Apple App Store Google Play Store Google Play Store YouTube

မော်ဂျူး ၂ - စာသင်ခန်းအတွင်း ကလေးများ၏စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းခြင်း။

  သင်ယူပြီးမြောက်ကြောင်းလက်မှတ်ပေးမည့် သင်တန်း      3  hour(s)      138 စာရင်းသွင်းထားသူ      7 ပို့ချချက်/ပို့ချချက်များ      17 မေးခွန်းများ      1847 ကြည့်ရှုသူစုစုပေါင်း   
 (15)
မော်ဂျူး ၂ - စာသင်ခန်းအတွင်း ကလေးများ၏စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းခြင်း။
သင်တန်းအကြောင်းအရာ ဖော်ပြချက်

အကျပ်အတည်းများသည် လူသားများ၏ ပုံမှန်ဖြစ်နေကျဖြစ်ရပ်များအပေါ် ဆိုးရွားသော အခြေအနေတစ်ရပ် ရုတ်တရက် ကြားဝင်ပေါ်ပေါက်လာသော အဖြစ်အပျက် ဖြစ်သောကြောင့် ထိခိုက်ခံစားရသောသူများအားလုံးအပေါ် ဆိုးကျိုးများသက်ရောက်စေပါသည်။ ကလေးသူငယ်များသည် အသက်အရွယ် ၊ ရင့်ကျက်မှု၊ အတွေ့အကြုံ ၊ အသိပညာမပြည့်ဝခြင်းများ နှင့် သူများအပေါ် မှီခိုနေရမှုများကြောင့် ပဋိပက္ခများ၏ ရိုက်ခတ်မှုဒဏ်များ၊ စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို အနည်းနှင့်အများ ခံစားကြရပါသည်။ ထိုကဲ့သို့ ထိခိုက်ခံစားရသော ကလေးများ စာသင်ခန်းထဲရှိတတ်ပြီး ၎င်းကလေးများကို ဆရာ၊ဆရာမများက အချိန်မှီလူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုများ ပြုလုပ်ပေးဖို့ အရေးတကြီးလိုအပ်ပါသည်။ ဤသို့ လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှုများကိုအချိန်မှီပံ့ပိုးပေးနိုင်ရန် ဆရာ၊ဆရာမများအနေဖြင့် စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာတတ်သောလက္ခဏာများကို ဦးစွာသတိထားမိဖို့ နှင့် စိတ်ဖိစီးမှု အမျိုးအစားများကိုနားလည်သဘောပေါက်ဖို့ အရေးကြီးပါသည်။ ကလေးများသည် တစ်ယောက်နှင့်တစ်ယောက် ခံနိုင်ရည်မတူကြသည့်အတွက် ဆရာ၊ဆရာမများက သင့်လျော်သောကူညီပံ့ပိုးမှုများ ပေးဖို့လိုအပ်ပါသည်။ မော်ဂျူး၂ တွင် အကျပ်အတည်းများနှင့် ကလေးများ၏ အသက်အရွယ်အလိုက် တုံ့ပြန်မှုများ၊ အကျပ်အတည်းများ၏အကျိုးဆက်ကြောင့်ဖြစ်ပေါ်လာတတ်သော စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာများနှင့် ၎င်းတို့၏လက္ခဏာများကို လေ့လာရမည်ဖြစ်ပြီး စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများ ခံစားရသော ကလေးများကို ကျောင်းစာသင်ခန်းမှတဆင့် အထိရောက်ဆုံး လူမှုစိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့မှု ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဤသင်ခန်းစာတွင် လေ့လာနိုင်ပါသည်။ ထို့ကြောင့်  ဤသင်ခန်းစာသည် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပြဌာန်းခဲ့သော ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်(Teacher Competencies Standard Framework)၏ အချို့သော အညွှန်းကိန်းများကိုအခြေခံထားပါသည်။ထိုအညွှန်းကိန်းများမှာ-
  • (က) (.) ကျောင်းသားများ၏အသက်အရွယ်၊ ဖွံ့ဖြိုးမှုအဆင့်နှင့်လိုက်လျောညီထွေစွာမည်သို့ သင်ယူကြသည်ကို နားလည်သဘောပေါက်ကြောင်းပြသသည်။
  • (က) (.) ကျောင်းသားများ၏ တစ်ဦးချင်းသင်ယူမှုလိုအပ်ချက်နှင့် ကိုက်ညီမည့် သင်ကြားနည်းအမျိုးမျိုးကိုနားလည်သဘောပေါက်ကြောင်းပြသသည်။
  • (က) (.) ကျောင်းသားများ၏ သင်ယူမှုလိုအပ်ချက်နှင့် ဆက်နွယ်နေသောသင်ယူမှု အခြေအနေပေါ်မူတည်၍ ကျောင်းသားများ သင်ယူတတ်မြောက်အောင် ဘာသာရပ်အကြောင်းအရာများအားမည်သို့ ပို့ချရမည်ကို နားလည်သဘောပေါက်ကြောင်းပြသသည်။

