Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အခြေခံပညာအလယ်တန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်း

4

(1 Reviews)

Certified

6 hour(s)

151 Enrollment(s)

3301 View(s)

Share On :

Course Description

ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်၏ ခြုံငုံထားသော ယေဘုယျ ရည်ရွယ်ချက်များမှာ ဆရာများအား အလယ်တန်းကလေးများ ၎င်းတို့၏ နေ့စဉ်ဘဝကို နားလည်ရန်အတွက် (အထောက်အကူဖြစ်မည့်) ဘဝတွက်တာကျွမ်းကျင်စရာများကို ဖြည့်ဆည်းပေးနိုင်သူများအဖြစ် ပြင်ဆင်ပေးရန် ဖြစ်သည်။ ဘဝတွက်တာ ကျွမ်းကျင်စရာများသည် လူ့အဖွဲ့အစည်းအတွင်း နေထိုင်ကြသော လူသားများအတွက် နေ့စဉ်ကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းနိုင်ပြီး ကျန်းမာပျော်ရွှင်သော ဘဝများရရှိနိုင်ရန်အတွက် လိုအပ်သော အသိပညာ၊ နားလည်မှုနှင့် သဘောထားများ ဖြစ်ကြသည်။ ဤသင်တန်းတွင် ဆရာများသည် အလယ်တန်းကျောင်းသားများ သင်ယူရန် သင်ထောက်ကူပစ္စည်းများကို မည်သို့ဖန်တီးမည်၊ ၎င်းတို့သင်ယူရာတွင် ကူညီထောက်ပံ့ပေးနိုင်သော သင်ယူမှုလုပ်ငန်းများအား မည်သို့ ဖန်တီးမည်၊ မည်သို့ ချဉ်းကပ်သင်ကြားမည် စသည်တို့ကို လေ့လာရမည်ဖြစ်ပြီး ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ် စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုနိုင်သော နည်းပညာအမျိုးမျိုးကို အကျွမ်းတဝင် သိရှိလာမည် ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး ၁။ ဘဝတွက်တာကျွမ်းကျင်စရာများနှင့်မိတ်ဆက်ခြင်း
၁.၁။ ဘဝတွက်တာကျွမ်းကျင်စရာများ၏ အရေးပါမှုများ
၁.၂။ အလယ်တန်းဘဝတွက်တာ ကျွမ်းကျင်စရာ သင်ရိုးညွှန်းတမ်းဆိုင်ရာ အသိပညာ
မော်ဂျူး ၂။ ပျော်ရွှင်ကျန်းမာ ကိုယ်ခန္ဓာ
၂.၁။ အာဟာရနှင့် ကြီးထွားဖွံ့ဖြိုးမှု
၂.၂။ စားသုံးသူပညာရေး
မော်ဂျူး ၃။ ဆယ်ကျော်သက်အရွယ် သတိထားဖွယ်
၃.၁။ ဆယ်ကျော်သက်အရွယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုများ
၃.၂။ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာ
၃.၃။ မူးယစ်ဆေးဝါး အလွဲသုံးမှု ကာကွယ်ခြင်း
မော်ဂျူး ၄။ လူမှုဘဝမှာ ကျွမ်းကျင်စရာ
၄.၁။ မိမိကိုယ်ကို သိရှိခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ
၄.၂။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆက်ဆံခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ
မော်ဂျူး ၅။ သဘာဝဝန်းကျင် ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့
၅.၁။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
မော်ဂျူး ၆။ စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများ
၆.၁။ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း
၆.၂။ စစ်ဆေးအကဲဖြတ်သည့် နည်းလမ်းများ
၆.၃။ သာတူညီမျှရှိသော စစ်ဆေးအကဲဖြတ်မှု

