ပိုမိုကောင်းမွန်သော အလုပ်အကိုင်ရရှိရေးအတွက် လူငယ်များ၏ ICT စွမ်းရည်ကို မြှင့်တင်ခြင်း
4.1
(63 မှတ်ချက်)
Certified
4 week(s)
921 စာရင်းသွင်းထားသူဦးရေ
5963 ကြည့်ရှုထားသူဦးရေ
Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
ယနေ့ခေတ်တွင် နည်းပညာဆိုင်ရာ ပညာရပ်များစွာထွန်းကားလာသည်နှင့်အမျှ အိုင်တီနည်းပညာသည် နေ့စဉ်ဘဝ အများနှင့် ချိတ်ဆက်စကားပြောဆိုခြင်းမှ ပညာရေးနှင့် အလုပ်အကိုင်များအထိ မရှိမဖြစ်လိုအပ်လာပါသည်။ ထို့ကြောင့် ယခုသင်တန်းကို လူငယ်များ၏ ဘ၀တိုးတက်မြင့်မားရေးအတွက် အသုံး၀င်စေမည့် နည်းပညာအသုံးပြုပုံများကို ပေါင်းစုပြီး ရေးဆွဲထားခြင်းဖြစ်ပါသည်။ သင်ခန်းစာခွဲ (၅) ခန်းပါဝင်မည်ဖြစ်ပြီး (၁) Microsoft အက်ပလီကေးရှင်းများ၊ (၂) Google မှပေးသော ဝန်ဆောင်မှုများ၊ အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ၊ (၃) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ (၄) လုံခြုံမှုရှိသော ဆက်သွယ်ရေးအက်ပလီကေးရှင်းများ၊ (၅) လတ်ရှိကာလတွင် အသုံးများလျက်ရှိသော ChatGPT နှင့် အွန်လိုင်းမှ ဝင်ငွေရှာဖွေခြင်း စသည့် နည်းပညာဆိုင်ရာမူများနှင့်အသုံးချမှုများကို ဖော်ပြထားပါသည်။ သင်ခန်းစာတိုင်းကို အခြေခံမှစ၍ ရေးဆွဲထားခြင်းဖြစ်သဖြင့် ယခုမှစတင်လေ့လာသူများအတွက် အထူးသင့်တော်သလို နားလည်တတ်ကျွမ်းပြီးသူများအနေဖြင့်လဲ ထပ်မံကြည့်ရှုပြီး မိမိတို့သိရှိထားသည့် အသိပညာများဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
သင်တန်းရည်ရွယ်ချက်များ
ဤသင်တန်းကို အောက်ပါ ရည်ရွယ်ချက်များအတွက် ရေးဆွဲထားပါသည်။
၁။ စာသင်ခန်းနှင့် လုပ်ငန်းခွင်တွင် အသုံးများသော နည်းပညာများနှင့် အက်ပလီကေးရှင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန်။
၂။ ဒစ်ဂျစ်တယ်စာတတ်မြောက်မှုကို တိုးတက်စေရန် ရည်ရွယ်ပြီး နည်းပညာကို ထိထိရောက်ရောက် လေ့လာအသုံးချနိုင်စေရန်။
၃။ အွန်လိုင်းသင်ကြားရေးများမှတစ်ဆင့် မိမိလေ့လာလိုသည့် ပညာရပ်များကို လေ့လာနိုင်ပြီး ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်။
၄။ အလုပ်အကိုင်အခွင့်အလမ်းများကို အွန်လိုင်းစာမျက်နှာများမှ တစ်ဆင့် ရှာဖွေတတ်စေရန်နှင့် သက်ဆိုင်ရာနယ်ပယ်တွင် အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူများနှင့် ချိတ်ဆက်နိုင်စေရန်။
၅။ သတင်းတု၊ သတင်းများနှင့် အွန်လိုင်းမှ သတင်းအချက်အလက်များကို စိစစ်သုံးသပ်တတ်စေရန် နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးကို နားလည်လိုက်နာနိုင်စေရန်။
၆။ လုံခြုံစိတ်ချရသော အက်ပလီကေးရှင်းများ၊ ChatGPT မိတ်ဆက် နှင့် အင်တာနက်ပလက်ဖောင်းများတွင် ဝင်ငွေရှာဖွေခြင်းကို အခြေခံနားလည်နိုင်စေရန်။
သင်ယူမှုရလဒ်များ
ဤသင်တန်းအဆုံးတွင် သင်ယူလေ့လာသူများအနေဖြင့် -
၁။ အိုင်တီပညာရပ်များကို ထိထိရောက်ရောက်လေ့လာနိုင်ပြီး မိမိတို့လိုအပ်သည့်နယ်ပယ်တွင် ကျွမ်းကျင်စွာအသုံးချလာနိုင်မည်။
