Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အခြေခံပညာအလယ်တန်း သိပ္ပံ သင်ကြားခြင်း

5

(2 Reviews)

Certified

6 hour(s)

216 Enrollment(s)

1352 View(s)

Share On :

Course Description

ဤ “အခြေခံပညာအလယ်တန်း သိပ္ပံသင်ကြားခြင်း” အလယ်တန်းကျောင်းသင်ရိုးသည် မြန်မာနိုင်ငံတွင် ထိရောက်သော သိပ္ပံဆရာတစ်ဦးဖြစ်ရန်အတွက် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားများ ဖွံ့ဖြိုးတိုးတက်စေရန် အရင်းအမြစ်အဖြစ် ပြင်ဆင်ရေးဆွဲထားပါသည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး ၂။   ဇီဝဗေဒ (၁) - ဆဲလ်များ၏ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်
မော်ဂျူး ၃။ ဇီဝဗေဒ (၁) -    မျိုးဆက်ပွားခြင်း
မော်ဂျူး ၄။ ဓာတုဗေဒ (၁) - အလှည့်မှန်ဇယား၏ ဂုဏ်သတ္တိများနှင့် ရေဓာတုဗေဒ
မော်ဂျူး ၅။ ရူပဗေဒ (၁) - အားနှင့် ရွေ့လျားမှု
မော်ဂျူး ၆။   ရူပဗေဒ (၁)- လှိုင်းများ၊ အသံနှင့် အလင်း
မော်ဂျူး ၇။ ရူပဗေဒ (၁) - အပူစွမ်းအင်၊ လျှပ်စစ်နှင့် သံလိုက်ဓာတ်
မော်ဂျူး ၈။ ဇီဝဗေဒ (၂) - သက်ရှိများနှင့် သဘာဝပတ်ဝန်းကျင်၊ ပြောင်းလဲနေသော သဘာဝပတ်ဝန်းကျင်
မော်ဂျူး ၉။ ဓာတုဗေဒ (၂) - လူမှုအဖွဲ့အစည်းအတွင်း အသုံးပြုသည့် ဓာတုဗေဒ
မော်ဂျူး ၁၀။ ရူပဗေဒ (၂) - ကမ္ဘာမြေ
မော်ဂျူး ၁၁။ ရူပဗေဒ (၂) - ကမ္ဘာနှင့် အာကာသသိပ္ပံ
မော်ဂျူး ၁၂။ အခြေခံပညာအလယ်တန်း သိပ္ပံဘာသာရပ်အတွက် သင်ခန်းစာစီစဉ်ခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း 

