Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အခြေခံပညာမူလတန်း သိပ္ပံသင်ကြားခြင်း

0

(0 Reviews)

Certified

8 hour(s)

54 Enrollment(s)

746 View(s)

Share On :

Course Description

ဤသင်တန်းတွင် မူလတန်းကျောင်းသားများကို ထိရောက်စွာ သင်ကြားပေးနိုင်သည့် ဆရာတစ်ဦးဖြစ်လာစေရန်အတွက် သိပ္ပံဘာသာရပ်ဆိုင်ရာအသိပညာများသာမက မူလတန်းအရွယ်ကျောင်းသားများအား သိပ္ပံဘာသာရပ်ကို စိတ်ပါဝင်စားမှုရှိလာအောင် သင်ကြားပို့ချပေးနိုင်သည့် နည်းလမ်းများ၊ နည်းဗျူဟာများကိုလည်း လေ့လာရမည် ဖြစ်ပါသည်။

ဤ သင်တန်းတွင် အဓိကအားဖြင့် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည်-

  • မော်ဂျူး (၁) သိပ္ပံ ဘာသာရပ်ကို မိတ်ဆက်ခြင်း
  • မော်ဂျူး (၂) သိပ္ပံနည်းကျ ဆောင်ရွက်ခြင်း
  • မော်ဂျူး (၃) ဇီဝဗေဒ
  • မော်ဂျူး (၄) ဒြပ်ဝတ္ထု
  • မော်ဂျူး (၅) ရူပဗေဒ
  • မော်ဂျူး (၆) စစ်ဆေးအကဲဖြတ်ခြင်း
  • မော်ဂျူး (၇) သင်ပြမှု ပုံစံများ

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ အခြေခံပညာမူလတန်း သိပ္ပံသင်ရိုးညွှန်းတမ်းကို ထိရောက်‌ကောင်းမွန်စွာ သင်ကြားပေးနိုင်ရန် လိုအပ်သည့် အသိပညာ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများ ရရှိလာစေရန် ဖြစ်သည်။

