အခြေခံပညာမူလတန်း ICT သင်ကြားခြင်း
5
(1 Reviews)
Certified
6 hour(s)
528 Enrollment(s)
6918 View(s)

Share On :
Course Description
ဤသင်တန်းတွင် မူလတန်းကျောင်းသားများကို ထိရောက်စွာ သင်ကြားပေးနိုင်သည့် ဆရာတစ်ဦး ဖြစ်လာစေရန်အတွက် ICT ဘာသာရပ်ဆိုင်ရာ အသိပညာများသာမက မူလတန်း ကျောင်းသားများအား ICT ဘာသာရပ်ကို စိတ်ပါဝင်စားမှုရှိလာအောင် သင်ကြားပို့ချပေးနိုင်သည့် နည်းလမ်းများ၊ နည်းဗျူဟာများကိုလည်း လေ့လာရမည် ဖြစ်ပါသည်။
ဤ သင်တန်းတွင် အဓိကအားဖြင့် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် -
- မော်ဂျူး (၁) ICT ဘာသာရပ်မိတ်ဆက်
- မော်ဂျူး (၂) ICT အခြေခံအယူအဆများ
- မော်ဂျူး (၃) ကွန်ပျူတာအသုံးပြုခြင်း (စာစီစာရိုက်ခြင်း)
- မော်ဂျူး (၄) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသားဖြစ်မှု (၁)
- မော်ဂျူး (၅) အင်တာနက်နှင့် ပြောဆိုဆက်သွယ်ခြင်း
- မော်ဂျူး (၆) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသားဖြစ်မှု (၂)
- မော်ဂျူး (၇) ကွန်ပျူတာအသုံးပြုခြင်း (တင်ဆက်ပြသခြင်း - Presentation)
- မော်ဂျူး (၈) ပညာရေးနယ်ပယ်မှ ICT
အဓိက အသုံးအနှုန်းများ
ဂဏန်းသင်္ချာနှင့် ယုတ္တိဆိုင်ရာအပိုင်း (Arithmetic Logic Unit - ALU)၊ ဉာဏ်ရည်တု (Artificial Intelligence - AI)၊ တစ်ပြိုင်နက်မဟုတ်သော (Asynchronous)၊ စီဒီရွမ် (CD-ROM)၊ ပင်မတွက်ချက်လုပ်ဆောင်သည့်အပိုင်း (Central Processing Unit - CPU)၊ ထိန်းချုပ်ရေးအပိုင်း (Control Unit)၊ အစည်းအဝေးပြုလုပ်ခြင်း (Conferencing)၊ မူပိုင်ခွင့် (Copyright)၊ ဒီမိုကရေစီ (Democracy)၊ ဒစ်ဂျစ်တယ် (Digital)၊ ဒီဗွီဒီ (DVE)၊ဖိုင် (File)၊ ဖလက်ရှ်ဒရိုက် (Flash drive)၊ဖိုင်တွဲ (Folder)၊ လွတ်လပ်စွာထုတ်ဖော်ခွင့် (Freedom of Expression)၊ ဂရပ်ဖစ်ယူဇာအင်တာဖေ့စ် (Graphic User Interface - GUI)၊ ဟာ့ဒ်ဒစ်စ်ဒရိုက် (Hard Disk Drive - HDD)၊ သတင်းအချက်အလက်ဆိုင်ရာ တတ်ကျွမ်းမှု (Information Literacy)၊ အချက်အလက်ထည့်သွင်းပေးသော စက်ပစ္စည်း (Input Device)၊ အင်တာနက် (Internet)၊ ဂျွိုင်းစတစ် (Joystick)၊Local Area Network (LAN)၊ မီဒီယာ (Media)၊ မီဒီယာဆိုင်ရာ တတ်ကျွမ်းမှု (Media Literacy)၊ မှတ်ဉာဏ် (Memory)၊ Metropolitan Area Network (MAN)၊ မိုဒမ်း (Modem)၊ Operating Systems၊ အလင်းအခြေပြု စာလုံးမှတ်သားခြင်း(Optical character recognition)၊ အချက်အလက် ပြန်လည်ကြည့်ရှုရယူနိုင်သော စက်ပစ္စည်း (Output device)၊ အချက်အလက်များ တွက်ချက်ပြုပြင်စီမံသောစက် (Processing device)၊ သတင်းအချက်အလက် လွတ်လပ်စွာ ရယူပိုင်ခွင့် (Right to Information)၊ (Solid-state Storage Drive – SSD)၊ အသံမှတ်သားခြင်းနည်းပညာ (Voice recognition)၊ Wide Area Network (WAN)။
Course Objectives
ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ သင်ယူသူများအတွက် ICT နှင့်ဆက်စပ်သော အခြေခံ ဗဟုသုတများ ပို့ချပေးရန်၊ သင်ကြားခြင်း၊ သင်ယူခြင်းနှင့် အတတ်ပညာဖွံ့ဖြိုးတိုးတက်မှုတို့တွင် ICT ကို အသုံးပြုရန်နှင့် ကျောင်းသူ၊ကျောင်းသားငယ်လေးများအား ICT ကို ပြန်လည် သင်ကြားပေးနိုင်စေရန်တို့ ဖြစ်ပါသည်။
Learning Outcomes
- ICT (ကွန်ပျူတာအသုံးပြုခြင်းဆိုသည်ထက် ပိုမိုကျယ်ပြန့်နက်နဲသော)၏ အဓိပ္ပာယ်နှင့် ၎င်းသည် ဆရာများအတွက် အရေးကြီးပုံ ရှင်းပြတတ်မည်။
- မြန်မာ့မူလတန်းကျောင်းများနှင့် စာသင်ခန်းများတွင် ICT ၏ အခန်းကဏ္ဍနှင့် အရေးပါမှုကို နားလည်လာမည်။
- အဓိက ICT နယ်ပယ် (၅) ခုအကြောင်း ရှင်းပြတတ်မည်။
- သင်ရိုးညွှန်းတမ်းတိုင်းမှ ICT အစိတ်အပိုင်းများ၊ ပြန်လည်သုံးသပ်မှုရှိသော အလေ့အထများ၊ ဆရာများအတွက် မရှိမဖြစ်ကျွမ်းကျင်မှုများနှင့် လက်တွေ့သင်ကြားခြင်း လေ့ကျင့်ခန်းများ စသည့် ICT နှင့် အခြားဘာသာရပ်များ၊ သင်ယူမှုနယ်ပယ်များအကြားရှိသော ဆက်နွှယ်မှုများကို ရှင်းပြတတ်မည်။
- ကွန်ပျူတာစနစ်အတွင်းရှိ Hardware ၏ တည်ဆောက်ပုံများနှင့် လုပ်ဆောင်ချက်များ (input, CPU, output နှင့် storage) အကြောင်းကို သရုပ်ဖော်ရှင်းပြတတ်မည်။
- Input output စက်အမျိုးမျိုး၏ ဝိသေသများ၊ အားသာချက်များ၊ အားနည်းချက်များ၊ ၎င်းစက်များ၏ ရနိုင်သောပုံစံအမျိုးမျိုးအပြင် အခြေအနေနှင့်ကိုက်ညီဆီလျော်မှုရှိသော စက်အမျိုးအစားကို ရွေးချယ်ရှင်းပြတတ်မည်။
- ကွန်ပျူတာစနစ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့ပုံ သမိုင်းတစ်လျှောက်ကို ရှင်းပြတတ်မည်။
- ကွန်ပျူတာအမျိုးအစားအမျိုးမျိုးတို့၏ ဝိသေသများကို နှိုင်းယှဉ်ချိန်ထိုးပြတတ်မည်။
- စနစ်သုံး Software နှင့် Application software များ၏ လုပ်ဆောင်ချက်များကို နားလည်ပြီး Windows ကဲ့သို့သော Operating Systems များ၏ လုပ်ဆောင်ချက်များကို ရှင်းပြတတ်မည်။
- အချက်အလက် သိုလှောင်သိမ်းဆည်းသည့် စက်များသည် Random သို့မဟုတ် sequential access ဖြစ်ခြင်း၊ volatile သို့မဟုတ် non-volatile ဖြစ်ခြင်း၊ အချက်အလက်ကူးနှုန်းနှင့် သိမ်းဆည်းနိုင်စွမ်းဟူသည့် အချက်များနှင့် ဆိုင်သည့် ဝိသေသများ၊ လုပ်ဆောင်ချက်များကို ရှင်းပြတတ်မည်။
- ဖိုင်များ၊ ဖိုင်တွဲများ စီမံခန့်ခွဲသိမ်းဆည်းခြင်းအကြောင်းကို နားလည်လာမည်။
- Windows Operating System ကဲ့သို့သော Operating System ပေါ်တွင် အခြေခံ လုပ်ဆောင်မှုများကို လုပ်ဆောင်တတ်မည်။
- System အတွင်းသို့ ဖောင့်များထည့်သွင်းခြင်းနှင့် စာရိုက်ခြင်းကို လုပ်ဆောင်တတ်မည်။
- စာစီစာရိုက် Application တစ်ခု၏ အခြေခံ လက္ခဏာများကို ဖော်ပြတတ်မည်။
- Microsoft Word ကဲ့သို့သော စာစီစာရိုက်ခြင်း လုပ်ငန်း၏ အခြေခံလုပ်ဆောင်မှုများကို ဖော်ပြလေ့ကျင့်တတ်မည်။
- မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်ကျွမ်းမှု (MIL) အကြောင်းကို လည်းကောင်း၊ မူလတန်းပြဆရာတစ်ဦးအတွက် MIL သည် သင်ကြားရေးတွင်သာမက အခြားကိစ္စရပ်များတွင်ပါ အရေးပါပုံကိုလည်းကောင်း ရှင်းပြတတ်မည်
