Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

အခြေခံပညာမူလတန်း ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားခြင်း

4.3

(4 Reviews)

Certified

6 hour(s)

139 Enrollment(s)

2895 View(s)

Share On :

Course Description

ဤသင်တန်းတွင် မူလတန်းကျောင်းသားများကို ထိရောက်စွာ သင်ကြားပေးနိုင်သည့် ဆရာတစ်ဦး ဖြစ်လာစေရန်အတွက် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း ဘာသာရပ်ဆိုင်ရာ အသိပညာများကိုသာမက မူလတန်းကျောင်းသားများအား မိမိတို့၏ ဒေသပတ်ဝန်းကျင်ကိုပါ စိတ်ပါဝင်စားမှုရှိလာအောင် သင်ကြားပို့ချပေးနိုင်သည့် နည်းလမ်းများ၊ နည်းဗျူဟာများကို လေ့လာရမည် ဖြစ်ပါသည်။

ဤသင်တန်းတွင် အဓိကအားဖြင့် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် - 

မော်ဂျူး (၁) ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း မိတ်ဆက်

မော်ဂျူး (၁.၁) ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း

မော်ဂျူး (၂) တိုင်းရင်းသားရေးရာ ဘာသာစကားနှင့် ယဉ်ကျေးမှုများ

မော်ဂျူး (၂.၁)ဘာသာစကားတစ်မျိုးတည်းအသုံးပြုသော ပညာရေးရှိ အကန့်အသတ်များ

မော်ဂျူး (၂.၂) တိုင်းရင်းသားဘာသာစကားများ သင်ယူခြင်း၏ စိန်ခေါ်မှုများ

မော်ဂျူး (၃) စိုက်ပျိုးရေး

မော်ဂျူး (၃.၁)အပင်နှင့် မျိုးစေ့များ

မော်ဂျူး (၃.၂) မြေဆီလွှာများနှင့် ဓာတ်မြေဩဇာများအား မိတ်ဆက်ခြင်း

မော်ဂျူး (၃.၃)အပင်မျိုးပွားခြင်း

မော်ဂျူး (၃.၄) အင်းဆက် ဖျက်ပိုးများ၊ ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

မော်ဂျူး (၄) စိမ်းလန်းစိုပြည် ဥယျာဉ်ကျောင်း

မော်ဂျူး (၄.၁)ကျောင်းဥယျာဉ်တစ်ခုဖြစ်အောင် စီစဉ်ခြင်းနှင့် ပုံဖော်ခြင်း

မော်ဂျူး (၅) အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ

မော်ဂျူး (၅.၁) အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုကို သင်ယူခြင်း

မော်ဂျူး (၅.၂)လက်မှုပညာများ

မော်ဂျူး (၅.၃) အလုပ်ခန့်အပ်ရန် သင့်လျော်သောကျွမ်းကျင်မှုများနှင့် ဘဝတွက်တာ ကျွမ်းကျင်စရာများ

မော်ဂျူး (၆) အိမ်တွင်းစီမံခန့်ခွဲမှုစွမ်းရည်များ

မော်ဂျူး  (၆.၁) အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုများသင်ကြားခြင်း

မော်ဂျူး (၆.၂) အချုပ်အလုပ်နှင့် ဇာထိုးပန်းထိုးဆိုင်ရာ ကျွမ်းကျင်မှုများ သင်ကြားပေးခြင်း

မော်ဂျူး (၆.၃) ပွဲအခမ်းအနားပြင်ဆင်ခြင်း

မော်ဂျူး (၆.၄) အချိန်စီမံခန့်ခွဲမှု

မော်ဂျူး (၇) စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၇.၁) ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်သင်ကြားခြင်း

အဓိကအသုံးအနှုန်းများ

မမြင်သာသော သင်ရိုးညွှန်းတမ်း၊ ‌ဒေသမှုပြုခြင်း၊ ဘာသာစကားတစ်မျိုးတည်းသုံး၍ သင်ကြားခြင်း၊ မိခင်ဘာသာစကားအခြေပြုသင်ကြားခြင်း၊ အပင်မျိုးပွားခြင်း၊ မြေချဉ်ငန်ကိန်း၊ မြေထုပ်စည်းခြင်း၊ ကိုင်းဖြတ်မျိုးပွားခြင်း၊ အင်းဆက်များ၊ အင်းဆက်ကာကွယ်နှိမ်နင်းနည်းများ၊ စိမ်းလန်းစိုပြည်ဥယျာဉ်ကျောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများ၊ တန်းတူညီမျှမှု၊ အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အချုပ်အလုပ်နှင့် ဇာထိုးပန်းထိုးဆိုင်ရာ ကျွမ်းကျင်မှုများ၊ အခမ်းအနား အလှဆင်မှုဆိုင်ရာ ကျွမ်းကျင်မှုများ၊  အချိန်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စစ်ဆေးအကဲဖြတ်ခြင်း။