အဓိကအသုံးအနှုန်းများ
အလယ်တန်းဆရာလမ်းညွှန်၊ အလယ်တန်း ကျောင်းသုံးစာအုပ်ကို အမျိုးအစားခွဲခြင်း၊ မျှတသောစစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းမှုအခြေခံသင်ယူမှု၊ ခွဲခြားဖော်ထုတ်ခြင်း၊ နှိုင်းယှဉ်မှုများပြုလုပ်ခြင်း၊ ကြည့်ရှုလေ့လာခြင်း၊ နမူနာပုံစံရှာဖွေခြင်း၊ သုတေသနပြုခြင်း၊ သိပ္ပံနည်းကျစူးစမ်းလေ့လာခြင်း၊ သိပ္ပံနည်းကျလုပ်ဆောင်ခြင်း၊ စုပ်ယူခြင်း၊ လိင်မဲ့မျိုးဆက်ပွားခြင်း၊ ဆဲလ်များ၊ ဆဲလ်အမြှေးပါး၊ ဆဲလ် nucleus၊ ဆဲလ်နံရံ၊ Chloroplast၊ Chromosome၊ Clone၊ ပါဝင်မှု၊ ပါဝင်မှုလျှောစောက်၊ ဆိုက်တိုပလာဇမ်၊ ပျံ့ရောခြင်း၊ အီလက်ထရွန်၊ အီလက်ထရွန် Microscope၊ သန္ဓေသား၊ အက်ပီဒါးမစ်/အက်ပီဒါမယ် tissue၊ အပေါ်ယံလွှာဆဲလ်၊ စစ်ထုတ်ခြင်း၊ မျိုးပွားဆဲလ်၊ မျိုးဗီဇ၊ မှန်ဘီလူး၊ အလင်း မိုက်ခရိုစကုပ်၊ ချဲ့အား၊ မိုက်တိုးဆစ်ဆဲလ်ကွဲပွားခြင်း၊ အင်္ဂါ၊ အင်္ဂါစနစ်၊ တစ်ဖက်စိမ့်ခြင်း၊ တစ်ဖက်စိမ့်ဝင် အမြှေးပါး၊ ဝတ်မှုန်ကူးခြင်း၊ မျိုးဆက်ပွားခြင်း၊ စိမ့်ထွက်ရည်၊ လိင်ရှိမျိုးဆက်ပွားခြင်း၊ ဆလိုက်ဖန်ပြား၊ နမူနာ၊ တစ်သျှူး၊ သားအိမ်၊ ဆဲလ်ရည်ကွက်၊ ပြွန် tissue၊ သန္ဓေဥ၊ လိင်ရှိမျိုးပွားခြင်း၊ မုန့်ဖုတ်ဆိုဒါ၊ ကယ်လ်စီယမ်၊ ဓာတုဗေဒနည်းဖြင့် တွယ်ဆက်ထားသော၊ ကလိုရင်း၊ ဒြပ်ပေါင်း၊ အစွန်းချွတ်ဆေး၊ ဒြပ်စင်၊ အငွေ့ပျံခြင်း၊ စစ်ထုတ်စက္ကူ၊ စစ်ထုတ်သည်၊ စစ်ထုတ်ခြင်း၊ ရေစေး၊ မပျော်ဝင်နိုင်သော၊ Ion-exchange resin၊ Ion၊ သံ၊ သံမှုန့်များ၊ သားရေ၊ မဂ္ဂနီဆီယမ်၊ သံလိုက်၊ သံလိုက်ဓာတ်၊ သတ္တုဓာတ်များ၊ ဒြပ်နှောများ၊ ထုတ်ကုန်ပစ္စည်း၊ ဂုဏ်သတ္တိများ၊ ဘေးကင်း လုံခြုံရေးဆိုင်ရာ ကြိုတင်သတိပေးချက်၊ ဆား၊ သဲ၊ ခွဲထုတ်သည်၊ ဆပ်ပြာပျော်ရည် ၊ ဆပ်ပြာမြှုပ်၊ ဆိုဒီယမ်၊ ဆိုဒီယမ် ကာဗွန်နိတ်၊ ရေသွက်၊ ဆာလ်ဖာ၊ အဝတ်လျှော်ဆိုဒါ၊ ရေ၊ စုပ်ယူမှု၊ အရှိန်၊ သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အား၊ လေဖိအား၊ လေထုခုခံအား၊ လွှဲကျယ်၊ အက်တမ်များ၊ လေထုဖိအား၊ ညီမျှသော၊ ဘာရိုမီတာ၊ ထိအား၊ စွမ်းအင်၊ အား၊ အားများပြ ဒိုင်ယာဂရမ်၊ ကြိမ်နှုန်း၊ ကမ္ဘာ့ဆွဲအား၊ သံလိုက်အား၊ နယူတန် ၊ ပုံမှန်အား၊  ဖိအား၊ သက်ရောက်အား ၊ အမြန်နှုန်း ၊ စပရင်ကန်အား၊ တင်းအား ၊ အပူစွမ်းအင်၊ ပုံသေရွေ့လျားမှု၊ အလျင်၊ ညီမျှမှု၊ ဘွန်း(bond)၊ နားခရုပတ်၊ ဖိသိပ်မှု၊ ကြေးမုံခွက်၊ ကြေးမုံခုံ၊ အပူစီးကူးခြင်း၊ နားလမ်းကြောင်း၊ နားစည်၊ စွမ်းအင်၊ အငွေ့ပျံခြင်း၊ ဒိုင်ယာဂရမ်၊ ပုံရိပ်၊ အထက်အောက် ပြောင်းပြန်ပေါ်ခြင်း၊ အရည်၊ အလျားလိုက်လှိုင်း၊ နားရွက်၊ စူးရှမှု၊ ပြင်ညီကြေးမုံ၊ ပုံရိပ်စစ်၊ အလင်းပြန်ခြင်း၊ အလင်းယိုင်ခြင်း၊ အစိုင်အခဲ၊ အမြန်နှုန်း၊ အာလ်ထရာဆောင်း၊ လိုင်းအလျား၊ အငွေ့ပျံခြင်း၊ ရေခဲခြင်း၊ ကမ္ဘာ့ဆွဲအား၊ အပူ၊ ပုံရိပ်၊ အထက်အောက် ပြောင်းပြန်ပေါ်ခြင်း၊ အရည်၊ ဒေါင်လိုက်လှိုင်း၊ သံလိုက်အား၊ အရည်ပျော်ခြင်း၊ ပြဒါး၊ အမှုန်အမွှား၊ အစိုင်အခဲ၊ အမြန်နှုန်း၊ အပူချိန်၊ အပူစွမ်းအင်၊ အပူချိန်ညှိကိရိယာ၊ တုန်ခါသည်၊ လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲနေထိုင်ခြင်း၊ အသားစားသတ္တဝါ၊ ယှဥ်ပြိုင်ခြင်း၊ စားသုံးသူများ၊ သန္တာကျောက်တန်း၊ အစာကွင်းဆက်၊ အသီးအရွက်စားသတ္တဝါ၊ အပြန်အလှန်အမှီပြုခြင်း၊ လောက/အုပ်စုကြီး၊ သက်ရှိတို့၏ဇီဝဖြစ်စဥ်၊ သက်ရှိများ လိုက်လျောညီထွေစွာပြုပြင်ပြောင်းလဲခြင်းဖြစ်စဥ်၊ သက်ရှိ၊ မူလစားသုံးသူ၊ အစာထုတ်လုပ်သူ၊ ဓာတ်ဖြစ်ပစ္စည်း၊ ဒုတိယအဆင့်စားသုံးသူ၊ ထူးခြားသော သွင်ပြင်လက္ခဏာများ၊ ရေရည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ တတိယအဆင့်စားသုံးသူ၊ သက်ရှိတို့အာဟာရပြုပုံ၊ အက်ဆစ်၊ အယ်(လ်)ကာလီ၊ အမိုနီယမ်နိုက်တြိတ်၊ အစာအိမ်အက်ဆစ်ဓာတ်ကို ပျက်ပြယ်စေသည့်အရာ၊ ဘက်တီးရီးယားပိုး၊ ဗေ့စ်၊ ဆဲလ်လူးလို့စ်၊ ဆစ်ထရစ်အက်ဆစ်၊ သံချေးတက်ခြင်း၊ ယိုယွင်းပျက်စီးသည်၊ အစာခြေခြင်း၊ မြေဩဇာ၊ အန္တရာယ်ရှိသော၊ အန္တရာယ်ရှိသောဓာတုပစ္စည်း၊ အညွှန်းပစ္စည်း၊ အစာမကြေခြင်း၊ ပွန်းပဲ့ယားယံစေသော၊ လစ်တမတ်၊ အက်တမ်များစွာပါသော မော်လီကျူး၊ သတ္တုအောက်ဆိုဒ်၊ မိုနိုမာ(ပိုလီမာဖြစ်ရန် အခြေခံမော်လီကျူးတစ်ခု)၊ သဘာဝ၊ ဓာတ်ပြယ်ခြင်း၊ နျူကလိယအက်ဆစ်(ဇီဝဗေဒဆိုင်ရာပိုလီမ၊ နိုင်လွန်၊ ပလတ်စတစ်၊ ပိုလီမာ (မိုနိုမာမော်လီကျူးဆက်တန်းရှည်)၊ ပရိုတိန်း၊ ဆားနယ်ခြင်း၊ လူတို့ဖန်တီးပြုလုပ်ထားသော၊ pH တန်ဖိုးလိုက်ပြီး အရောင်ပြောင်းလဲစေသော အညွှန်းပစ္စည်းအရည်၊ အဆင့်သတ်မှတ်ချက်၊ အပူပိုင်းမိုးသစ်တော၊ ကမ္ဘာ့ဗဟိုချက်မ၊ ကမ္ဘာ့အပေါ်ယံလွှာ၊ မြေငလျင်၊ ‌ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း၊ မြေထု၊ ကမ္ဘာ့ကြားလွှာ (ကမ္ဘာ့အလယ်လွှာ)၊ နျူကလိယားပေါင်းစပ်ခြင်း၊ မြေထုချပ် တက်တိုးနစ်များ၊ နုန်းတင်ခြင်း/နုန်းပို့ချခြင်း၊ မြေဆီလွှာတိုက်စားခြင်း၊ လေထု၊ ဇီဝစက်ဝန်း၊ ကလိုရင်းဖြင့် ပိုးသတ်ခြင်း၊ ရာသီဥတု၊ ရာသီဥတု ပြောင်းလဲခြင်း၊ စစ်ထုတ်ခြင်း၊ ကမ္ဘာကြီးပူနွေးမှု၊ ဖန်လုံအိမ်သက်ရောက်မှု၊ နျူကလိယပေါင်းစပ်ခြင်း၊ ညစ်ညမ်းစေသော ပစ္စည်းများ၊ ညစ်ညမ်းမှု၊ ရာသီဥတုများ၊ နုန်းတင်ခြင်း/နုန်းပို့ချခြင်း၊ အာကာသ၊ အာကာသစူးစမ်းလေ့လာခြင်း၊ မိုးလေဝသ၊ ဘလွန်း(မ်)၏ သင်ယူမှု မျိုးခွဲပညာ၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်မှု၊ သိခြင်း သိလိုခြင်း သိနားလည်သွားခြင်း ဇယားကွက် (KWL chart) ၊ အဖွင့်မေးခွန်းနှင့် အပိတ်မေးခွန်းများ၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှု။