သင်တန်းရည်ရွယ်ချက်များ

မော်ဂျူး (၂) သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့်

  • စာသင်ခန်းတွင်း ကလေးများကြုံတွေ့နေရသော အကျပ်အတည်းများနှင့် ကလေးများအပေါ် အကျပ်အတည်းများ၏ သက်ရောက်မှုများကို သိရှိနားလည်လာမည်ဖြစ်ပါသည်။
  • ကလေးများ၏ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုဖြစ်စဥ်နှင့် ကြုံတွေ့ရသောအကျပ်အတည်းများအပေါ် ကလေးများ၏ တုံ့ပြန်မှုများကို သိရှိပြီး ဖွံ့ဖြိုးမှုဖြစ်စဥ်တွင် လိုအပ်သောပံ့ပိုးကူညီမှုများပေးနိုင်လာမည်ဖြစ်ပါသည်။
  • ကလေးများအား စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကို ဖြစ်ပေါ်လာတတ်သော အခြေအနေများကို ကွဲကွဲပြားပြားနားလည်သဘောပေါက်လာမည်ဖြစ်ပါသည်။
  • စိတ်ဖိစီးမှုနှင့် စိတ်ဒဏ်ရာများကြောင့် ဖြစ်ပေါ်လာသော ကလေးများ၏လက္ခဏာများကို သတိထားမိလာပြီး အချိန်မှီလိုအပ်သောပံ့ပိုးကူညီမှုများပေးနိုင်လာမည်ဖြစ်ပါသည်။
  • စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသောအခါ ကလေးများတုံ့ပြန်တတ်သော စိတ်ဖိစီးမှုအဆင့် ၃မျိုး ကွဲပြားနိုင်သည်ကို သတိပြုနားလည်လာပြီး ကလေးများ၏ စိတ်ဖိစီးမှုဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောနည်းလမ်းများပေးနိုင်လာမည်ဖြစ်ပါသည်။
  • စာသင်ခန်းထဲတွင် ကျောင်းသူ/သားများလုပ်လေ့လုပ်ထရှိသော စိတ်ဖိစီးမှု လက္ခဏာများနှင့် ဆရာ/ဆရာမများ တုံ့ပြန်ဆောင်ရွက်နိုင်သောနည်းလမ်းများကိုသိရှိသဘောပေါက်လာပြီး တကယ့်လက်တွေ့အသုံးချတတ်လာမည်ဖြစ်ပါသည်။

အကဲဖြတ်ခြင်းနှင့် သင်ယူပြီးမြောက်ကြောင်းလက်မှတ်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။

အဆင့်သတ်မှတ်ခြင်းနှင့် သုံးသပ်ချက်များ (5 - Best, 1 - Worst)

a good course to take and know as a teacher, parents and community leader

By Nan**********  at 2024-04-23 06:52:15

I will be learning emotional resilience to take and know as children, Parents, and community.

By The***********  at 2024-05-15 11:39:58

I like.

By One****  at 2024-05-17 01:12:32

Great.I like it.

By May************  at 2024-05-27 12:55:14

ဤအကြောင်းအရာများကို နှစ်သက်သဘောကျပါသည်

By Yin**********  at 2024-05-27 13:25:24

ဤအကြောင်းအရာများကို နှစ်သက်သဘောကျပါသည်

By Yin**********  at 2024-05-27 13:25:45

Good

By Yin********  at 2024-05-27 14:17:26

Nice

By Hni**************  at 2024-05-28 13:30:30

I'm really like this course.

By Hni**************  at 2024-05-28 17:33:35

ကြိုက်သည်

By Daw*******  at 2024-05-29 11:14:01

ကြိုက်သည်

By Daw*******  at 2024-05-29 12:05:17

ကြိုက်သည်

By Daw*******  at 2024-05-29 12:07:25

ကြိုက်သည်

By Su **********  at 2024-05-30 14:38:10

ကြိုက်ငည်

By Su **********  at 2024-05-30 14:38:39

ကြိုက်သည်

By Su **********  at 2024-05-30 14:38:42

အဆင့်သတ်မှတ်ရန်နှင့် ပြန်လည်သုံးသပ်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဆွေးနွေးမှုများကို ကြည့်ရှုရန်နှင့် ဆွေးနွေးမှုတွင် ပါဝင်ရန် ကျေးဇူးပြု၍ စနစ်သို့ ဝင်ပါ
စနစ်သို့ ဝင်ရန်
ဤသင်တန်းကိုတက်ရောက်မည်

သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။

There is no live session planned yet!
Please login to take the course and join the live sessions!
စနစ်သို့ ဝင်ရန်
Back To Top