အဓိကအသုံးအနှုန်းများ
လုံလောက်သော၊ စိန်ခေါ်မှုများ၊ လိမ်လည်လှည့်စားခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၊ ကိုယ်ခံအား၊ သက်ရောက်မှု၊ အူ၊ ဝမ်းချုပ်ခြင်း၊ ကျေလွယ်သောအဆီ (ပြည့်ဝဆီ)၊ ထိတွေ့ကိုင်တွယ်၍ ရနိုင်သော၊ ဘေးအန္တရာယ်၊ အကျပ်ကိုင်ခြင်း၊ သဘောတူညီမှု၊ လိင်အကြမ်းဖက်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှု၊ သင်ယူနိုင်မှု၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံနိုင်မှု၊ သင်ယူတတ်မြောက်မှုကို တိုင်းတာနိုင်မှု၊ လက်တွေ့နှင့် ကိုက်ညီမှု၊ တိကျမှု၊ မိမိကိုယ်ကိုသိရှိခြင်း၊ ကန့်သတ်ထားသောအချိန်အတွင်း သင်ယူနိုင်မှု၊ စွန့်ခွာခြင်း၊ ပြုန်းတီးခြင်း၊ စွန့်ပစ်ခြင်း၊ ဂေဟစနစ်၊ ခြိမ်းခြောက်ခြင်း။

ဤအခြေခံပညာအလယ်တန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်းသင်တန်းတက်‌ရောက်ပြီးစီးပါက အခြေခံပညာမူလတန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

အခြေခံပညာမူလတန်း ဘဝတွက်တာကျွမ်းကျင်စရာ သင်ကြားခြင်း - https://mmteacherplatform.net/en/e-learning/courses/multan-bawtwettakywaankyainsyaa-thinpykhyin    