- သတင်းအချက်အလက်ပေးသူအမျိုးမျိုးနှင့် မီဒီယာအမျိုးမျိုးတို့ ကွဲပြားခြားနားမှုကို နားလည် သဘောပေါက်လာမည်။
- သတင်းအချက်အလက်ပေးသူများ၏ လုပ်ငန်းများနှင့် မီဒီယာ၏ လုပ်ဆောင်ချက်အကြား ကွဲပြားခြားနားမှုအပြင် ဒီမိုကရေ စီ စနစ်အတွင်း ယင်းတို့၏ အခန်းကဏ္ဍကို နားလည်သဘောပေါက်လာမည်။
- အင်တာနက်ပေါ်မှ ဒေတာအချက်အလက်များ ပေးပို့ပုံနှင့် ဆက်စပ်သော အကြောင်းအရာ (IP, URL, DNS နှင့် HTTP စသည်)တို့ကို နားလည်လာမည်။
- ကွန်ရက်ချိတ်ဆက်ရန် လိုအပ်သည့် Hardware များ၏ လုပ်ငန်းများကို ရှင်းပြတတ်မည်။
- ကွန်ရက်ချိတ်ဆက်ထားသည့် ဝန်းကျင်တစ်ခုတွင် အသုံးပြုနိုင်သည့် ကွန်ရက်တွင်း စာပို့ခြင်း၊ ရင်းမြစ်မျှဝေသုံးစွဲခြင်း၊ စုံညီစည်းဝေးခြင်း (Conferencing) စသည့် အသုံးများသော ဝန်ဆောင်မှုများ အကြောင်းကို ဖော်ပြတတ်မည်။
- အင်တာနက်ချိတ်ဆက်ရယူမှုတွင် အသုံးများသည့်နည်းလမ်းများကို အမြန်နှုန်း၊ ကုန်ကျစရိတ်၊ လုံခြုံမှုနှင့် ရလွယ်မှုတို့ကို အခြေခံ၍ နှိုင်းယှဉ်တတ်မည်။
- Asynchronous Conferencing အားသာချက်၊ အားနည်းချက်များကို နားလည်သဘောပေါက်လာမည်။
- အီးမေးလ်အကောင့် ဖွင့်တတ်မည်။
- စာရေးသားခြင်း၊ စာပို့ခြင်း၊ စာပြန်ခြင်း၊ စာကို တစ်ဆင့်ပြန်ပို့ခြင်း၊ ဖိုင်တွဲခြင်း၊ အမည် စာသားသတ်မှတ်ခြင်း၊ စိစစ်ခွဲထုတ်ခြင်း စသည့်အီးမေးလ်စနစ်ကို အသုံးပြုတတ်မည်။
- အင်တာနက် အသုံးပြုသည့်အခါ ကြုံတွေ့နိုင်သည့် ဘေးရန်များနှင့် အန္တရာယ်ဖြစ်နိုင်ခြေများကို သိရှိနားလည်၊ ဖော်ထုတ်တတ်ပြီး ၎င်းတို့မဖြစ်ပွားအောင် ကာကွယ်တားဆီးသည့် နည်းလမ်းများ အသုံးပြုတတ်မည်။
- မိမိကိုယ်ကိုနှင့် မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ လုံခြုံမှုကို စောင့်ရှောက်ရန်အတွက် ကာကွယ်တားဆီးခြင်းနည်းလမ်းများကို အသုံးပြုတတ်မည်။
- အင်တာနက်အသုံးပြုစဉ်တွင် ဖြစ်ပွားနိုင်သော ကိုယ်ရေးအချက်အလက် ပေါက်ကြားခြင်းအကြောင်းကို နားလည်သဘောပေါက်လာမည်။
- အသုံးပြုသူများ (အထူးသဖြင့် ကလေးသူငယ်များ) ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကိုယ်ရေးအချက်အလက်များကို စီမံခန့်ခွဲရန်အတွက် ကိုယ်ရေးအချက်အလက် စီမံခြင်း လုပ်ဆောင်ချက်များကို အသုံးပြုတတ်မည်။
- Microsoft PowerPoint ကိုသုံး၍ တင်ဆက်ပြသခြင်း၏ အခြေခံလုပ်ဆောင်ချက်များ ဖြစ်သော Slide Layout နှင့် Formatting၊ လင့်ခ်ထည့်ခြင်း၊ ရုပ်ပုံများ၊ ပုံစံကားချပ်များ၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များ ထည့်ခြင်းတို့ကိုရှင်းပြနိုင်ပြီး လုပ်ဆောင်တတ်မည်။
- တင်ဆက်ပြသခြင်းဖိုင်တစ်ခုကို ပရင့်ထုတ်တတ်မည်။
- ဆရာ/ဆရာမများအကြား ပူးပေါင်းဆောင်ရွက်မှုတွင် ICT အသုံးပြုခြင်း၏ အရေးပါမှုအကြောင်း နားလည်လာမည်။ ICT အထောက်အပံ့နှင့် လုပ်ဆောင်သော တက်ကြွသည့် သင်ကြားသင်ယူမှုနည်းလမ်းများ၏ အရေးပါပုံကို နားလည်တတ်မည်။
- ICT သုံးပြီး သင်ယူမှု ဆန်းစစ်အကဲဖြတ်ခြင်းလုပ်ဆောင်ပုံ အမျိုးမျိုးအကြောင်းနှင့် ၎င်းတို့၏ အရေးပါမှုအကြောင်း နားလည်လာမည်။
