မော်ဂျူး ၆။ ဆရာအလုပ်၌ ဘဝတစ်သက်တာ နှစ်မြှုပ်လုပ်ဆောင်မှု (ပန်းပျိုးသူ ဥယျာဉ်မှူး သင်တန်းအစီအစဉ်)
5
(3 မှတ်ချက်)
Certified
5 hour(s)
63 စာရင်းသွင်းထားသူဦးရေ
344 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
“ပန်းပျိုးသူ ဥယျာဉ်မှူး” ဟူသည့် လုပ်ငန်းခွင် အကြို ဆရာအတတ်ပညာ အွန်လိုင်း သင်တန်း အစီအစဉ်တွင် ပင်မမော်ဂျူး (၆) ခု ပါဝင်ပြီး ဤမော်ဂျူး (၆) “ဆရာအလုပ်၌ ဘဝတစ်သက်တာ နှစ်မြှုပ်ထားခြင်း” သည် ဆရာ့ကျင့်ဝတ်များ၊ ပြန်လည်သုံးသပ်သော သင်ကြားမှုနှင့် မြန်မာနိုင်ငံ ရပ်ရွာလူထုစာသင်ကျောင်း အခြေအနေများအတွင်း ဆရာ့အတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဟူသော အခြေခံ အသိသညာများကို စူးစမ်းလေ့လာသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စံနမူနာထားထိုက်သူတစ်ဦးအနေဖြင့် ဆရာ့အခန်းကဏ္ဍနှင့် ပတ်သက်သည့် လက်တွေ့ထင်မြင်ယူဆချက်များနှင့် ဆရာ့ပြုမူနေထိုင်မှုကို ပုံဖော်သည့် ယဉ်ကျေးမှုဆိုင်ရာ မျှော်မှန်းချက်များကို နားလည်အောင် အလေးထား လေ့လာမည်ဖြစ်သည်။ ဤမော်ဂျူးက သင်၏ သင်ကြားရေးကို ပိုင်းခြားစိစစ်ပြီး တိုးတက်နိုင်စေရန် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနကဲ့သို့သော နည်းလမ်းများကို မိတ်ဆက်ပေးရင်း ပြန်လည်သုံးသပ်ရေးလုပ်ငန်း၏ အရေးပါမှုကို အလေးထားသည်။ နောက်ဆုံးအနေဖြင့် ၎င်းက စဉ်ဆက်မပြတ်ရှင်သန်တိုးတက်မှုနှင့် ထိရောက်မှုတို့အတွက် အခြေခံအုတ်မြစ်အဖြစ် သင့်ကိုယ်ပိုင်သင်ကြားရေးဒဿနကို ဖွံ့ဖြိုးတိုးတက်အောင် လမ်းညွှန်ပြသရင်း ဘဝတစ်သက်တာ သင်ယူမှုနှင့် လုပ်ငန်းအလေ့အထတူအသိုက်အဝန်းများ(CoP) မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုတို့၏ တန်ဖိုးကို မီးမောင်းထိုးပြထားသည်။
သင်တန်းရည်ရွယ်ချက်များ
သင်ယူမှုရလဒ်များ
- မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ရပ်ရွာလူမှုအသိုက်အဝန်း အခြေအနေအတွင်း စံနမူနာထားထိုက်သူအဖြစ် ဆရာတစ်ဦးဖြစ်ရန်မှာ မည်သည်ကို ဆိုလိုကြောင်း ရှင်းပြတတ်မည်။
- စာသင်ခန်းအတွင်းနှင့် အပြင်နှစ်မျိုးစလုံးအတွက် ဆရာတစ်ဦး၏ ကျင့်ဝတ်သိက္ခာဆိုင်ရာ မျှော်မှန်းချက်များနှင့် တာဝန်ဝတ္တရားများကို ဆွေးနွေးတတ်မည်။
- ဆရာ့အတတ်ပညာဆိုင်ရာနှင့် ရပ်ရွာလူမှုအသိုက်အဝန်း၏ မျှော်မှန်းချက်များကို ကိုယ်ပိုင် တန်ဖိုးထားမှုများ၊ ကျန်းမာသုခတို့နှင့် ဟန်ချက်ညီအောင် ထိန်းရင်း ၎င်းတို့ကို မည်သို့ ဖြည့်ဆည်းပေးမည်ကို ပြန်လည်သုံးသပ်တတ်မည်။
- သင်၏ သင်ကြားမှုအတွေ့အကြုံအတွင်း စနစ်တကျ ပြန်လည်သုံးသပ်ခြင်းက တိုးတက်ကောင်းမွန်သော လက်တွေ့သင်ကြားမှုလုပ်ငန်းများကို ဖြစ်ပေါ်စေနိုင်သည့် အခိုက်အတံ့ကာလများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
- သင်၏ သင်ကြားမှုကို အကဲဖြတ်ရန်နှင့် မြှင့်တင်ရန် ပြန်လည်သုံးသပ်ရေးကိရိယာများကို အသုံးချတတ်မည်။
- ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနဟူသော အသိသညာနှင့် ပတ်သက်၍ ၎င်း၏ အဆင့်များကို အကြမ်းဖျင်းဖော်ပြခြင်းနှင့် ၎င်းက ဆရာ့အတတ်ပညာဆိုင်ရာ သင်ယူမှုကို မည်သို့ ပံ့ပိုးကူညီကြောင်း တိကျသေချာသည့် စာသင်ခန်းအခြေပြု နမူနာများနှင့် သာဓကပြခြင်းတို့ဖြင့် ရှင်းပြတတ်မည်။