ဤအခြေခံပညာအလယ်တန်း သိပ္ပံသင်ကြားခြင်းသင်တန်း တက်‌ရောက်ပြီးစီးပါက အခြေခံပညာမူလတန်း သိပ္ပံသင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

အခြေခံပညာမူလတန်း သိပ္ပံ သင်ကြားခြင်း - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyamultanthippanthinkyakhyin 

Course Objectives

ဤသင်တန်းသည် အလယ်တန်းကျောင်းများတွင် သိပ္ပံပညာကို ထိထိရောက်ရောက် သင်ကြားပေးရန် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုများနှင့် အသိပညာများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။ သိပ္ပံနည်းကျစုံစမ်းမေးမြန်းခြင်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ မေးခွန်းထုတ်ခြင်းနည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် အဓိကကျွမ်းကျင်မှုများ ရှိလာမည်ဖြစ်သည်။ ဤကျွမ်းကျင်မှုများသည် ကျောင်းသားများအား ထိတွေ့ဆက်ဆံရန်၊ ၎င်းတို့၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးကာ သိပ္ပံသင်ယူမှုကို လက်တွေ့ဘဝအတွေ့အကြုံများနှင့် ချိတ်ဆက်ပေးမည်ဖြစ်သည်။

ဤသင်တန်းမှတစ်ဆင့် သင်သည် ကျောင်းသားများ၏သင်ယူမှုကို ပံ့ပိုးပေးနိုင်သော၊ အဓိပ္ပာယ်ရှိသော တုံ့ပြန်ချက်၊ အကဲဖြတ်ချက်များကို ပေါင်းစပ်ထည့်သွင်းပြီး စိတ်ပါဝင်စားဖွယ်ကောင်းသော သိပ္ပံသင်ခန်းစာများကို ပြင်ဆင်ရေးဆွဲ အကောင်အထည်ဖော်နည်းကိုလည်း သင်ယူနိုင်မည်ဖြစ်သည်။ ထို့ပြင် ယခုသင်ခန်းစာတွင် သက်ရှိအရာများ၊ ရုပ်ဝတ္ထုများ၊ စွမ်းအင်၊ မြေကြီး၊ အာကာသနှင့် ပတ်ဝန်းကျင်တို့အပါအဝင် အဓိကသိပ္ပံဘာသာရပ်များတစ်လျှောက် ဘာသာရပ်ဆိုင်ရာ အသိပညာနှင့် သင်ကြားနည်းစနစ်နှစ်ခုလုံးကို ပေါင်းစပ်ထားပါသည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် - 

