Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အခြေခံပညာမူလတန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်း

5

(3 Reviews)

Certified

6 hour(s)

181 Enrollment(s)

3426 View(s)

Share On :

Course Description

ဘဝတွက်တာကျွမ်းကျင်စရာ ဟူသော စကားသည် အလွန်အဓိပ္ပာယ်ကျယ်ပြန့်ပြီး ကျွန်ုပ်တို့နေထိုင်ရာ လူ့အဖွဲ့အစည်းတွင် ကိုယ်‌ရောစိတ်ပါ ကျန်းမာချမ်းသာစွာဖြင့် အသက်ရှင်နေထိုင်ရန် လိုအပ်သော ဗဟုသုတအသိပညာ၊ ကျွမ်းကျင်မှုအတတ်ပညာနှင့် သဘောထား ခံယူမှုများကို ပေးပါသည်။ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်က ‘မိမိကိုယ်မိမိ နားလည်သည်ဆိုပါက အခြားလူများကိုလည်း နားလည်ပေးနိုင်သည်’ ဟူသော အတွေးအခေါ်ကို ထောက်ပံ့ပေးသောကြောင့် ကျွန်ုပ်တို့အားလုံးသည် အခြားသူများနှင့် သင့်မြတ်စွာ အတူတကွ ပူးတွဲနေထိုင်နိုင်မည် ဖြစ်သည်။ လူအများ ပူးပေါင်းလုပ်ဆောင်ကြသည့်အခါ အကျိုးရလဒ်ကောင်းများ ပိုမိုရရှိနိုင်ပြီး ၎င်းတို့၏ ဘဝများလည်း သာယာပျော်ရွှင်ဖွယ် ကောင်းပေမည်။ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ကို မူလတန်းကလေးများအား သင်ကြားပေးရန်အတွက် ဤသင်တန်းတွင် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်ထဲမှ အောက်ပါမော်ဂျူးများကို လေ့လာရပါမည်။

မော်ဂျူး ၁။ ဘဝတွက်တာကျွမ်းကျင်စရာများနှင့်မိတ်ဆက်ခြင်း
၁.၁။ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်၏ သဘောသဘာဝနှင့် သင်ကြားရခြင်း ရည်ရွယ်ချက်များ
၁.၁.၁။ ဘဝတွက်တာကျွမ်းကျင်စရာများဆိုသည်မှာ
၁.၂။ အခြေခံပညာရေးသင်ရိုးညွှန်းတမ်းကို နားလည်ခြင်း
၁.၂.၁။ မူလတန်းသင်ရိုးဝင် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်
မော်ဂျူး ၂။ မူလတန်းအဆင့် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ် ဖွဲ့စည်းမှုပုံစံ
၂.၁။ မူလတန်းအဆင့် ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်းအတန်းလိုက် ရည်ရွယ်ချက်များ
၂.၂။ မူလတန်း ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်၏ သင်ယူမှုနယ်ပယ်များ
၂.၂.၁။ ရောဂါကင်းဝေး ကျန်းမာရေး
၂.၂.၂။ လူမှုဘဝမှာ ကျွမ်းကျင်စရာ
၂.၂.၃။ သဘာဝဝန်းကျင်ထိန်းသိမ်းလို့ လိုက်လျောညီထွေနေထိုင်စို့
မော်ဂျူး ၃။ ရောဂါကင်းဝေးကျန်းမာရေးနယ်ပယ်
၃.၁။ ရောဂါကင်းဝေးကျန်းမာရေးအကြောင်းသင်ယူခြင်း
၃.၁.၁။ ကလေးများအရွယ်လိုက်ဖွံ့ဖြိုးခြင်းနှင့် ရောဂါကင်းဝေးကျန်းမာရေး
၃.၁.၂။ ရောဂါကင်းဝေးကျန်းမာရေးနှင့် မူးယစ်ဆေးသုံးစွဲခြင်း
၃.၂။ ရောဂါကင်းဝေးကျန်းမာရေးအကြောင်း အသုံးချခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း
၃.၂.၁။ မူလတန်းဘဝတွက်တာကျွမ်းကျင်စရာ သင်ခန်းစာများ၏ သင်ယူမှုဖြစ်စဉ်အဆင့် (၄) ဆင့်
၃.၂.၂။ ရောဂါကင်းဝေးကျန်းမာရေးဆိုင်ရာနယ်ပယ်ရှိ သင်ခန်းစာများအား ခွဲခြမ်းစိတ်ဖြာခြင်း
မော်ဂျူး ၄။ လူမှုဘဝမှာ ကျွမ်းကျင်စရာနယ်ပယ်
၄.၁။ လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်းနယ်ပယ် 
၄.၂။ လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုများကို စာသင်ခန်းအတွင်း အသုံးချခြင်း
၄.၃။ မူလတန်း လူမှုဘဝမှာ ကျွမ်းကျင်စရာနယ်ပယ် သင်ခန်းစာများ
၄.၄။ သင်ခန်းစာ သင်ပြမှုပုံစံတစ်ခု ဖွဲ့စည်းထားပုံ
မော်ဂျူး ၅။ သဘာဝဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့နယ်ပယ်
၅.၁။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်မှု
၅.၂။ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေလျှော့ချရေး
၅.၃။ ဘေးအန္တရာယ်ကျရောက်ပြီးနောက် ကျောင်းသားများ၏ လူမှုစိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ရေး
၅.၄။ သဘာဝဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေနေထိုင်စို့ နယ်ပယ်သင်ခန်းစာ သင်ပြမှုပုံစံ ဖွဲ့စည်းထားပုံ
မော်ဂျူး ၆။ စစ်ဆေးအကဲဖြတ်ခြင်း
၆.၁။ ဘဝတွက်တာ ကျွမ်းကျင်စရာများ စစ်ဆေးအကဲ ဖြတ်ခြင်း
၆.၂။ ဘဝတွက်တာ ကျွမ်းကျင်စရာများ စစ်ဆေးအကဲဖြတ်ခြင်းပုံစံများ
၆.၃။ မူလတန်း ဘဝတွက်တာကျွမ်းကျင်စရာ စစ်ဆေးအကဲဖြတ်ခြင်း

