အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး(၅) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်း

2.8

(11 မှတ်ချက်)

Certified

4 week(s)

196 စာရင်းသွင်းထားသူဦးရေ

1723 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး အွန်လိုင်း သင်ခန်းစာမှာ ကြိုဆိုပါတယ်။

ဤအွန်လိုင်း သင်ခန်းစာကို မော်ဂျူး ၅ ခုဖြင့် လေ့လာ နိုင်ပြီး၊ သင်ယူသူများ အနေဖြင့်(၁) ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မိတ်ဆက်ခြင်း ၊(၂)ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး၏ အရေးပါပုံ၊(၃)တတ်ကျွမ်းရမည့် စံနှုန်းများ ၊ (၄)ရေရှည်ဖွံ့ဖြိုး မှု အကြောင်းအရာများကို ကျောင်းတွင် သင်ကြားခြင်းနှင့်(၅)တစ်ကျောင်းလုံး အတိုင်းအတာဖြင့် ချဉ်းကပ်နည်းတို့ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

သင်ခန်းစာ တစ်ခု စီ၏ အဆုံးတွင် မိမိ၏ နားလည် သဘောပေါက် မှု ကို စစ်ဆေးနိုင်သည့် short quiz / assignments တွေလည်း ပါဝင်ပါသည်။ မော်ဂျူးတစ်ခုစီ၏ အဆုံးတွင် သင်ခန်းစာ ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် Assessment မေးခွန်း များကို ဖြေဆိုရမည် ဖြစ်ပါသည်။

ဤအွန်လိုင်းသင်ခန်းစာများကို သင်တန်း ပြီးဆုံးသည် အထိ မိမိ နှစ်သက်ရာ အချိန်တွင် အချိန်ယူ လေ့လာနိုင်ပါသည်။ မိမိ တစ်ဦးတည်း လေ့လာနိုင်သလို လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ နှင့် လည်း Discussion Session တွင် ဆွေးနွေးပြီး လေ့လာ နိုင်ပါသည်။

သင်တန်းရည်ရွယ်ချက်များ

ဤအွန်လိုင်းသင်ခန်းစာများကို SIDA ၏ ရန်ပုံငွေ ပံ့ပိုး မှု ဖြင့် ယူနက်စကိုမှ  စီစဉ်ခဲ့ပါသည်။ ယေဘုယျအား ဖြင့် ဤသင်ခန်းစာများ သည်  ဆရာ၊ဆရာမများ နှင့် အခြားစိတ်ဝင်စားသူ မည်သူ မဆို ရေရှည်ဖွံ့ဖြိုးရေး ကို ပညာရေးမှ တဆင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပါသည်

သင်ယူမှုရလဒ်များ

ဒီသင်ခန်းစာမှာ တော့ မော်ဂျူး(၅) ငြိမ်းချမ်းရေး နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ကျောင်းလုံးအတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်းကို လေ့လာသွားရမှာ  ဖြစ် ပြီး၊ သင်ခန်းစာ အဆုံးတွင် သင်ယူသူများ အနေဖြင့် 

  • တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ခြင်း၏ အဓိပ္ပါယ် နှင့် ဆောင်ရွက်ရမည့် ကဏ္ဍများကို သိရှိလာမည်။
  • တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ရာတွင် ကျောင်းအုပ်ချုပ်ရေး၏ အခန်း ကဏ္ဍများကို နားလည် သဘောပေါက်မည်။
  • ကျောင်းအုပ်ချုပ်ရေး အနေဖြင့် သင်ကြားသင်ယူရေး တွင် ပံ့ပိုး နိုင်သည်များကို နားလည် သိရှိမည်။
  • ကျောင်းဝင်းကို တစ်ကျောင်းလုံးအတိုင်းအတာ ချဉ်းကပ်နည်းတွင် မည်သို့ အသုံးပြုနိုင်သည်ကို နားလည်သိရှိမည်။
  • တစ်ကျောင်းလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ရာတွင် ရပ်ရွာမိဘများနှင့် မိတ်ဖက် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သိရှိမည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

Short Question

Short Question

Assignment

Multiple Choice

Matching

ဆွေးနွေးကြမယ်

သက်ဆိုင်သော သင်တန်းများ

chatGPTicon