မော်ဂျူး ၄။ ပြောင်းလွယ်ပြင်လွယ်ရှိခြင်းနှင့် အလိုက်သင့် ပြောင်းလဲနိုင်ခြင်း (ပန်းပျိုးသူ ဥယျာဉ်မှူး သင်တန်းအစီအစဉ်)
5
(1 မှတ်ချက်)
Certified
7 hour(s)
110 စာရင်းသွင်းထားသူဦးရေ
246 ကြည့်ရှုထားသူဦးရေ
Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
သင်တန်းရည်ရွယ်ချက်များ
သင်ယူမှုရလဒ်များ
- လူတိုင်းအကျုံးဝင် ပညာရေး၏ အခြေခံသဘောတရားများကို ဖော်ပြတတ်ပြီး မြန်မာနိုင်ငံ၏ ကွဲပြားစုံလင်သော အခြေအနေများအတွင်း ၎င်းတို့၏ ဆီလျော်မှုကို ရှင်းပြတတ်မည်။
- သင်ယူမှုတွင် ကျောင်းသားများ အပြည့်အဝ ပါဝင်ခြင်းမှ တားဆီးထားသည့် အတွေ့ရများသော အတားအဆီးများကို သတ်မှတ်ဖော်ထုတ်တတ်ပြီး ၎င်းအတားအဆီးများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဖယ်ရှားရန် နည်းဗျူဟာများကို ဖော်ပြတတ်မည်။
- ပြောင်းလွယ်ပြင်လွယ်ရှိသည့် လူတိုင်းအကျုံးဝင် သင်ရိုးညွှန်းတမ်းပုံစံနှင့် မတူကွဲပြားသော သင်ယူမှုလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားသည့် သင်ကြားနည်းဗျူဟာများကို လေ့လာဆန်းစစ်ပြီး အကဲဖြတ်တတ်မည်။
- သင်ယူသူများ၏ မတူကွဲပြားမှုကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး သင်ကြားမှုနှင့် သင်ယူမှုအပေါ် ၎င်း၏ သက်ရောက်မှုကို ရှင်းပြတတ်မည်။
- ကွဲပြားစုံလင်သော ယဉ်ကျေးမှုများကို ထည့်သွင်းစဉ်းစားသောပညာရေးက ကျောင်းသား သင်ယူမှုနှင့် ရလဒ်များကို မည်သို့ တိုးတက်စေကြောင်း ဆွေးနွေးတတ်မည်။
- မသန်စွမ်းမှုများနှင့် သင်ယူမှုအခက်အခဲရှိသူများ အပါအဝင် ကျောင်းသားအားလုံး၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိအောင် သင်ကြားမှုချဉ်းကပ်နည်းများကို ပြင်ဆင်ညှိနှိုင်းတတ်မည်။
- ထိရောက်သော သင်ကြားမှုနှင့် စာသင်ခန်းစီမံခန့်ခွဲမှု နည်းဗျူဟာများကို အသက်အရွယ်စုံ (သို့) အတန်းစုံသော အခြေအနေတွင် အသုံးချတတ်မည်။
- ပညာရေးတွင် ICT ၏ အခန်းကဏ္ဍကို ဆွေးနွေးတတ်ပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ တတ်သိနားလည်မှုနှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှု (MIL) တို့က ကျောင်းသားများ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စေရန်နှင့် ဒစ်ဂျစ်တယ်အကြောင်းအရာများကို စဉ်းစားချင့်ချိန်၍ အသုံးပြုနိုင်စေရန် မည်သို့ကူညီပေးကြောင်း ရှင်းပြတတ်မည်။
- သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှုတို့တွင် တိုးတက်သည့် နည်းလမ်းဖြစ်သော အပြန်အလှန်တုံ့ပြန်ဆက်သွယ်မှုကို အသုံးပြုနိုင်ရန် ဒစ်ဂျစ်တယ်ကိရိယာများနှင့် နည်းပညာများကို ဖော်ထုတ်သတ်မှတ်ပြီး ပြန်လည်ပြောပြတတ်မည်။
- နည်းပညာကို ထိထိရောက်ရောက် ပေါင်းစပ်အသုံးပြုသည့် သင်ခန်းစာများ စီစဉ်ပြင်ဆင်ရန် တီပက်ခ် (TPACK) နှင့် ဆမ်မာ (SAMR) ပုံစံတို့ကို အသုံးပြုတတ်မည်။
- အရင်းအမြစ်ပုံစံ အမျိုးမျိုး (ရုပ်ဝတ္ထုနှင့် လူသား) ကို ဖော်ထုတ်သတ်မှတ်ပြီး အရင်းအမြစ်နည်းပါးသည့် ပတ်ဝန်းကျင်အခြေအနေများအတွင်း ၎င်းတို့ကို စီမံခန့်ခွဲရေး နည်းဗျူဟာများကို ဆွေးနွေးတတ်မည်။
- သင်ကြားသင်ယူမှုကို ရရှိနိုင်သည့် ပစ္စည်းများနှင့် ပံ့ပိုးကူညီရာတွင် ဒေသတွင်း ရပ်ရွာလူထုပါဝင်ရန် နည်းလမ်းများကို ဖော်ပြတတ်မည်။
- သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းများအဖြစ် အသုံးပြုနိုင်သည့် နေ့စဉ်သုံးအရာဝတ္ထုများ၏ နမူနာများ ပေးတတ်မည်။
- ရိုးရှင်းသည့် ကိုယ်တိုင်လုပ်(DIY) သင်ကြားသင်ယူမှုအထောက်အကူများကို သတ်မှတ်ဖော်ထုတ်ပြီး တီထွင်ဖန်တီးတတ်မည်။
- သင်ယူမှုအခွင့်အလမ်းများ သာတူညီမျှ ရရှိစေရန် အင်တာနက်ကို အကန့်အသတ်နှင့်သာ ရရှိသည့် ချိတ်ဆက်မှု အားနည်းသော ဒေသများအတွင်း ICT အသုံးပြုမှုအတွက် နည်းဗျူဟာများကို လေ့လာဆန်းစစ်တတ်မည်။
- သင်၏ သင်ကြားမှုအခြေအနေအတွင်း တိကျသေချာသည့် သင်ယူမှုရလဒ်များကို ပံ့ပိုးကူညီရန်နေ့စဉ်သုံး (သို့) DYI ပစ္စည်းများ အသုံးပြုသည့် သင်ယူမှုလုပ်ငန်းတစ်ခုကို စီစဉ်ပြင်ဆင်တတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
ပါဝင်သော သင်ခန်းစာများ
သင်ခန်းစာ ၄.၁။ လူတိုင်းအကျုံးဝင် သင်ကြားရေးလုပ်ငန်းများ
သင်ခန်းစာအကြို လုပ်ဆောင်မှု - မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်ယောက်တစ်တွဲ မျှဝေခြင်း
၄.၁.၁။ ကွဲပြားစုံလင်သော မြန်မာနိုင်ငံအခြေအနေများအတွင်း လူတိုင်းအကျုံးဝင်ပညာရေး
လူတိုင်းအကျုံးဝင်သော စာသင်ခန်း
မြန်မာနိုင်ငံ၏ လူတိုင်းအကျုံးဝင် ပညာရေး
သင်ယူမှုလုပ်ငန်း။ မေးခွန်းများ – လူတိုင်းအကျုံးဝင် ပညာရေး
၄.၁.၂။ ကျောင်းသားများအတွက် အတားအဆီးများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်း
လူတိုင်းအကျုံးဝင် သင်ကြားရေးလုပ်ငန်းများကို ကျင့်သားရစေရန် အတားအဆီးများကို ဖယ်ရှားနည်း
သင်ယူမှုလုပ်ငန်း - အတားအဆီးများကို ဖယ်ရှားရန် နည်းဗျူဟာများ
ဗီဒီယို သင်ခန်းစာ
၄.၁.၃။ ပြောင်းလွယ်ပြင်လွယ်ရှိသည့် လူတိုင်းအကျုံးဝင် သင်ရိုးညွှန်းတမ်းပုံစံနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
