အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

မော်ဂျူး ၂ - ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေးကို မိတ်ဆက်ခြင်း

4.8

(10 မှတ်ချက်)

Certified

4 week(s)

199 စာရင်းသွင်းထားသူဦးရေ

1680 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး မိတ်ဆက်ခြင်းအွန်လိုင်းသင်ခန်းစာ မှကြိုဆိုပါတယ်။ ယနေ့ကမ္ဘာ့စိန်ခေါ်ချက်များကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ပြင်ဆင်ပေးရန်ပညာရေးသည် အရေးကြီးသော ကဏ္ဍဖြစ်လာပါသည်။ ငြိမ်းချမ်းရေးနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သောပညာရေးသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင် ၄ ကိုဦးတည်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ ဤအွန်လိုင်းသင်ခန်းစာသည် ရေရှည်တည်တံ့ခိုင်မြဲသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ပညာရေးမှတဆင့် မည်သို့တည်ဆောက်နိုင်သည်ကို လေ့လာကြရပါမည်။ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကြောင်းအရာ ဗဟုသုတနှင့် ရှုမြင်သုံးသပ်မှုများ စသော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်စေရန် ဆရာ၊ဆရာမ များ နှင့် အခြားစိတ်ဝင်စားသူများအတွက် ရည်ရွယ်ရေးဆွဲ ထားပါသည်။

သင်တန်းရည်ရွယ်ချက်များ

ဆရာ၊ဆရာမများအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကြောင်းအရာ ဗဟုသုတနှင့် ရှုမြင်သုံးသပ်မှုများ ကို ပြင်ပသင်ရိုးလှုပ်ရှားမှုများတွင် ထည့်သွင်းသင်ကြားနိုင်ရန် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်များကို ကူညီပံ့ပိုးနိုင်စေရန် ရည်ရွယ်ပါသည်။

သင်ယူမှုရလဒ်များ

မော်ဂျုး သင်ခန်းစာ လေ့လာမှုအပြီးတွင် ဆရာ၊ ဆရာမ များ အနေဖြင့်

• ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၄ နှင့် ရည်မှန်းချက် ၄.၇ ပါ အကြောင်းအရာများကို နားလည်သဘောပေါက်မည်။

• ငြိမ်းချမ်းရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေးကို ရှင်းပြတတ်မည်။

• ငြိမ်းချမ်းရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို သင်ခန်းစာများတွင် ပေါင်းစပ်ထည့်သွင်းနိုင်မည်။

ဤအွန်လိုင်း သင်ခန်းစာများကို (၁) ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် ၄ နှင့် ရည်မှန်းချက် ၄.၇ (၂)) ငြိမ်းချမ်းရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သော ပညာရေး (၃) ငြိမ်းချမ်းရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို သင်ခန်းစာများတွင် ပေါင်းစပ်ထည့်သွင်းခြင်း စသည့် သင်ခန်းစာ ( ၃) ခုကို ဗီဒီယို သင်ခန်းစာ ပို့ချမှုများနှင့် လေ့လာနိုင်မှာ ဖြစ်ပါသည်။ မိမိ၏ နားလည် သဘောပေါက် မှု ကို စစ်ဆေးနိုင်သည့် short quiz များကို ဖြေဆိုရမှာဖြစ်ပြီး မော်ဂျူး၏ အဆုံးတွင် ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် Assessment မေးခွန်း များကို ဖြေဆိုရမည် ဖြစ်ပါသည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သက်ဆိုင်သော သင်တန်းများ

chatGPTicon