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ သင်ယူသူများကို ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း သဘောတရားနှင့် ရင်းနှီးကျွမ်းဝင်စေသည်သာမက ဤသင်ရိုးညွှန်းတမ်းကို ဒေသလိုအပ်ချက်များနှင့် အညီ တုံ့ပြန်ရေးဆွဲပုံကိုလည်း ရင်းနှီးစေရန်ဖြစ်သည်။ ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း၊ အထူးသဖြင့် စိုက်ပျိုးရေးဘာသာရပ်အတွက် တွေ့ရသော သင်ခန်းစာခေါင်းစဉ်များတွင် အသိပညာနှင့် ကျွမ်းကျင်မှုများကို လေ့လာရမည်။ ဤမော်ဂျူးအပြီးတွင် မြန်မာနိုင်ငံရှိ ဒေသအခြေအနေများတွင် ပညာရေးနှင့် ဆီလျော်ကိုက်ညီမှု ရှိစေရေးအတွက် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်နှင့် အရေးပါပုံတို့ကိုသာမက ယဉ်ကျေးမှုချင်း အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတို့အပေါ် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း၏ အကျိုးပြုပုံတို့ကိုလည်း နက်ရှိုင်းစွာ နားလည်ပြီးဖြစ်သွားပေမည်။

Learning Outcomes

ဤသင်တန်းကို တက်ရောက်ပြီးချိန်တွင် သင်ယူသူများသည် -

  • ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း၏ ‘အဓိပ္ပာယ်’ ကို သတ်မှတ်တတ်ပြီး ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းအကြောင်း ရှင်းပြတတ်မည်။
  • ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်း သင်ကြားခြင်း၏ အရေးပါပုံကို ဥပမာများ ပေးတတ်မည်။
  • မူလတန်းအဆင့် ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမည့် သင်ခန်းစာခေါင်းစဉ် အမျိုးမျိုးကို စာရင်းပြုစု ဖော်ပြတတ်မည်။
  • ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်သည့် နိုင်ငံတကာစာပေများကို စူးစမ်းလေ့လာ၍ ဤဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းအား ဒေသခံ လူထုအတွက် ပိုမိုဆီလျော်မှုရှိစေရန် မည်သို့ လုပ်ဆောင်နိုင်ကြောင်း ရှင်းပြတတ်မည်။
  • ဘာသာစကား တစ်မျိုးတည်းသာ အသုံးပြုသင်ကြားသည့် ပညာရေး၏ ကန့်သတ်ချက်များကို လည်းကောင်း၊ မိခင်ဘာသာစကားကို သင်ကြားရေးဘာသာစကားအဖြစ် အသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုကိုလည်းကောင်း သိရှိနားလည်လာမည်။
  • တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှု သင်ယူလေ့လာခြင်းတွင် မူလတန်းကျောင်းသားများ တွေ့ကြုံလာနိုင်သည့် အခက်အခဲများနှင့် ၎င်းတို့ကို ဆရာမှ မည်သို့ကူညီ ထောက်ပံ့ပေးနိုင်မည်ကို ဆွေးနွေးတတ်မည်။
  • ကျောင်းနှင့် စာသင်ခန်းအဆင့်တွင် တိုင်းရင်းသားဘာသာစကားဆရာ/မများနှင့် ပူးပေါင်း  ဆောင်ရွက်ခြင်း၏ အရေးကြီးပုံကို ရှင်းပြတတ်မည်။
  • စိုက်ပျိုးရေးဆိုင်ရာ အခြေခံသဘောတရားများနှင့် အသိပညာများကို ရှင်းပြတတ်မည်။
  • အပင်များ၏ အရေးပါပုံကို ရှင်းလင်းပြနိုင်ပြီး အပင်အမျိုးမျိုးကို အမျိုးအစားခွဲခြားတတ်မည်။
  • မြေဆီလွှာများ၊ အခြေခံ မြေဆီလွှာ အမျိုးအစားများနှင့် မြေချဉ်ငန်ကိန်း၏ အရေးပါပုံကို ခွဲခြားသတ်မှတ်တတ်မည်။
  • အပင်များအတွက် အာဟာရများ၊ မြေသြဇာအမျိုးမျိုးနှင့် အသုံးချမှုနည်းလမ်းများကို ရှင်းပြတတ်မည်။
  • အပင်မျိုးပွားခြင်းအကြောင်းနှင့် မြေထုပ်စည်းခြင်းနည်းလမ်းဖြင့် အချို့အပင်များကို မည်သို့ မျိုးပွားသည်ကို ရှင်းပြတတ်မည်။
