မြန်မာနိုင်ငံ၏ ကွဲပြားစုံလင်မှုများသော လူမျိုးဘာသာ အခင်းအကျင်း၊ သမိုင်းဆိုင်ရာ ပဋိပက္ခများ၊ စုံလင်များပြားလှသော အကျပ်အတည်းပြဿနာများ၊ ဒီမိုကရေစီရရန် ရုန်းကန်နေရဆဲ အခြေအနေနှင့် လူ့အခွင့်အရေး ထည့်သွင်းစဉ်းစားမှုများကြောင့် ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုသည် မြန်မာနိုင်ငံအတွက် အလွန့်အလွန်ကို အရေးကြီးပါသည်။ နိုင်ငံတွင်းတွင် များစွာသော လူမျိုးစုအစုအဖွဲ့များနှင့် ဘာသာကွဲအသိုင်းအဝိုင်းများ ရှိသောကြောင့် နားလည်မှုနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုကို မြှင့်တင်အားပေးရန် လေးစားသမှု ရှိသော ဆွေးနွေးဖလှယ်မှုများကို လိုအပ်ပါ၏။ ဆွေးနွေးဖလှယ်ခြင်းသည် ကာလရှည်ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့အတွက် သော့ချက်လည်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် နိုင်ငံတည်ဆောက်ခြင်းထံ ဦးတည်ရွေ့လျားနေသော ခရီးစဉ်တွင် အားလုံးအကျုံးဝင်သော ဆွေးနွေးဖလှယ်မှုသည် နိုင်ငံသားတိုင်း၌ လူ့အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် မိမိယဉ်ကျေးမှုကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်တို့၏ အခြေခံမူဘောင်များနှင့် အညီ ထုတ်ဖော်ပြောဆိုခွင့် ရှိစေပြီး အခွင့်အရေးများကို အကာအကွယ်ပေးခံရကြောင်း သေချာစေပါသည်။
ကွဲပြားစုံလင်ပြီး အပြန်အလှန် ဆက်နွှယ်မှီခိုနေသော ယနေ့ကမ္ဘာ၌ ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုကို အားပေးမြှင့်တင်ရာတွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) နှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) တို့သည် အချက်အချာကျသော ကဏ္ဍများမှ ပါဝင်ကြသည်။ အဆိုပါ ပညာရေးဆိုင်ရာချဉ်းကပ်နည်းနှစ်ခုသည် ယဉ်ကျေးမှုနှင့် ဘာသာတရား ကွဲပြားစုံလင်မှု၏ အရှုပ်အထွေးများကို ကိုင်တွယ်စီမံနိုင်ရန် လူတို့အား ကူညီသလို မတူညီသော ရပ်ရွာအသိုင်းအဝိုင်းများအကြား အသိအမှတ်ပြုနားလည်မှု၊ မျှဝေစာနာမှုနှင့် နားလည်မှုကိုလည်း မြှင့်တင်အားပေးပါသည်။ MIL နှင့် CSE ကို ပညာရေးသင်ရိုးတွင် ပေါင်းစပ်ထည့်သွင်းခြင်းဖြင့် ကျောင်းများနှင့် ပညာရေးအဖွဲ့အစည်းများသည် နောက်မျိုးဆက်အား ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုတွင် တက်ကြွစွာ ပါဝင်သူများ ဖြစ်လာစေရန် ပံ့ပိုးကူညီပြီး ကွဲပြားစုံလင်မှုကို တန်ဖိုးထား၍ မတူကွဲပြားသော ရပ်ရွာအသိုင်းအဝိုင်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးသော အားလုံးအကျုံးဝင်မှုနှင့် သဟဇာတဖြစ်မှု ပိုရှိသည့် လူ့အဖွဲ့အစည်းကို အားပေးပါသည်။
ဤမော်ဂျူးသည် အထူးသဖြင့် မြန်မာနိုင်ငံအခြေအနေအခင်းအကျင်းတွင် ယဉ်ကျေးမှုဆိုင်ရာ နားလည်လေးစားမှုနှင့် ယဉ်ကျေးမှုအစုံ ပါဝင်သော ဆွေးနွေးဖလှယ်မှု၏ အရေးကြီးပုံကို အသားပေးပါသည်။ အသိအမှတ်ပြုနားလည်မှုနှင့် လူမှုအကျုံးဝင်မှုကို မြှင့်တင်အားပေးရန် ကွဲပြားစုံလင်သော ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ချက်များ၊ စံတန်ဖိုးများနှင့် ဓလေ့ထုံးတမ်းများအပေါ် လေးစားမှုနှင့် နားလည်မှုအကြောင်းကို အလေးပေးဖော်ပြထားသည်။ လေးစားမှုရှိသော ဆက်သွယ်ရေး၊ လူမျိုးစုရိုးရာဓလေ့များကို ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဘာသာရေးယုံကြည်မှုများကို လေးစားခြင်းတို့အား အလေးပေးကာ ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုအတွက် နယ်လှည့်ဆရာအတတ်သင်နည်းပြများ၏ မရှိမဖြစ်သော အခန်းကဏ္ဍကို ထင်ရှားမြင်သာအောင် ဖော်ပြထားသည်။ ထို့အပြင် ပိုမို စည်းလုံး၍ ယဉ်ကျေးမှုဆိုင်ရာ ကြွယ်ဝပြည့်စုံသော လူ့အဖွဲ့အစည်း ဖြစ်လာရန် ဖြည့်ဝင်ကူညီသည့် လူမှုပေါင်းစည်းမှု၊ အားလုံးအကျုံးဝင်မှုနှင့် အသိအမှတ်ပြုနားလည်မှုတို့ တိုးတက်ရန်အတွက် CSE AoF၏ မရှိမဖြစ် အရေးပါပုံကိုလည်း မီးမောင်းထိုးဖော်ပြထားပါသည်။
ဤမော်ဂျူး ပြီးမြောက်ချိန်တွင် တက်ရောက်သူများသည် -
သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။
သင်ခန်းစာအများကြီးရပါတယ်
By Law****** at 2024-10-30 19:53:21
စိတ်ဝင်စားပါသည်
By Roi***** at 2024-10-30 23:54:35
စိတ်ဝင်စားပါသည်
By Roi***** at 2024-10-31 00:00:39
စိတ်ဝင်စားသည်
By Tem****** at 2024-10-31 14:22:06
သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။
Media and Information Literacy through Conflict Sensitive Education (MIL-CSE) Module 3.1...
ပိုမိုလေ့လာမည်Media and Information Literacy through Conflict Sensitive Education (MIL-CSE)MODULE 2.1M...
ပိုမိုလေ့လာမည်Media and Information Literacy through Conflict Sensitive Education (MIL-CSE)MODULE 1.1M...
ပိုမိုလေ့လာမည်