အဓိကအသုံးအနှုန်းများ
အမျိုးသားသင်ရိုးညွှန်းတမ်းမူ‌ဘောင်၊ မူလတန်းအဆင့် ပညာရေး ရည်မှန်းချက်များ၊ ဘက်စုံဟန်ချက်ညီ ဖွံ့ဖြိုးရေး၊ နိုင်ငံသားကောင်းဖြစ်ရေး၊ ၂၁ ရာစုနှစ်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးရေး၊ အခြေခံပညာအဆင့်အလိုက် ပြီးပြည့်စုံအောင် တတ်မြောက်မှုရှိရေး၊ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားများ၊ သင်ယူမှုနယ်ပယ်(၃) ခု၊ ရောဂါကင်းဝေးကျန်းမာရေး၊ လူမှုဘဝမှာကျွမ်းကျင်စရာ၊ သဘာဝဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေနေထိုင်စို့၊ နယ်ပယ်ခွဲ၊ အာဟာရနှင့်ကျန်းမာရေး၊ ရောဂါများ၊ ဆယ်ကျော်သက်အရွယ် သတိထားဖွယ်၊ လူမှုဆက်ဆံရေး၊ လူမှုဘဝလုံခြုံရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး၊ မူလတန်းသင်ရိုး၊ ခရုပတ်ပုံသဏ္ဌာန်၊ ကလေးများ အရွယ်အလိုက်ဖွံ့ဖြိုးခြင်း၊ အပိုင်းများခွဲ၍ သင်ယူခြင်း၊ ကလေးဖွံ့ဖြိုးမှုသီအိုရီ၊ ရှေ့ပြေးသိမှုဉာဏ်ရည် ဖွံ့ဖြိုးသည့်အဆင့်၊ ဒြပ်ရှိအရာများနှင့် ပတ်သက်၍ ဝေဖန်စဉ်းစားတတ်သောအဆင့်၊ မူးယစ်ဆေးဝါးအလွဲသုံးစွဲခြင်း၊ သင်ယူမှုဖြစ်စဉ် အဆင့် (၄) ဆင့်၊ အုပ်စုငယ်ဖြင့် စမ်းသပ်သင်ကြားခြင်း၊ လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုကို သင်ယူခြင်း၊ သူတစ်ပါး၏ စိတ်ကိုသိရန် အကဲခတ်ခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေလျှော့ချရေး ခံနိုင်ရည်ရှိမှု၊ လူမှုစိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှု၊ တုံ့ပြန်အကြံပြုချက်ပေးခြင်း။