  • အလယ်တန်း သိပ္ပံဘာသာရပ် သင်ရိုးညွှန်းတမ်း၏ အဓိက ရည်ရွယ်ချက်များနှင့် ပါဝင်သည့် အကြောင်းအရာများအား ဖော်ထုတ်တတ်မည်။
  • အလယ်တန်း ပြဋ္ဌာန်းစာအုပ်နှင့် သင်ရိုးညွှန်းတမ်းတို့ မည်ကဲ့သို့ ချိတ်ဆက်နေပုံအား ဖော်ထုတ်တတ်မည်။
  • သင်ကြားရာတွင် အလယ်တန်း ပြဋ္ဌာန်းစာအုပ်နှင့် ဆရာလမ်းညွှန်တို့အား မည်ကဲ့သို့ အသုံးပြုရန် မျှော်မှန်းထားသည်ကို ဖော်ပြတတ်မည်။ 
  • စုံစမ်းမေးမြန်းမှုအခြေပြု သင်ယူခြင်း (IBL) ဆိုင်ရာ အယူအဆနှင့် လုပ်ငန်းစဉ်တို့ကို ရှင်းပြတတ်မည်။
  • စုံစမ်းမေးမြန်းမှုအခြေပြု သင်ယူခြင်း (IBL) ကို သင်ကြားရေး နည်းလမ်းတစ်ခု အနေဖြင့် ဖော်ထုတ်တတ်မည်။
  • အလယ်တန်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော စူးစမ်းလေ့လာမှု အမျိုးမျိုးနှင့် ယင်း၏ ရည်ရွယ်ချက် အမျိုးမျိုးအား ဖော်ထုတ်ပြသတတ်မည်။
  • အလယ်တန်းသိပ္ပံ သင်ရိုးညွှန်းတမ်းတစ်လျှောက် ပျိုးထောင်သွားရန် လိုအပ်သည့် ကျွမ်းကျင်မှုများအား ဖော်ထုတ်တတ်မည်။
  • အလယ်တန်းကျောင်းသားများ သိပ္ပံနည်းကျ ဆောင်ရွက်တတ်ရန်နှင့် ထိုသို့ဆောင်ရွက်တတ်ရန် လိုအပ်သော ကျွမ်းကျင်မှုများကို ပျိုးထောင်ရန် မည်သို့ ပံ့ပိုးပေးနိုင်သည်ကို ဖော်ထုတ်တတ်မည်။
  • အဓိကျသော ဘေးကင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို သရုပ်ဖော် ပြသတတ်မည်။
  • ဘေးအန္တရာယ်များကို ဖော်ထုတ်သိရှိပြီး ကြုံတွေ့လာရနိုင်သည့် အန္တရာယ်များအား မည်သို့ လျှော့ချနိုင်ပုံကို ရှင်းပြတတ်မည်။
  • ဆဲလ်တစ်ခုရှိ အစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်များကို ဥပမာနှိုင်းယှဥ်ချက်များဖြင့် ရှင်းပြတတ်မည်။
  • အပင်ဆဲလ်နှင့် သက်ရှိသတ္တဝါဆဲလ်တို့၏ အစိတ်အပိုင်းများကို ခွဲခြားသတ်မှတ်တတ်မည်။
  • သက်ရှိသတ္တဝါနှင့် အပင်ဆဲလ်များကို နှိုင်းယှဉ်ပြတတ်မည်။
  • ဆဲလ်များ၏ ပုံစံများကို အကဲဖြတ်တတ်မည်။
  • Microscope ကို ဘေးကင်းစွာ အသုံးပြုတတ်မည်။
  • ဆဲလ်များ၏ အရွယ်အစားများကို တွက်ချက်တတ်မည်။
  • ဆဲလ်များကို မည်ကဲ့သို့ အထူးပြုထားသည်ကို ဖော်ထုတ်တတ်မည်။
  • ဆဲလ်၏ လုပ်ဆောင်များအလိုက် အထူးပြုခြင်းများကို လုပ်ဆောင်ချက်နှင့် နှီးနွယ် ဆက်စပ်တတ်မည်။
  • Tissue များကို ဆဲလ်များဖြင့် ဖွဲ့စည်းကြောင်း ဖော်ပြတတ်မည်။
  • ဆဲလ်များနှင့် Tissue များပေါင်းစပ်လာပြီး အင်္ဂါများနှင့် စနစ်များအဖြစ် ဖြစ်ပေါ်လာကြောင်း ရှင်းပြတတ်မည်။
  • ကိုယ်တွင်းအင်္ဂါများသည် အချင်းချင်းချိတ်ဆက်ပြီး ကိုယ်တွင်းအင်္ဂါစနစ်များ ဖြစ်ပေါ်လာကြောင်း ရှင်းပြတတ်မည်။ (ဥပမာ- ပါးစပ်၊ လည်ပင်း၊ အစာအိမ်၊ အသည်း၊ သည်းခြေ၊ အူသိမ်၊ အူမကြီး စသည်တို့သည် အစာခြေစနစ်၏ အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည်။)
  • မိုက်တိုးဆစ်၏ အဓိကအင်္ဂါရပ်များကိုဖော်ပြတတ်မည်။
  • မိုက်တိုးဆစ်သည် ထပ်တူကျသောဆဲလ်များကို မည်သို့ဖြစ်စေကြောင်း ရှင်းပြတတ်လာမည်။
  • ဆဲလ်များအတွင်း ပျံ့ရောခြင်းဖြစ်စဉ်များကို သိရှိလာမည်။
  • သက်ရှိဆဲလ်များအတွင်း ပျံ့ရောခြင်း၏ အခန်းကဏ္ဍကို ရှင်းပြတတ်လာမည်။
  • ပျံ့ရောခြင်းနှင့် တစ်ဖက်စိမ့်ခြင်း ကွဲပြားပုံကို ခွဲခြားသတ်မှတ်တတ်မည်။
  • ဆဲလ်များအတွင်းရှိ တစ်ဖက်စိမ့်ခြင်း၏ အခန်းကဏ္ဍကိုရှင်းပြတတ်မည်။
  • လိင်မဲ့မျိုးပွားခြင်း ဖြစ်စဉ်ကို ရှင်းပြတတ်မည်။
  • အပင်များနှင့် သက်ရှိသတ္တဝါများတွင် လိင်မဲ့မျိုးဆက်ပွားခြင်းနှင့် လိင်ရှိမျိုးဆက်ပွားခြင်း ဖြစ်စဉ်အတွက် ဥပမာပေးတတ်မည်။
  • မျိုးစေ့ပျံ့နှံ့ပုံအပါအဝင် အပင်များတွင် လိင်ရှိမျိုးဆက်ပွား လုပ်ငန်းစဉ်ကို ရှင်းပြတတ်မည်။
  • သတ္တဝါများတွင် လိင်ရှိမျိုးဆက်ပွားပုံကို ရှင်းပြတတ်မည်။
  • လိင်မဲ့မျိုးဆက်ပွားခြင်းနှင့် လိင်ရှိမျိုးဆက်ပွားခြင်းတို့၏ ခြားနားချက်များကို အကျဉ်းချုပ် ဖော်ပြတတ်မည်။
  • အက်တမ်များ ဖွဲ့တည်ပုံကို နမူနာပုံစံငယ် ဖန်တီးပြတတ်မည်။
  • အက်တမ်နှင့် မော်လီကျူးများအကြား ခြားနားချက်များကို ရှင်းပြတတ်မည်။
  • ဒြပ်စင်များ၊ ဒြပ်ပေါင်းများနှင့် ဒြပ်နှောများအကြား ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
