ဤအတန်းသည် ကျောင်းသားများကို အခြေခံပညာအဆင့်တွင် မြန်မာ့ရိုးရာကို အခြေခံပြီး ဂီတအနုပညာ (အဆို၊ အက) နှင့် ပန်းချီအနုပညာ (ပန်းချီဆွဲခြင်းနှင့် ဆေးခြယ်ခြင်း)များကို သင်ကြားနိုင်ရန်အတွက် ပြင်ဆင်ပေးမည်ဖြစ်သည်။ ဤအတန်း၏ ရည်ရွယ်ချက်မှာ ပြောင်းလဲနေသသော ခေတ်ရေစီးကြောင်းနှင့် လျော်ညီစွာ အနုပညာများဖန်တီးရာတွင် ကြင်နာသော စိတ်နေသဘောထားများနှင့် ကျွမ်းကျင်မှုများဖြင့် ကောင်းမွန်သောဆရာများဖြစ်လာစေရန် ရည်ရွယ်ပါသည်။ ဆရာများသည် အခြေခံပညာကျောင်းသားများ မိမိ၏ ရိုးရာအနုပညာ၊ ဂီတနှင့် ယဉ်ကျေးမှုတို့အတွက် အလေးပေးမှုများရရှိစေရန် လုပ်ဆောင်မည်ဖြစ်သည်။ ဤအတန်းတွင်အဆို၊ အက၊ အတီး၊ ပန်းချီဆွဲခြင်းနှင့် လက်မှုပညာများ ပါ၀င်ပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကျောင်းသားများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ တာ၀န်ယူသော အပြုအမူများကို မြှင့်တင်ပေးခြင်းနှင့် အနုပညာကို သိမြင်ခံစားခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် ကျောင်းသားများသည် ကျောင်းတွင် ပျော်ရွှင်မှုများရရှိစေရန် အကူညီထောက်ပံ့ပေးမည် ဖြစ်သည်။ ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်အား ကိုးကားပြီး ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများသည် အနုပညာ၏ အခြေခံအသိပညာများနှင့် အနုပညာသင်ကြားခြင်း၏ သင်နည်းဗေဒဆိုင်ရာ အသိပညာများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ တတိယနှစ်နှင့် စတုတ္ထနှစ်တွင် အနုပညာဘာသာရပ်အသိပညာကို ပိုမိုနက်နက်နဲနဲ နားလည်သဘောပေါက်ရန် ထပ်မံသင်ယူရမည်ဖြစ်ပြီး မူလတန်း အနုပညာသင်ရိုးညွှန်းတမ်း၊ ညွှန်ကြားချက်နှင့် စစ်ဆေးအကဲဖြတ်မှုများကို ပိုမိုပြီး စနစ်တကျ နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။
If you have not logged in, please to leave a review.
ဤအတန်းသည် ကျောင်းသားများကို အခြေခံပညာအဆင့်တွင် မြန်မာ့ရိုးရာကို အခြေခံပြီး ဂီတအနုပညာ (အဆ...
ပိုမိုလေ့လာမည်ဤအတန်းသည် ကျောင်းသားများကို အခြေခံပညာအဆင့်တွင် မြန်မာ့ရိုးရာကို အခြေခံပြီး ဂီတအနုပညာ (အဆ...
ပိုမိုလေ့လာမည်You can read Myanmar Version.Accessible online: https://www.idea.int/publications/c...
ပိုမိုလေ့လာမည်