Course Objectives

ဤသင်တန်းသည် လုပ်ငန်းခွင်ဝင်ရောက်စ ဆရာများအနေဖြင့် အလယ်တန်းကျောင်းသားများကို  ၎င်းတို့၏ နေ့စဉ်ဘဝအား နားလည်ရန်အတွက် အထောက်အကူဖြစ်စေမည့် ဘဝတွက်တာ ကျွမ်းကျင်စရာများကို ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ပါသည်။ ဤသင်တန်းသည် အလယ်တန်း ကျောင်းသားများအား မည်သည့်ရည်ရွယ်ချက်များဖြင့် သင်ကြားသည်၊ ၎င်းတို့၏ သင်ယူမှုတွင် ကူညီပံ့ပိုးပေးနိုင်သော သင်ယူမှုလုပ်ငန်းများကို မည်သို့ဖန်တီးရမည်၊ မည်သို့သော စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများကို အသုံးပြုမည် စသည်တို့ကို ဆရာများအနေဖြင့် နက်နက်နဲနဲနားလည်သွားစေရန် ပြင်ဆင်ပေးမည်ဖြစ်သည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် - 
  • တစ်ဦးချင်းစီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ အသက်မွေးမှုဆိုင်ရာများတွင် အဓိကလိုအပ်သော ဘဝတွက်တာ ကျွမ်းကျင်စရာများကို ဆွေးနွေးတတ်မည်။
  • အခြေခံပညာ အလယ်တန်း ကျောင်းသားများအား အဓိကလိုအပ်သော ဘဝတွက်တာကျွမ်းကျင်စရာများကို မည်သို့ဖွံ့ဖြိုးအောင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ဆွေးနွေးတတ်မည်။
  • အလယ်တန်း ဘဝတွက်တာ ကျွမ်းကျင်စရာသင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များကို ဖော်ပြတတ်မည်။
  • အလယ်တန်း ဘဝတွက်တာ ကျွမ်းကျင်စရာသင်ရိုးညွှန်းတမ်း၏ နယ်ပယ်များနှင့် နယ်ပယ်ခွဲများကို ဖော်ထုတ်တတ်မည်။
  • မိမိတို့၏ ကျန်းမာပျော်ရွှင်ရေးအတွက် အာဟာရဓာတ်၏ အခန်းကဏ္ဍနှင့် မျှတ၍ ကျန်းမာစေသော နေ့စဉ်စားသုံးသည့် အစားအစာများ၏ သက်ရောက်မှုကို ရှင်းပြတတ်မည်။
  • အစာအုပ်စု (၃) မျိုးကို မည်သို့သင်ကြားနိုင်သည်ကို သိရှိနားလည်မည်။
  • အာဟာရဓာတ် (၅) မျိုးကို ခွဲခြားနိုင်ပြီး ၎င်းအာဟာရဓာတ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကြီးထွားရင့်သန်မှုနှင့် တစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ဆက်စပ်နေကြောင်း ခွဲခြားသိမြင်တတ်မည်။
  • အာဟာရဓာတ် (၅) မျိုးကို အလယ်တန်းကျောင်းသားများအား မည်သို့သင်ကြား ပြသနိုင်သည်ကို သိရှိသွားမည်။
  • စားသုံးသူပညာရေး အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အဆိုပါ ပညာရေးသည် အဘယ်ကြောင့် တစ်သက်တာသင်ယူမှုဖြစ်စဉ် ဖြစ်ကြောင်းကို ဖော်ထုတ်တတ်မည်။
  • ဆယ်ကျော်သက်အရွယ်များ ကြုံတွေ့နေကျဖြစ်သော စိန်ခေါ်မှုများကို ဆွေးနွေးတတ်မည်။
  • စိန်ခေါ်မှုများကို ကျော်လွှားနိုင်သည့် နည်းလမ်းများကို ဆယ်ကျော်သက်များအား အကြံပြု ထောက်ပံ့ပေးတတ်မည်။
  • ဆယ်ကျော်သက်များနှင့် လူငယ်များအား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာရေးကို သင်ကြားပေးခြင်းဖြင့် အလယ်တန်း ကျောင်းသားများ၏ ရုပ်ပိုင်း၊ စိတ်လှုပ်ရှားမှုဆိုင်ရာ ကျန်းမာပျော်ရွှင်ရေးအတွက် စိတ်ချရကြောင်း ဖော်ထုတ်တတ်မည်။
  • ဖို၊ မ ဆိုင်ရာ ကျန်းမာရေး၊ အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးစလုံး တာဝန်ခွဲဝေယူမှုနှင့် အပြန်အလှန်လေးစားမှုတို့သည် အရေးကြီးကြောင်း ဆွေးနွေးတတ်မည်။
  • မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော  ရောဂါများဖြစ်သည့် အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ၊ လိင်အကြမ်းဖက်ခြင်းများ စသည်တို့ကို ကာကွယ်နိုင်သည့် နည်းလမ်းများအား ဖော်ထုတ်တတ်မည်။
