မော်ဂျူး ၅။ ကျောင်းသားများ၏ ပေါက်မြောက်အောင်မြင်မှု (ပန်းပျိုးသူ ဥယျာဉ်မှူး သင်တန်းအစီအစဉ်)
0
(0 မှတ်ချက်)
Certified
7 hour(s)
55 စာရင်းသွင်းထားသူဦးရေ
286 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
သင်တန်းရည်ရွယ်ချက်များ
သင်ယူမှုရလဒ်များ
- ကျောင်းသားဗဟိုပြု သင်ယူမှု၏ အဓိက အခြေခံသဘောတရားများကို ရှင်းပြတတ်ပြီး ၎င်းတို့ကို ဆရာဗဟိုပြု ချဉ်းကပ်နည်းများနှင့် နှိုင်းယှဉ်ကြည့်တတ်မည်။
- ကျောင်းသားဗဟိုပြု သင်နည်းဗေဒကို ထင်ဟပ်သည့် စာသင်ခန်းတွင်း လက်တွေ့လုပ်ငန်းများနှင့် နည်းဗျူဟာများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
- ကိုယ်ပိုင်သင်ကြားမှု အခြေအနေအတွက် အံဝင်ခွင်ကျဖြစ်သော ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းများကို အသုံးပြု၍ သင်ယူမှုလုပ်ငန်းတစ်ခုကို စီစဉ်ရေးဆွဲတတ်မည်။
- မတူညီသော သင်ယူမှုပုံစံများကို ဖော်ပြတတ်ပြီး မိမိကိုယ်ကိုယ်နှင့် မိမိကျောင်းသားများကို ပိုမိုနားလည်ရန် ၎င်းသင်ယူမှုပုံစံတို့ကို မည်သို့ ဖော်ထုတ်သတ်မှတ်ပြီး အသုံးချမည်ကို ပြန်လည်သုံးသပ်တတ်မည်။
- သင်ယူမှုပုံစံများအပြင် အမျိုးမျိုးသော သင်ယူမှုဆိုင်ရာ ကြိုက်နှစ်သက်မှုများကို ရှင်းပြတတ်ပြီး မတူကွဲပြားသော ကျောင်းသားများ၏လိုအပ်ချက်များကို ဖြေရှင်းပေးသည့် သင်ခန်းစာများ စီစဉ်ရေးဆွဲနည်းကို အကဲဖြတ်တတ်မည်။
- သင်၏ ကိုယ်ပိုင်သင်ကြားမှု အခြေအနေတွင် အမျိုးမျိုးသော သင်ယူမှုပုံစံများနှင့် ကြိုက်နှစ်သက်မှုများကို ထည့်သွင်းစဉ်းစားပြီး ဖြည့်ဆည်းနေရာချပေးသည့် သင်ယူမှုလုပ်ငန်းတစ်ခုကို စီစဉ်ပြင်ဆင်တတ်မည်။
- လိုက်အပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး ကျောင်းသားများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်း၏ အရေးပါမှုကို ရှင်းပြတတ်မည်။
- ကျောင်းသားများ၏ အားသာချက်များ၊ လိုအပ်ချက်များနှင့် သင်ယူမှုပုံစံများကို အခြေခံ၍ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း နည်းဗျူဟာများ ပေါင်းစပ်ထားသည့် သင်ပြမှုပုံစံတစ်ခု ဖန်တီးတတ်မည်။
- အမျိုးမျိုးသော စွမ်းရည်များနှင့် စိတ်ဝင်စားမှုများရှိသည့် သူများအပါအဝင် ကျောင်းသားအားလုံးကို ပံ့ပိုးကူညီရန်နှင့် ဆွဲဆောင်ရန် လက်တွေ့ကျသော လိုအပ်ချက်အလိုက်ပြောင်းလဲပြင်ဆင်ခြင်း နည်းဗျူဟာများကို အသုံးချတတ်မည်။