Learning Outcomes

ဤသင်တန်းတွင် သင်ယူသူများသည် -


  • သိပ္ပံ၏ သဘာဝနှင့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုကို ပြသတတ်မည်။
  • မူလတန်းကျောင်းဆင့် သိပ္ပံပညာ၏ ရည်ရွယ်ချက်များကို ရှင်းပြတတ်မည်။
  • သိပ္ပံနှင့်ပတ်သက်၍ မူလတန်း ကျောင်းသားများအတွက် သင်ယူမှု ရည်ရွယ်ချက်များနှင့် ရင်းနှီးကျွမ်းဝင်မည်။ (မူလတန်းသိပ္ပံ သင်ရိုးမာတိကာ)
  • သိပ္ပံနည်းကျဆောင်ရွက်ခြင်းကို နားလည်သဘောပေါက်လာမည်။
  • သိပ္ပံနည်းကျ ဆောင်ရွက်မှု၏ အဓိက အင်္ဂါရပ်များကို ဆွေးနွေးတတ်မည်။
  • အပင်နှင့် သတ္တဝါများ၏ ကွဲပြားသော အမျိုးအစားများနှင့် အဓိက အစိတ်အပိုင်းများကို ကြည့်ရှုလေ့လာ၍ ခွဲခြားတတ်ပြီး ရှင်သန်ကြီးထွားရန်လိုအပ်ချက်များကိုဖော်ထုတ်တတ်မည်။
  • မူလတန်းကျောင်းသားများအား အပင်နှင့် သက်ရှိသတ္တဝါများကို အမျိုးအစား ခွဲခြားတတ်ရန် သင်ကြားပေးနိုင်မည်။
  • ပန်းပွင့်သော အဓိက အစိတ်အပိုင်းများကို သိရှိနားလည်ပြီး ပန်းပွင့်များ၏ ဝတ်မှုန်ကူးခြင်း၊ သန္ဓေအောင်ခြင်းနှင့် ဇီဝသံသရာလည်ခြင်းအကြောင်းကို ရှင်းပြတတ်မည်။
  • မူလတန်း ကျောင်းသားများအား အလင်းဖြင့်အစာချက်လုပ်ခြင်း ဖြစ်စဉ်ကို ရှင်းပြပြီး အပင်ကြီးထွားမှုဆိုင်ရာ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုကို ဆောင်ရွက်တတ်မည်။
  • သက်ရှိသတ္တဝါများ၏ လိုအပ်ချက်များနှင့် ဇီဝသံသရာ စက်ဝန်းကို မူလတန်းကျောင်းသားများအား သင်ပြတတ်မည်။
  • အသက်ရှူခြင်းနှင့် သွေးလည်ပတ်မှုဆိုင်ရာစနစ် အဓိကအစိတ်အပိုင်းများ၏ လည်ပတ်ပုံကို မူလတန်းကျောင်းသားများနားလည်အောင် သင်ပြတတ်မည်။
  • ကွဲပြားသော ပတ်ဝန်းကျင်များကို နှိုင်းယှဉ်ပြီး သက်ရှိများနှင့် ၎င်းတို့ပတ်ဝန်းကျင်များအကြား ဆက်သွယ်မှုကို ရှင်းပြတတ်မည်။
  • ရေသံသရာလည်ခြင်းအကြောင်းကို ရှင်းပြတတ်မည်။
  • လေထု၊ ရေထု ညစ်ညမ်းမှုအမျိုးအစားများနှင့် သက်ရှိများနှင့် ပတ်ဝန်းကျင်တို့အပေါ် ၎င်း၏ သက်ရောက်မှုများကို ဖော်ထုတ်တတ်ပြီး ဖန်လုံအိမ် အာနိသင်၏ သက်ရောက်မှုကို ရှင်းပြတတ်မည်။
  • ဒြပ်ဝတ္ထုနှင့် ပတ်သက်သော အသိသညာများနှင့် သင်ကြားနည်းများကို နားလည်သဘောပေါက်လာမည်။
  • မူလတန်းတွင် “ဒြပ်ဝတ္ထု” သင်ကြားမှုနှင့်ပတ်သက်၍ လိုအပ်သော အသိပညာနှင့် နားလည်သဘောပေါက်မှုများ ရရှိသွားမည်။
  • “ဒြပ်ဝတ္ထု” အကြောင်း ကျောင်းသားများ၏ နားလည်သဘောပေါက်စေရန် လက်တွေ့လုပ်ငန်းများနှင့် သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု လုပ်ငန်းများကို ဖော်ထုတ်တတ်မည်။