အရည်အသွေးပြည့် သင်ရိုးညွှန်းတမ်းကောင်းတစ်ခုသည် အောက်ပါအတိုင်းဖြစ်သင့်သည်။
သင်ရိုးညွှန်းတမ်းကို စာသင်ခန်းများအတွင်း လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းရသည့် အကြောင်းအရင်းနှင့် ပြင်ဆင်ညှိနှိုင်းပုံ
သင်ရိုးညွှန်တမ်း ညှိနှိုင်းပြင်ဆင်မှုအတွက် နယ်ပယ် (၄) ရပ်
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ
သင်ခန်းစာ (၄.၁) အနှစ်ချုပ်
သင်ခန်းစာ ၄.၂။ မတူကွဲပြားသော ကျောင်းသားများကို သင်ကြားခြင်း
သင်ခန်းစာအကြို လေ့ကျင့်မှု လုပ်ငန်း - မိမိကိုယ်ကိုယ်/အချင်းချင်း ပြန်လည်သုံးသပ်ခြင်း - သင်ယူသူများ၏ မတူကွဲပြားမှုကို နားလည်သဘောပေါက်ခြင်း
၄.၂.၁။ သင်ယူသူများ၏ မတူကွဲပြားမှု ပုံစံအမျိုးမျိုး
၁။ လူဦးရေစာရင်းအင်းဆိုင်ရာ မတူကွဲပြားမှု
သိမှုဆိုင်ရာ မတူကွဲပြားမှု
၃။ ရုပ်ပိုင်းဆိုင်ရာ မတူကွဲပြားမှု
၄။ လူမှု-စိတ်ခံစားမှုဆိုင်ရာ မတူကွဲပြားမှု
သင်ယူမှုပုံစံများ - ဂါ(ထ်)နာ၏ ဉာဏ်ရည်အမျိုးမျိုး
သင်ကြားခြင်းအပေါ် သက်ရောက်မှု - တစ်ဦချင်းလိုအပ်ချက်နှင့် ကိုက်ညီသော သင်ယူမှုနှင့် ကျောင်းသား၏ profile (အချက်အလက်များ စုစည်းထားသည့် ကိုယ်ရေး မှတ်တမ်း)
သင့်ကျောင်းသားများကို နားလည်စေရန် အခြားသော နည်းဗျူဟာများ
သင်ယူမှုလုပ်ငန်း။ ကျောင်းသား၏ profile
သင်ယူမှုလုပ်ငန်း ။ ယှဉ်တွဲခြင်း – ဟော်ဝါ့ဒ်ဂါထ်နာ၏ ဉာဏ်ရည်အမျိုးမျိုး
၄.၂.၂။ ကွဲပြားစုံလင်သော ယဉ်ကျေးမှုများကို ထည့်သွင်းစဉ်းစားသော သင်နည်းဗေဒ
မြန်မာနိုင်ငံတွင် CRP အရေးကြီးရခြင်း အကြောင်းအရင်း
မြန်မာနိုင်ငံရပ်ရွာလူထု ကျောင်းစာသင်ခန်းများအတွင်း CRP အကောင်အထည်ဖော်ဆောင်ရေး နည်းဗျူဟာများ
သင်ယူမှုလုပ်ငန်း။ ဗီဒီယို - လက်တွေ့သင်ကြားမှုလုပ်ငန်းထဲမှ CRP
၄.၂.၃။ မတူကွဲပြားသော လိုအပ်ချက်များနှင့် ကျောင်းသားများ
သင်ယူမှုဆိုင်ရာ ယေဘုယျ စိန်ခေါ်မှုပုံစံများ
မသန်စွမ်းမှု အမျိုးအစားများ - ၁။ ကိုယ်ခန္ဓာ မသန်စွမ်းမှု
မသန်စွမ်းမှု အမျိုးအစားများ - ၂။ သိမှု/ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးခြင်းများ
မသန်စွမ်းမှု အမျိုးအစားများ - ၃။ လူမှု-စိတ်ခံစားမှုဆိုင်ရာ စိန်ခေါ်မှုများ
၎င်းအခက်အခဲများက သင်ယူမှုနှင့် ပူးပေါင်းပါဝင်မှုတို့အပေါ် သက်ရောက်ပုံ
စာသင်ခန်းထဲတွင် အဆိုပါ လက္ခဏာရပ်များကို ဖော်ထုတ်သတ်မှတ်ခြင်း
