ဤမော်ဂျူးသည် နယ်လှည့်ဆရာအတတ်သင်နည်းပြ(MTT)များအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) နှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) မော်ဂျူးဖြစ်ပြီး ဒစ်ဂျစ်တယ်ခေတ်တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ အထူးသဖြင့် ပဋိပက္ခဖြစ်လွယ်ကြုံလွယ်သည့် နေရာများမှ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် မရှိမဖြစ်လိုအပ်မည့် တတ်ကျွမ်းမှုများကို ပေးအပ်ရန် စီမံရေးဆွဲထားခြင်းဖြစ်သည်။ မော်ဂျူး ရှစ်ခုပါရှိသည့် ဤသင်ရိုးတွင် ခေါင်းစဉ်အမျိုးမျိုးကို ထည့်သွင်း တင်ပြထားပါသည်။ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုဆိုင်ရာ အခြေခံများနှင့် စတင်ပြီး၊ တာဝန်သိ ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှု၊ အွန်လိုင်း ဘေးကင်းလုံခြုံမှုတို့တွင် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) ၏ အခန်းကဏ္ဍ အရေးကြီးပုံကို အာရုံစိုက် တင်ပြထားပါသည်။ ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေး (CSE) အကြောင်းကိုလည်း နက်နက်နဲနဲ လေ့လာဆင်ခြင်ပြထားသည်။ ငြိမ်းချမ်းပြီး အားလုံးအကျုံးဝင်မှုရှိသော သင်ယူမှုပတ်ဝန်းကျင်များနှင့် ရပ်ရွာများ ဖန်တီးရာတွင် ၎င်း၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြသည်။ ဤမော်ဂျူးက MIL နှင့် CSE တို့ ပေါင်းစပ်စုဆုံမှုကိုလည်း လေ့လာဖော်ပြသည်။ ၎င်း ချဉ်းကပ်ပုံ နှစ်ခုကို ပေါင်းစပ်အားယူသည့်အခါ ဒစ်ဂျစ်တယ်ကမ္ဘာအတွင်းမှ ပဋိပက္ခနှင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကျော်လွှားနိုင်စွမ်း ပိုမို ရှိလာကြပါလိမ့်မည်။
မြန်မာနိုင်ငံကဲ့သို့ ကွဲပြားစုံလင်လှသော ရပ်ရွာများစွာ ပါဝင်သည့်နေရာမျိုးတွင် အမုန်းစကားကို ဖြေရှင်းခြင်း၊ ဘက်လိုက်မှုနှင့် ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်း၊ ယဉ်ကျေးမှုနှင့် ဘာသာပေါင်းစုံ ဆွေးနွေးဖလှယ်မှုကို အားပေးမြှင့်တင်ခြင်းတို့နှင့်ပတ်သက်သည့် အတွေးအမြင်များကို တက်ရောက်သူများက ရရှိသွားမည်ဖြစ်သည်။ ဤမော်ဂျူးက ဆိုက်ဘာဘေးကင်းမှုနှင့် လုံခြုံရေးအပေါ် အာရုံစူးစိုက်ပြီး အသိဗဟုသုတများစွာ စုစည်းတင်ပြသည်။ သင်ကြားပြသသူများအနေနှင့် မိမိကိုယ်ကိုရော၊ ၎င်းတို့၏ ကျောင်းသူ/သားများကိုပါ ကာကွယ်စောင့်ရှောက်တတ်ခြင်း စွမ်းရည်များ ရရှိစေပါမည်။