  • “ဒြပ်ဝတ္ထု” အကြောင်း သင်ကြားရာတွင် တွေ့ရတတ်သော အခက်အခဲများနှင့် လွဲမှားတတ်သော နားလည်မှုများကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားတတ်မည်။
  • “ဒြပ်ဝတ္ထု၏ဂုဏ်သတ္တိများ” ကို မူလတန်းကျောင်းသားများ နားလည်သဘောပေါက်စေရန် နေ့စဉ်သုံးနေကျ ပစ္စည်းများကို နမူနာပေးခြင်းဖြင့် ရှင်းပြတတ်မည်။
  • ကျောက်များ၏ ဂုဏ်သတ္တိအချို့နှင့် နေ့စဉ်ဘဝ၌ အသုံးပြုပုံများကို ဖော်ပြတတ်မည်။
  • မြေဆီလွှာဖွဲ့စည်းမှုတွင် ကျောက်မှုန်များအပြင် အခြားသော အော်ဂနစ်ပစ္စည်းများ ပါရှိနေသည်ကို ရှင်းပြတတ်မည်။
  • မတူညီသော မြေဆီလွှာများကို နှိုင်းယှဉ်ကြည့်နိုင်ပြီး ကျောက်မှုန်အရွယ်အစားအလိုက် တွေ့ရသည့် မြေဆီလွှာ၏ ကွဲပြားခြားနားသော ဂုဏ်သတ္တိများကို လက်တွေ့စမ်းသပ်တတ်မည်။
  • ကမ္ဘာ့အပေါ်ခွံလွှာကို အလွန်ကြီးမားသော  မြေထုချပ်များဖြင့် မည်သို့ ဖွဲ့စည်းထားကြောင်း ဖော်ပြတတ်မည်။
  • မြေထုချပ်များနှင့် မြေထုချပ် ရွေ့လျားမှုတို့ကြောင့် မြေမျက်နှာသွင်ပြင် အမျိုးမျိုး ဖြစ်လာကြောင်းကို ရှင်းပြတတ်မည်။
  • လေထဲရှိ ဓာတ်ငွေ့များ၏အမည်ကို သိရှိခေါ်ဆိုတတ်ပြီး လေထု၏ ပေါင်းစပ်ဖွဲ့စည်းမှုပုံစံကို ဖော်ပြတတ်မည်။
  • လေတွင် အလေးချိန်ရှိကြောင်း ပြသတတ်မည်။
  • ရေထု၏အဓိပ္ပာယ်ကို ဖော်ပြ၍ ကွဲပြားသော ရေချိုရင်းမြစ်များကို ဖော်ထုတ်တတ်မည်။
  • သက်ရှိပုံစံများ အားလုံးအတွက် ရေ၏အရေးပါပုံကို သိမြင်တန်ဖိုးထားတတ်မည်။
  • ရေချိုဖြည့်တင်းမှုသည် မည်သို့သောအကြောင်းကြောင့်မျှ ခန်းခြောက်မသွားကြောင်းကို ရှင်းပြတတ်မည်။
  • ပင်လယ်ရေမှ ရေချိုကို ထုတ်ယူရန် လက်တွေ့စမ်းသပ်လုပ်ဆောင်တတ်မည်။
  • အာကာသနှင့် ဆက်နွှယ်သော အစုအဝေးများနှင့် အခြေအနေများကို အမည်သိရှိခေါ်ဆိုတတ်မည်။
  • လနှင့် နေတို့၏ နှိုင်းရအရွယ်အစားများနှင့် ကမ္ဘာမှ ၎င်းတို့ကြား အကွာအဝေးများကိုဖော်ပြတတ်မည်။
  • နေမှ အစဉ်လိုက်တည်ရှိနေသော ဂြိုဟ်များကို စာရင်းပြုစုခြင်းအပါအဝင် နေအဖွဲ့အစည်း၏အစိတ်အပိုင်းများကို ဖော်ပြတတ်မည်။
  • တွန်းအားနှင့် ဆွဲအားတို့ကို အခြေခံ၍ အား ဆိုသည်မှာ မည်သည်ဖြစ်ကြောင်း ရှင်းပြတတ်မည်။
  • ရွေ့လျားမှုအတွက် လိုအပ်သော အားများ၏ အခန်းကဏ္ဍကို သိမြင်၍  သက်ရောက်မှုကို လက်တွေ့စမ်းသပ်ပြသတတ်မည်။
  • မြန်နှုန်းသည် သွားသည့်အကွာအဝေးနှင့် ကြာသည့်အချိန်တို့ဖြင့် ဆက်စပ်နေကြောင်း အလေးထား သိမြင်လာမည်။
  • အလင်းသည် မျဉ်းဖြောင့်များအတိုင်းသွားကြောင်း သရုပ်ပြသင်ကြားတတ်မည်။
  • အလင်းပြန်ခြင်းနှင့် အလင်းယိုင်ခြင်းအကြောင်း ရှင်းပြတတ်မည်။