  • သာဓကပေးထားသည်များကို ဒြပ်စင်များဖြစ်သည်၊ ဒြပ်ပေါင်းများ ဖြစ်သည်၊  ဒြပ်နှောဖြစ်သည် စသည်ဖြင့် အမျိုးအစားခွဲခြားပြတတ်မည်။
  • အလှည့်မှန်ဇယား (Periodic table) တွင် ပါဝင်သောဒြပ်စင် အုပ်စုများကို အုပ်စုဖွဲ့ခြင်းအတွက် အခြေခံများကို ဆန်းစစ်တတ်မည်။
  • အလှည့်မှန်ဇယား (Periodic table) တွင် ပါဝင်သော ဒြပ်စင်အုပ်စုများ၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့၏ အသုံးပြုပုံကို ဆန်းစစ်တတ်မည်။
  • သတ္တုများနှင့် သတ္တုမဟုတ်သော ဒြပ်စင်များ ခွဲခြား ဖော်ထုတ်တတ်မည်။
  • ဒြပ်နှောများ ခွဲထုတ်သည့် နည်းလမ်းအမျိုးမျိုးကို အကြံပြုရန်၊ ဆန်းစစ်ရန်အတွက် အရာဝတ္ထုများ၏ ဂုဏ်သတ္တိများအပေါ် မိမိ၏ သိရှိနားလည်မှုအား အသုံးပြုတတ်မည်။
  • ဒြပ်ပစ္စည်းများ၏ ဂုဏ်သတ္တိများနှင့် ပတ်သက်သည့် မိမိ၏ ဗဟုသုတနှင့် သိရှိနားလည်မှုကို အသုံးပြုပြီး ဒြပ်နှောများအား ခွဲထုတ်တတ်မည်။
  • လေ့လာစမ်းသပ်ခြင်းနှင့် ကြည့်ရှုလေ့လာခြင်းတို့မှတစ်ဆင့် ရေစေးနှင့် ရေသွက်တို့၏ ဂုဏ်သတ္တိများကို ခွဲခြားတတ်မည်။
  • ရေစေးမှ ရေသွက်သို့ ပြောင်းလဲနည်းကို ဖော်ပြတတ်မည်။
  • နယူတန်၏ရွေ့လျားမှု နိယာမအပေါ်အခြေခံသော အားများ၏ သက်ရောက်မှုများကို စူးစမ်းလေ့လာတတ်မည်။
  • အရှိန်ကို တွက်ချက်ဖော်ပြတတ်မည်။
  • ရွေ့လျားမှုနိယာမဆိုင်ရာ အတွေးအခေါ်များကို နေ့စဉ်ဘဝတွင် အသုံးချတတ်မည်။
  • တွေ့ရလေ့ရှိသော ယူဆချက် အမှားများအား ဖော်ထုတ်တတ်မည်။
  • နေ့စဉ်ဘ၀တွင် ဖိအားများနှင့် ၎င်း၏အသုံးပြုမှုကို ဖော်ထုတ်တတ်မည်။
  • ပေးထားသော ဥပမာများထဲမှ ဖိအားကို တွက်ချက်တတ်မည်။
  • အဘယ်ကြောင့် အပူပေးခြင်းနှင့် အအေးခံခြင်းသည် ပြန့်ကားခြင်းနှင့် ကျုံ့ခြင်းကို ဖြစ်စေကြောင်း ရှင်းပြတတ်မည်။
  • အစိုင်အခဲ၊ အရည်နှင့် အငွေ့များတွင် ပြန့်ကားခြင်းသဘောကို နှိုင်းယှဉ်တတ်မည်။
  • အေးခဲရာတွင် ရေထုထည်ပမာဏ ပြန့်ခြင်း၊ ပြောင်းလဲခြင်းကို ရှင်းပြတတ်မည်။
  • တန်းဆက်နှင့် ပြိုင်ဆက် လျှပ်စီးပတ်လမ်းများ တည်ဆောက်တတ်မည်။
  • လျှပ်စီးပတ်လမ်းရှိ လျှပ်စစ်အစိတ်အပိုင်းအမျိုးမျိုးကို ဖော်ထုတ်တတ်မည်။
  • ခုခံအားကို ရှင်းပြတတ်မည်။
  • လျှပ်စီးပတ်လမ်းများရှိ လျှပ်စီးအား၊ ဗို့အားနှင့် ခုခံအားတို့ကို ခန့်မှန်းရန်အတွက် အုမ်း (Ohm) ၏ နိယာမကို အသုံးပြုတတ်မည်။
  • AC နှင့် DC တို့အကြားရှိ ခြားနားချက်များကို ရှင်းပြတတ်မည်။
  • အိမ်သုံးလျှပ်စီးပတ်လမ်းများတွင် ဓာတ်အားဖြန့်ဖြူးပုံကို ရှင်းပြတတ်မည်။
  • အိမ်တွင်း လျှပ်စစ်ဘေးအန္တရာယ်များနှင့် လျှပ်စစ်ကို ဘေးကင်းစွာ အသုံးပြုနည်းများ ကိုဖော်ထုတ်တတ်မည်။
  • လျှပ်စီးကြောင်းကြောင့် သံလိုက်စက်ကွင်းဖြစ်ပေါ်ပုံကို ဖော်ပြတတ်မည်။
  • နေ့စဥ်ဘဝတွင် လျှပ်စစ်သံလိုက်များအား အသုံးပြုပုံများကို ဥပမာနှင့်တကွ ရှင်းပြ တတ်မည်။
  • သက်ရှိများ၏ထူးခြားသော သွင်ပြင်လက္ခဏာများသည် ၎င်းတို့၏ကြီးထွားမှု၊    အကာအကွယ်ပေးမှု၊ အသက်ရှင်နေထိုင်မှုများနှင့် မည်သို့ဆက်စပ်နေသည်ကို ယေဘုယျဝေါဟာရများဖြင့် ရှင်းပြတတ်မည်။
  • အပင်များနှင့် တိရစ္ဆာန်များသည် ၎င်းတို့၏ပတ်ဝန်းကျင်တွင် မည်ကဲ့သို့လိုက်လျောညီ ထွေစွာ ပြုပြင်ပြောင်းလဲကြကြောင်းကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အပင်နှင့်တိရစ္ဆာန်များသည် အချိန်နှင့်အမျှ မည်သို့ပြောင်းလဲနေသည်ကို သတ်မှတ်ဖော် ထုတ်တတ်မည်။
  • အပင်များနှင့် တိရစ္ဆာန်များ ပွားများမှုဦးရေ အပြောင်းအလဲကိုရှင်းပြရာတွင်       အစာကွင်းဆက်နှင့် အစာကွန်ရက်များကို အသုံးပြုတတ်မည်။
  • သက်ရှိတို့၏အရေအတွက်နှင့် သက်ရှိအစုအဝေး တည်ရှိမှုကိုပြသော ပိရမစ်ကို အသုံးပြု၍ သက်ရှိများပွားများမှု အရေအတွက်ကို လေ့လာဆန်းစစ်တတ်မည်။
  • သစ်တောများပြုန်းတီးရန် အန္တရာယ်ရှိလာရခြင်း အကြောင်းရင်းနှင့် ၎င်းတို့အား မည်သို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ကို ဖော်ပြတတ်မည်။
  • တိရစ္ဆာန်မျိုးစိတ်အချို့ မျိုးသုဉ်းမှု အန္တရာယ်ကြုံတွေ့နေရသော အကြောင်းရင်းများနှင့် ၎င်းတို့အား မည်သို့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ကို ဖော်ပြတတ်မည်။