ဤအခြေခံပညာမူလတန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်းသင်တန်းတက်‌ရောက်ပြီးစီးပါက အခြေခံပညာအလယ်တန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

အခြေခံပညာအလယ်တန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်း -  https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyaaletan-bawtwettakywaankyainsyaa-thinkyakhyin

Course Objectives

ဤသင်တန်းသည် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို မူလတန်းကလေးများအား သင်ကြား ပေးမည့် ဆရာများအတွက် လိုအပ်သောကျွမ်းကျင်မှုများကို ပြင်ဆင်ပေးပါသည်။ ထိုသို့ပြင်ဆင်ရာတွင် ဆရာများသည် ခေတ်မီသင်ကြားသင်ယူမှုပုံစံများကို နားလည်စေရန်၊ ကလေးငယ်များ၏ ဘာသာရပ်ဆိုင်ရာ နောက်ခံအသိသညာအပေါ် မူတည်၍ ဘဝတွက်တာ ကျွမ်းကျင်စရာ အခြေခံတတ်ကျွမ်းမှု (၉) ခုကို ၎င်းတို့၏နေ့စဉ်အတွေ့အကြုံများတွင် ထင်ဟပ်စေနိုင်ရန်၊ ကလေးငယ်များ မိမိကိုယ်ကိုသိရှိပြီး အများနှင့်လိုက်လျောညီထွေစွာ ဆက်ဆံတတ်စေရန်၊ သဘာဝပတ်ဝန်းကျင်၏ ဘေးအန္တရာယ်အမျိုးမျိုးကို ကြိုတင်သိရှိပြီး သင့်လျော်စွာ တုံ့ပြန်ကာကွယ်တတ်စေရန် စသည့်ရည်ရွယ်ချက်တို့ကို သိရှိဖော်ထုတ်ပြီး ပြန်လည် အသုံးချတတ်ရန် ရည်ရွယ်ပါသည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် - 
  • ဘဝတွက်တာ ကျွမ်းကျင်စရာများကို ရှင်းပြနိုင်ပြီး မူလတန်းတွင် အဘယ်ကြောင့် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ကို သင်ကြားရကြောင်းနှင့် အခြေခံတတ်ကျွမ်းမှု (၉) ခုသည် မူလတန်းကလေးများအတွက်သာမက အရွယ်‌ရောက်ပြီးသော လူများအတွက်ပါ အရေးကြီးကြောင်း ရှင်းပြတတ်မည်။
  • ဘဝတွက်တာ ကျွမ်းကျင်စရာ အခြေခံတတ်ကျွမ်းမှု (၉) ခုကို ဖော်ထုတ်တတ်မည်။
  • မူလတန်းအဆင့် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ် သင်ရိုးညွှန်းတမ်း၏ ရည်မှန်းချက်များသည် အခြေခံပညာ သင်ရိုးညွှန်းတမ်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် မည်သို့ချိတ်ဆက်နေသည်ကို ဖော်ပြတတ်မည်။
  • မူလတန်းအဆင့် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်၏ အတန်းလိုက် ရည်ရွယ်ချက်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိပုံကို နားလည်သိရှိလာမည်။
  • မူလတန်းအဆင့် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်၏ သင်ယူမှုနယ်ပယ် (၃) ခု (ရောဂါကင်းဝေး ကျန်းမာရေး၊ လူမှုဘဝမှာ ကျွမ်းကျင်စရာနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့) ကို ရှင်းပြတတ်မည်။
  • နယ်ပယ် (၃) ခုတွင် ပါဝင်သော အကြောင်းအရာများသည် အတန်းလိုက် ရည်ရွယ်ချက်များကို ပေါက်မြောက်စေရန် မည်သို့ထောက်ပံ့ပေးနိုင်ကြောင်း ဖော်ပြတတ်မည်။
  • နယ်ပယ် (၃) ခုတွင် အသုံးပြုရမည့် သင်ယူမှုလုပ်ငန်းများသည် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်၏ သင်ယူမှုဦးတည်ချက်များကို အောင်မြင်ပေါက်စေရန် ထောက်ပံ့ပေးရန်လိုအပ်ကြောင်း ရှင်းပြတတ်မည်။
  • မူလတန်းအဆင့်တွင် ရောဂါကင်းဝေးကျန်းမာရေးအကြောင်း သင်ကြားရာ၌ ကလေးအရွယ်အလိုက် ဖွံ့ဖြိုးမှုနှင့်ပတ်သက်၍ ဖွံ့ဖြိုးရေးသီအိုရီ (၂) ခု အရ ရှေ့ပြေးသိမှုဉာဏ်ရည်ဖွံ့ဖြိုးမှုအဆင့်နှင့် ဒြပ်ရှိအရာများနှင့်ပတ်သက်၍ ဝေဖန်စဉ်းစား တတ်သောအဆင့်တို့တွင် ပါဝင်သော အချက်များကို ချိတ်ဆက် ထည့်သွင်း သင်ကြားတတ်မည်။ 
