Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အခြေခံပညာအလယ်တန်း ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားခြင်း

5

(2 Reviews)

Certified

6 hour(s)

211 Enrollment(s)

1213 View(s)

Share On :

Course Description

ဤ “အခြေခံပညာအလယ်တန်း ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း သင်ကြားခြင်း” သင်ရိုးသည် ဆရာများ၏ လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ အသိပညာနှင့် ကျွမ်းကျင်မှုများကို ထိရောက်စွာ အသုံးချနိုင်ရန်နှင့် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို စာသင်ခန်းများအတွင်း သင်ကြားမှုကို မြှင့်တင်နိုင်ရန် စီစဥ်ပေးထားခြင်း ဖြစ်သည်။  မြန်မာနိုင်ငံ၏ အခြေအနေအတွက် ကိုက်ညီစေရန်လိုအပ်သည့် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း၏ ထူးခြားမှုများ၊ ဆန်းသစ်ထားသော သင်နည်းဗေဒများ၊ ကျောင်းသားများ၏ သင်ယူမှုကို အထောက်အကူပြုနိုင်ရန် စစ်ဆေး အကဲဖြတ်မှုများကို ဤသင်တန်းမှတစ်ဆင့် ဆရာများအနေဖြင့် လေ့လာနိုင်မည်ဖြစ်ပါသည်။ ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး ၁။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း မိတ်ဆက်
၁.၁။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း၏ အနှစ်သာရ
၁.၂။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း၏ အရေးကြီးသော အယူအဆများ
မော်ဂျူး ၂။ ကျောင်းသားများ၏ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ယူမှုအား ပံ့ပိုးခြင်း
၂.၁။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို သင်ကြားရန် ဘာသာရပ်စုံ အပြန်အလှန်ချိတ်ဆက် သင်ကြားခြင်း ချဉ်းကပ်ခြင်းနည်းကို အသုံးပြုခြင်း
၂.၂။ ထိ‌ရောက်သော သင်ကြားရေးအတွက် စီမံချက်အခြေပြု သင်ယူမှု (PBL) နည်းလမ်းများ အကောင်အထည်ဖော်ခြင်း
၂.၃။ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း သင်ကြားရန်အတွက် ရင်းမြစ်များနှင့် ခေါင်းစဉ်များကို ဖော်ထုတ်ခြင်း
မော်ဂျူး ၃။ နမူနာခေါင်းစဉ်များနှင့် ၎င်းတို့ကို သင်ကြားရေးတွင် အသုံးချခြင်း
၃.၁။ ဒေသယဉ်ကျေးမှုများကို လေ့လာခြင်း
၃.၂။ စိုက်ပျိုးရေးနှင့် ဒေသအလိုက်သင့်လျော်မှုကို နားလည်ခြင်း
၃.၃။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဖန်တီးခြင်း
၃.၄။ အိမ်တွင်း စီမံခန့်ခွဲမှုစွမ်းရည်ကို အားကောင်းစေခြင်း 
မော်ဂျူး ၄။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို စစ်ဆေးအကဲဖြတ်ခြင်း
၄.၁။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို စစ်ဆေးအကဲဖြတ်သည့် ချဉ်းကပ်မှုများ

အဓိကအသုံးအနှုန်းများ
ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း၊ ဘာသာရပ်များအကြား အပြန်အလှန်ချိတ်ဆက်သင်ကြားခြင်း ချဉ်းကပ်မှု၊ စီမံချက်အခြေပြု သင်ယူမှု၊ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း ခေါင်းစဉ်အခန်းများ၊ စိုက်ပျိုးရေး၊ သမိုင်းဝင်အထင်ကရနေရာများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ အိမ်တွင်း စီမံခန့်ခွဲမှုစွမ်းရည်၊ အစားအသောက်စီမံခြင်းနှင့် အာဟာရ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ သိနားလည်မှု၊ ရေရှည်တည်တံ့သောလူနေမှုဘဝ၊ သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ အောင်မြင်မှုစံ။

ဤအခြေခံပညာအလယ်တန်း ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားခြင်းသင်တန်းတက်‌ရောက်ပြီးစီးပါက အခြေခံပညာမူလတန်း ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။ ထိုသင်တန်းတွင် မူလတန်းအဆင့်သင်ကြားခြင်းအပြင် အတန်းအားလုံးနှင့်သက်ဆိုင်သော စိုက်ပျိုးရေး၊ အိမ်တွင်းစီမံခန့်ခွဲမှုစွမ်းရည်များနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုအကြောင်း အသေးစိတ်ပါရှိပါသည်။

အခြေခံပညာမူလတန်း  ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားခြင်း - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyamultan-dethsaaingyaa-thinyaonywhantan-thinkyakhyin 