- ပင်ကိုနှင့် ပင်ကိုမဟုတ်သော စိတ်အားထက်သန်မှု၊ စိတ်အားထက်သန်မှု ဖြစ်စဉ်နှင့် Maslow ၏ လိုအင်အဆင့်ဆင့် အပါအဝင်ကျောင်းသားစိတ်အားထက်သန်မှု၏ သဘောတရားများကို ရှင်းပြတတ်မည်။
- စိတ်ခံစားမှုအရ လုံခြုံပြီး စိတ်အားထက်သန်အောင် လှုံဆော်ပေးနေသော သင်ယူမှုပတ်ဝန်းကျင်တစ်ခု၏ သွင်ပြင်လက္ခဏာများကို ဖော်ပြတတ်ပြီး ၎င်းကို ပံ့ပိုးကူညီရန် ကိုယ်တိုင်လက်တွေ့ လုပ်ဆောင်နိုင်သော နည်းဗျူဟာများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
- ကျောင်းသားစိတ်ဝင်စားမှုနှင့် စိတ်ဝင်တစား ပါဝင်သင်ယူမှုကို အစပျိုးရန်နှင့် ထိန်းထားရန် နည်းဗျူဟာများ အသုံးချတတ်မည်။
- ကျောင်းသား စိတ်အားထက်သန်မှု အခြေခံသဘောတရားများနှင့် စိတ်ပါဝင်စားမှု နည်းဗျူဟာများကို သင့်ကိုယ်ပိုင်သင်ကြားမှု အခြေအနေတွင် ပေါင်းစပ်အသုံးပြုထားသည့် သင်ပြမှုပုံစံတစ်ခုကို ဖော်ထုတ်တတ်မည်။
- ရပ်ရွာလူထုကျောင်းပတ်ဝန်းကျင်အခြေအနေများအတွင်း ကျောင်းသားများ၏ စိတ်ခံစားမှု၊ ရုပ်ပိုင်း၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခကို မြှင့်တင်ပေးသည့် လက်တွေ့လုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်တတ်မည်ဖြစ်သည်။
- ဆရာ့ကျန်းမာသုခ၏ အရေးပါမှုကို အသိအမှတ်ပြုတတ်ပြီး စိန်ခေါ်မှုရှိသော သင်ကြားရေးအခြေအနေများအတွင်း ကိုယ်ပိုင် ကြံ့ကြံ့ခံနိုင်စွမ်း၊ စိတ်ကျန်းမာရေးနှင့် သက်မွေးမှုလုပ်ငန်းဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုတို့ကို ပံ့ပိုးကူညီသည့် နည်းဗျူဟာများကို ဖော်ထုတ်သတ်မှတ်တတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
ပါဝင်သော သင်ခန်းစာများ
သင်ခန်းစာ ၅.၁။ ကျောင်းသားဗဟိုပြု သင်ယူမှု
သင်ခန်းစာ အကြို လုပ်ငန်း - T ပုံဇယားကွက်
၅.၁.၁။ ကျောင်းသားဗဟိုပြု သင်ယူမှု၏ အခြေခံသဘောတရားများ
ကျောင်းသားဗဟိုပြု သင်ယူမှုနှင့် ဆရာဗဟိုပြု သင်ယူမှု
ကျောင်းသားဗဟိုပြု သင်ခန်းစာတစ်ခုကို စီစဉ်ရေးဆွဲခြင်း
သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး မေးခွန်းများ – ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းများ
၅.၁.၂။ သင်ယူသူဗဟိုပြု သင်နည်းဗေဒ