- လုပ်ငန်းကျွမ်းကျင်မှု စဉ်ဆက်မပြတ် မြှင့်တင်ရေးအတွက် ICT အသုံးပြုသည့် လုပ်ဆောင်မှုများ၏အရေးပါမှုအကြောင်းကို သိရှိနားလည်လာမည်။
- အီလက်ထရွန်းနစ် သင်ယူမှုမှတ်တမ်း (e-portfolio) ထားရှိအသုံးပြုခြင်းကို နားလည်လာမည်။
- ကျောင်းစီမံခန့်ခွဲခြင်းအတွက် ICT ကို မည်သို့အသုံးပြုနိုင်ကြောင်း နားလည်လာမည်။
Please login to take this course
သင်တန်းမိတ်ဆက်
မော်ဂျူး (၁) ICT ဘာသာရပ်မိတ်ဆက်
မော်ဂျူးငယ် (၁.၁) ICT သင်ကြားခြင်း၏ ရည်ရွယ်ချက်များ
ပညာရေးအရည်အသွေးကို တိုးမြှင့်ခြင်း
မော်ဂျူးငယ် (၁.၂) ICT နှင့် စပ်လျဉ်းသော ဆရာအတတ်ပညာသင်ရိုးညွှန်းတမ်း
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၂) - အဆက်
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၂) - အဆက်
မော်ဂျူး (၁) သင်ယူမှုလုပ်ငန်း (၂) - အဆက်
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ၊ မေးခွန်း (၁)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ၊ မေးခွန်း (၂)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ၊ မေးခွန်း (၃)
မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ၊ မေးခွန်း (၄)
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး (၂) ICT အခြေခံအယူအဆများ
မော်ဂျူး ၂.၁ ဗီဒီယိုသင်ခန်းစာ
ကွန်ပျူတာစနစ်များ ဖွံ့ဖြိုးတိုးတက်လာပုံ
စနစ်သုံး Software များ၊ ကွန်ပျူတာအမျိုးအစားများနှင့် ဖိုင်/ဖိုင်တွဲစီမံခန့်ခွဲမှုကို နားလည်ခြင်း
System Software နှင့် Application Software တို့ကို ခွဲခြားနားလည်ခြင်း
Operating System နှင့် ၎င်း၏ အခြေခံ လုပ်ဆောင်ချက်များ
ကွန်ပျူတာများကို သိုလှောင်ရေးစက်များ (storage devices) အဖြစ် သုံးစွဲခြင်း
သိုလှောင်မှုနှင့်ပတ်သက်သော နားလည်ရမည့် အယူအဆများ
အချက်အလက်များကို သိုလှောင်သိမ်းဆည်းနိုင်စွမ်းပမာဏ အမျိုးမျိုး
ဖိုင်နှင့် ဖိုင်တွဲများကို စီမံခန့်ခွဲခြင်း
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၄)
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၅)
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၇)
မော်ဂျူး (၂) သင်ယူမှုလုပ်ငန်း (၈)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ မေးခွန်း (၁)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ မေးခွန်း (၂)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၅)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၆)
မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၇)
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး (၃) ကွန်ပျူတာအသုံးပြုခြင်း
မော်ဂျူးငယ် (၃.၁) Operating System တစ်ခု၏ အခြေခံလုပ်ဆောင်ချက်များနှင့် ပြဿနာဖြေရှင်းခြင်း
မော်ဂျူးငယ် (၃.၂) စာစီစာရိုက်ခြင်း
မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၅)
မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၆)
