အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း (၂)၊
မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုပြီး သင်ခန်းစာပို့ချချက်ဗီဒီယိုများ ဖန်တီးခြင်း

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      4  week(s)      130 စာရင်းသွင်းထားသူ      5 ပို့ချချက်/ပို့ချချက်များ      4 မေးခွန်းများ      854 ကြည့်ရှုသူစုစုပေါင်း   
 (27)
<div>အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း (၂)၊</div><div>မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုပြီး သင်ခန်းစာပို့ချချက်ဗီဒီယိုများ ဖန်တီးခြင်း</div>
သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤမော်ဂျူးတွင် ဒစ်ဂျစ်တယ်သင်ကြားရေးပစ္စည်းများ ဖန်တီးပြုလုပ်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကို ကျောင်းသားများအား အွန်လိုင်းမှတစ်ဆင့် မျှဝေသင်ကြားရန် အဓိကထား သင်ကြားသွားမည်ဖြစ်သည်။ ဆရာများအနေဖြင့် အွန်လိုင်း/အဝေးရောက်စနစ်ဖြင့် သင်ကြားသင်ယူမှုကို ထိရောက်စွာ ပြုလုပ်နိုင်ရန်အတွက် ဘာသာရပ်ပေါင်းစုံမှ သင်ခန်းစာများကို ဗီဒီယိုရိုက်ကူးနိုင်ပြီး သင်ခန်းစာပို့ချချက်ဗီဒီယိုများကိုလည်း ဖန်တီးနိုင်သော ကျွမ်းကျင်မှုများ ရရှိစေမည့် ပြင်ဆင်မှုများပြုလုပ်ရန် အသေးစိတ် လမ်းညွှန်ချက်အဆင့်ဆင့် ပါဝင်သည်။ အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း(၁)တွင် ဆရာများသည် အတန်းတွင်း ဆွေးနွေးမှု/လှုပ်ရှားမှုများကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်နိုင်ရန်အတွက် Viber အက်ပလီကေးရှင်း အသုံးပြုပုံကို သင်ယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် Viber Group Chat များအတွင်း တည်းဖြတ်ထားသော ဓာတ်ပုံများအပါအဝင် သင်ခန်းစာပို့ချချက်ဗီဒီယိုများကို ကျောင်းသားများသို့ မျှဝေသည့်အကြောင်းများပါဝင်သော ဤမော်ဂျူးရှိ သင်ယူမှုလုပ်ငန်းများကို ပြီးမြောက်အောင် သင်ယူခြင်းဖြင့် ဆရာများသည် အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း(၁)မှ သင်ယူထားသော ကျွမ်းကျင်မှုများကို အသုံးချရန် အခွင့်အရေးတစ်ခု ရရှိကြပါလိမ့်မည်။ ကိုယ်ပိုင်သင်ခန်းစာပို့ချချက် ဗီဒီယိုများ ဖန်တီးခြင်းဖြင့် ဆရာများသည် ၎င်းတို့သင်ခန်းစာ၏ အကြောင်းအရာများကို တင်ပြနိုင်မည်ဖြစ်ပြီး အချက်အလက်များ ပိုမိုမှတ်မိစေရန်အတွက်လည်း ကျောင်းသားများကို အထောက်အကူပြုနိုင်လိမ့်မည် ဖြစ်သည်။

သင်တန်းရည်ရွယ်ချက်များ

သင်ကြားရေးနည်းကိရိယာဖြစ်သည့်   InShot – Video Editor မိုဘိုင်းအက်ပလီကေးရှင်း
InShot – Video Editor ၏ အခြေခံလုပ်ဆောင်ချက်များ
InShot – Video Editor ထည့်သွင်းခြင်း
သင်ခန်းစာပို့ချချက် ဗီဒီယိုများ ရိုက်ကူးခြင်း
မိုဘိုင်းကိရိယာများပေါ်တွင် ဗီဒီယိုတည်းဖြတ်ခြင်း        
အွန်လိုင်းပလက်ဖောင်းပေါ်တွင် ဗီဒီယိုများ မျှဝေခြင်း

သင်ယူမှုရလဒ်များ

ဤမော်ဂျူး၏ အဆုံးတွင်၊ ဆရာ၊ဆရာများသည် - 
InShot အက်ပ်လီကေးရှင်းအကြောင်းနှင့် Inshot မိုဘိုင်းအက်ပလီကေးရှင်း၏ လုပ်ဆောင်ချက်(function)ကို သိရှိနားလည်လိမ့်မည်။ 
InShot application ကို မိုဘိုင်းကိရိယာတွင် ထည့်သွင်းတတ်ပြီး စနစ်ထည့်သွင်းတတ်မည်။ 
မိုဘိုင်းကိရိယာဖြင့် ဗီဒီယိုရိုက်ကူး၊ တည်းဖြတ်ပုံ လက်တွေ့အတွေ့အကြုံများ ရရှိလိမ့်မည်။ 
တည်းဖြတ်ထားသော ဗီဒီယိုကို ထုတ်ယူ(export)တတ်ပြီး အခြားအွန်လိုင်းပလက်ဖောင်းများပေါ်တွင် မျှဝေတတ်မည်။ 

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ
အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်
သက်ဆိုင်သော အရင်းအမြစ်များ
Theories of Conflict

Theories of Conflict

Theories of Conflict is based on lectures given when the author was professor of sociolo...

ပိုမိုလေ့လာမည်
An A-Z of ELT: A Dictionary of Terms and Concepts used in English Language Teaching

An A-Z of ELT: A Dictionary...

https://archive.org/details/AnAZOfELTPdf/mode/2up&nbsp;Learning the terminology of langu...

ပိုမိုလေ့လာမည်
EDC Year 1 ICT Syllabus (Myanmar version)

EDC Year 1 ICT Syllabus (Mya...

သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ (ICT) ဘာသာရပ်သည် လုပ်ငန်းခွင်အကြို ပညာရေးဒီဂရီကေ...

ပိုမိုလေ့လာမည်