သင်ယူသူဗဟိုပြု ချဉ်းကပ်နည်းများဖြင့် အရေးအဖတ် သင်ကြားခြင်း
ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းများဖြင့် အတွက်အချက် သင်ကြားခြင်း
သင်ယူမှုလုပ်ငန်း။ ဖြစ်ရပ်လေ့လာမှုများ - ကျောင်းသားဗဟိုပြု သင်နည်းဗေဒ
သင်ယူမှုလုပ်ငန်း။ သင်ယူမှုလုပ်ငန်းတစ်ခု စီစဉ်ရေးဆွဲခြင်း - အရေးအဖတ် (သို့) အတွက်အချက် သင်ကြားရန် ကျောင်းသားဗဟိုပြု သင်နည်းဗေဒ
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - ဆရာဗဟိုပြုနှင့် ကျောင်းသားဗဟိုပြုကို ပြန်လည်လေ့လာခြင်း
သင်ခန်းစာ (၅.၁) အနှစ်ချုပ်
သင်ခန်းစာ ၅.၂။ မတူညီသော သင်ယူမှုပုံစံများနှင့် ကြိုက်နှစ်သက်မှုများ
သင်ခန်းစာ အကြို လေ့ကျင့်မှု လုပ်ငန်း - တစ်ဦးချင်း (သို့) အုပ်စုငယ်အလိုက် ပြန်လည်သုံးသပ်ခြင်း
၅.၂.၁။ သင်ယူမှုပုံစံများ
ကော့ဗ် (Kolb) ၏ အဆင့် (၄) ဆင့်ပါ သင်ယူမှုဖြစ်စဉ်
သင်ခန်းစာ စီစဉ်ပြင်ဆင်ရာတွင် သင်ယူမှုပုံစံများနှင့် ဉာဏ်ရည်အမျိုးမျိုးကို အသုံးပြုခြင်း
ဖော်ပြချက်အသီးသီးကို သေချာစွာ ဖတ်ပြီး သင်ယူမှုပုံစံများနှင့် ပတ်သက်၍ လေ့လာသင်ယူခဲ့သည်တို့ကို အခြေခံကာ မှန်/မှား ဖြေဆိုပါ။
၅.၂.၂။ သင်ယူသူ ကြိုက်နှစ်သက်မှုများ
ကမ္ဘာတစ်ဝန်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)
သင်ယူသူပုံစံများနှင့် ကြိုက်နှစ်သက်မှုများအပေါ် ပြန်လည်သုံးသပ်သည့် သင်ပြမှု ပုံစံတစ်ခု ဖန်တီးခြင်း
သင်ပြမှု ပုံစံတစ်ခု ဖန်တီးခြင်း (အဆက်)
သင်ယူမှုလုပ်ငန်း။ သင်ခန်းစာငယ်တစ်ခု စီစဉ်ရေးဆွဲခြင်း - သင်ယူမှုပုံစံများနှင့် ကြိုက်နှစ်သက်မှုများ
သင်ခန်းစာ (၅.၂) အနှစ်ချုပ်
သင်ခန်းစာ ၅.၃။ လိုအပ်ချက်အလိုက် ပြောင်းလဲသင်ယူခြင်း
သင်ခန်းစာ အကြို လေ့ကျင့်မှုလုပ်ငန်း - တွေး-တွဲ-မျှဝေ သင်ယူခြင်း
၅.၃.၁။ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း၏ အခြေခံသဘောတရားများကို နားလည်ခြင်း
လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း၏ အခြေခံသဘောတရားများ
သင်ကြားမှုလုပ်ငန်းများတွင် သာတူညီမျှမှုနှင့် တန်းတူညီမျှမှု
သင်ယူမှုလုပ်ငန်း။ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း၏ အခြေခံသဘောတရားများ
၅.၃.၂။ သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့အတွက် လိုအပ်ချက်အလိုက် ပြောင်းလဲသင်ယူမှု ချဉ်းကပ်နည်းများ
