အခြေခံပညာအလယ်တန်း ICT သင်ကြားခြင်း
5
(1 Reviews)
Certified
6 hour(s)
335 Enrollment(s)
3562 View(s)

Share On :
Course Description
Course Objectives
Learning Outcomes
- အလယ်တန်းကျောင်းရှိ ဆရာတစ်ဦးအတွက် ICT သည် အဘယ်ကြောင့် အရေးကြီးကြောင်း ရှင်းပြတတ်မည်။
- မြန်မာနိုင်ငံ အလယ်တန်းကျောင်း စာသင်ခန်း၏ သင်ကြားသင်ယူမှုတွင် ICT ၏ အရေးပါပုံကို ဆွေးနွေးတတ်မည်။
- မြန်မာနိုင်ငံ အလယ်တန်းကျောင်းနှင့် စာသင်ခန်းများတွင် ICT ၏ အခန်းကဏ္ဍကို ဖော်ပြတတ်မည်။
- မိုဘိုင်းဖုန်း၏လည်ပတ်မှုစနစ်နှင့် ၎င်း၏ အရေးပါပုံကို သိရှိဖော်ပြတတ်မည်။
- iOS နှင့် Android တို့၏ မတူညီသော လုပ်ဆောင်မှု စနစ်များကို ရှင်းပြတတ်မည်။ စာသင်ခန်းအတွင်းနှင့် စာသင်ခန်းပြင်ပတွင်၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်ရန်၊ ဆက်သွယ်ရန်နှင့် လုပ်ငန်းအစီအစဥ်များ ဖန်တီးရန် မိုဘိုင်းဖုန်းများကို အသုံးပြုနည်းကို သရုပ်ပြတတ်မည်။
- သင်ကြားရေးနှင့် သင်ယူမှုလုပ်ငန်းစဥ်တွင် မိုဘိုင်း app များ ပေါင်းစပ်ထည့်သွင်းခြင်းကို လေ့ကျင့်တတ်မည်။ သင်ထောက်ကူများ ပါ၀င်သော သက်ဆိုင်ရာ သင်ခန်းစာတစ်ခု ဖန်တီးရန် တင်ဆက်ပြသမှု ဆော့ဖ်ဝဲကို အသုံးပြုတတ်မည်။
- သင်ကြားရေးနှင့် သင်ယူမှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တင်ဆက်ပြသမှု ကိရိယာများကို အသုံးပြုခြင်း၏ အရေးကြီးပုံကို နားလည်သဘောပေါက်လာမည်။
- စိတ်ဝင်စားဖွယ်ကောင်းသော တင်ဆက်ပြသမှု တစ်ခု၏ အဓိက အစိတ်အပိုင်းများကို ရှင်းပြတတ်မည်။
- သင်ထောက်ကူ၏ ထိရောက်မှုကို အကဲဖြတ်တတ်မည်။
- Spreadsheet application တစ်ခု၏ အခြေခံ အင်္ဂါရပ်များကို ဖော်ပြတတ်မည်။
- Spreadsheet program နှင့် အကျွမ်းတဝင်ဖြစ်ရန် လေ့ကျင့်ခန်းများနှင့် နည်းလမ်းများကို ရှာဖွေ လုပ်ဆောင်တတ်မည်။
- Workbook ကို ဖန်တီးခြင်း၊ ဖွင့်ခြင်း၊ ကြည့်ရှုခြင်း၊ သိမ်းဆည်းခြင်းနှင့် ပိတ်ခြင်းတို့ လုပ်ဆောင်တတ်မည်။
- Spreadsheet တစ်ခုကို ဖန်တီးခြင်း၊ ဒီဇိုင်းဆွဲခြင်းနှင့် အပြင်အဆင်များ လုပ်ဆောင်တတ်မည်။
- Spreadsheet ကို အပြင်အဆင် ပုံစံချခြင်း လုပ်ဆောင်တတ်မည်။
- အခြေခံ လုပ်ဆောင်ချက်များကို spreadsheet တစ်ခုတွင် ထည့်သွင်းတတ်မည်။
- Spreadsheet တစ်ခုတွင် ထည့်သွင်းလိုသည့် လုပ်ဆောင်ချက်များကို ရွေးချယ်ရန် function library ကို အသုံးပြုတတ်မည်။
- Spreadsheet တစ်ခုတွင် အချက်အလက်များကို စီစစ်ပြီး စစ်ထုတ်တတ်မည်။
- မီဒီယာများသည် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ သတင်းအချက်အလက်များကို မည်သို့ရွေးချယ်၊ တည်းဖြတ်၊ ပြောင်းလဲသည်ကို ဆွေးနွေးတတ်မည်။