  • ကိုင်းဖြတ်မျိုးပွားခြင်းအကြောင်းကို ရှင်းပြနိုင်ပြီး အချို့သော အပင်များကို ပင်စည်ဖြတ်ခြင်းနည်းလမ်းဖြင့် မျိုးပွားတတ်မည်။
  • အင်းဆက်များ၏ သဘောသဘာဝနှင့် ၎င်းတို့ကြောင့် ကောက်ပဲသီးနှံများ ပျက်စီးမှုကို သိရှိမှတ်သားတတ်ပြီး အင်းဆက်ကာကွယ် နှိမ်နင်းနည်းများကို ဖော်ပြတတ်မည်။
  • စိမ်းလန်းစိုပြည်သော ကျောင်းပရဝဏ်ကို ဖန်တီးနိုင်ရန်အတွက် ကျောင်းဝန်းထဲတွင် စိုက်ပျိုးသင့်သည့် အပင်အမျိုးအစားများနှင့် စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များကို ရှင်းပြတတ်မည်။
  • အစားအသောက် လေလွင့်မှုအကြောင်းကို ပိုသတိထားမိလာပြီး ကျောင်းသားများ ပိုမို သတိထားမိ၍ သိရှိနားလည်လာအောင် ရှင်းပြတတ်မည်။
  • ကျောင်းဥယျာဉ်စီမံကိန်းမှတစ်ဆင့် ကျောင်းနှင့် ဒေသခံ ရပ်ရွာလူထုကြား ဆက်ဆံရေး ပိုကောင်းလာအောင် ပံ့ပိုးပေးပြီး ဒေသထွက်ကုန်များ အသုံးပြုမှုကို မြှင့်တင်ပေးရန် နည်းလမ်းများကို သိရှိလာမည်။
  • ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ကျွမ်းကျင်မှုများကို ကိုယ်တိုင် စံနမူနာပြ၍ ကျင့်သုံးလျက် သင်ကြားပေးတတ်မည်။ 
  • စာသင်ခန်းကို တန်းတူညီမျှမှုရှိပြီး သာတူညီမျှသော အခွင့်အလမ်းများ ရရှိသည့် ပတ်ဝန်းကျင် ဖြစ်အောင် ပုံဖော်ထိန်းကျောင်းတတ်မည်။ 
  • မူလတန်းကျောင်းတွင် သင်ကြားမည့် အခြေခံ အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများကို သရုပ်ပြတတ်ပြီး ထိုကျွမ်းကျင်မှုများကို ကျောင်းသားများ သင်ယူရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ၎င်းတို့အား ဆရာမှ မည်သို့ ကူညီနိုင်ပုံတို့ကို ဆွေးနွေးတတ်မည်။
  • ကျောင်းသားများအတွက် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အချုပ်အလုပ်နှင့် ဇာထိုးပန်းထိုးဆိုင်ရာ ကျွမ်းကျင်မှုများ၊ အခမ်းအနား အလှဆင်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများ၏ သင်ခန်းစာခေါင်းစဉ်များကို ရှင်းပြတတ်မည်။
  • မူလတန်းကျောင်းတွင် သင်ကြားမည့် အခြေခံအချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုများ၊ အချုပ်အလုပ်နှင့် ဇာထိုးပန်းထိုးဆိုင်ရာ ကျွမ်းကျင်မှုများ၊ အခမ်းအနားအလှဆင်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို သရုပ်ပြတတ်မည်။
  • အာဟာရ၏ အရေးပါပုံနှင့် ကျန်းမာစေသည့် ဟန်ချက်ညီသော အစာစားမှုပုံစံ လိုအပ်ပုံကို ရှင်းပြတတ်မည်။
  • အချက်အပြုတ်ဆိုင်ရာကျွမ်းကျင်မှုများ၊ အချုပ်အလုပ်နှင့် ဇာထိုးပန်းထိုးဆိုင်ရာ ကျွမ်းကျင်မှုများ၊ အခမ်းအနားအလှဆင်မှုဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အချိန်စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ယူရာတွင် ကျောင်းသားများ ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ၎င်းတို့ကို မည်သို့ ထောက်ပံ့နိုင်ပုံကို ဆွေးနွေးတတ်မည်။
  • ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းတွင် အသုံးပြုမည့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများကို ရှင်းပြတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး (၁) ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း မိတ်ဆက်