ဤသင်တန်းအပြီးတွင် နယ်လှည့်ဆရာအတတ်သင်နည်းပြများသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုနှင့် ပဋိပက္ခကိုထည့်သွင်းစဉ်းစားသော ပညာရေးဆိုင်ရာ နားလည်မှု ကောင်းစွာရရှိသွားမည့်အပြင် အဆိုပါစွမ်းရည်များကို သင်ကြားရေးအတွင်း ကောင်းစွာ အသုံးချနိုင်စေမည့် လက်တွေ့နည်းကိရိယာများနှင့် လုပ်ငန်းစဉ်များပါ ရရှိသွားကြမည်ဖြစ်သည်။ ဤမော်ဂျူးသည် ရှုပ်ထွေးနက်နဲပြီး အပြန်အလှန်ချိတ်ဆက်မှီခိုမှုများလှသည့် ဤကမ္ဘာတွင် ဆရာ/ သင်ကြားပို့ချသူများက ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုပိုင်း၊ ငြိမ်းချမ်းရေးပိုင်း၊ လူတိုင်းအကျုံးဝင်မှုအပိုင်းများတွင် ဦးဆောင်လှုပ်ရှားအားပေးသူများဖြစ်လာစေပြီး ကျောင်းသူ/သားများနှင့် ရပ်ရွာများအတွက် ကောင်းကျိုးသက်ရောက်မှုများကို ဖန်တီးပေးနိုင်သူများဖြစ်လာစေရန် အားပေးမည်ဖြစ်သည်။
ပဋိပက္ခကိုထည့်သွင်းစဉ်းစားသောပညာရေးကို အဓိကအာရုံစိုက်လေ့လာသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုအပိုင်း၏ မူဘောင်များ၊ ချဉ်းကပ်နည်းများ၊ မဟာဗျူဟာနည်းလမ်းများကို သင်ယူသူတို့ ကောင်းစွာ နားလည်မှုရှိစေရန် ဤမော်ဂျူးက ကူညီ ပြင်ဆင်ပေးမည်ဖြစ်သည်။
ဤမော်ဂျူး တစ်လျှောက်တွင် တက်ရောက်သူများသည် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်။
သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိရန်၊ သင်ခန်းစာများ၊ ပဟေဋ္ဌိများနှင့် အကဲဖြတ်မှုအားလုံးကို ပြီးဆုံးအောင်လုပ်ဆောင်ရန် လိုအပ်သည်။
ပိုမိုလေ့လာရန်ပတွက်သာစိတ်ဝင်စားပြီး လေ့လာပြီးသည်နှင့် အသုံးတည့်သောနေရာတွေ့ရှိပါက အခြေအနေပေါ်မူတည်ပြီး ဖလှယ်မည်။
By Phi***** at 2024-10-29 21:16:41
ဗီဒီယို ကဒေါင်းလော့ဒ်လုပ်ရတာအဆင်မပြေဘူး။ ဘေအရမ်းစားတာဘဲ။😞
By Phi***** at 2024-10-29 21:18:44
- CSE အကြောင်းကို ပိုမိုသိရှိခြင်း
By Nan******** at 2024-10-29 22:47:58
Vedio file ဖွင့်ရတာ အကြာကြီးစောင့်ပေးရတယ် Ph bill နဲ့ဘဲသုံးရတာ အရမ်းကုန်
By Law****** at 2024-10-30 12:08:37
သင်တန်းပေးတာနှင် လက်တွေ့မေးခွန်းပြန်ဖြေရသော့ ပိုမိုနားလည်လာခြင်း
By Nan**************** at 2024-10-30 16:22:54
အွန်လိုင်းသင်တန်းပေးထားနှင် လက်တွေ့မေးခွန်းများပြန်ဖြေရသောကြောင်ပိုမိုနားလည်လာခြင်း
By Nan**************** at 2024-10-30 16:24:04
အရမ်းစိတ်၀င်စားဖို့ကောင်းပါသည်ယခုလက်ရှိကလေးပညာရေးပြသနာမာပြန်လည်ဖြေရှင်းဖို့နည်းလမ်းသိရှိပါသည်
By Baw***** at 2024-10-31 00:26:43
ဖြေရှင်ရန်နည်းလမ်းသိရှိခြင်း
By Min******* at 2024-11-19 23:49:26
သင်တန်းပြီးဆုံးကြောင်းလက်မှတ်မပေးမီ သင်တန်းအားအကဲဖြတ်ပေးရန် လိုအပ်ပါသည်။
Media and Information Literacy through Conflict Sensitive Education (MIL-CSE) Module 3.1...
ပိုမိုလေ့လာမည်Media and Information Literacy through Conflict Sensitive Education (MIL-CSE)MODULE 2.1M...
ပိုမိုလေ့လာမည်Media and Information Literacy through Conflict Sensitive Education (MIL-CSE)MODULE 1.1M...
ပိုမိုလေ့လာမည်