- အုပ်စု၊ အဖွဲ့အစည်းနှင့် နယ်မြေ (ဥပမာ - ကိုးကွယ်သည့်ဘာသာ၊ ကျား/မ၊ လူမျိုး၊ နိုင်ငံရေးမူဝါဒ စသည်ဖြင့်) ကိုလိုက်၍ ပုံသေကားကျ သတ်မှတ်ထားပြီး သတင်းရေးသားသော မီဒီယာနှင့် ဘက်လိုက်မှုထားပြီး ရေးသားသော မီဒီယာ စသည့် မီဒီယာ၏ ယေဘုယျ ကိုယ်စားပြုမှုကို ခွဲခြားဖော်ထုတ်တတ်မည်။
- သတင်းမီဒီယာတွင် ဖော်ပြထားသော အကြောင်းအရာများနှင့် သတင်းရင်းမြစ်များကို အကဲဖြတ် သုံးသပ်တတ်မည်။
- မီဒီယာပိုင်ဆိုင်မှု (ပုဂ္ဂလိက၊ အစိုးရနှင့် ပြည်သူပိုင်) သည် သတင်းလုပ်ငန်းစဉ်များ (သတင်းရင်းမြစ်ရယူခြင်း၊ ရေးသားခြင်း)နှင့် သတင်းတွင်ထည့်သွင်း ဖော်ပြမည့် အကြောင်းအရာ (သတင်းဆောင်းပါးများ) တို့အပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိသည်ကို ဆွေးနွေးတတ်မည်။
- မီဒီယာနှင့် သတင်းအချက်အလက် ပလက်ဖောင်းတွင် ကြော်ငြာများ၏ အရေးကြီးပုံကို ဖော်ပြတတ်မည်။
- တိကျမှန်ကန်မှု၊ (ယဉ်ကျေးမှုနှင့် ဘာသာရေး) အကဲဆတ်ခြင်းတို့ကို ဂရုပြုမှုနှင့် အချိန်နှင့် တစ်ပြေးညီဖော်ပြနိုင်မှု စသည့် စံနှုန်းများကို အသုံးပြုပြီး မီဒီယာတွင် ဖော်ပြထားသော အကြောင်းအရာများကို ဝေဖန်ဆန်းစစ် အကဲဖြတ်တတ်မည်။
- ဒစ်ဂျစ်တယ် သရုပ်သကန် (digital identity) ၏ သဘောတရားကို အဓိပ္ပာယ်ဖွင့်ဆို တတ်မည်။
- လူမှုမီဒီယာ (social media) ကို ယဉ်ကျေးမှု ရှိစွာ အသုံးပြုတတ်မည်။
- အွန်လိုင်းပေါ်တွင် မိမိ၏ ဒစ်ဂျစ်တယ် သရုပ်သကန် (digital identity) နှင့် ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းအချက်အလက်များကို ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှင်းပြတတ်မည်။
- လုပ်ကြံရေးသားထားသော သတင်းများ (disinformation)၊ သတင်းအမှားများ (misinformation)၊ ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ပုံမှားရိုက်ထားသော သတင်းများ (malinformation) နှင့် အမုန်းစကားများ (hate speech) စသည့် သတင်းအချက်အလက် ကစဉ့်ကလျားဖြစ်ခြင်းများကို ခွဲခြားသိရှိတတ်မည်။
- အယ်ဂိုရီသမ် (algorithms) များ မည်ကဲ့သို့ လုပ်ဆောင်သည်နှင့် အသံတူ၊ အတွေးအခေါ်တူ၊ ယုံကြည်မှု တူသူများ စုဝေးတည်ရှိနေသော ပတ်ဝန်းကျင်တစ်ခု (echo chamber) ကို ဖန်တီးခြင်း အပါအဝင် သတင်းလုပ်ငန်းစဉ် အပေါ် ၎င်းတို့ မည်သို့ သက်ရောက်မှု ရှိသည်ကို ရှင်းပြတတ်မည်။
- မှန်ကန်တိကျသော ရှာဖွေမှု အသုံးအနှုန်းများကို အသုံးပြု၍ တိကျသေချာသော ရှာဖွေမှု နည်းလမ်းဖြင့် ထိရောက်စွာ ရှာဖွေတတ်မည်။
- ကြော်ငြာများနှင့် ရှာဖွေမှုရလဒ်များကို ခွဲခြားတတ်မည်။