မော်ဂျူး (၁) သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှု

မမြင်သာသော သင်ရိုးညွှန်းတမ်း

မော်ဂျူး (၁.၁) ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဆိုသည်မှာ အဘယ်နည်း။

ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်းကို သင်ကြားခြင်း၏ အခက်အခဲများ၊စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ

မော်ဂျူး (၁.၁) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၁.၁) သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၁.၁) သင်ယူမှုလုပ်ငန်း (၄)

မော်ဂျူး (၁.၁) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး (၂) တိုင်းရင်းသားရေးရာ ဘာသာစကားနှင့် ယဉ်ကျေးမှု

မော်ဂျူး (၂) သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး (၂.၁) ဘာသာစကားတစ်မျိုးတည်းအသုံးပြုသော ပညာရေးရှိ အကန့်အသတ်များ

တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့ စူးစမ်းလေ့လာခြင်း

မိခင်ဘာသာစကားဖြင့် သင်ယူခြင်း၏ အရေးပါပုံ

မော်ဂျူး (၂) သင်ယူမှု လုပ်ငန်း (၁)

မော်ဂျူး (၂) သင်ယူမှု လုပ်ငန်း (၂)

မော်ဂျူး (၂.၂) တိုင်းရင်းသားဘာသာစကားများ သင်ယူခြင်း၏ စိန်ခေါ်မှုများ

တိုင်းရင်းသားဘာသာစကား သင်ယူခြင်းဖြင့် အခြားဘာသာစကားများအပေါ် သက်ရောက်မှုများ

တိုင်းရင်းသားဘာသာစကားများနှင့်ပတ်သက်သော ဆရာများ၏ အပြုအမူသဘောထားများ

ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးကြီးမှု

ဆရာများ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု

မော်ဂျူး (၂) သင်ယူမှု လုပ်ငန်း (၃)

မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး (၃) စိုက်ပျိုးရေး

မော်ဂျူး (၃) သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး (၃.၁) အပင်နှင့် မျိုးစေ့များ

အပင်များရှင်သန်ပေါက်ရောက်ရာ နေရာများ

မော်ဂျူး (၃) ရပ်တန့်၍စဉ်းစားပါ (၁)

မော်ဂျူး (၃) သင်ယူမှု လုပ်ငန်း (၁)

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၃.၂) မြေဆီလွှာများနှင့် ဓာတ်မြေဩဇာများအား မိတ်ဆက်ခြင်း

မြေဆီလွှာ ပါဝင်လုပ်ဆောင်ပေးသော ယေဘုယျ အခန်းကဏ္ဍများ

မြန်မာနိုင်ငံရှိ အရေးကြီးသီးနှံပင်များ၏ သင့်လျော်သော မြေချဉ်ငန်ကိန်း pH အမျိုးမျိုး

အပင်ကြီးထွားရန်အတွက် လိုအပ်သည့်အာဟာရများ

အပင်များ အာဟာရ ရရှိပုံ

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၄)

မော်ဂျူး (၃.၃) အပင်မျိုးပွားခြင်း

ကိုင်းဖြတ်စိုက်ပျိုးခြင်း

ပင်စည်ဖြတ်စိုက်ပျိုးခြင်းနှင့် သစ်လက္ခဏာများ

ပင်စည်ဖြတ်စိုက်ပျိုးခြင်းအတွက် ပြင်ဆင်ခြင်း

အမြစ်ထွက်ကြားခံနှင့် ကိုင်းဖြတ်များထိုးသွင်းခြင်း

မော်ဂျူး (၃) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၅)

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၆)

မော်ဂျူး (၃.၄) အင်းဆက် ဖျက်ပိုးများ၊ ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ

စိုက်ပျိုးရေးအတွက် အကျိုးပြုသည့် အင်းဆက်အချို့၏စာရင်း

မော်ဂျူး (၃) နောက်ဆက်တွဲ

မော်ဂျူး (၃.၄) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး (၄) စိမ်းလန်းစိုပြည် ဥယျာဉ်ကျောင်း

မော်ဂျူး (၄) သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့်တတ်ကျွမ်းမှုများ

မော်ဂျူး (၄.၁) ကျောင်းဥယျာဉ်တစ်ခုဖြစ်အောင် စီစဉ်ခြင်းနှင့် ပုံဖော်ခြင်း

မော်ဂျူး (၄) ရပ်တန့်၍ စဉ်းစားပါ

စိမ်းလန်းစိုပြည်လှပသည့် ကျောင်းပရဝဏ် ဖြစ်လာရန် စီစဉ်ဆောင်ရွက်ခြင်း

စိမ်းလန်းသောကျောင်းပရဝဏ်ပြုလုပ်ပြီး ဒေသထွက်ကုန်များကို မြှင့်တင်ခြင်းနှင့် တန်ဖိုးထားခြင်း