- သင့်ကိုယ်ပိုင် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစီမံချက်များအတွက် ဆီလျော်သည့် သင်ကြားရေးဆိုင်ရာ ခေါင်းစဉ် (သို့) စိန်ခေါ်မှု အနည်းငယ်ကို ရွေးချယ်ပြီး စီစဉ်ပြင်ဆင်တတ်မည်။
- ဆရာတစ်ဦး၏ ရှင်သန်တိုးတက်မှုနှင့် အရည်အသွေးပြည့်ဝမှုအတွက် ဆရာအတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါမှုကို ရှင်းပြတတ်မည်။
- လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း (CoP) တစ်ခုအတွင်း ပူးပေါင်းဆောင်ရွက်ခြင်းက သင်ကြားမှုစွမ်းရည်များနှင့် ဆရာအတတ်ပညာဆိုင်ရာ သင်ယူမှုကို မည်သို့ မြှင့်တင်ပေးနိုင်ကြောင်း ဖော်ပြတတ်မည်။
- သင်ကြားရေး အခက်အခဲများကို ဖြေရှင်းရန်နှင့် စာသင်ခန်းတွင်း လက်တွေ့လုပ်ငန်းများ တိုးတက်စေရန် အချင်းချင်း အတူတကွလုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးများအပေါ် ပြန်လည်သုံးသပ်တတ်မည်။
- ရပ်ရွာလူထုကျောင်းဆရာတစ်ဦးအနေဖြင့် သင့်ကိုယ်ပိုင် သင်ကြားရေးဒဿနကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
ပါဝင်သော သင်ခန်းစာများ
သင်ခန်းစာ ၆.၁။ ဆရာ့ကျင့်ဝတ်များနှင့် စံနှုန်းများ
သင်ခန်းစာ အကြို သင်ယူမှုလုပ်ငန်း - ပြန်လည်သုံးသပ်ခြင်းနှင့် ဆွေးနွေးခြင်း
၆.၁.၁။ စံနမူနာထားထိုက်သူများဖြစ်သော ဆရာများ
ဆရာ၏ ပြုမူနေထိုင်မှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ မျှော်မှန်းချက်များ
ဆရာ၏ ပြုမူနေထိုင်မှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများနှင့် ကိုယ်ကျင့်သိက္ခာဆိုင်ရာ မျှော်မှန်းချက်များ (အဆက်)
ရပ်ရွာလူထုနှင့် တာဝန်မျှဝေယူမှုတို့မှတစ်ဆင့် ကောင်းမွန်သော စည်းဘောင်များနှင့် ဟန်ချက်ညီမှု
သင်ယူမှုလုပ်ငန်း။ ဆရာတစ်ဦး၏ ပြုမူနေထိုင်မှုဆိုင်ရာ ကျင့်ဝတ်စည်းကမ်း
၆.၁.၂။ မြန်မာနိုင်ငံ ဆရာတစ်ဦးအနေဖြင့် ကျင့်ဝတ်သိက္ခာနှင့်အညီ နေထိုင်ခြင်း
မြန်မာနိုင်ငံ ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)
ဆရာ့ ကျင့်ဝတ်နှင့် ဆရာ အတတ်ပညာ စံသတ်မှတ်ချက် ပြည့်ဝကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် အဓိက TCSF တတ်ကျွမ်းမှုများ
ကျောင်းနှင့် ရပ်ရွာလူမှုအသိုက်အဝန်းအတွင်း အပြုအမူကို စံနမူနာပြသည်
ဆရာတစ်ဦးအနေဖြင့် အသက်မွေးမှုလုပ်ငန်းဆိုင်ရာ စည်းများ စောင့်ထိန်းခြင်း
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ်များ – ဆရာများအနေဖြင့် အပြုအမူများကို စံနမူနာပြခြင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - အတွေးအခေါ်တစ်ခု၊ လုပ်ဆောင်ချက်တစ်ခု
သင်ခန်းစာ (၆.၁) အနှစ်ချုပ်
သင်ခန်းစာ ၆.၂။ ပြန်လည်သုံးသပ် သင်ကြားခြင်းလုပ်ငန်းများ
သင်ခန်းစာ အကြို လေ့ကျင့်မှု လုပ်ငန်း - မည်သည်က ကောင်းမွန်သော သင်ကြားမှုကို ဖြစ်စေသနည်း။
၆.၂.၁။ ပြန်လည်သုံးသပ်ဆင်ခြင်သူများဖြစ်သော ဆရာများ
ပြန်လည်သုံးသပ်ဆင်ခြင်သော ဆရာများ၏ စရိုက်လက္ခဏာများ
မြန်မာ TCSF နှင့် ပြန်လည်သုံးသပ်သင်ကြားမှုလုပ်ငန်း