Course Objectives

ဤသင်တန်းသည် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းနှင့်ပတ်သက်ပြီး ဘက်ပေါင်းစုံမှနေ၍ ဆရာများ နားလည်စေရန်  ပံ့ပိုးပေးထားပါသည်။ ဆရာများအနေဖြင့် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို မိမိတို့၏ စာသင်ခန်းအတွင်းတွင် အသုံးပြုသောအခါတွင် လက်တွေ့ကျင့်သုံးနိုင်သော နည်းလမ်းများ၊ လုပ်ဆောင်နိုင်သော ဥပမာများဖြင့် ပံ့ပိုးပေးထားသောကြောင့် ရေရှည်အထောက်အကူပြုသော သင်ကြားရေး ပတ်ဝန်းကျင်ရရှိစေနိုင်ပါသည်။ ဤသင်တန်းအဆုံးတွင် ကျောင်းသားများ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို သင်ယူမှုနှင့်ပတ်သက်သော အတွေ့အကြုံကောင်းများရရှိရန် မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် - 
  • ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်များကို ဖော်ထုတ်နိုင်ခြင်းနှင့် သင်ရိုးညွှန်းတမ်းတစ်ခုအား ဒေသနှင့်ကိုက်ညီရန် ပြုလုပ်ခြင်းသည် အဆင့်များစွာ ပါဝင်နေကြောင်းကို သိရှိလာမည်။
  • အမျိုးသားပညာရေးရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိပြီး ရပ်ရွာအသိုင်းအဝိုင်း၏ လိုအပ်ချက်ကို ဖော်ထုတ်ပြောဆိုနိုင်သည့် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း၏ ထူးခြားမှုကို  ဖော်ထုတ်တတ်မည်။
  • ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းမှတစ်ဆင့် ဆရာနှင့်ကျောင်းသားများအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို စဉ်းစားဖော်ထုတ်တတ်မည်။
  • အလယ်တန်း ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားနိုင်ရန်အတွက် သင်ကြား သင်ယူမှု နည်းလမ်းအမျိုးမျိုးကို သရုပ်ပြတတ်မည်။ 
  • မြန်မာနိုင်ငံ တိုင်းဒေသအနှံ့အပြားတွင် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းအား သင်ကြားနိုင်ရန်အတွက် စီမံချက်အခြေပြု သင်ယူမှု (PBL) နည်းလမ်းကို စူးစမ်းဖော်ထုတ်တတ်မည်။ 
  • ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းထဲသို့  မည်သည့်ခေါင်းစဥ်များနှင့် ဒေသထွက် ရင်းမြစ်များကို ပေါင်းစပ်ထည့်သွင်းနိုင်ကြောင်း ဖော်ထုတ်ပြသတတ်မည်။ 
  • ဒေသဆိုင်ရာခေါင်းစဉ်တစ်ခုကို ရှုထောင့်စုံမှ သင်ကြားနိုင်သည် ဟူသောအယူအဆကို သိရှိသွားမည်။
  • ဒေသယဉ်ကျေးမှုကို သမိုင်းဝင်အထင်ကရနေရာများ ဟူသော အယူအဆနှင့် ရှုထောင့်မှ လေ့လာသင်ယူတတ်မည်။
  • စိုက်ပျိုးရေးနှင့် ပတ်သက်သောအကြောင်းအရာကို ဒေသဆိုင်ရာသင်ရိုးတွင် မည်သို့ သင်ကြားရမည်ကို သိရှိလာမည်။
  • ၂၁ ရာစုနှင့်သင့်လျော်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို သိရှိလာမည်။
  • အိမ်တွင်း စီမံခန့်ခွဲမှုစွမ်းရည်ကို လက်တွေ့ကျင့်သုံးတတ်မည်။
  • အလယ်တန်း ကျောင်းဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းအတွက် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို သတ်မှတ်ဖော်ထုတ်မည်။ 
  • အလယ်တန်း ကျောင်းဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းအတွက် သင်ယူပြီး စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို သတ်မှတ်ဖော်ထုတ်မည်။
  • ကျောင်းသားများ၏ သင်ယူမှုလုပ်ငန်းစဉ်ကို စစ်ဆေးအကဲဖြတ်ခြင်းအတွက် အောင်မြင်မှုစံများရေးဆွဲတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း မိတ်ဆက်

မော်ဂျူး (၁) ရပ်တန့်၍ စဉ်းစားပါ

ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း၏ အဓိက ရည်ရွယ်ချက်

မော်ဂျူး (၁) အတွက် ဉာဏ်စမ်းမေးခွန်း

ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို သုံးရခြင်းရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုများ

မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ ကျောင်းသားများ၏ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းသင်ယူမှုအား ပံ့ပိုးခြင်း

၂.၁။ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို သင်ကြားရန် ဘာသာရပ်စုံ အပြန်အလှန် ချိတ်ဆက်သင်ကြားခြင်း ချဥ်းကပ်နည်းကို အသုံးပြုခြင်း

မော်ဂျူး (၂) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၂) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂) ရပ်တန့်၍ စဉ်းစားပါ (၃)

မော်ဂျူး (၂.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး ၃။ နမူနာခေါင်းစဉ်များနှင့် ၎င်းတို့ကို သင်ကြားရေးတွင် အသုံးချခြင်း

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၁)

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၂။ စိုက်ပျိုးရေးနှင့် ဒေသအလိုက်သင့်လျော်မှုကို နားလည်ခြင်း

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

ဒေသဆိုင်ရာ လိုအပ်ချက်များအတွက် ဒေသအရင်းအမြစ်များကို အသုံးပြုခြင်း

မော်ဂျူး (၃) အတွက် ဉာဏ်စမ်းမေးခွန်း (၁)

၃.၃။ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ဖန်တီးခြင်း

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

အလုပ်ခန့်အပ်ရန် မရှိမဖြစ်လိုအပ်သည့် သင့်လျော်သော ကျွမ်းကျင်မှုများ

ကိုယ်ပိုင် အပြုအမူများ

မော်ဂျူး (၃) အတွက် ဉာဏ်စမ်းမေးခွန်း (၂)

မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၄။ အိမ်တွင်းစီမံခန့်ခွဲမှုစွမ်းရည်ကို အားကောင်းစေခြင်း

မော်ဂျူး (၃.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၃) အတွက် ဉာဏ်စမ်းမေးခွန်း (၃)

မော်ဂျူး (၃.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး ၄။ ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းကို စစ်ဆေးအကဲဖြတ်ခြင်း

၄.၁။ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို စစ်ဆေးအကဲဖြတ်သည့် ချဉ်းကပ်မှုများ

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၄) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၄) အနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

Related Courses

chatGPTicon
;