  • အရာဝတ္ထုများ၏ အရောင်သည် အဘယ်ကြောင့် မတူညီရကြောင်း ဆွေးနွေးတတ်မည်။
  • အသံသည် တုန်ခါမှုမှထုတ်လွှတ်သော စွမ်းအင်ပုံစံတစ်ရပ်ဖြစ်ကြောင်း ဖော်ထုတ်တတ်မည်။
  • အသံများတွင် မည်သို့သော ကွဲပြားသည့် စူးသံ (သို့မဟုတ်) ကွဲပြားသည့် ကျယ်လောင်သံ ရှိနိုင်ကြောင်း ရှင်းပြတတ်မည်။
  • လေကို ဖြတ်သွားသည့် အသံ၏ မြန်နှုန်းကို တိုင်းတာတတ်ပြီး မတူညီသော ကြားခံနယ်များတွင် အသံ၏မြန်နှုန်း ပြောင်းလဲကြောင်းကို ရှင်းပြတတ်မည်။
  • အပူသည် စွမ်းအင်ဖြစ်ကြောင်း ဖော်ထုတ်၍ အပူနှင့် အပူချိန်တို့အကြား ကွဲပြားမှုကို ရှင်းပြတတ်မည်။
  • အပူချိန်ပြောင်းလဲနှုန်းတစ်လျှောက် အပူမည်သို့ ကူးသွားကြောင်းကို ရှင်းပြတတ်မည်။
  • အပူလျှောက်ကူးခြင်း၊ အပူစီးကူးခြင်းနှင့်  အပူဖြာကူးခြင်းတို့ဖြစ်ပေါ်စဉ်  အပူမည်သို့ရွေ့လျားကြောင်း ဖော်ပြတတ်မည်။
  • လျှပ်စစ်သည် စွမ်းအင်ပုံစံတစ်ရပ်ဖြစ်ကြောင်း ဖော်ထုတ်တတ်မည်။
  • လျှပ်စစ်စီးရန်အတွက် လျှပ်စီးပတ်လမ်းပြည့်တစ်ခု၏ အရေးပါပုံကို သိမြင်တတ်မည်။
  • အရာဝတ္ထုပစ္စည်းများကို လျှပ်ကူးပစ္စည်းများ (သို့မဟုတ်) လျှပ်ကာပစ္စည်းများ ဟုတ်၊ မဟုတ်စမ်းသပ်ဆုံးဖြတ်တတ်မည်။
  • နေ့စဉ်ဘဝတွင် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများအား အသုံးပြုပုံကို ဖော်ပြ၍ ဘေးကင်းစွာ အသုံးပြုရန်အတွက် ဆွေးနွေးတတ်မည်။
  • သံလိုက်ဓာတ်သည် စွမ်းအင်ပုံစံ တစ်ရပ်ဖြစ်ကြောင်း သိရှိပြီး သံလိုက်တစ်ခု၏ ဝင်ရိုးစွန်းများကို ဖော်ထုတ်တတ်မည်။
  • သံလိုက်ဓာတ်ရှိသော ပစ္စည်းအချို့နှင့် သံလိုက်ဓာတ်မရှိသော ပစ္စည်းအချို့ကို ဖော်ထုတ်တတ်မည်။
  • သံလိုက်ဓာတ်၏ ဥပဒေသများကို ဖော်ပြ၍ လျှပ်စစ်သံလိုက်တစ်ခု ပြုလုပ်တတ်မည်။
  • မူလတန်းအဆင့် သိပ္ပံဘာသာရပ်တွင် သင်ယူမှုကို အထောက်အကူပြုနိုင်သည့် စစ်ဆေး အကဲဖြတ်ခြင်း နည်းဗျူဟာများနှင့်နည်းလမ်းများကို သိရှိလေ့လာနိုင်မည်။
  • မူလတန်း သိပ္ပံသင်ခန်းစာပြင်ဆင်ရာတွင် လိုအပ်သော အဆင့် ငါးဆင့်ကိုဖော်ထုတ်တတ်မည်။
  • မူလတန်းသိပ္ပံ သင်ခန်းစာအား ပြင်ဆင်သည့် အဆင့် ငါးဆင့်ကို အသုံးပြု၍ သင်ခန်းစာ စီစဉ်ရေးဆွဲတတ်မည်။
  • မူလတန်းကျောင်းအဆင့်၌ သိပ္ပံသင်ခန်းစာများကို သင်ကြားရာတွင် လိုအပ်သည့်ပစ္စည်းများ၏ အပိုင်းအခြားနှင့် အမျိုးအစားများကို ရှင်းပြတတ်မည်။
  • အုပ်စုငယ်ဖြင့် စမ်းသပ်သင်ကြားခြင်းဖြင့် မူလတန်း သိပ္ပံသင်ခန်းစာကောင်းတစ်ခုကို မည်သို့သင်ကြားနိုင်ကြောင်း စောင့်ကြည့်လေ့လာတတ်မည်။
  • မူလတန်းသိပ္ပံ သင်ခန်းစာကောင်းတစ်ခုကို မည်သို့သင်ကြားနိုင်ကြောင်း သရုပ်ပြတတ်မည်။