- ရှာဖွေရေးပရိုဂရမ်များကို အကောင်းဆုံးအသုံးချခြင်း (SEO) အပေါ် နားလည်မှုကို ပြသတတ်မည်။
- MOOCs ကို နားလည်ပြီး စမ်းသပ်လုပ်ဆောင်တတ်မည်။
- အဖွဲ့လိုက် တစ်ပြိုင်နက်တည်း တွေ့ဆုံဆွေးနွေးမှု၊ အသံခေါ်ဆိုမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများ တပ်ဆင်နည်းကို ရှင်းပြတတ်မည်။
- App များ၊ laptop/desktop software များကို အသုံးပြုပြီး ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခြင်း (video conferencing) ကို သရုပ်ပြ သင်ကြားတတ်မည်။
- တက်ကြွသော သင်ကြားသင်ယူမှု ဖြစ်စေရန် ကူညီလမ်းညွှန်မှုပေးခြင်းကို ICT အသုံးပြုခြင်းအားဖြင့် တည်ဆောက်တတ်မည်။
- အော့ဖ်လိုင်း နှင့် အွန်လိုင်း စစ်ဆေးအကဲဖြတ်ခြင်း စနစ်များအကြား ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
- ICT နည်းလမ်းတစ်ခုခုကို အသုံးပြု၍ သရုပ်ပြခြင်းဖြင့် ပညာရေးတွင် ထိရောက်သော အော့ဖ်လိုင်း စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများကို ဖော်ပြတတ်မည်။
- ပညာရေးတွင် အော့ဖ်လိုင်း စစ်ဆေးအကဲဖြတ်သည့် နည်းလမ်းများဖြင့် စစ်ဆေးအကဲဖြတ် တတ်မည်။
- အွန်လိုင်း စစ်ဆေးအကဲဖြတ်မှု ပုံစံအမျိုးမျိုးကို လက်တွေ့ ကျင့်သုံးတတ်မည်။
- ဆရာများအတွက် ရွေးချယ်စရာများစွာရှိသော ပညာရေး သင်ယူမှု ပလက်ဖောင်းများ (ဥပမာ - google word အသုံးပြုနည်း) အပါအဝင် အွန်လိုင်းတွင် အသုံးပြုသည့် စစ်ဆေးအကဲဖြတ်သည့် နည်းလမ်း/ကိရိယာများစွာကို ဖော်ထုတ်တတ်မည်။
- နမူနာ အွန်လိုင်း စာမေးပွဲများကို ပြုလုပ်ဖန်တီးတတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) နှင့် မိတ်ဆက်ခြင်း
နေ့စဉ်ဘဝတွင် ICT ၏ ပါဝင်မှု အခန်းကဏ္ဍ
၁.၁။ ICT သင်ကြားရခြင်း၏ ရည်ရွယ်ချက်များ
မော်ဂျူး (၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၁) အတွက် ဉာဏ်စမ်းမေးခွန်းများ
မော်ဂျူး (၁) အတွက် ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ (ICT) ၏ အခြေခံ သဘောတရားများ
၂.၁။ မိုဘိုင်းနည်းပညာ မိတ်ဆက်ခြင်း
စာသင်ခန်းအတွင်း ICT ကို အသုံးပြုခြင်းအကြောင်း ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၂) အတွက် သင်ယူမှုလုပ်ငန်း
မော်ဂျူး (၂) အတွက် ဉာဏ်စမ်းမေးခွန်းများ
မော်ဂျူး (၂) အတွက် ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး ၃။ ကွန်ပျူတာ အသုံးပြုခြင်း
၃.၁။ တင်ဆက်ပြသခြင်း
မော်ဂျူးငယ် (၃.၁) အတွက် ဗီဒီယိုသင်ခန်းစာ
၃.၂။ Spreadsheet များ
မော်ဂျူးငယ် (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