  • မူးယစ်ဆေးဝါးအလွဲသုံးမှု၏ အကျိုးသက်ရောက်မှုများကို ဖော်ပြပြီး အန္တရာယ်ရှိသည့် အုပ်စုများ၊ အထူးသဖြင့် မူးယစ်ဆေး သုံးစွဲသည့် လူငယ်များနှင့် ကလေးများကို ဖော်ထုတ်တတ်မည်။
  • လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်စေမည့် (သို့မဟုတ်) မူးယစ်ဆေးသုံးခြင်း၏ ဆိုးကျိုးများ လျော့ပါးစေမည့် နည်းလမ်းများကို ဆွေးနွေးတတ်မည်။
  • မိမိကိုယ်ကို သိရှိခြင်း၏ အရေးပါပုံကို ဆွေးနွေးတတ်ပြီး ကိုယ်ပိုင်အရည်အသွေး၊ ဓလေ့စရိုက်များနှင့် ပင်ကိုအရည်အချင်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • မိမိကိုယ်ကို သိရှိခြင်းသည် မိမိ၏ ကျန်းမာပျော်ရွှင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုများကို ဖော်ထုတ်တတ်မည်။
  • ကျေးဇူးတင်ကြောင်းဂျာနယ် ရေးသားခြင်းဖြင့် အပြုသဘောဆောင်သော စဉ်းစားတွေးခေါ်မှုကို လေ့ကျင့်တတ်မည်။
  • SMART (တိကျသော၊ တိုင်းတာ၍ရသော၊ ဖြစ်နိုင်မှုရှိသော၊ ကိုက်ညီမှုရှိသော၊ အချိန်သတ်မှတ်မှုရှိသော) ကိုယ်ပိုင် ပန်းတိုင်များကို မည်ကဲ့သို့ ချမှတ်ရကြောင်း ရှင်းပြတတ်မည်။
  • မိမိကိုယ်ကို သိရှိနားလည်မှုမြင့်မားစေသည့် SMART ရည်မှန်းချက်၏ အချက်ငါးချက်ကို ချမှတ်တတ်မည်။
  • စိတ်ဖိစီးမှု၏ အဓိပ္ပာယ်နှင့် လူတစ်ဦးချင်းစီသည် စိတ်ဖိစီးမှုများကို မည်သို့ ကွဲပြားခြားနားစွာ ခံစားရကြောင်း ဆွေးနွေးတတ်မည်။
  • အတွေးများ (ကျိုးကြောင်း ဆင်ခြင်မှု ဖြစ်စဉ်)၊ ခံစားချက်များ (စိတ်လှုပ်ရှား ခံစားမှု)နှင့် လုပ်ရပ်များ (အပြုအမူ) တို့က စိတ်ဖိစီးမှုအဆင့်အပေါ် မည်သို့ သက်ရောက်နိုင်ကြောင်းနှင့် စိတ်ဖိစီးမှုများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံခြင်းအပေါ် မည်သို့ အကျိုးသက်ရောက်ကြောင်း ဖော်ထုတ်တတ်မည်။
  • စိတ်ဖိစီးမှုများကို ထိန်းချုပ်ရန်အတွက် SMART ရည်မှန်းချက်ပန်းတိုင်များကို ချမှတ်နိုင်ပြီး၊ နေ့စဉ်ဘဝတွင် တွေ့ကြုံရသော စိတ်ဖိစီးမှုကို ထိန်းချုပ်ရာတွင် လိုအပ်သော ကျွမ်းကျင်မှုများနှင့် တန်ဖိုးထားမှုများကို ဆွေးနွေးတတ်မည်။
  • လူသားများ၏ လုပ်ရပ်များသည် ပတ်ဝန်းကျင်အပေါ် မည်သို့ အကျိုးသက်ရောက်မှုရှိကြောင်း နှင့် ပတ်ဝန်းကျင်ကို ကာကွယ်နိုင်သည့် နည်းလမ်းအမျိုးမျိုးကို ဖော်ထုတ်တတ်မည်။
  • ပတ်ဝန်းကျင် ညစ်ညမ်းမှုအမျိုးမျိုး၏ အကြောင်းရင်းများနှင့် အကျိုးသက်ရောက်မှုများကို ဆွေးနွေးတတ်မည်။
  • ရပ်ရွာလူထုနှင့် မြန်မာနိုင်ငံအတွင်းတွင် တွေ့ရလေ့ရှိသော ပတ်ဝန်းကျင် ညစ်ညမ်းမှု အမျိုးအစားများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
  • ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချရန်အတွက် တစ်ဦးချင်းစီက လုပ်ဆောင်ရမည့် တိကျသော လုပ်ငန်းများ၊ အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ဖော်ထုတ်သည့် ရပ်ရွာလူထုအတွင်း လုပ်ဆောင်ကြမည့် စီမံချက်တစ်ခုကို ဖန်တီးတတ်မည်။
  • အလယ်တန်း ဘဝတွက်တာ ကျွမ်းကျင်စရာ စာသင်ခန်းအတွင်းရှိ အလယ်တန်း ကျောင်းသားများ၏ သင်ယူမှုကို စောင့်ကြည့်လေ့လာပြီး အကဲဖြတ်သုံးသပ်နိုင်မည့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို ဆွေးနွေးတတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ သင်ယူမှုကို စစ်ဆေးအကဲဖြတ်ရန်အတွက် သင်ယူမှု အထောက်အထားမှတ်တမ်းများ အသုံးပြုပုံကို ဆွေးနွေးတတ်မည်။
  • မိမိ၏ သင်ကြားသင်ယူမှု ချဉ်းကပ်နည်းများ တိုးတက်စေရန်အတွက် ၎င်းတို့ကို အကဲဖြတ်နိုင်မည့် အောင်မြင်မှုစံများကို ပြုစုတတ်မည်။

