက်အလက်များကို ခွဲခြားသတ်မှတ်တတ်လာမည်။
  • အစားအစာ စုဆောင်းသည့် လူ့အဖွဲ့အစည်းနှင့် စိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများ၏ အဓိက အသွင်လက္ခဏာများကို ခွဲခြားတတ်မည်။
  • အစောပိုင်းကာလ ဥရောပရှိ ကျေးလက်စိုက်ပျိုးရေးမှ မြို့ပြစီးပွားရေးလူ့အဖွဲ့အစည်းသို့ ကူးပြောင်းရာတွင် လူ့အဖွဲ့အစည်းအတွက် တီထွင်ထားသော နည်းပညာသစ်၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်တတ်မည်။
  • ဥရောပ၏တိုးချဲ့မှု ပထမအဆင့်ရှိ ဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် ပထဝီဝင်အခြေအနေများ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်တတ်မည်။
  • ဥရောပရှိ နည်းပညာတီထွင်မှု၏ အင်္ဂါရပ်များအပါအဝင် စက်မှုတော်လှန်ရေး၏ အကြောင်းရင်းများနှင့် သက်ရောက်မှုများကို ပိုင်းခြားစိတ်ဖြာတတ်မည်။
  • အလယ်တန်းဆင့် လူမှုရေးဘာသာရပ်ဖြစ်သည့် ပထဝီဝင်နှင့် သမိုင်းသင်ရိုးညွှန်းတမ်းအတွက် သင်ကြားရေးနှင့် သင်ယူမှု နည်းဗျူဟာများကို ခွဲခြားသတ်မှတ်တတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ သင်ယူမှုအတွက် တန်းတူညီမျှသည့် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်ဖြစ်ကြောင်း  သေချာစေရန် အကဲဖြတ်ခြင်း ကိရိယာမျိုးစုံကို ခွဲခြားသတ်မှတ်တတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်ယူမှုမျှော်မှန်းချက်များ

မော်ဂျူး ၁။ ပထဝီဝင်နှင့် သမိုင်းဘာသာရပ်ကို မိတ်ဆက်ခြင်း

အလယ်တန်းကျောင်းသားများအတွက် ပထဝီဝင်ဘာသာရပ်၏ သင်ယူမှု ဦးတည်ချက်များ

အလယ်တန်းကျောင်းသားများအတွက် သမိုင်းဘာသာရပ်၏ သင်ယူမှု ဦးတည်ချက်များ

ကျား/မရေးရာမှတ်စု

မော်ဂျူး (၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ ပတ်ဝန်းကျင်ဆိုင်ရာ ပထဝီဝင်

၂.၁။ ပတ်ဝန်းကျင်ဆိုင်ရာ ညစ်ညမ်းမှု

မော်ဂျူး (၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၂) ရပ်တန့်၍ စဉ်းစားပါ

မြေဆီလွှာ ထိန်းသိမ်းစောင့်ရှောက်ရေး

မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းများ

မော်ဂျူး (၂) အတွက် ဉာဏ်စမ်းမေးခွန်း

၂.၃။ အလယ်တန်းအဆင့် ပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး ၃။ လူမှုရေးပထဝီဝင်

ရွှေ့ပြောင်းနေထိုင်ခြင်း

မော်ဂျူး (၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃) အတွက် ဉာဏ်စမ်းမေးခွန်း

၃.၂။ အလယ်တန်းအဆင့် လူမှုရေးပထဝီဝင်

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး ၄။ မြန်မာ့သမိုင်း

၄.၁။ သမိုင်းကြိုခေတ်နှင့် ရှေးဟောင်းယဉ်ကျေးမှု

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

ရှေးဟောင်းမြို့တော်များ

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၄.၂။ ပဒေသရာဇ်ခေတ်

မော်ဂျူး (၄.၂) အတွက် ဗီဒီယိုသင်ခန်းစာ၏အဆက်

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

၄.၃။ ခေတ်သစ်နှင့် ခေတ်ပြိုင်လူ့အဖွဲ့အစည်း

ဗြိတိသျှ၊ ဂျပန်တို့နှင့် ဆက်ဆံရေး

မြန်မာနှင့် ဗြိတိသျှတို့အကြား ကိုလိုနီအုပ်ချုပ်မှုဆီသို့ ဦးတည်စေသော အဓိကပဋိပက္ခများ

ဂျပန်သိမ်းပိုက်သည့်ကာလ (၁၉၄၂-၄၅)

လွတ်လပ်ပြီးခေတ် စီးပွားရေးနှင့် လူမှုရေးအခြေအနေများ

စစ်အုပ်ချုပ်ရေးကာလအတွင်း လူမှုရေးနှင့် စီးပွားရေးအခြေအနေများ

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၆)

မော်ဂျူး (၄) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၄။ အလယ်တန်းအဆင့် မြန်မာ့သမိုင်း

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး (၅) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

အာဆီယံနိုင်ငံများ - အင်ဒိုနီးရှား၊ လာအိုနှင့် စင်္ကာပူ- လူမှုစီးပွား အင်္ဂါရပ်များ

မော်ဂျူး (၅) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး ၆။ လက်တွေ့ပထဝီဝင်

မော်ဂျူး (၆) ရပ်တန့်၍ စဉ်းစားပါ (၁)

ဝေဟင်ဓာတ်ပုံများကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည့် အခြေခံအချက်များ

မော်ဂျူး (၆) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၆) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူး ၇။ ကမ္ဘာ့သမိုင်း

ရှေးဟောင်းယဉ်ကျေးမှု

မော်ဂျူး (၇) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

၇.၂။ ဥရောပသမိုင်း

မော်ဂျူး (၇) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

စက်မှုတော်လှန်ရေး

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာ နိုင်ငံရေးအခြေအနေ ဗီဒီယိုသင်ခန်းစာ၏အဆက်

မော်ဂျူး (၇) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၆)

မော်ဂျူး (၇) အတွက် ဉာဏ်စမ်းမေးခွန်း

၇.၄။ ၂၁ ရာစု ကျွမ်းကျင်မှုများနှင့် သမိုင်း

မော်ဂျူး (၇) အနှစ်ချုပ်

မော်ဂျူး ၈။ အလယ်တန်းအဆင့် လူမှုရေးဘာသာရပ်အတွက် သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှု နည်းဗျူဟာများ

မော်ဂျူး (၈) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၈) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

အောင်မြင်မှုစံ

အလယ်တန်းအဆင့် ပထဝီသင်ရိုးညွှန်းတမ်းအတွက် အောင်မြင်မှုစံနမူနာများ

အလယ်တန်းအဆင့် ပထဝီဝင် စာသင်ခန်းအတွင်း သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းကို ပံ့ပိုးရန် သတ်မှတ်ချက်ဇယားကို အသုံးပြုခြင်း

မော်ဂျူး (၈) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၈) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၈) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

သက်ဆိုင်သော သင်တန်းများ

chatGPTicon
;