သင်ယူမှုအောင်မြင်ရေးအတွက် SMART သင်တန်းသည် ဆရာများ အတွက် ၎င်းတို့ ရရှိထားသော တတ်ကျွမ်းမှုများကို အသုံးချနိုင်စေရန်ရည်ရွယ်၍ ပြုစုရေးဆွဲထားပါသည်။ ထို့အပြင် ကျောင်းသားများကို ၂၁ ရာစုကျွမ်းကျင်မှုများ ရရှိသွားစေရန် ပြင်ဆင်ပေးနိုင်မည့် စိတ်ဝင်စားစရာကောင်းပြီး ထိရောက်သော သင်ခန်းစာများကို ဖန်တီးနိုင်မည့် နည်းလမ်းကောင်းများရရှိသွားစေရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။
၁။ ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy)
၁.၁။ စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ နှင့် အဆင့်မြင့် တွေးခေါ်မှုစွမ်းရည်များ
၁.၂။ ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ၏ လုပ်ဆောင်မှုပြကြိယာများ
၂။ SMART သင်ယူမှုရလဒ်များ ရေးဆွဲခြင်း
၂.၁။ သင်ယူမှုရလဒ်များ၊ လုပ်ငန်းများနှင့် အကဲဖြတ်စစ်ဆေးခြင်း
၂.၂။ SMART သင်ယူမှုရလဒ်များ
၂.၃။ SMART သင်ယူမှုရလဒ်များကို သတ်မှတ်ဖော်ပြခြင်း၊ အကဲဖြတ်ခြင်းနှင့် ပြုစုရေးဆွဲခြင်း
အဓိကအသုံးအနှုန်းများ
လုပ်ဆောင်မှုပြကြိယာများ (action verbs)၊ ကိုယ်ပိုင်လုပ်ပိုင်ခွင့် (autonomy)၊ ဘလွန်းမ်၏ သင်ယူမှုမျိုးခွဲပညာ (Bloom’s Taxonomy) ၊ အဆင့်မြင့် တွေးခေါ်မှုစွမ်းရည်များ (higher order thinking skills)၊ စဉ်းစားတွေးခေါ်မှုအနည်းငယ်သာ လိုအပ်သော တွေးခေါ်မှုစွမ်းရည်များ (lower order thinking skills)၊ SMART သင်ယူမှုရလဒ်များ (SMART learning outcomes)၊ ၂၁ ရာစု ကျွမ်းကျင်မှုများ (21st century skills)။
ဤသင်တန်းသည် ဆရာများအား SMART သင်ယူမှုရလဒ်များကို ပြုစုရေးဆွဲနိုင်ရန်အတွက် နည်းဗျူဟာများကို နားလည်နိုင်ရန်နှင့် လက်တွေ့ လေ့ကျင့်ရန် ကူညီပေးမည်ဖြစ်သည်။ ထို့အပြင် သင်ခန်းစာများကို ထိရောက်မှုအမြင့်မားဆုံးဖြစ်အောင် လုပ်ဆောင်ပေးပြီး ကျောင်းသားများ လက်တွေ့အခြေအနေကို ရင်ဆိုင်ရာတွင် ၄င်းတို့အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများရရှိစေရန် ကူညီပေးပါသည်။
ဤသင်တန်းပြီးဆုံးချိန်တွင် ဆရာ/ဆရာမ များသည် -
သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။
ထပ်မံ မျှဝေသွားပါမည်။
By Mi ******** at 2024-07-13 14:56:52
ပညာရေးအတွက်အထောက်အပံ့ဖြစ်စေပါသည်။
By khi********* at 2024-07-26 17:40:06
လေ့လာသူများကို ဖိတ်ခေါ်ပါတယ် အသိပညာတွေထပ်မံတိုးပွားစေပါတယ်
By kha************* at 2024-07-27 17:36:37
မျှဝေမှုအသစ်များကိုစောင့်မျှော်နေပါတယ်
By lin******** at 2024-08-01 18:56:49
nice course for us
By U Y*********** at 2024-08-18 11:58:44
သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။
ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းအသစ်ရှ...
ပိုမိုလေ့လာမည်ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရှိ ဒေသ...
ပိုမိုလေ့လာမည်ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းတွင် ပါဝ...
ပိုမိုလေ့လာမည်