  • ကွမ်းစားခြင်း၊ ဆေးလိပ်နှင့်အရက်သောက်ခြင်းကဲ့သို့ မူးယစ်ဆေးသုံးခြင်းသည် မိမိတို့၏ရောဂါကင်းဝေးကျန်းမာရေးကို မည်သို့ထိခိုက်နိုင်ကြောင်းရှင်းပြတတ်မည်။ 
  • မူလတန်းအဆင့် ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်ရှိ နယ်ပယ်ခွဲသင်ခန်းစာများကို သင်ကြားရာတွင်လည်း သင်ယူမှုလုပ်ငန်းအဆင့် (၄) ဆင့်ကို သင့်တော်သလို အသုံးချတတ်မည်။ 
  • ရောဂါကင်းဝေးကျန်းမာရေးနယ်ပယ်၏ သင်ခန်းစာတစ်ခု သင်ကြားပုံကို သရုပ်ပြသင်ကြားတတ်မည်။ 
  • အတန်းတူဆရာ၊ ဆရာမအချင်းချင်း၏ သရုပ်ပြသင်ကြားမှုကို အကဲဖြတ်ပြီး သင်ကြားရေး ပိုမိုကောင်းမွန်စေရန် အပြုသဘောအကြံပြုချက်များပေးတတ်မည်။
  • လူမှုဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်းနယ်ပယ်အကြောင်း ရှင်းပြတတ်မည်။
  • လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုများကို စာသင်ခန်းအတွင်း မည်သို့ အသုံးချနိုင်ကြောင်း ရှင်းပြတတ်မည်။
  • လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေသည့် ကစားနည်းတစ်ခုကို ဖန်တီးတတ်မည်။
  • မူလတန်း လူမှုဘဝမှာ ကျွမ်းကျင်စရာနယ်ပယ်၏ သင်ခန်းစာများတွင် ရည်မှန်းချက်များ၊ သင်ယူမှုအဆင့်များနှင့် သင်ယူမှုူလုပ်ငန်းများအကြား ချိတ်ဆက်မှုကို ရှင်းပြတတ်မည်။
  • လူမှုဘဝမှာ ကျွမ်းကျင်စရာ နယ်ပယ် သင်ခန်းစာ သင်ပြမှုပုံစံတစ်ခု၏ ဖွဲ့စည်းထားပုံကို ခွဲခြမ်းစိတ်ဖြာပြတတ်မည်။
  • သင်ယူမှုလုပ်ငန်းများသည် ဘဝတွက်တာ ကျွမ်းကျင်စရာ တတ်ကျွမ်းမှု (၉) ခုမှ မည်သည့် တတ်ကျွမ်းမှုများ ရရှိသည်ကို ဖော်ပြတတ်မည်။
  • သဘာဝပတ်ဝန်းကျင်အား မည်သို့ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်းရှင်းပြတတ်မည်။
  • သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေလျှော့ချရေး၏ အဓိပ္ပာယ်ကို ရှင်းပြတတ်မည်။
  • သဘာဝဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချခြင်း သင်ခန်းစာများ သင်ကြားရာတွင် ကလေးအရွယ်အလိုက် ဖွံ့ဖြိုးခြင်းဆိုင်ရာ သီအိုရီများကို မည်သို့ ထည့်သွင်းစဉ်းစားနိုင်ကြောင်း ဥပမာများ ပေးတတ်မည်။
  • ဘေးအန္တရာယ် ကျရောက်ပြီးနောက် စိတ်ဒဏ်ရာ ရနေသော ကျောင်းသားတစ်ဦးအကြောင်း ဖြစ်ရပ်ကို ဖန်တီးရေးသားတတ်မည်။
  • သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုနှင့် သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေ လျှော့ချရေးအကြောင်း သင်ကြားပို့ချခြင်း၏ ရည်မှန်းချက်များ၊ သင်ယူမှုအဆင့်များနှင့် သင်ယူမှု လုပ်ငန်းများအကြား ချိတ်ဆက်မှုကို ရှင်းပြတတ်မည်။
  • သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့ နယ်ပယ်၏ သင်ယူမှုဖြစ်စဉ်နှင့် ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
  • ဘဝတွက်တာ ကျွမ်းကျင်စရာများ စစ်ဆေးအကဲဖြတ်ခြင်းကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဘဝတွက်တာ ကျွမ်းကျင်စရာ စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုသော နည်းလမ်းများနှင့် မေးခွန်းပုံစံများကို ရှင်းပြတတ်မည်။
  • စစ်ဆေးအကဲဖြတ်သော နည်းလမ်းများကို ရှင်းပြနိုင်ပြီး မူလတန်းဘဝတွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများကို စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုနိုင်သော ကြည့်ရှုလေ့လာ စစ်ဆေးခြင်းပုံစံတစ်ခုကို ဖန်တီးတတ်မည်။