ရိုးရှင်းသည့် နည်းပညာများအသုံးပြုသော အခြေအနေများအတွင်း အဆင်ပြေချောမွေ့မှု အစီအစဉ်များနှင့် အထောက်အကူပြု ကိရိယာများ
စာသင်ခန်းတွင်း အဆင်ပြေချောမွေ့မှု အစီအစဉ် နမူနာများ
ရိုးရှင်းသည့် နည်းပညာအသုံးပြုထားသော အထောက်အကူပြု ကိရိယာ နမူနာများ
လူတိုင်းအကျုံးဝင်မှု ရှိစေရေးအတွက် လုပ်ဆောင်ရမည့် ရိုးရှင်းသော အဆင့်များ
သင်ယူမှုလုပ်ငန်း။ အဆင်ပြေချောမွေ့မှု အစီအစဉ်များနှင့် အထောက်အကူပြု ကိရိယာများ
၄.၂.၄။ အသက်အရွယ်စုံ (သို့) အတန်းစုံရှိသော စာသင်ခန်းများအတွင်း သင်ကြားခြင်း
အသက်အရွယ်စုံ/အတန်းစုံရှိသော စာသင်ခန်းများ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ
အသက်အရွယ်စုံ/အတန်းစုံရှိသော စာသင်ခန်းများအတွက် ထိရောက်သော သင်ကြားနည်းဗျူဟာများ
သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး - အသက်အရွယ်စုံ/အတန်းစုံရှိသော အခြေအနေများ
သင်ယူမှုလုပ်ငန်း။ အုပ်စုလုပ်ငန်း - အသက်အရွယ်စုံ/အတန်းစုံရှိသော အခြေအနေများ
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ
သင်ခန်းစာ (၄.၂) အနှစ်ချုပ်
သင်ခန်းစာ ၄.၃။ ပညာရေးတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကို ပေါင်းစပ်အသုံးပြုခြင်း
သင်ခန်းစာ အကြို လုပ်ဆောင်မှု - သဘောတရားများ ချိတ်ဆက်မှု ပြပုံနှင့် အုပ်စုလိုက် ဆွေးနွေးခြင်း
၄.၃.၁။ ၂၁ ရာစု ပညာရေး ICT
၂၁ ရာစု တက်ကြွသောသင်ယူမှုဆိုင်ရာ စာသင်ခန်းတွင် အပြန်အလှန်အကျိုးပြုနေသည့် အဓိကပုံစံ (၄) မျိုး
ဒစ်ဂျစ်တယ်ဆိုင်ရာ တတ်သိနားလည်မှုနှင့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှု (MIL)
သတင်းမှား၊ လုပ်ကြံသတင်းနှင့် မသမာသတင်း
သင်ယူမှုလုပ်ငန်း။ မှား/မှန်ရောထွေး အမှန်ရွေး - ပညာရေး ICT
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ်များ - မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်သိနားလည်မှု (MIL)
၄.၃.၂။ အိုင်စီတီပေါင်းစပ်အသုံးပြုခြင်းအတွက် အညွှန်းဘောင်များ - တီပက်ခ် (TPACK) နှင့် ဆမ်မာ (SAMR)
တီပက်ခ် - TPACK အညွှန်းဘောင်
ဆမ်မာ - SAMR (အစားထိုးခြင်း၊ တိုးပွားမြှင့်တင်ခြင်း၊ ပြုပြင်မွမ်းမံပြောင်းလဲခြင်း၊ အဓိပ္ပာယ် ပြန်လည်ဖွင့်ဆိုခြင်း)
SAMR ပုံစံကို ကောင်းစွာ အသုံးချနိုင်ရန်
TPACK အညွှန်းဘောင်နှင့် ဆမ်မာ SAMR ပုံစံကို ပေါင်းစပ်၍ အသုံးပြုရန် စီစဉ်ထားသော ကိရိယာ
TPACK နမူနာများ
သင်ယူမှုလုပ်ငန်း ၄။ သင်ပြမှုပုံစံငယ် - TPACK နှင့် SAMR ကို အသုံးပြု၍ နည်းပညာထည့်သွင်းပေါင်းစပ်ခြင်း
