Apple App Store Google Play Store Google Play Store YouTube

မော်ဂျူး (၅) - ဆရာများအတွက် တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      4  week(s)      45 စာရင်းသွင်းထားသူ      2 ပို့ချချက်/ပို့ချချက်များ      3 မေးခွန်းများ      1086 ကြည့်ရှုသူစုစုပေါင်း   
 No Rating Yet
မော်ဂျူး (၅) - ဆရာများအတွက် တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်
သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ တတိယနှစ်၊ ဒုတိယ စာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ ပညာရေးဒဿနများနှင့် ပညာရေးအပေါ် ၎င်းတို့၏ သက်ရောက်မှုများ
  • မော်ဂျူး ၂။  စစ်ဆေးအကဲဖြတ်ခြင်း- စစ်ဆေးအကဲဖြတ်မှုကိရိယာများ ပြုစုရေးဆွဲခြင်းနှင့် တတ်မြောက်မှုကို ဆန်းစစ်လေ့လာခြင်း
  • မော်ဂျူး ၃။ လူတိုင်းအကျုံးဝင်သော သင်ယူမှုဝန်းကျင်များ 
  • မော်ဂျူး ၄။ သင်ကြား၊သင်ယူမှုတွင် နည်းပညာကို အသုံးပြုခြင်း 
  • မော်ဂျူး ၅။ ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့သင်ကြားမှု

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၅)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၅) တွင်လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၅)

  • မော်ဂျူး (၅.၁) ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု
    • ပူးပေါင်းလုပ်ဆောင်သော ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင် ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
    • သုတေသီများဖြစ်သော ဆရာများ
    • သုတေသန စီမံချက်များ
    • ဆရာအတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (CPD) အတွက် ICT
  • မော်ဂျူး (၅.၂) ဆရာအတတ်ပညာဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ ဆက်သွယ်မှုများ  
    • မြန်မာကျောင်းဆရာများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ  
    • တာဝန်ယူမှုရှိပြီး ကျင့်ဝတ်နှင့် ကိုက်ညီသော အမူအကျင့်အား တန်ဖိုးထားခြင်း 
    • မြန်မာကျောင်းဆရာများ၏ ခေါင်းဆောင်မှု အရည်အသွေးများ  
    • မြန်မာကျောင်းဆရာ တစ်ဦး ဖြစ်လာခြင်း  

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ဒုတိယ  စာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည် -

  • တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
  • မူလတန်းအောက်အဆင့်နှင့် အလယ်တန်းအောက်အဆင့်ကျောင်းများတွင် ကျောင်းသားများ၏ သင်ယူမှုကို ထိရောက်စွာပံ့ပိုးပေးနိုင်ရန် သင်ခန်းစာများသင်ကြားရာ၌ ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းတွင် ၎င်းတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချတတ်မည်။ 
  • မူလတန်းအောက်အဆင့်နှင့် အလယ်တန်းအောက်အဆင့်ကျောင်းရှိ စာသင်ခန်းများတွင် ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုကို တိုးမြှင့်ခြင်းနှင့် ကျောင်းသားများ၏ အမူအကျင့်များကို ထိရောက်စွာစီမံခန့်ခွဲခြင်းဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာသုခရှိမှုကို သေချာစေပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှုဝန်းကျင်ကို ဖန်တီးတတ်မည်။ 
  • စာသင်ခန်းတွင် လူတိုင်းအကျုံးဝင်မှုရှိပြီး အသစ်တီထွင်ဖန်တီးမှုရှိသော သင်ယူမှုဝန်းကျင်ကို ဖန်းတီးရန် ပညာရေးဆိုင်ရာ နည်းပညာကို အသုံးချတတ်မည်။
  • ထိရောက်သော ဆရာများဖြစ်လာစေရန်အတွက် တာဝန်ဝတ္တရားများနှင့် ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများကို လက်ခံယုံကြည်ပြီး ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကာတစ်ဦးချင်းနှင့် စုပေါင်းဆောင်ရွက်ရသော ချဉ်းကပ်နည်းများမှတစ်ဆင့် ဆရာအတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (CDP) တွင် ပါဝင်ဆောင်ရွက်တတ်မည်။
  • စာသင်ခန်းများရှိ မတူကွဲပြားသောသင်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အမျိုးမျိုးသော သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်းနည်းများကို အသုံးချပြီး တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရန် အစီအစဉ်ရေးဆွဲ ပြင်ဆင်တတ်မည်။ 

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)
အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
သက်ဆိုင်သော အရင်းအမြစ်များ
EDC Year 2 Semester 1 Local Curriculum Teacher Educator Guide (Myanmar version)

EDC Year 2 Semester 1 Local...

ဤသင်ခန်းစာ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် အခြေခံပညာရေးသင်ရိုးညွှန်းတမ်းအသစ်ရှိ ဒေသ...

ပိုမိုလေ့လာမည်
EDC Year 1 Local Curriculum Syllabus (Myanmar version)

EDC Year 1 Local Curriculum...

ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ်  သင်ရိုးညွှန်းတမ်းတွင် ပါဝ...

ပိုမိုလေ့လာမည်
EDC Year 1 Semester 2 Local Curriculum Teacher Educator Guide (English version)

EDC Year 1 Semester 2 Local...

The purpose of this course is for student teachers to be familiar with the concept of L...

ပိုမိုလေ့လာမည်
<
Back To Top