အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း (၁)၊ ဆရာနှင့် ကျောင်းသားအကြား ပြန်ကြားဆက်သွယ်ရေး နည်းလမ်းများ
2.6
(54 မှတ်ချက်)
Certified
4 week(s)
345 စာရင်းသွင်းထားသူဦးရေ
4969 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
အွန်လိုင်းသင်ကြားသင်ယူမှုနှင့် အွန်လိုင်းစာသင်ခန်းများ စီမံခန့်ခွဲရာတွင်ကျောင်းသားများနှင့် ဆက်သွယ်ပြောဆိုနိုင်ရန်အတွက် ရှိနှင့်ပြီးသောအွန်လိုင်းပြန်ကြားဆက်သွယ်ရေးနည်းကိရိယာများကို
အသုံးပြုရာတွင် လိုအပ်သည့်ကျွမ်းကျင်မှုများအတွက်သာမက ICT ဘက်စုံပေါင်းစပ်မှုပါဝင်သော သင်ကြားသင်ယူမှု ပတ်ဝန်းကျင်တွင် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ/ အခြေခံမူများဆိုင်ရာ အသိပညာများနှင့် ကျောင်းသားများကို ထိုအခြေခံစည်းမျဉ်းများ/ အခြေခံမူများအား ရရှိအသုံးချစေသည့် အွန်လိုင်းစာသင်ခန်းတွင်း ကူညီလမ်းညွှန်ရမည့် ချဉ်းကပ်နည်းလမ်းများအတွက်ပါ ဤမော်ဂျူးက ဆရာများကို လေ့ကျင့်ပြင်ဆင်ပေးသွားမည်ဖြစ်သည်။ ဤမော်ဂျူးပါ သင်ယူမှုလုပ်ငန်းများသည် ဆရာများကို ဆက်စပ်အကြောင်းအရာများနှင့် အွန်လိုင်းစာသင်ခန်း စီမံခန့်ခွဲမှုတို့တွင် စာသင်ခန်းတွင်း လုပ်ငန်းများ ပြုလုပ်ရန်နှင့် အတန်းတစ်ခုရှိ ဆရာနှင့် ကျောင်းသားတို့အကြား ဆွေးနွေးမှုကို စောင့်ကြည့်ရန်တို့အတွက် အခြေခံအက်ပလီကေးရှင်းထည့်သွင်းခြင်းမှအစ ဆက်သွယ်ရေးနည်းကိရိယာကို နည်းလမ်းတကျ အသုံးပြုခြင်းအဆုံး လက်တွေ့လေ့ကျင့်မှုများပြုလုပ်တတ်စေရန် ရေးဆွဲထားပါသည်။
သင်တန်းရည်ရွယ်ချက်များ
၁.၁။ ပညာရေးဆိုင်ရာ အသုံးပြုမှုအတွက် Viber အက်ပလီကေးရှင်း
၁.၁.၁။ Viber အက်ပလီကေးရှင်းကို စတင်သွင်းခြင်း
၁.၁.၂။ ပရိုဖိုင်အချက်အလက်များအား update ပြုလုပ်ခြင်း(ဖြည့်စွက် ပြင်ဆင်ခြင်း)
၁.၁.၃။ Viber chatအား စိတ်ကြိုက်ပြင်ဆင်ခြင်း
၁.၁.၄။ Viber အဖွဲ့လိုက် Group Chatအား စိတ်ကြိုက်ပြင်ဆင်ခြင်း
၁.၁.၅။ Viber ဗီဒီယို/အော်ဒီယိုချတ်အား စိတ်ကြိုက်ပြင်ဆင်ခြင်း
၁.၁.၆။ Viber အက်ပလီကေးရှင်းပေါ်တွင် စာသင်ခန်းတွင်းလုပ်ငန်းများအား ကူညီလမ်းညွှန်ခြင်း
သင်ယူမှုရလဒ်များ
ဤမော်ဂျူး ပြီးဆုံးချိန်တွင် သင်သည် -
● ဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင် Viber အက်ပလီကေးရှင်းကို ထည့်သွင်းတတ်မည်။
● အကောင့် (သို့မဟုတ်) ပရိုဖိုင် အချက်အလက်များ၏ ဆက်တင်(setting)ကို စီမံတတ်မည်။
● ကျောင်းသားများနှင့် အွန်လိုင်းလုပ်ငန်းများ/ဆွေးနွေးမှုများ ပြုလုပ်မည့် စာသင်ခန်းအမျိုးမျိုးအတွက် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် ဆက်သွယ်မှုများ ဖန်တီးတတ်မည်။
● စာရွက်စာတမ်းများ၊ ဗီဒီယို၊ အသံဖိုင်နှင့် အခြားဆက်စပ်သော အချက်အလက်များကို မျှဝေတတ်မည်။
● အွန်လိုင်း ဆွေးနွေးမှု/လုပ်ငန်းတို့ကို ထိရောက်စွာ ထောက်ပံ့စီမံတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
Viber မိတ်ဆက်ခြင်း
Viber အက်ပလီကေးရှင်းကို စတင်သွင်းခြင်း
သင်ယူမှုလုပ်ငန်း ၁။ Viber အက်ပလီကေးရှင်းအား ထည့်သွင်းခြင်း
ပရိုဖိုင်အချက်အလက်များအား အပ်ဒိပ် (Update) ပြုလုပ်ခြင်း (ဖြည့်စွက်ပြင်ဆင်ခြင်း)
သင်ယူမှုလုပ်ငန်း ၁။ Viber တွင် ပရိုဖိုင်အချက်အလက်များအား အပ်ဒိပ် (update) ပြုလုပ်ခြင်း
Viber ချတ်အား စိတ်ကြိုက်ပြင်ဆင်ခြင်း
သင်ယူမှုလုပ်ငန်း ၁။ မိုဘိုင်းဖုန်းပေါ်တွင် Viber ချတ်အား စိတ်ကြိုက်ပြင်ဆင်ခြင်း
Viber အဖွဲ့လိုက်ချတ် (Group Chat)အား စိတ်ကြိုက်ပြင်ဆင်ခြင်း
သင်ယူမှုလုပ်ငန်း ၁။ လက်ပ်တော့ပေါ်တွင် Viber အဖွဲ့လိုက်ချတ်(Group Chat)အား စိတ်ကြိုက်ပြင်ဆင်ခြင်း
Viber ဗီဒီယို/အော်ဒီယိုချတ်(Video/Audio Chat)တို့အား စိတ်ကြိုက်ပြင်ဆင်ခြင်း
သင်ယူမှု လုပ်ငန်း ၁။ မိုဘိုင်းဖုန်းပေါ်တွင် အော်ဒီယို/ဗီဒီယိုခေါ်ဆိုမှု(audio/video call)အား စိတ်ကြိုက် ပြင်ဆင်ခြင်း
အကျဉ်းချုပ်
Tips and Trick
သက်ဆိုင်သော သင်တန်းများ