Please login to take this course

မိတ်ဆက်

မော်ဂျူး ၁။ ဘဝတွက်တာကျွမ်းကျင်စရာများနှင့်မိတ်ဆက်ခြင်း

၁.၁။ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်၏ သဘောသဘာဝနှင့် သင်ကြားရခြင်း ရည်ရွယ်ချက်များ

၁.၁.၁။ ဘဝတွက်တာ ကျွမ်းကျင်စရာများ ဆိုသည်မှာ

မူလတန်း ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်နှင့် သင်ကြားရသည့်ရည်ရွယ်ချက်

ဘဝတွက်တာကျွမ်းကျင်စရာ အခြေခံတတ်ကျွမ်းမှုများကို လေ့လာခြင်း

မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ (ပထမပိုင်း)

ဗီဒီယိုကိုကြည့်၍ ပေးထားသော တတ်ကျွမ်းမှုနှင့် ငှက်ကလေး၏အပြုအမူနှင့် စဉ်းစားပုံကို ယှဉ်တွဲပါ။

၁.၂။ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို နားလည်ခြင်း

၁.၂.၁။ မူလတန်းသင်ရိုးဝင် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းအညွှန်းဘောင်၏ ရည်မှန်းချက်များနှင့် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ချိတ်ဆက်မှု

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ မူလတန်းအဆင့် ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ် ဖွဲ့စည်းမှုပုံစံ

‌မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မူလတန်းအဆင့် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ် အကြောင်းအရာများ၏ သင်ယူမှုနယ်ပယ် (၃) ရပ်

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

သင်ကြားမှုနယ်ပယ် (၃) ခု၏ နယ်ပယ်ခွဲများ

ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်

ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်အတွက် လေ့ကျင့်ရန် လုပ်ငန်း

ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်အတွက် ဖြစ်ရပ်လေ့လာခြင်းသင်ခန်းစာ

‌‌မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

သဘာဝဝန်းကျင်ထိန်းသိမ်းလို့ လိုက်လျောညီထွေနေထိုင်စို့နယ်ပယ်

သဘာဝဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်ဆိုင်ရာ သင်ယူမှုလုပ်ငန်းများနှင့် သင်ခန်းစာများ ချိတ်ဆက်မှု

မော်ဂျူး (၂) အနှစ်ချူပ်

မော်ဂျူး ၃။ ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်

၃.၁။ ရောဂါကင်းဝေးကျန်းမာရေးအကြောင်းသင်ယူခြင်း

၃.၁.၁။ ကလေးများ အရွယ်လိုက်ဖွံ့ဖြိုးခြင်းနှင့် ရောဂါကင်းဝေးကျန်းမာရေး

ရောဂါကင်းဝေးကျန်းမာရေးနှင့် အစာစားခြင်းနယ်ပယ်မှ အတန်းလိုက်သင်ခန်းစာများကို ကလေးဖွံ့ဖြိုးမှု သီအိုရီနှင့်အတူ လေ့လာခြင်း

မော်ဂျူး (၃.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

၃.၁.၂။ ရောဂါကင်းဝေး ကျန်းမာရေးနှင့် မူးယစ်ဆေးသုံးစွဲခြင်း

မော်ဂျူး (၃.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

၃.၂။ ရောဂါကင်းဝေးကျန်းမာရေးအကြောင်းအသုံးချခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး (၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း