၂။ Microsoft ကို အသုံးပြုပြီး အလုပ်လျှောက်ရာတွင် အရေးပါသည့် CV ပြင်ဆင်ပုံနှင့် Cover Letter ရေးနည်းနမူနာများကို Google Search နှင့် ChatGPT တို့မှ တစ်ဆင့် ရှာဖွေအသုံးပြုလာနိုင်မည်။
၃။ မိမိတို့၏ စာသင်ကြားလေ့လာမှု၊ ဘာသာစကားများလေ့လာမှုနှင့် အလုပ်အကိုင်အတွက် လိုအပ်သည့် ပညာရပ်များကို အွန်လိုင်းသင်ကြားရေး ပလက်ဖောင်း၊ အက်ပလီကေးရှင်းများမှတစ်ဆင့် ပိုမိုသိရှိလေ့လာလာနိုင်မည်။
၄။ အွန်လိုင်းမှ သတင်းစကားများ၊ အချက်အလက်များကို စိစစ်တတ်လာပြီး သတင်းတု၊ သတင်းမှားများမှ ရှောင်ကြဉ်လာနိုင်မည်။
၅။ ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်အလက်လုံခြုံမှု အရေးပါပုံကို သိရှိပြီး မိမိတို့၏ တစ်ကိုယ်ရေ အချက်အလက်များ ကိုလုံခြုံစွာသိမ်းဆည်းတတ်လာမည်။
၆။ ChatGPT ၏ အသုံး၀င်ပုံများနှင့် မိမိတို့အသုံးပြုနေသည့် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုပြီး ဝင်ငွေရှာဖွေခြင်းကို သိရှိလာမည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်ခန်းစာ (၁) Microsoft အက်ပလီကေးရှင်းများ (Word)
သင်ခန်းစာ (၁) Microsoft အက်ပလီကေးရှင်းများ (Excel)
သင်ခန်းစာ (၁) Microsoft အက်ပလီကေးရှင်းများ (Powerpoint)
သင်ခန်းစာ (၂) Google မှပေးသောဝန်ဆောင်မှုများ (Google Search)
သင်ခန်းစာ (၂) Google မှပေးသောဝန်ဆောင်မှုများ (Gmail)
သင်ခန်းစာ (၂) Google မှပေးသောဝန်ဆောင်မှုများ (Google Drive)
သင်ခန်းစာ (၂) Google မှပေးသောဝန်ဆောင်မှုများ (Google Translate)
သင်ခန်းစာ (၂) Google မှပေးသောဝန်ဆောင်မှုများ (Google Classroom)
သင်ခန်းစာ (၂) Google မှပေးသောဝန်ဆောင်မှုများ (Google Meet)
သင်ခန်းစာ (၂) Google Meet ကဲ့သို့ အသုံးပြုနိုင်သော ZOOM
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (Linkedin)
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (MIMU)
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (JobNet)
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (MTP)
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (edX)
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (Udemy)
သင်ခန်းစာ (၃) အလုပ်အကိုင်ရှာဖွေရေးနှင့် အွန်လိုင်းသင်ကြားရေး အက်ပလီကေးရှင်းများ (Coursera)
သင်ခန်းစာ (၄) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း (၁)
သင်ခန်းစာ (၄) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း (၂)
သင်ခန်းစာ (၄) မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်ခြင်း (၃)
သင်ခန်းစာ (၅) ဆက်သွယ်ရေးအက်ပလီကေးရှင်းများနှင့် အင်တာနက်ရေစီးကြောင်းများ (Signal & Telegram)
သင်ခန်းစာ (၅) ဆက်သွယ်ရေးအက်ပလီကေးရှင်းများနှင့် အင်တာနက်ရေစီးကြောင်းများ (Chat GPT)
သင်ခန်းစာ (၅) ဆက်သွယ်ရေးအက်ပလီကေးရှင်းများနှင့် အင်တာနက်ရေစီးကြောင်းများ (Generating income on the internet)
သက်ဆိုင်သော သင်တန်းများ