  • အက်စစ်၊ ဗေ့(စ်)နှင့် ဆားများကို ၎င်းတို့၏ ဂုဏ်သတ္တိများအသုံပြုပြီး ခွဲခြားတတ်မည်။
  • အက်စစ်၊ ဗေ့(စ်)နှင့် ဆားများ၏ ဥပမာများကို ဖော်ပြတတ်မည်။
  • နေအိမ်၊ စိုက်ပျိုးရေး၊ အစားအစာနှင့် နေအိမ်ပတ်ဝန်းကျင်များတွင် အသုံးပြုသည့် အက်စစ်၊ ဗေ့(စ်)နှင့် ဆားများ၏ ဥပမာများကို ဖော်ပြတတ်မည်။
  • ဓာတ်ခွဲခန်းတွင် ပိုလီမာအမျိုးမျိုးအား ထုတ်ဖော်ပုံကို သရုပ်ပြသင်ကြားတတ်မည်။
  • သဘာဝအတိုင်း ဖြစ်ပေါ်သော ပိုလီမာများနှင့် လူတို့ဖန်တီးပြုလုပ်သော ပိုလီမာများ၏ ဂုဏ်သတ္တိများနှင့် ဝိသေသလက္ခဏာများကို နှိုင်းယှဥ် လေ့လာတတ်မည်။
  • နေ့စဥ်ဘဝတွင် အသုံးပြုနေသည့် အရာဝတ္ထုများကို ဥပမာပေး၍ ရေနံထုတ်ကုန် ပစ္စည်းများ၏ ဝိသေသလက္ခဏာများနှင့် အသုံးပြုပုံများကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • နေ့စဥ်ဘဝတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ၏ သက်ရောက်မှုများကို လျှော့ချရန် ဂေဟသဟဇာတ ဓာတုဗေဒ၏ အခြေခံမူ (၁၂) ချက်ကို အသုံးပြုတတ်မည်။
  • စိုက်ပျိုးရေးနှင့် အစားအစာများတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများအသုံးပြုခြင်းကို ရှောင်ကြဥ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အား မည်သို့ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ကို ဆွေးနွေးတတ်မည်။
  • ရေရှည်တည်တံ့မှုအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းနည်းများကို အကြံပြုတတ်မည်။
  • မြေဆီလွှာတိုက်စားမှုပုံစံ အမျိုးမျိုးကို ခွဲခြားဖော်ပြတတ်မည်။
  • မြေဆီလွှာတိုက်စားမှုဖြစ်ပေါ်ပုံ၊ ၎င်း၏သက်ရောက်မှုများနှင့် မည်သို့ကာကွယ်နိုင်သည်ကို ဖော်ပြတတ်မည်။
  • ရေကြီးရေလျှံမှု၏ အကြောင်းရင်းများကို သုံးသပ်ရှင်းပြတတ်မည်။
  • မြေပြိုမှု အဆင့်ဆင့်ကို ဆန်းစစ်တတ်မည်။
  • ကမ္ဘာ့အပေါ်ယံမြေလွှာသည် ရွေ့လျားနေသော မြေထုချပ်များဖြင့်မည်သို့ ဖွဲ့စည်းထားသည်ကို ဖော်ပြတတ်မည်။
  • ကမ္ဘာ့တိုက်ကြီးများ ရွေ့လျားခြင်း၊ တောင်တန်းများ၊ မီး‌တောင်များနှင့် ငလျင်များကဲ့သို့သော ဖြစ်ရပ်များကို ရှင်းပြရန်အတွက် မြေထုချပ် တက်တိုးနစ်အယူအဆ (Plate Tectonics) ကို အသုံးပြုတတ်မည်။
  • ကမ္ဘာ့လေထု၏ အလွှာများ ဖွဲ့စည်းပုံကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • လေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော အန္တရာယ်များနှင့် ၎င်းတို့ကို လျှော့ချနိုင်ပုံကို ဆွေးနွေးတတ်မည်။
  • ရေထုညစ်ညမ်းမှုနှင့် ဆက်စပ်သော အန္တရာယ်များနှင့် ၎င်းတို့ကို လျှော့ချနိုင်ပုံကို ဆွေးနွေးတတ်မည်။ 
  • ဇီဝစက်ဝန်းနှင့် အခြားနယ်ပယ်များ ဆက်စပ်ပုံကို ဖော်ထုတ်၊ ဆွေးနွေးတတ်မည်။ 
  • ကမ္ဘာကြီးပူနွေးလာမှု၏ အကြောင်းရင်းများနှင့် သက်ရောက်မှုများကို ရှင်းပြနိုင်မည်။ 
  • နေကို ကမ္ဘာက လှည့်ပတ်ပုံနှင့် ၎င်းလှည့်ပတ်မှုက ကျိုးကြောင်းရှင်းပြနိုင်သော သဘာဝဖြစ်ရပ်အမျိုးမျိုးကို နမူနာပုံစံလုပ်ပြတတ်မည်။ 
  • နေထဲတွင် ဓာတ်ပေါင်းခြင်း ဖြစ်ပွားပုံနှင့် ဓာတ်ပေါင်းခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြနိုင်မည်။ 
  • နေအဖွဲ့အစည်းကို လူသားများ စူးစမ်းလေ့လာနေပုံကို ရှင်းပြတတ်မည်။
  • အလယ်တန်းသိပ္ပံသင်ခန်းစာများတွင် သင်ယူပြီးစစ်ဆေးအကဲဖြတ်မှုနည်းလမ်းများ၏ သက်ရောက်မှုကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • အလယ်တန်းသိပ္ပံသင်ခန်းစာများတွင် သင်ယူစဉ်စစ်ဆေးအကဲဖြတ်မှု နည်းလမ်းများ၏ သက်ရောက်မှုကို သတ်မှတ်ဖော်ထုတ်တတ်မည်။ 
  • သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းအတွက် အသုံးပြုသော မေးခွန်းအမျိုးမျိုး၊ သင်ယူမှုကို ၎င်းမေးခွန်းများ၏ ပံ့ပိုးကူညီပုံတို့ကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလယ်တန်းသိပ္ပံသင်ခန်းစာများအတွက် ထိရောက်သော သင်ကြားသင်ယူမှု လုပ်ငန်းများနှင့် အရင်းအမြစ်များကို သတ်မှတ်ဖော်ထုတ်၊ အသုံးပြုတတ်မည်။ 
  • အလယ်တန်းသိပ္ပံသင်ခန်းစာများကို ထိထိရောက်ရောက် ပြင်ဆင်မှုအကြောင်း နားလည်မှုကို ပြသတတ်မည်။