ကလေးများ၏ ဉာဏ်ရည်အဆင့်အလိုက် သင်ယူမှုအဆင့် (၄) ဆင့်

၃.၂.၂။ ရောဂါကင်းဝေးကျန်းမာရေးဆိုင်ရာနယ်ပယ်ရှိ သင်ခန်းစာများအား ခွဲခြမ်းစိတ်ဖြာခြင်း

ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်ကို အုပ်စုငယ်ဖြင့် စမ်းသပ်သင်ကြားခြင်းအား လေ့လာခြင်း

ရောဂါကင်းဝေး ကျန်းမာရေးနယ်ပယ်ကို အုပ်စုငယ်ဖြင့် စမ်းသပ်သင်ကြားခြင်းအားလေ့လာခြင်း သင်ခန်းစာ၏ အဆက်

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး ၄။ လူမှုဘဝမှာ ကျွမ်းကျင်စရာနယ်ပယ်

မော်ဂျူး (၄.၁) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၄.၂) အတွက် ဉာဏ်စမ်းမေးခွန်း

လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုများကို စာသင်ခန်းအတွင်း အသုံးချခြင်း

၄.၃။ မူလတန်း လူမှုဘဝမှာ ကျွမ်းကျင်စရာ နယ်ပယ်သင်ခန်းစာများ

လေ့ကျင့်ရန် လုပ်ငန်း - လူမှုဆက်ဆံရေးသင်ခန်းစာများကို စာသင်ခန်းအတွင်း သင်ကြားပေးခြင်း

မော်ဂျူး (၄.၃) အတွက် ဉာဏ်စမ်းမေးခွန်း

စာသင်ခန်းအတွင်း ဘက်ထရီ စက်ရုပ်လူသားကစားနည်း

မူလတန်း လူမှုဘဝမှာ ကျွမ်းကျင်စရာ နယ်ပယ်သင်ခန်းစာများ၏အဆက်

စိတ်ကျန်းမာ ပျော်ရွှင်မှုကိုပေးသော သင်ခန်းစာများကို သင်ကြားခြင်း

၄.၄။ သင်ခန်းစာ သင်ပြမှုပုံစံတစ်ခု ဖွဲ့စည်းထားပုံ

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး ၅။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့နယ်ပယ်

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အကြောင်း ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၅.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၅.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ဆောင်နိုင်သော နည်းလမ်းများ

ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို ကူညီလုပ်ဆောင်နိုင်သည့် နည်းလမ်းများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၅.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မုန်တိုင်းတိုက်ခတ်ခြင်း

မော်ဂျူး (၅.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချရေးကို စာသင်ခန်းအတွင်း အသုံးပြုခြင်း

မိုးသည်းထန်စွာ ရွာသွန်းခြင်း သင်ခန်းစာအတွက် အတန်းတွင်း ကစားနည်း

မော်ဂျူး (၅.၃) အတွက် ဉာဏ်စမ်းမေးခွန်း

ကျောင်းသားများ၏ စိတ်ဒဏ်ရာများကို ကုစားနိုင်ရန် သုံးသပ်ခြင်း

ဖြစ်ရပ်လေ့လာခြင်း သင်ခန်းစာ

“အပင်အလှ တန်ဖိုးထားကြ” သင်ခန်းစာကို လေ့လာခြင်း

မော်ဂျူး (၅.၄) အတွက် လေ့ကျင့်ရန် လုပ်ငန်း

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး ၆။ စစ်ဆေးအကဲဖြတ်ခြင်း

၆.၁။ ဘဝတွက်တာကျွမ်းကျင်စရာများကို စစ်ဆေးအကဲဖြတ်ခြင်း

စဉ်ဆက်မပြတ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် တုံ့ပြန်အကြံပြုချက်ပေးခြင်း

မော်ဂျူး (၆.၂) အတွက် ဉာဏ်စမ်းမေးခွန်း

အပြုအမူပြောင်းလဲခြင်းကို တိုင်းတာသည့် စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများ သင်ခန်းစာ၏ အဆက်

မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၆.၃။ မူလတန်း ဘဝတွက်တာကျွမ်းကျင်စရာများ စစ်ဆေးအကဲဖြတ်ခြင်း

မူလတန်း ဘဝတွက်တာ ကျွမ်းကျင်စရာ စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းပေးဇယားကို လေ့လာခြင်း

မော်ဂျူး (၆) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ

Related Courses

chatGPTicon