Please login to take this course

မော်ဂျူး (၁) သိပ္ပံဘာသာရပ်ကို မိတ်ဆက်ခြင်း

သိပ္ပံဘာသာရပ်ကိုမိတ်ဆက်ခြင်း

သင်ယူမှုလုပ်ငန်း (၁) သိပ္ပံနှင့်သိပ္ပံဘာသာရပ်ကို သင်ယူရခြင်း၏ ရည်ရွယ်ချက်များကို လေ့လာခြင်း

သင်ယူမှုလုပ်ငန်း(၂) မူလတန်းသိပ္ပံ၊ ဇီဝဗေဒပညာရပ်သင်ကြားရန် အခြေခံသင်နည်းအကြံပြုချက်များ

သင်ယူမှုလုပ်ငန်း (၃)

အောက်ပါတို့အနက် မည်သည်တို့သည် သိပ္ပံနည်းကျသော လေ့လာသင်ယူမှုဖြစ်ရန် အထောက်အကူ ပြုသနည်း။ အဖြေ(များ)ကို မှန်/မှား ရွေးချယ်ပါ။

အဖြေယှဉ်တွဲပါ။

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများ

မော်ဂျူး(၁) အနှစ်ချုပ်

မော်ဂျူး (၂) သိပ္ပံနည်းကျဆောင်ရွက်ခြင်း

ဉာဏ်ဖွင့်မေးခွန်းများ

သင်ယူမှုလုပ်ငန်း(၁)မူလတန်းအဆင့် သိပ္ပံဆိုင်ရာအခြေခံကျွမ်းကျင်မှုများ

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန်

သင်ယူမှုလုပ်ငန်း(၂) သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု

လက်တွေ့လုပ်ငန်း (၁) သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု လုပ်ငန်းစဉ်ပြင်ဆင် ရေးဆွဲခြင်း

သင်ယူမှုလုပ်ငန်း(၃) သိပ္ပံ အစီရင်ခံစာတစ်စောင်ကို ရေးသားခြင်း

လက်တွေ့လုပ်ငန်း(၂) သိပ္ပံ အစီရင်ခံစာတစ်စောင်ကို ရေးသားခြင်း

သင်ယူမှုလုပ်ငန်း(၄) သိပ္ပံဆိုင်ရာကျွမ်းကျင်မှုများ

လက်တွေ့လုပ်ငန်း- မျှတစွာစမ်းသပ်ခြင်း

သင်ယူမှုလုပ်ငန်း(၅)

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး(၃) ဇီဝဗေဒ

ဉာဏ်ဖွင့်မေးခွန်းများ

သင်ယူမှုလုပ်ငန်း(၁)

သင်ယူမှုလုပ်ငန်း(၂) အပင်၏ အစိတ်အပိုင်းများ

သင်ယူမှုလုပ်ငန်း(၃) အပင်များနှင့် သက်ရှိသတ္တဝါများ ကွဲပြားခြားနားချက်

သင်ယူမှုလုပ်ငန်း(၄) အပင်များကို ကြည့်ရှုလေ့လာခြင်း၊ အုပ်စုခွဲခြင်းနှင့် အမျိုးအစားသတ်မှတ်ခြင်း

လက်တွေ့လုပ်ငန်း- အပင်အုပ်စုခွဲခြင်း

သင်ယူမှုလုပ်ငန်း(၅)

သင်ယူမှုလုပ်ငန်း(၆) ပန်းပွင့်များ

သင်ယူမှုလုပ်ငန်း(၇) ဝတ်မှုန်ကူးခြင်း

သင်ယူမှုလုပ်ငန်း(၈)

သင်ယူမှုလုပ်ငန်း(၉) သက်ရှိသတ္တဝါလောက

သင်ယူမှုလုပ်ငန်း(၉) သက်ရှိသတ္တဝါလောက(အဆက်)

သင်ယူမှုလုပ်ငန်း(၁၀)

သင်ယူမှုလုပ်ငန်း(၁၁)

သင်ယူမှုလုပ်ငန်း(၁၂)

သင်ယူမှုလုပ်ငန်း(၁၃)

မေးခွန်းတို

အဖြေမှန်ယှဉ်တွဲပါ။

အောက်ပါတို့ကို မှား/မှန်ရွေးကာ ဖြေဆိုပါ။

အဖြေမှန်ရွေးပါ။

အဖြေမှန်ယှဉ်တွဲပါ။

ဖြစ်စဉ်၏ အစီအစဉ်အတိုင်းစီပါ။

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး(၄) ဒြပ်ဝတ္ထု

ဉာဏ်ဖွင့်မေးခွန်းများ

သင်ယူမှုလုပ်ငန်း(၁) ဒြပ်ဝတ္ထု၏ အခြေအနေသုံးရပ်

ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန်

လက်တွေ့လုပ်ငန်း

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၄) အလေးချိန်၊ ထုထည်နှင့် ပုံသဏ္ဌာန်

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၅) အရာဝတ္ထုများ၏ မြုပ်ခြင်း၊ပေါ်ခြင်း နှင့် ၎င်းတို့၏ အလေးချိန်၊ ထုထည်နှင့် ပုံသဏ္ဌာန်တို့ ဆက်စပ်နေကြောင်း စမ်းသပ်ချက်