သင်ယူမှုလုပ်ငန်း။ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ရန် အချက်များစာရင်း - ပြန်လည်သုံးသပ်ဆင်ခြင်သူများဖြစ်သော ဆရာများ
၆.၂.၂။ ပြန်လည်သုံးသပ်မှုလုပ်ငန်းများမှတစ်ဆင့် သင်ကြားရေးကို မြှင့်တင်ခြင်း
ဂစ်ဘ်စ် (Gibbs) ၏ ပြန်လည်သုံးသပ်မှုဖြစ်စဉ်
ဂစ်ဘ်စ် (Gibbs) ၏ ပြန်လည်သုံးသပ်မှုဖြစ်စဉ် (အဆက်)
ဒေါ်နယ်ရှန် (Donald Schon) ၏ ပြန်လည်သုံးသပ်မှုလုပ်ငန်း
ပြန်လည်သုံးသပ်မှု ကိရိယာများ အသုံးပြုခြင်း
၆.၂.၃။ ဆရာအတတ်ပညာ ရှင်သန်တိုးတက်မှုအတွက် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန
မြန်မာနိုင်ငံ TCSF နှင့် ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန
ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနလုပ်ငန်းစဉ်
သင်ယူမှုလုပ်ငန်း။ စာရေးသားခြင်း – ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသန အစီအစဉ်
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - ပြန်လည်သုံးသပ်မှု နေ့စဉ်မှတ်တမ်း ရေးသားခြင်း
သင်ခန်းစာ (၆.၂) အနှစ်ချုပ်
သင်ခန်းစာ ၆.၃။ ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး
သင်ခန်းစာအကြို လေ့ကျင့်မှုလုပ်ငန်း - တွေး-တွဲ-မျှဝေ သင်ယူခြင်း
၆.၃.၁။ အဘယ်ကြောင့် ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရမည်နည်း။
CPD က ဆရာများနှင့် ကျောင်းသားများအတွက် အဘယ်ကြောင့် အရေးကြီးသနည်း။
စနစ်တကျဖြစ်သော CPD နှင့် စနစ်တကျ မဟုတ်သော CPD
စနစ်တကျဖြစ်သော CPD နှင့် စနစ်တကျ မဟုတ်သော CPD (အဆက်)
ပဋိပက္ခဒဏ်တွေ့ကြုံခံစားရသည့် ရပ်ရွာလူမှုအသိုက်အဝန်းများရှိ CPD
သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး – ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု (CPD)
၆.၃.၂။ ပို၍ ထက်မြက်စွာ အတူတကွလုပ်ဆောင်ခြင်း - လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း (CoP)
ထိရောက်သော CoP တစ်ခု၏ အဓိက သွင်ပြင်လက္ခဏာများ
CoP တစ်ခုတွင် အဘယ်ကြောင့် ပူးပေါင်းပါဝင်ရမည်နည်း။
ရပ်ရွာလူမှုအသိုက်အဝန်းအဆင့်၌ CoP တစ်ခုကို မည်သို့ အစပြုလုပ်ဆောင်မည်နည်း။
နည်းလမ်း ၁။ ဆန္ဒအလျောက်ပါဝင်မှုကို ဦးစားပေးပီး ဆရာနည်းနည်းနှင့် စတင်ပါ။
နည်းလမ်း ၂။ ဘုံရည်မှန်းချက် (သို့) ဦးတည်ချက်တစ်ခုကို အတည်ပြုပါ။
နည်းလမ်း ၃။ ရိုးရှင်းလွယ်ကူသည့် ရည်မှန်းချက်များနှင့် လုပ်ငန်းများ ချမှတ်ပါ။
နည်းလမ်း ၄။ ပုံမှန် အစည်းအဝေးချိန်တစ်ခုကို အတည်တကျသတ်မှတ်ပါ။
နည်းလမ်း ၅။ ဒေသတွင်း အရင်းအမြစ်များနှင့် ဖွဲ့စည်းပုံများကို အသုံးပြုပါ။
နည်းလမ်း ၆။ သင်ယူမှုကို မှတ်တမ်းတင်ပြီး မျှဝေပါ။
နည်းလမ်း ၇။ ပို၍ ကျယ်ပြန့်သော ဆရာအတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်ပါ။
သင်ယူမှုလုပ်ငန်း။ လုပ်ငန်းအလေ့အထတူ အသိုက်အဝန်း (CoP)
၆.၃.၃။ ကျွန်ုပ်၏ ကိုယ်ပိုင် သင်ကြားရေးဒဿန
သင့်ကိုယ်ပိုင် သင်ကြားရေးဒဿနကို ဖော်ထုတ်ခြင်း
သင်ယူမှုလုပ်ငန်း။ ကိုယ်ပိုင် သင်ကြားရေးဒဿန
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်မြှုပ်လုပ်ဆောင်ခြင်း
သင်ခန်းစာ (၆.၃) အနှစ်ချုပ်
သက်ဆိုင်သော သင်တန်းများ
