မော်ဂျူး(၁) ကျန်းမာပျော်ရွှင်ဘဝသံစဉ် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်၊ လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေး
2.1
(110 မှတ်ချက်)
Certified
4 hour(s)
979 စာရင်းသွင်းထားသူဦးရေ
17590 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်(စ်) လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေး အွန်လိုင်သင်ခန်းစာမှ ကြိုဆိုပါသည်။ဤအွန်လိုင်းသင်ခန်းစာကို United Budget Result and Accountability Framework ၏ ရန်ပုံငွေ ပံ့ပိုး မှု ဖြင့် ယူနက်စကိုမှ စီစဉ်ခဲ့ပြီး၊ ကျန်းမာရေး အ ကြံပေး ဒေါက်တာ နေဝင်း ဟောပြော ပို့ချ သည့် သင်ခန်းစာများ ပါရှိပါသည်။ သင်ခန်းစာကို အောက်ဖော်ပြပါ မော်ဂျူး ၃ ခု ဖြင့် ဖွဲ့စည်းထားပြီး၊ နိုင်ငံတကာ လိင်မှုပညာရေး လမ်းညွှန်ချက်များ နှင့် ကိုက်ညီစွာ ပြုစုထားပါသည်။
မော်ဂျူး(၁) ကျန်းမာ ပျော်ရွှင် ဘဝသံစဉ်
မော်ဂျူး(၂) လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေး
မော်ဂျူး(၃) အိတ်ချ်အိုင်ဗီ အေအိုင်ဒီအက်(စ်)
မော်ဂျူး တစ်ခုစီ၏ အဆုံးတွင် သင်တန်း ပြီးမြောက်ကြောင်း လက်မှတ် ထုတ်ယူရန် အတွက် မေးခွန်းများကို ဖြေဆိုရမှာ ဖြစ်ပါသည်။
ဤအွန်လိုင်းသင်တန်းကို သင်တန်း ပြီးဆုံးသည် အထိ မိမိ နှစ်သက်ရာ အချိန်တွင် အချိန်ယူ လေ့လာနိုင်ပါသည်။ မိမိ တစ်ဦးတည်း လေ့လာနိုင်သလို လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများ နှင့် လည်း Discussion Session တွင် ဆွေးနွေးပြီး လေ့လာ နိုင်ပါသည်။
သင်တန်းရည်ရွယ်ချက်များ
ယေဘုယျအား ဖြင့် ဤသင်တန်း သည် လူငယ်လူရွယ်များနှင့် ဆရာ၊ဆရာမများ အတွက် အခြေခံ လိင်မှု နှင့် မျိုးဆက်ပွားဆိုင်ရာ ဗဟုသုတများ ရရှိစေရန် ၊ လိင်မှု နှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ ပြသနာများမှ ရှောင်ရှားနိုင်စေရန် နှင့် လူကြီးဘဝကို ကျန်းမာ ပျော်ရွှင်စွာ ပုံဖော်နိုင်စေရန် ရည်ရွယ်ပါသည်။
သင်ယူမှုရလဒ်များ
မော်ဂျူး (၁) ပြီးဆုံးပါက သင်ယူသူများသည်
- ပြီးပြည့်စုံသော လိင်မှုဆိုင်ရာ ပညာရေး အကြောင်းအရာများကို ဖော်ထုတ်တတ်မည်။
- ပေါင်းသင်းဆက်ဆံရေး အမျိုးမျိုးကို နားလည် သဘောပေါက်မည်။
- ကျားမ လူမှု ကွဲပြားပုံနှင့် လူမှုရေး စံနှုန်းများ အကြောင်းကို နားလည်သဘောပေါက်မည်။
- ကျားမ အခြေပြု အကြမ်းဖက်ပုံစံ အမျိုးမျိုးနှင့် ကျားမ တန်းတူညီမျှမှု ရရှိရေးကို တန်ဖိုးထားတတ်လာမည်။
- မူးယစ်ဆေးအန္တရာယ်ကို ကောင်းစွာသိရှိပြီး၊ကာကွယ်တတ်လာမည်။
- မီဒီယာကို အန္တရာယ်ကင်းစွာ အသုံးချတတ်လာမည်။
- ကောင်းမွန်သော ဆုံးဖြတ်ချက်များ အတွက် မှန်ကန်သော တန်ဖိုးထားမှုများ လိုအပ်ကြောင်းသိရှိလာမည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်ကြားပို့ချချက်များ
ကျန်းမာ ပျော်ရွှင် ဘဝသံစဉ်
ကျန်းမာ ပျော်ရွှင် ဘဝသံစဉ်
ပေါင်းသင်းဆက်ဆံရေး
ကျားမ လူမှု ကွဲပြားခြင်း နှင့် လူမှုစံနှုန်းများ
ကျား၊ မ အခြေပြု အကြမ်းဖက်မှု (Gender-based Violence) နှင့် ကျားမ တန်းတူ ညီမျှမှု
မူးယစ်ဆေးအန္တရာယ်မှ ကာကွယ်ခြင်း
မီဒီယာကို အန္တရာယ်ကင်းစွာ အသုံးချခြင်း
ဘဝတန်ဖိုး နှင့် ဆုံးဖြတ်ချက်
သင်တန်း ZOOM သင်ခန်းစာများ
သင်တန်း ZOOM သင်ခန်းစာများ
Virtual Discussion Session with Dr Ne Win
Virtual Discussion Session with Dr Ne Win
Virtual Discussion Session with Dr.Ne Win
Virtual Discussion Session with Dr.Ne Win
သက်ဆိုင်သော သင်တန်းများ