spreadsheet အပြင်အဆင်သတ်မှတ်ခြင်း
မော်ဂျူးငယ် (၃.၂) အတွက် သင်ယူမှုလုပ်ငန်း (၁)
ပုံသေနည်းများနှင့် လုပ်ဆောင်ချက်များအကြောင်း ဗီဒီယိုသင်ခန်းစာ
မော်ဂျူးငယ် (၃.၂) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၃) အတွက် ဉာဏ်စမ်းမေးခွန်းများ
မော်ဂျူး (၃) အတွက် ပြန်လည်ဆန်းစစ်ရန်မေးခွန်းနှင့် အဖြေ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူး ၄။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသား ဖြစ်မှု
၄.၁။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု
သတင်းအဖြစ် ဖော်ပြထိုက်သည့် တန်ဖိုးထားမှု (၅) ချက်
မော်ဂျူးငယ် (၄.၁) အတွက် သင်ယူမှုလုပ်ငန်း
၄.၂။ ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသားဖြစ်မှု
မော်ဂျူးငယ် (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူးငယ် (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း၏ အဆက်
မော်ဂျူး (၄) အတွက် ဉာဏ်စမ်းမေးခွန်းများ (၁)
၄.၃။ ဒစ်ဂျစ်တယ်၏ ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း
မော်ဂျူး (၄) အတွက် ဉာဏ်စမ်းမေးခွန်းများ (၂)
မော်ဂျူးငယ် (၄.၃) အတွက် ဗီဒီယိုသင်ခန်းစာ၏ အဆက်
မော်ဂျူး (၄) အတွက် ဉာဏ်စမ်းမေးခွန်းများ (၃)
မော်ဂျူး (၄) အတွက် ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူး ၅။ အင်တာနက်နှင့် ပြောဆိုဆက်သွယ်ခြင်း
၅.၁။ ဝက်ဘ်၏ သဘောသဘာဝ
မော်ဂျူးငယ် (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အွန်လိုင်း ဗီဒီယိုများ
အွန်လိုင်းသင်ယူမှုအရင်းအမြစ်များ
၅.၂။ တစ်ပြိုင်နက်ဖြစ်သော စုံညီစည်းဝေးခြင်း
ဗီဒီယို စုံညီစည်းဝေးခြင်း၏ သဘောသဘာဝ
မော်ဂျူးငယ် (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၅) အတွက် ဉာဏ်စမ်းမေးခွန်းများ
မော်ဂျူး (၅) အတွက် ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူး ၆။ ပညာရေးနယ်ပယ်မှ ICT
၆.၁။ တက်ကြွသောသင်ယူမှုတွင် ICT ကိုအသုံးပြုခြင်း
မော်ဂျူး (၆) အတွက် ဉာဏ်စမ်းမေးခွန်း (၁)
မော်ဂျူး (၆) အတွက် သင်ယူမှုလုပ်ငန်း
၆.၂။ စစ်ဆေးအကဲဖြတ်ခြင်းတွင် ICT ကို အသုံးပြုခြင်း
မော်ဂျူး (၆) အတွက် ဉာဏ်စမ်းမေးခွန်း (၂)
စစ်ဆေးအကဲဖြတ်ခြင်းတွင် ICT ကို အသုံးပြုခြင်း၏ အဆက်
မော်ဂျူး (၆) အတွက် ဉာဏ်စမ်းမေးခွန်း (၃)
မော်ဂျူး (၆) အတွက် ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ
မော်ဂျူး (၆) အနှစ်ချုပ်
Summary
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ/ထပ်ဆောင်းရင်းမြစ်များ
Related Courses