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၆) ရေဒြပ်ဝတ္ထု၏အခြေအနေများ

သင်ယူမှုလုပ်ငန်း(၇) လေ၏ဂုဏ်သတ္တိများ

သင်ယူမှုလုပ်ငန်း(၈) သတ္တုများ၏ ဂုဏ်သတ္တိများ

ဆက်လက်လေ့လာစရာများ

ဉာဏ်စမ်းမေးခွန်းများ

သင်ယူမှုလုပ်ငန်း(၉) ဒြပ်ဝတ္ထု၏ ဂုဏ်သတ္တိများ-ရုပ်ပြောင်းလဲခြင်းနှင့် ဓာတ်ပြောင်းလဲခြင်း

သင်ယူမှုလုပ်ငန်း(၁၀) ရုပ်ပြောင်းလဲမှုများ

သင်ယူမှုလုပ်ငန်း(၁၁) ဓာတ်ပြောင်းလဲမှုများ

အမှန်ရွေးကာဖြေဆိုပါ။

မှန်/မှား ဖြေဆိုပါ။

အောက်ပါတို့သည် ရုပ်ပြောင်းလဲခြင်း (သို့မဟုတ်) ဓာတ်ပြောင်းလဲခြင်း ဖြစ်ပါသလား။

သင်ယူမှုလုပ်ငန်း(၁၂) ဝတ္ထုပစ္စည်းများ၏ ဂုဏ်သတ္တိများနှင့် ၎င်းတို့ကို အသုံးပြုပုံများ

မှား/မှန်ရွေးကာဖြေဆိုပါ။

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး(၄) အနှစ်ချုပ်

မော်ဂျူး(၅) ရူပဗေဒ

ဉာဏ်ဖွင့်မေးခွန်းများ

မော်ဂျူး(၅.၁)ကမ္ဘာမြေကြီးနဲ့ အာကာသသိပွံ

ကျောက်အမျိုးအစားများ

သင်ယူမှုလုပ်ငန်း(၁) မိုးဒဏ်လေဒဏ်ကြောင့်လွင့်ပြယ်မှုနှင့် တိုက်စားမှု

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၂) မြေဆီလွှာတွင် ဖွဲ့စည်းပါဝင်မှု

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၃) မြေဆီလွှာ၏ မတူညီသော ရေထိန်းသိမ်းထားနိုင်သည့် ဂုဏ်သတ္တိများ

သင်ယူမှုလုပ်ငန်း(၃) မြေဆီလွှာ၏ မတူညီသော ရေထိန်းသိမ်းထားနိုင်သည့် ဂုဏ်သတ္တိများ (အဆက်)

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၄) မြေထု

အောက်ပါတို့ကိုယှဉ်တွဲဖြေဆိုပါ။

မြေဆွေးတွင် ပါဝင်နိုင်သော အရာများကို ‌ရွေးပါ။

အဖြေမှန်ကို ရွေးချယ်ပါ။

မှန်/မှား ရွေးပါ။

အဖြေမှန်ယှဉ်တွဲပါ။

Delete

အဖြေမှန်ယှဉ်တွဲပါ။

အဖြေမှန်(များ)ရွေးပါ။

လက်တွေ့လုပ်ငန်း

မှန်/မှား ရွေးပါ။

ဖြစ်စဉ်အတိုင်း စီစဉ်ပါ။

၅.၁.၃ အာကာသ

အခေါ်အဝေါ်များကိုအစဉ်တိုင်းစီစဉ်ပါ။

အစဉ်အတိုင်းစီပါ။

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး(၅.၂) အားများနှင့်အရွေ့

ဉာဏ်ဖွင့်မေးခွန်းများ

၅.၂.၁ အား (Force)

အောက်ပါလုပ်ငန်းများ ပြုလုပ်သည့်အခါ မည်သည့်သောအား ဖြစ်ပေါ်သနည်း။ အဖြေမှန်ရွေးပါ။

မှန်ရာယှဉ်တွဲပါ။

သင်ယူမှုလုပ်ငန်း (၃)မြန်နှုန်း

လက်တွေ့လုပ်ငန်း

၅.၂.၂ အလင်း (Light)