၄.၃.၃။ သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းတို့အတွက် ICT နည်းကိရိယာများ
စစ်ဆေးအကဲဖြတ်ခြင်းအတွက် အသုံးဝင်သော ICT နည်းကိရိယာများ
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် –သင်ကြားမှုနှင့် စစ်ဆေးအကဲဖြတ်မှုအတွက် ICT နည်းကိရိယာများ
သင်ယူမှုလုပ်ငန်း။ မှန်/မှား – သင်ကြားခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း တို့အတွက် ICT နည်းကိရိယာများ
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ - အပြီးသတ် - ၃-၂-၁ ပြန်လည်သုံးသပ်ခြင်း
သင်ခန်းစာ (၄.၃) အနှစ်ချုပ်
သင်ခန်းစာ ၄.၄။ သင်ကြားသင်ယူ အထောက်အကူပစ္စည်းများကို အရင်းအမြစ်အနည်းငယ်နှင့် စီမံခန့်ခွဲခြင်း
သင်ခန်းစာ အကြို လေ့ကျင့်မှုလုပ်ငန်း - သင်ကြားမှုအတွက် နေ့စဉ်သုံးအရာဝတ္ထု
၄.၄.၁။ အရင်းအမြစ်နည်းပါးသော အခြေအနေများအတွင်း အရင်းအမြစ်များ သတ်မှတ်ဖော်ထုတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် မျှဝေအသုံးပြုခြင်း
အရင်းအမြစ်များကို စနစ်တကျ စုစည်းခြင်းနှင့် ထိန်းသိမ်းခြင်း
အရင်းအမြစ်များ မျှဝေအသုံးပြုရန် နည်းလမ်းများ
သင်ယူမှုလုပ်ငန်း။ တစ်ဦးချင်းလုပ်ငန်း – စာသင်ခန်းတွင်း အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ခြင်း
၄.၄.၂။ ကုန်ကျစရိတ်နည်းသော ကိုယ်တိုင်လုပ် နေ့စဉ်သုံး ပစ္စည်းများကို အသုံးပြုခြင်းနှင့် တီထွင်ဖန်တီးခြင်း
ကိုင်တိုင်လုပ် နေ့စဉ်သုံး သင်ကြားမှုအရင်းအမြစ် နမူနာများ
အဆင့်လိုက်လမ်းညွှန်ချက် - သင်ခန်းစာများကို ဒေသတွင်းအရင်းအမြစ်များနှင့် စီစဉ်ပြင်ဆင်ခြင်း
သင်ယူမှုလုပ်ငန်း ၂။ မှန်/မှား - ကုန်ကျစရိတ်နည်းသော ကိုင်တိုင်လုပ် နေ့စဉ်သုံး ပစ္စည်းများ
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ် – ကုန်ကျစရိတ်နည်းသော ကိုင်တိုင်လုပ် နေ့စဉ်သုံး ပစ္စည်းများ
၄.၄.၃။ အရင်းအမြစ်နည်းပါးသည့် ပတ်ဝန်းကျင်များတွင် ရိုးရှင်းသည့် ICT နည်းကိရိယာများကို အကောင်းဆုံးအသုံးချခြင်း
ရိုးရှင်းသည့် နည်းပညာသုံးသော/နည်းပညာ မသုံးသော ICT ကိရိယာများ
ICT ကို ပြုပြင်ထိန်းသိမ်းခြင်းနှင့် မျှဝေအသုံးပြုခြင်းတွင် ရပ်ရွာလူထု ပါဝင်မှု
သင်ယူမှုလုပ်ငန်း။ နမူနာဖြစ်ရပ်- အင်တာနက်ချက်ဆက်မှု အားနည်းပြီး အရင်းအမြစ် နည်းပါးသည့် ပတ်ဝန်းကျင်များရှိ ICT
ခေတ္တရပ်၍ ပြန်လည်သုံးသပ်ပါ
သင်ခန်းစာ (၄.၄) အနှစ်ချုပ်
သက်ဆိုင်သော သင်တန်းများ