Please login to take this course

မိတ်ဆက်

မော်ဂျူး ၁။ ဘဝတွက်တာ ကျွမ်းကျင်စရာများနှင့် မိတ်ဆက်ခြင်း

‌မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

အလယ်တန်းဆင့် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်၏ ရည်ရွယ်ချက်များ သင်ခန်းစာ၏ အဆက်

မော်ဂျူး (၁.၂) အတွက် ဉာဏ်စမ်းမေးခွန်းများ (၂)

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ ပျော်ရွှင်ကျန်းမာ ကိုယ်ခန္ဓာ

အစာအုပ်စုသုံးစုအကြောင်း ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

အစာအုပ်စု သုံးမျိုးအကြောင်း သင်ကြားသင်ယူမှုဖြစ်စဉ်ကို ဖြစ်ရပ်လေ့လာမှု

အစာအုပ်စု သုံးမျိုးအကြောင်း သင်ကြားသင်ယူမှုဖြစ်စဉ်ကို ဖြစ်ရပ်လေ့လာမှု သင်ခန်းစာ၏ အဆက်

မျှတစွာစားသုံးပါ အာဟာရပြည့်ဝစေသည့် အစားအစာအကြောင်း ဗီဒီယိုသင်ခန်းစာ၏ အဆက်

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၃)

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း (၄)

မော်ဂျူး (၂.၂) အတွက် ဉာဏ်စမ်းမေးခွန်း

စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအား အတန်းတွင်း သင်ကြားခြင်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး ၃။ ဆယ်ကျော်သက်အရွယ် သတိထားဖွယ်

ဆယ်ကျော်သက်အရွယ်များ၏ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများအကြောင်း ဗီဒီယို သင်ခန်းစာ

ဆယ်ကျော်သက်အရွယ်များ၏ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုများ

မော်ဂျူး (၃.၁) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပညာရေးသင်ကြားပေးခြင်းအကြောင်း ဖြစ်ရပ်လေ့လာမှု၏အဆက်

မော်ဂျူး (၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

မော်ဂျူး (၃.၃) အတွက် ကြိုတင်လေ့လာပြင်ဆင်စေသော သင်ယူမှုလုပ်ငန်း

မော်ဂျူး (၃.၃) အတွက် ဉာဏ်စမ်းမေးခွန်း

မူးယစ်ဆေးအလွဲသုံးမှု၏ အကျိုးသက်ရာက်မှုကို လျှော့ချရန် နည်းလမ်းများ

မော်ဂျူး (၃) အနှစ်ချုပ်

လူမှုဝန်းကျင်ဆိုင်ရာ ဆက်သွယ်မှုကို ပြန်လည်ဆန်းစစ်ရန်

ကျေးဇူးတင်ကြောင်းဂျာနယ် ရေးသားခြင်း

မိမိကိုယ်ကိုသိရှိခြင်းနှင့် SMART ရည်မှန်းချက်ချမှတ်ခြင်း

SMART ရည်မှန်းချက်များကို ဖြစ်ရပ်လေ့လာခြင်း သင်ခန်းစာ (၁)

SMART ရည်မှန်းချက်များချမှတ်ခြင်း

‌မော်ဂျူး (၄.၂) အတွက် ဉာဏ်စမ်းမေးခွန်း

ဖြစ်ရပ်လေ့လာ၍ SMART ရည်မှန်းချက်များ ချမှတ်ခြင်း

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး ၅။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလို့ လိုက်လျောညီထွေ နေထိုင်စို့

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် သုံးသပ်ခြင်း

မော်ဂျူး (၅.၁) အတွက် ဉာဏ်စမ်းမေးခွန်း

ပတ်ဝန်းကျင်ညစ်ညမ်းမှုအကြောင်း ဖြစ်ရပ်လေ့လာခြင်း သင်ခန်းစာ

မော်ဂျူး (၅) အနှစ်ချုပ်

စာသင်ခန်းအတွင်း စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများအား ပြန်လည်သုံးသပ်ခြင်း

၆.၁။ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း

စစ်ဆေးအကဲဖြတ်မှုလုပ်ငန်းများကို အမျိုးအစားခွဲခြင်း

မော်ဂျူး (၆.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

လေ့ကျင့်ရန်လုပ်ငန်း - အကဲဖြတ်ရန် သတ်မှတ်ချက်ဇယားနမူနာ

မော်ဂျူး (၆.၂) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

မော်ဂျူး (၆.၃)အတွက် ဉာဏ်စမ်း‌မေးခွန်း

မော်ဂျူး (၆) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ

Related Courses

chatGPTicon