ကျောင်းသားများ၏ အဆင်သင့်ဖြစ်မှု၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုကိုယ်ရေးအကျဉ်း
ကျောင်းသားအဆင်သင့်ဖြစ်မှု၊ စိတ်ဝင်စားမှုများနှင့် သင်ယူမှုကိုယ်ရေးအကျဉ်းများကို အခြေခံ၍ လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း
မြန်မာနိုင်ငံရှိ ရပ်ရွာလူထုကျောင်းများတွင် လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်သော သင်ခန်းစာများနှင့် လုပ်ငန်းများ စီစဉ်ပြင်ဆင်ခြင်း
သင်ယူမှုလုပ်ငန်း။ သင်ပြမှုပုံစံတစ်ခု စီစဉ်ရေးဆွဲခြင်း - လိုအပ်ချက်အလိုက် ပြောင်းလဲ သင်ကြားခြင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - ကျွန်ုပ်၏ စာသင်ခန်းအတွင်း လိုအပ်ချက်အလိုက် ပြောင်းလဲပြင်ဆင်ခြင်း
သင်ခန်းစာ (၅.၃) အနှစ်ချုပ်
၅.၄။ ကျောင်းသားများကို စိတ်အားထက်သန် အောင် လှုံ့ဆော်ခြင်းနှင့် စိတ်ပါဝင်စားအောင် ဆွဲဆောင်ခြင်း
သင်ငန်းစာ အကြို လေ့ကျင့်မှု လုပ်ငန်း - တွေး-တွဲ-မျှဝေ သင်ယူခြင်း
၅.၄.၁။ ကျောင်းသားစိတ်အားထက်သန်မှုကို နားလည်ခြင်း
စိတ်အားထက်သန်သော ကျောင်းသားများနှင့် စိတ်အားမထက်သန်သော ကျောင်းသားများ
ပင်ကို စိတ်အားထက်သန်မှုနှင့် ပင်ကို မဟုတ်သော စိတ်အားထက်သန်မှု၏ နမူနာများနှင့် သင်္ကေတများ
စိတ်အားထက်သန်မှု ဖြစ်စဉ်
Maslow ၏ လိုအင်အဆင့်ဆင့် သီအိုရီ
သင်ယူမှုလုပ်ငန်း။ ယှဉ်တွဲခြင်း - စိတ်အားထက်သန်မှု ဖြစ်စဉ်
၅.၄.၂။ စိတ်အားထက်သန်အောင် လှုံ့ဆော်ပေးသော သင်ယူမှုပတ်ဝန်းကျင်တစ်ခု စီစဉ်ဖန်တီးခြင်း
စီးမျောမှုလမ်းကြောင်း
သင်ယူမှုအပေါ် နက်နက်နဲနဲ ချဉ်းကပ်နည်းနှင့် အပေါ်ယံ ချဉ်းကပ်နည်း
သင်ယူမှုလုပ်ငန်း။ အမျိုးအစားခွဲခြားခြင်း - အပေါ်ယံ သင်ယူမှုနှင့် နက်နက်နဲနဲ သင်ယူမှု
၅.၄.၃။ စိတ်ဝင်စားမှုကို နှိုးဆွရန်နှင့် ထိန်းထားရန် နည်းဗျူဟာများ
နှစ်သက်မှု ဦးဆောင်သော သင်ယူမှု
ကစားနည်းအခြေပြုနှင့် မြူးထူးကစားခြင်းအခြေပြု သင်ယူမှု
အရင်းအမြစ်နည်းပါးသော စာသင်ခန်းများအတွင်း တက်တက်ကြွကြွသင်ယူမှုအတွက် ကစားနည်းနမူနာများ (အရေးအဖတ်)
အရင်းအမြစ်နည်းပါးသော စာသင်ခန်းများအတွင်း တက်တက်ကြွကြွသင်ယူမှုအတွက် ကစားနည်းနမူနာများ (အတွက်အချက်)
ပုံပြောခြင်းနှင့် ယဉ်ကျေးမှုအရ ဆီလျော်သော ဥပမာများ
