သင်တန်းအကြောင်းအရာ ဖော်ပြချက်
ဤ ‘မိမိ၏ စာသင်ခန်းနှင့် သင့်လျော်မည့် သင်ကြားနည်းများကို ရှာဖွေဖော်ထုတ်ခြင်း’ သင်တန်းသည် သင်နည်းဗေဒ၏ အခြေခံသဘောတရားများအား ခြုံငုံလေ့လာပြီး ဆရာများကို သဘောတရားများနှင့် နမူနာပုံစံများအား စာသင်ခန်းအတွင်း လက်တွေ့အသုံးချနိုင်သော နည်းလမ်းများကို သိရှိနားလည်သွားစေရန် ကူညီပေးပါသည်။ သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်ပါသည်။
မော်ဂျူး (၁) - သင်နည်းဗေဒဆိုင်ရာ သဘောတရားနှင့် လက်တွေ့
(၁.၁) စာသင်ခန်းအတွင်းရှိ သင်နည်းဗေဒ
(၁.၂) အကျိုးသက်ရောက်မှုမြင့်မားသော သင်ကြားနည်း (၁၀) မျိုး
မော်ဂျူး (၂) - သင်ယူမှုနမူနာပုံစံများနှင့် သင်ကြားနည်းများ
(၂.၁) သင်ယူမှုနမူနာပုံစံများ
(၂.၂) သင်ကြားနည်းများ
မော်ဂျူး (၃) - ထိရောက်သော သင်ယူမှုနည်းလမ်းများ
(၃.၁) ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်းနှင့် ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း
(၃.၂) သင်ယူသူကိုယ်တိုင်ဦးဆောင်သင်ယူခြင်းနှင့် ဆရာဦးဆောင်သင်ယူခြင်း
(၃.၃) ပူးပေါင်းပါဝင်သင်ယူခြင်း
အဓိကအသုံးအနှုန်းများ
သင်ယူသူကိုယ်တိုင်ဦးဆောင်သင်ယူခြင်း၊ ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်း၊ ပူးပေါင်းပါဝင်သင်ယူခြင်း၊ သင်ယူမှုနမူနာပုံစံများ၊ သင်နည်းဗေဒ၊ ကျောင်းသားများ၏ ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း၊ သင်ကြားနည်းများ၊ သင်ကြားရေးနည်းလမ်းများ
သင်တန်းရည်ရွယ်ချက်များ
ဤသင်တန်းသည် ၂၁ ရာစုတွင် မြန်မာနိုင်ငံ၏ နောက်ခံအခြေအနေနှင့် ဆက်စပ်နေသော သင်နည်းဗေဒဆိုင်ရာ သဘောတရားများနှင့် လက်တွေ့လုပ်ဆောင်မှုများကို နားလည် သဘောပေါက်သွားစေရန် အထောက်အကူပြုပါသည်။ ထို့ပြင် ကျောင်းသားများအား ၎င်းတို့၏ သင်ယူမှုတွင် ထိရောက်မှုရှိစေရန်နှင့် စိတ်ပါဝင်စားမှုရှိစေရန်အတွက် ဆရာများအနေဖြင့် သင်ကြားရေး နည်းလမ်းများကို သိရှိနားလည်ပြီး လက်တွေ့လုပ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။
သင်ယူမှုရလဒ်များ
ဤမော်ဂျူးကို သင်ယူပြီးချိန်တွင် သင်သည် -
- သင်နည်းဗေဒ၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို သိရှိနားလည်နိုင်မည်။
- သင်နည်းဗေဒနှင့် သဘောတရားနှင့် လက်တွေ့တို့၏ ဆက်စပ်မှုကို ရှင်းပြတတ်မည်။
- အကျိုးသက်ရောက်မှုမြင့်မားသော သင်ကြားနည်း (၁၀) မျိုးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- အကျိုးသက်ရောက်မှုမြင့်မားသော သင်ကြားရေးနည်းလမ်း (၁၀) မျိုးကို ဥပမာများနှင့် ယှဉ်တွဲတတ်မည်။
- သင်ယူမှုနမူနာပုံစံများတွင် သင်ယူမှုအဆင့်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- ဒေသဆိုင်ရာ အကြောင်းအရာများနှင့် သက်ဆိုင်သည့် အခြေခံ သင်ယူမှုနမူနာပုံစံများကို လေ့ကျင့်တတ်မည်။
- မတူညီသော သင်ကြားနည်းများ၏ အားသာချက်များနှင့် အားနည်းချက်များကို အကဲဖြတ်စစ်ဆေးတတ်မည်။
- ဥပမာများဖြင့် သင်ကြားနည်းများကို မှတ်သားနိုင်မည်။
- သင်ယူမှုတွင် ကျောင်းသားများ လွတ်လပ်စွာသင်ယူခွင့်ရှိခြင်းနှင့် ကိုယ်တိုင်တာဝန်ယူသင်ယူခြင်း၏ အရေးပါပုံကို ရှင်းပြတတ်မည်။
- သင်ယူသူကိုယ်တိုင် ဦးဆောင်သင်ယူခြင်းနှင့် ဆရာဦးဆောင်သင်ယူခြင်းကို ပြန်လည်ဆန်းစစ်တတ်မည်။
- သင်ပြမှုပုံစံရေးဆွဲခြင်းတွင် သင်ယူသူကိုယ်တိုင် ဦးဆောင်သင်ယူခြင်းကို အကောင်အထည်ဖော်နိုင်ရန် အဆင့်များကို ခွဲခြားသတ်မှတ်နိုင်မည်။
- ပူးပေါင်းပါဝင်သင်ယူခြင်းတွင် အပြုသဘောဆောင်သော အပြန်အလှန်မှီခိုမှုနှင့် တစ်ဦးချင်းတာဝန်ခံမှုတို့အကြား ဆက်နွှယ်မှုကို နားလည်နိုင်မည်။
အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်
သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။
အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)
ပူးတွဲfileများဖွင့်၍မရပါဗျ။
By YAN*****
at 2024-09-21 22:32:37
သင်ရိုးညွှန်းတန်းနှင့်သင်နည်းဗေဒဆိုင်ရာသင်တန်း
By Nil*******
at 2024-09-26 11:40:30
အရမ်းကိုသဘောကျနှစ်သက်ပါတယ်ရှင့်
By Nil*******
at 2024-09-26 11:42:44
အရမ်းကိုသဘောကျပါတယ်ရှင့်
By Nilar Phyo at2024-9-26
11:44:35
By Nil*******
at 2024-09-26 11:44:22
ခုလိုလေ့လာခွင့်ပြုပေးလို့သက်ဆိုင်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။🍀
By Khi**********
at 2024-09-28 18:37:45
အခုလိုမျိုးလေ့လာလယနိုင်အောင် လုပ်ထားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။
By Kho***********
at 2024-09-29 14:11:00
အကျိုးကျေးဇူးများစွာရရှိပါတယ်
By Khi**********
at 2024-09-30 23:54:08
အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်