Apple App Store Google Play Store Google Play Store YouTube

သင်ယူမှုအောင်မြင်ရေးအတွက် SMART

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      5  hour(s)      120 စာရင်းသွင်းထားသူ      11 ပို့ချချက်/ပို့ချချက်များ      2 မေးခွန်းများ      1563 ကြည့်ရှုသူစုစုပေါင်း   
 (5)
သင်ယူမှုအောင်မြင်ရေးအတွက် SMART
သင်တန်းအကြောင်းအရာ ဖော်ပြချက်

သင်ယူမှုအောင်မြင်ရေးအတွက်  SMART သင်တန်းသည် ဆရာများ အတွက် ၎င်းတို့ ရရှိထားသော တတ်ကျွမ်းမှုများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ ပြုစုရေးဆွဲထားပါသည်။ ထို့အပြင် ကျောင်းသားများကို ၂၁ ရာစုကျွမ်းကျင်မှုများ ရရှိသွားစေရန် ပြင်ဆင်ပေးနိုင်မည့် စိတ်ဝင်စားစရာကောင်းပြီး ထိရောက်သော သင်ခန်းစာများကို ဖန်တီးနိုင်မည့် နည်းလမ်းကောင်းများရရှိသွားစေရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။

၁။ ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy)

၁.၁။ စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ နှင့် အဆင့်မြင့် တွေးခေါ်မှုစွမ်းရည်များ

၁.၂။   ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ၏  လုပ်ဆောင်မှုပြကြိယာများ

၂။ SMART သင်ယူမှုရလဒ်များ ရေးဆွဲခြင်း

၂.၁။ သင်ယူမှုရလဒ်များ၊ လုပ်ငန်းများနှင့် အကဲဖြတ်စစ်ဆေးခြင်း

၂.၂။ SMART သင်ယူမှုရလဒ်များ

၂.၃။ SMART သင်ယူမှုရလဒ်များကို သတ်မှတ်ဖော်ပြခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြုစုရေးဆွဲခြင်း

အဓိကအသုံးအနှုန်းများ

လုပ်ဆောင်မှုပြကြိယာများ (action verbs)၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့် (autonomy)၊  ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy) ၊ အဆင့်မြင့် တွေးခေါ်မှုစွမ်းရည်များ (higher order thinking skills)၊  စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ (lower order thinking skills)၊ SMART သင်ယူမှုရလဒ်များ (SMART learning outcomes)၊ ၂၁ ရာစု ကျွမ်းကျင်မှုများ (21st century skills)။

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် ဆရာများအား SMART သင်ယူမှုရလဒ်များကို ပြုစုရေးဆွဲနိုင်ရန်အတွက် နည်းဗျူဟာများကို နားလည်နိုင်ရန်နှင့် လက်တွေ့ လေ့ကျင့်ရန် ကူညီပေးမည်ဖြစ်သည်။ ထို့အပြင် သင်ခန်းစာများကို ထိရောက်မှုအမြင့်မားဆုံးဖြစ်အောင် လုပ်ဆောင်ပေးပြီး ကျောင်းသားများ လက်တွေ့အခြေအနေကို ရင်ဆိုင်ရာတွင် ၄င်းတို့အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိစေရန် ကူညီပေးပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းပြီးဆုံးချိန်တွင် ဆရာ/ဆရာမ များသည် -

  • စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ နှင့် အဆင့်မြင့် တွေးခေါ်မှုအဆင့်များအကြား ပိုင်းခြားနိုင်မည်။
  • ဥပမာသင်ခန်းစာများတွင် မည်သည့်တွေးခေါ်မှုအဆင့်ကို အသုံးပြုထားကြောင်း ခွဲခြား သတ်မှတ်ဖော်ပြနိုင်မည်။
  • ဆရာများသည် ၎င်းတို့၏ သင်ခန်းစာများကို စီစဉ်ရာတွင် ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာကို အသုံးပြုရန် အဘယ်ကြောင့်လိုအပ်ကြောင်း ရှင်းပြနိုင်မည်။
  • တွေးခေါ်မှုအဆင့်တိုင်းနှင့် ဆက်စပ်သော လုပ်ဆောင်မှုပြကြိယာများကို သတ်မှတ် ဖော်ပြနိုင်မည်။
  • တွေးခေါ်မှုအဆင့် တစ်ဆင့်ချင်းစီနှင့် ဥပမာလုပ်ငန်းများကို ယှဉ်တွဲနိုင်မည်။
  • သင်ယူမှုရလဒ်များ၊ သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့အကြား ဆက်စပ်မှုကို ရှင်းပြတတ်မည်။
  • မတူညီသော ဘာသာရပ်များအတွက် SMART သင်ယူမှုရလဒ်များကို ခွဲခြားသတ်မှတ်ပြီး စစ်ဆေးအကဲဖြတ်တတ်မည်။
  • သင်ခန်းစာတစ်ခု၌ ထိရောက်မှုအမြင့်မားဆုံးရရှိစေရန်အတွက်  ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲခြင်း လုပ်ဆောင်မှုပြ ကြိယာများကိုလည်း အသုံးပြုနိုင်သည့် SMART သင်ယူမှုရလဒ်များကို ရေးဆွဲတတ်မည်။

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

ထပ်မံ မျှဝေသွားပါမည်။

By Mi ********  at 2024-07-13 14:56:52

ပညာရေးအတွက်အထောက်အပံ့ဖြစ်စေပါသည်။

By khi*********  at 2024-07-26 17:40:06

လေ့လာသူများကို ဖိတ်ခေါ်ပါတယ် အသိပညာတွေထပ်မံတိုးပွားစေပါတယ်

By kha*************  at 2024-07-27 17:36:37

မျှဝေမှုအသစ်များကိုစောင့်မျှော်နေပါတယ်

By lin********  at 2024-08-01 18:56:49

nice course for us

By U Y***********  at 2024-08-18 11:58:44

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
သက်ဆိုင်သော အရင်းအမြစ်များ
EDC Year 3 Semester 2 Local Curriculum Primary/Middle Track Teacher Educator Guide (Myanmar version)

EDC Year 3 Semester 2 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းအသစ်ရှ...

ပိုမိုလေ့လာမည်
EDC Year 2 Semester 1 Local Curriculum Teacher Educator Guide (Myanmar version)

EDC Year 2 Semester 1 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရှိ ဒေသ...

ပိုမိုလေ့လာမည်
EDC Year 1 Local Curriculum Syllabus (Myanmar version)

EDC Year 1 Local Curriculum...

ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ်  သင်ရိုးညွှန်းတမ်းတွင် ပါဝ...

ပိုမိုလေ့လာမည်
<
Back To Top