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသည့် စိမ်းလန်းသည့် ကျောင်းပရဝဏ်ကို ဖန်တီးခြင်း

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပန်းတိုင်များ

စိမ်းလန်းစိုပြည် ဥယျာဉ်ကျောင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် (၁)

စိမ်းလန်းစိုပြည် ဥယျာဉ်ကျောင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် (၂)

စိမ်းလန်းစိုပြည် ဥယျာဉ်ကျောင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် (၃)

စိမ်းလန်းစိုပြည် ဥယျာဉ်ကျောင်းနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် (၄)

စိမ်းလန်းစိုပြည်သောကျောင်းပရဝဏ်အတွက် အားလုံးအကျုံးဝင်စီမံချက်ဇယား

မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်း (၁)

မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်း (၂)

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး (၅) အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ

မော်ဂျူး (၅) သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ

မော်ဂျူး (၅.၁) အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုကို သင်ယူခြင်း

မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၂)

မြန်မာနိုင်ငံ ကလေးသူငယ်ဥပဒေ

‌မော်ဂျူး (၅.၂) လက်မှုပညာများ

မော်ဂျူး (၅.၃) အလုပ်ခန့်အပ်ရန် သင့်လျော်သောကျွမ်းကျင်မှုများနှင့် ဘဝတွက်တာ ကျွမ်းကျင်စရာများ

SWOT ခွဲခြမ်းစိတ်ဖြာခြင်း

မော်ဂျူး (၅) သင်ယူမှုလုပ်ငန်း (၃)

စာသင်ခန်းထဲတွင် ကျား၊ မ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်ဆောင်ရွက်မှု

O-soji (ဖြစ်ရပ်လေ့လာခြင်း)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး (၆) အိမ်တွင်းစီမံခန့်ခွဲမှု စွမ်းရည်များ

‌မော်ဂျူး (၆.၁) အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုများသင်ကြားခြင်း

ချက်ပြုတ်ခြင်းလုပ်ငန်း (မြင်းခွာရွက်သုပ်)

မော်ဂျူး (၆) ရပ်တန့်၍ စဉ်းစားပါ (၁)

မော်ဂျူး (၆.၂) အချုပ်အလုပ်နှင့် ဇာထိုးပန်းထိုးဆိုင်ရာ ကျွမ်းကျင်မှုများ သင်ကြားပေးခြင်း

ကျောင်းသားငယ်များကို အချုပ်အလုပ် သင်ကြားပေးခြင်း

ကျောင်းသားငယ်များကို အချုပ်အလုပ် သင်ကြားပေးခြင်း - အဆက်

အချုပ်အလုပ်လုပ်ငန်း (၂) အတွက် နမူနာများ

အချုပ်အလုပ်လုပ်ငန်း (၂) အတွက် နမူနာများ - အဆက်

မော်ဂျူး (၆.၂) သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၆.၃) ပွဲအခမ်းအနားပြင်ဆင်ခြင်း

မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၆.၄) အချိန်စီမံခန့်ခွဲမှု

အချိန်စီမံခန့်ခွဲမှုကို သင်ကြားခြင်း

နေ့စဉ်ပုံမှန်လုပ်ငန်းစာရင်း

အိုက်ဆင်ဟောင်ဝါ (Eisenhower) ဇယား

မော်ဂျူး (၆) ရပ်တန့်၍ စဉ်းစားပါ (၂)

မော်ဂျူး (၆) ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၆) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် အဖြေများ

မော်ဂျူး (၇) စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၇.၁) ဒေသဆိုင်ရာ သင်ရိုးညွှန်းတမ်း စစ်ဆေးအကဲဖြတ်ခြင်းကို မိတ်ဆက်သင်ကြားခြင်း

ထင်ရှားသည့် စစ်ဆေးအကဲဖြတ်မှု ရှုထောင့်သုံးခု

မိမိကိုယ်ကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် အချင်းချင်း စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၇) သင်ယူမှုလုပ်ငန်း

မော်ဂျူး (၇) သင်ယူမှုလုပ်ငန်း - အဆက် (၁)

မော်ဂျူး (၇) သင်ယူမှုလုပ်ငန်း အဆက် (၂)

မော်ဂျူး (၇) အနှစ်ချုပ်

သင်တန်းအနှစ်ချုပ်

ဆက်လက်ဖတ်မှတ်လေ့လာစရာများ

Related Courses

chatGPTicon