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူး (၄) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသားဖြစ်မှု
မော်ဂျူးငယ် (၄.၁) မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု
မီဒီယာနှင့် သတင်းအချက်အလက်ပေးသူတို့၏ အခန်းကဏ္ဍ
သတင်းမီဒီယာများ၏ အခန်းကဏ္ဍများနှင့် လုပ်ငန်းများ
သတင်းထုတ်လုပ်တင်ဆက်ပုံ
မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၃) နှင့် (၄)
မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၅)
မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၆)
မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၇)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၅)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၆)
မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၇)
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူး (၅) အင်တာနက်နှင့် ပြောဆိုဆက်သွယ်ခြင်း
မော်ဂျူးငယ် (၅.၁) အင်တာနက်မိတ်ဆက်
မော်ဂျူးငယ် (၅.၂) Asynchronous Conferencing (တစ်ပြိုင်နက်မဟုတ်သော စုံညီစည်းဝေးခြင်း)
မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၄)
မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူး (၆) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသားဖြစ်မှု (၂)
မော်ဂျူးငယ် (၆.၁) ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသားဖြစ်မှုအကြောင်း မိတ်ဆက်
မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၁)
မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၄)
မော်ဂျူး (၆) - သင်ယူမှုလုပ်ငန်း (၆)
မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၇)
မော်ဂျူး (၆) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၆) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၆) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၆) အနှစ်ချုပ်
မော်ဂျူး (၇) ကွန်ပျူတာအသုံးချခြင်း (တင်ဆက်ပြသခြင်း - Presentation)
မော်ဂျူးငယ် (၇.၁) တင်ဆက်ပြသခြင်း (Presentation)
မော်ဂျူး (၇) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၇) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၇) အနှစ်ချုပ်
မော်ဂျူး (၈) ပညာရေးနယ်ပယ်မှ ICT
မော်ဂျူး (၈) သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ
မော်ဂျူးငယ် (၈.၁) ပညာရေးနယ်ပယ်မှ ICT
မော်ဂျူး (၈) သင်ယူမှုလုပ်ငန်း (၂) မြန်မာနိုင်ငံ စာသင်ခန်းများတွင်းမှ ICT ၏ အခန်းကဏ္ဍ
မော်ဂျူး (၈) သင်ယူမှုလုပ်ငန်း (၃)
မော်ဂျူး (၈) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)
မော်ဂျူး (၈) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)
မော်ဂျူး (၈) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)
မော်ဂျူး (၈) အနှစ်ချုပ်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ
Related Courses