Please login to take this course

သင်ယူမှုမျှော်မှန်းချက်များ

မော်ဂျူး ၁။ အခြေခံပညာအလယ်တန်း သင်ရိုးညွှန်းတမ်းရှိ သိပ္ပံပညာရပ်ကို ခြုံငုံသုံးသပ်ခြင်း

မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ (၂)

လုပ်ငန်းစဉ်၏ အစီအစဉ်အတိုင်းစီပါ။

အဖြေမှန်များကို ယှဉ်တွဲပါ။

အဖြေမှန်ကို ရွေးချယ်ပါ။

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ ဇီဝဗေဒ (၁) - ဆဲလ်များ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်

မော်ဂျူး (၂) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၂) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၂) အတွက် သင်ယူမှုလုပ်ငန်း (၁)

အဖြေမှန်ကို ရွေးချယ်ပါ။

မိုက်တိုးဆစ် ဆဲလ်ကွဲပွားခြင်း

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး ၃။ ဇီဝဗေဒ (၁) - မျိုးဆက်ပွားခြင်း

မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၁)

အဖြေမှန်များကို ယှဉ်တွဲပါ။

မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၃) အတွက် သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး ၄။ ဓာတုဗေဒ (၁) – အလှည့်မှန်ဇယား၏ ဂုဏ်သတ္တိများနှင့် ရေဓာတုဗေဒ

မော်ဂျူး (၄) ခေတ္တရပ်၍ စဉ်းစားပါ (၁)

ဒြပ်စင်အုပ်စုအမျိုးအစားများ

မော်ဂျူး (၄) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၄) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး (၅) ခေတ္တရပ်၍ စဉ်းစားပါ

မော်ဂျူး (၅) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး (၆) ခေတ္တရပ်၍ စဉ်းစားပါ

မော်ဂျူး (၆) အတွက် သင်ယူမှုလုပ်ငန်း (၁)

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၆) အတွက် သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူး (၇) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၁) နှင့် (၂)

အဖြေမှန်များကို ယှဉ်တွဲပါ။

မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၄)

မော်ဂျူး (၇) အတွက် သင်ယူမှုလုပ်ငန်း (၅)

မော်ဂျူး (၇) အနှစ်ချုပ်

မော်ဂျူး (၈) ခေတ္တရပ်၍ စဉ်းစားပါ

မော်ဂျူး (၈) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၈) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၈) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၈) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၈) အနှစ်ချုပ်

မော်ဂျူး (၉) ခေတ္တရပ်၍ စဉ်းစားပါ

အဖြေမှန်ကို ရွေးပါ။

မော်ဂျူး (၉) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၉) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၉) အနှစ်ချုပ်

မော်ဂျူး (၁၀) ခေတ္တရပ်၍ စဉ်းစားပါ

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၁၀) အတွက် သင်ယူမှုလုပ်ငန်း

ဖြစ်စဉ်၏ အစီအစဉ်အတိုင်းစီပါ။

မော်ဂျူး (၁၀) အနှစ်ချုပ်

မော်ဂျူး ၁၁။ ရူပဗေဒ (၂) - ကမ္ဘာနှင့် အာကာသသိပ္ပံ

မော်ဂျူး (၁၁) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၁၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

ကမ္ဘာကြီးပူနွေးလာမှု

အဖြေမှန်များကို ရွေးချယ်ပါ။

မော်ဂျူး (၁၁) ခေတ္တရပ်၍ စဉ်းစားပါ (၂)

မော်ဂျူး (၁၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၁၁) အနှစ်ချုပ်

မော်ဂျူး (၁၂) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၁၂) ခေတ္တရပ်၍ စဉ်းစားပါ (၂)

မော်ဂျူး (၁၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၁၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၁၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၁၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

မော်ဂျူး (၁၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

မော်ဂျူး (၁၂) ခေတ္တရပ်၍ စဉ်းစားပါ (၃)

မော်ဂျူး (၁၂) အနှစ်ချုပ်

ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် မျှော်မှန်းထားသောအဖြေများ

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon
;