ယဉ်ကျေးမှုအရ ဆီလျော်သော သင်ကြားမှု
သင်ယူမှုလုပ်ငန်း။ သင်ပြမှုပုံစံတစ်ခု စီစဉ်ရေးဆွဲခြင်း - ကျောင်းသားများ စိတ်အားဓာတ်သန်အောင် လှုံ့ဆော်ခြင်းနှင့် စိတ်ပါဝင်စားလာအောင် ဆွဲဆောင်ခြင်း
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - နမူနာဖြစ်ရပ်အခြေပြု ပြန်လည်သုံးသပ်မှု
သင်ခန်းစာ (၅.၄) အနှစ်ချုပ်
သင်ခန်းစာ ၅.၅။ ကျောင်းသားများနှင့် ဆရာများကို ပံ့ပိုးကူညီခြင်း
သင်ခန်းစာအကြို လေ့ကျင့်မှု လုပ်ငန်း - အကြောင်းအရာ ဆက်သွယ်ပြမြေပုံ တစ်ခု ဖန်တီးခြင်း
၅.၅.၁။ ကျောင်းသား၏ ကျန်းမာသုခနှင့် စိတ်ခံစားမှုဆိုင်ရာ ဘေးကင်းလုံခြုံမှု
ကျောင်းသားကျန်းမာသုခကို ခြိမ်းခြောက်မှု - ဗိုလ်ကျအနိုင်ကျင့်ခြင်းနှင့် ဆိုက်ဘာအနိုင်ကျင့်ခံရခြင်း
ကျောင်းသားကျန်းမာသုခံကို ပံ့ပိုးကူညီရေးအတွက် ဆရာ့တတ်ကျွမ်းမှုများ
ကျောင်းသား၏ စိတ်ဖိစီးမှုကို နားလည်ခြင်းနှင့် ၎င်းကို ဖော်ထုတ်သတ်မှတ်နည်း
စိတ်ဖိစီးနေသော ကျောင်းသားများကို ဆရာများက ပံ့ပိုးကူညီနိုင်မည့်နည်းလမ်း
လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူမှု (SEL)နှင့် လူမှုစိတ်ဓာတ်ရေးရာ ပံ့ပိုးကူညီမှု လုပ်ငန်းများ
လူမှု-စိတ်ခံစားမှုဆိုင်ရာ သင်ယူမှု (SEL)နှင့် လူမှုစိတ်ဓာတ်ရေးရာ ပံ့ပိုးကူညီမှု လုပ်ငန်းများအတွက် နမူနာများ
သင်ယူမှု လုပ်ငန်း။ ကာတွန်းများ – စိတ်ခံစားမှုများကို နားလည်ခြင်းနှင့် တုံ့ပြန်ဖြေရှင်းခြင်း
၅.၅.၂။ ပံ့ပိုးကူညီမှုစနစ်များမှတစ်ဆင့် ဆရာ၏ ကျန်းမာသုခနှင့် ကြံ့ကြံ့ခံနိုင်စွမ်း
မြန်မာနိုင်ငံအတွင်း ဆရာ့ကျန်းမာသုခ
ဆရာ့ကျန်းမာသုခကို ပံ့ပိုးကူညီခြင်းအတွက် အခြေခံသဘောတရား (၃) ခု
အခြေခံသဘောတရား (၁) ဆရာများ၏ MHPSS လက်လှမ်းမီရရှိနိုင်ရေးကို မြှင့်တင်ပါ။
အခြေခံသဘောတရား (၂) ဆရာများအတွက် အထောက်အကူပေးသည့် လုပ်ငန်းပတ်ဝန်းကျင်များ ဖန်တီးပေးပါ။
အခြေခံသဘောတရား (၃) ဆရာ့ သဘောထား၊ စွမ်းဆောင်ရည်နှင့် ခေါင်းဆောင်မှုတို့ကို မြှင့်တင်ပါ။
သင်ယူမှုလုပ်ငန်း။ မိမိကိုယ်ကိုယ် ဂရုစိုက်စောင့်ရှောက်ခြင်းနှင့် အချင်းချင်း ပံ့ပိုးကူညီမှု
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - မိမိ၏ နှစ်မြှုပ်ဆောင်ရွက်မှုအပေါ် ပြန်လည်သုံးသပ်ခြင်း
သင်ခန်းစာ (၅.၅) အနှစ်ချုပ်
သက်ဆိုင်သော သင်တန်းများ