သင်ယူမှုလုပ်ငန်း(၄)အလင်းသည် မျဉ်းဖြောင်းအတိုင်းသွားကြောင်း စမ်းသပ်ချက်

လက်တွေ့လုပ်ငန်း

မှား/မှန်ရွေးကာ ဖြေဆိုပါ။

လက်တွေ့လုပ်ငန်း

မှန်/မှား ရွေးကာ ဖြေဆိုပါ။

အောက်ပါအသံများကို အသံတိုး၊ အသံကျယ်၊ အသံအလွန်ကျယ် ခွဲခြားပါ။

အစဉ်လိုက်စီစဉ်ပါ။

မေးခွန်းတို

မေးခွန်းတို

အမှန်ရွေးကာဖြေဆိုပါ။

၅.၂.၄ အပူ(Heat)

အဖြေမှန်(များ)ရွေးပါ။

လက်တွေ့လုပ်ငန်း

၅.၂.၅ လျှပ်စစ်(Electric)

သင်ယူမှုလုပ်ငန်း(၁၀)

အဖြေမှန်ရွေးပါ။

သင်ယူမှုလုပ်ငန်း(၁၂)လျှပ်စီးပတ်လမ်း

ဉာဏ်စမ်းမေးခွန်း

လက်တွေ့လုပ်ငန်း

၅.၂.၆ သံလိုက်(Magnet)

သင်ယူမှုလုပ်ငန်း(၁၃)

သင်ယူမှုလုပ်ငန်း(၁၄) ရိုးရှင်းသည့် သံလိုက်အိမ်မြှောင်တစ်ခုကို လက်တွေ့ပြုလုပ်ပုံ

လက်တွေ့လုပ်ငန်း

သင်ယူမှုလုပ်ငန်း(၁၅) ယာယီလျှပ်စစ်သံလိုက်တစ်ခု ပြုလုပ်ပုံ

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး(၅) အနှစ်ချုပ်

မော်ဂျူး(၆) သိပ္ပံဘာသာရပ်ကို စစ်ဆေးအကဲဖြတ်ခြင်း

ဉာဏ်ဖွင့်မေးခွန်းများ

မော်ဂျူး(၆.၁) စစ်ဆေးအကဲဖြတ်ခြင်း

သင်ယူမှုလုပ်ငန်း(၁) သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း

သင်ယူမှုလုပ်ငန်း(၂) သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းအမျိုးအစားများ

လက်တွေ့လုပ်ငန်း- သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများပြင်ဆင်ခြင်း

မော်ဂျူး(၆.၂) သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း

သင်ယူမှုလုပ်ငန်း(၃) မူလတန်းသိပ္ပံစာအုပ်များတွင်တွေ့ရသော သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းမေးခွန်းအမျိုးအစားများ

လက်တွေ့လုပ်ငန်း- မူလတန်းသိပ္ပံစာအုပ်များရှိ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းမေးခွန်းများကိုလေ့လာခြင်း

သင်ယူမှုလုပ်ငန်း(၄) သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း အမျိုးအစားများ

လက်တွေ့လုပ်ငန်း - မူလတန်းသိပ္ပံ မေးခွန်းများထုတ်ခြင်း

အဖြေမှန်(များ)ရွေးပါ။

အဖြေမှန်ယှဉ်တွဲပါ။

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး(၆) အနှစ်ချုပ်

မော်ဂျူး(၇) သင်ပြမှုပုံစံများ

ဉာဏ်ဖွင့်မေးခွန်းများ

မော်ဂျူး(၇.၁) သင်ခန်းစာဒီဇိုင်းရေးဆွဲခြင်း

သင်ယူမှုလုပ်ငန်း(၁) သိပ္ပံသင်ပြမှုပုံစံ ပြင်ဆင်ရာတွင် အရေးကြီးသည့်အချက်များ

လက်တွေ့လုပ်ဆောင်ခြင်း- သင်ပြမှုပုံစံတစ်ရပ်ရေးသားခြင်း

သင်ယူမှုလုပ်ငန်း(၂) ကောင်းမွန်သော သိပ္ပံသင်ပြမှုပုံစံတစ်ခု၏ အင်္ဂါရပ်များ

လက်တွေ့လုပ်ငန်း- သင်၏ သင်ပြမှုပုံစံကို ဆန်းစစ်ခြင်း

မှား/မှန် ရွေးချယ်ပါ။

ပြန်လည်ဆန်းစစ်ရန် မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူး(၇) အနှစ်ချုပ်

မေးခွန်းတို

ဆက်လက်ဖတ်မှတ်လေ့လာစရာများ

Related Courses

chatGPTicon