Course 1: Google Classroom အခြေခံ စတင်အသုံးပြုခြင်းနှင့် စာသင်ခန်းဖန်တီးခြင်း
4.4
(18 မှတ်ချက်)
Certified
30 hour(s)
754 စာရင်းသွင်းထားသူဦးရေ
2079 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
ပညာရေးလောက အလုံးစုံအသွင်ပြောင်းလဲစေသည့် အရွေ့အပြောင်းတစ်ရပ်ကို ကြုံတွေ့လာရသည့် ယနေ့ကာလတွင် နည်းပညာ တတ်ကျွမ်းမှုများကို လူတို့ ပိုမိုလိုအပ်လာကြသည်။ GOOGLE ဆိုသည်မှာ ရှေးရိုးစဉ်လာ စာသင်ခန်းကို အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသည့် သင်ကြားရေး ဝန်းကျင်တစ်ရပ် ဖြစ်လာအောင် အသွင်ပြောင်းနိုင်ရေးအတွက် ဆရာ၊ ဆရာမများကို ကူညီထောက်ပံ့ပေးနေသော အမျိုးမျိုး အသုံးဝင်သည့် အွန်လိုင်းစနစ် တစ်ခု ဖြစ်ပါသည်။ Google Classroom ဆိုသည်မှာ ဆရာ၊ဆရာမများအနေဖြင့် လုပ်ငန်းတာဝန် (Assignment) များ ဖန်တီးခြင်း၊ (သင်ကြား/သင်ယူမှု) ရင်းမြစ်များ မျှဝေခြင်း၊ ကျောင်းသူကျောင်းသားများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ သင်ယူတိုးတက်မှုကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်စေနိုင်သော ပညာရေးဆိုင်ရာ နည်းလမ်းကိရိယာ တစ်ရပ်ဖြစ်ပါသည်။ Google Classroom တွင် ဆရာ၊ ဆရာမများသည် စာသင်ခန်း တစ်ခန်းတည်းမကဘဲ စာသင်ခန်းအမျိုးမျိုးကို တစ်ပြိုင်နက် ဖန်တီးပြီး အတန်းတွင်း သင်ကြားရေး လုပ်ငန်းများကို ကျောင်းသားတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ ကျောင်းသားများစွာအတွက်သော်လည်းကောင်း တစ်ပြိုင်နက် တာဝန်ခွဲဝေသတ်မှတ်နိုင်သည်။
Google Classroom ကို Google Workspace for Education Standard ဟူ၍လည်း ခေါ်ကြပါသည်။ Google Meet, Google Calendar စသည့် လုပ်ဆောင်ချက် အချို့ကိုမူ အခမဲ့ အသုံးပြုသူများအတွက် အပြည့်အဝ ပေးအပ်မထားပါ။ သို့ရာတွင် ရသမျှ လုပ်ဆောင်ချက် အားလုံးသည် အခမဲ့ အသုံးပြုသူများအတွက် အသုံးဝင်မှုရှိပါသည်။ ဆရာ၊ ဆရာမများသည် ၎င်းတို့၏ သင်ကြားရေး အရင်းအမြစ်များ၊ သင်ထောက်ကူများကို တစ်နေရာတည်းတွင် စုဆောင်းသိမ်းဆည်းထားနိုင်သည်။ အွန်လိုင်း တွေ့ဆုံရန် စီစဉ်ခြင်း၊ ကျောင်းသားများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊ တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ ကျောင်းသားများ၏ လိုအပ်ချက်အလိုက် သင်ယူမှု အရင်းအမြစ်များ ဖြန့်ဝေခြင်းတို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါမည်။
သင်တန်းရည်ရွယ်ချက်များ
သင်ကြားသင်ယူမှု စီမံခန့်ခွဲမှု နည်းလမ်းကိရိယာတစ်ခုကို နားလည်သိရှိပြီး လက်တွေ့သုံးတတ်အောင် ဤသင်ရိုးက သင်ကြားလေ့ကျင့်ပေးပါသည်။ ဤသင်ရိုး၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
- နည်းပညာကို သိလိုစိတ် နှိုးဆွပေးရန်နှင့် ဆရာသက်တမ်း တစ်လျှောက်တွင် "စဉ်ဆက်မပြတ်သင်ယူမှု" ရှိစေရေး အားပေးရန်
- အွန်လိုင်း သင်ကြားသင်ယူမှု နည်းလမ်းကိရိယာ အသုံးပြုခြင်းဆိုင်ရာ နည်းပညာစွမ်းရည်နှင့် အသိပညာတို့ကို မြှင့်တင်ရန်
- Google Classroom ကဲ့သို့သော အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်များကို အချိန်မရွေး၊ နေရာမရွေး လက်လှမ်းမီ အသုံးပြုနိုင်ကြောင်း အသိအမြင် မြှင့်တင်ရန်
- Google Classroom ကို အသုံးပြုပြီး စာသင်ခန်းတစ်ရပ် မည်သို့ ဖန်တီးနိုင်ကြောင်း ရှင်းလင်းတင်ပြရန်
- Google Classroom ကို အခြားဆရာ၊ ဆရာမများနှင့် ပူးတွဲသင်ကြားခြင်း၊ အတူတကွ ရယူအသုံးပြုခြင်းတို့အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ဆက်ရန်
- Google Form ကို အသုံးပြုပြီး စာရင်းသွင်းရန် ပုံစံ ဖန်တီးသည့် လုပ်ဆောင်ဖွယ် အဆင့်ဆင့်ကို ရှင်းပြရန်
သင်ယူမှုရလဒ်များ
ဤသင်တန်းပြီးဆုံးပါက သင့်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်ဖြစ်သည်။
- အတန်းအဆင့်အသီးသီးနှင့် ဘာသာရပ် အမျိုးမျိုးအတွက် Google Classroom များ ဖန်တီးခြင်း
- အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အခြေခံအယူအဆများကို နားလည်ခြင်း
- Google Classroom ပေါ်တွင် စာသင်ခန်းနှင့် ကျောင်းသားစာရင်းသွင်းသည့်ပုံစံတို့ကို ဖန်တီးခြင်း
- ကျောင်းသားများ၏ သင်ယူခြင်း တိုးတက်မှုကို မှတ်တမ်းတင်ခြင်း၊ သင်ယူမှုဆိုင်ရာ အရင်းအမြစ်များ ပေးခြင်းနှင့် တစ်ဦးချင်းအလိုက် တုံ့ပြန်အကြံပြုချက်များပေးခြင်း
- စာသင်ခန်းအတွင်း နည်းပညာကို ထိရောက်စွာ ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် သင်ကြားသင်ယူမှုအရည်အသွေးကို မြှင့်တင်ခြင်း
- အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသော ပညာရေး ဝန်းကျင်တစ်ရပ် ဖန်တီးရန်အတွက် အခြားဆရာ၊ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်ရိုးအကြောင်း ရှင်းလင်းချက်
မရှိမဖြစ် အခြေခံ လိုအပ်ချက်များ
သင်ရိုး၏ ကန့်သတ်ချက်များ
How to create a class & invite students on Google Classroom
How to post announcements & create a registration form using Google Forms
General Knowledge about Class Management on Google Classroom
How to create a class, invite students, post announcements and class management on a mobile device
Resources
သင်တန်း ဉာဏ်စမ်း မေးခွန်းများ
ဉာဏ်စမ်းမေးခွန်း (၁)
ဉာဏ်စမ်းမေးခွန်း (၂)
ဉာဏ်စမ်းမေးခွန်း (၃)
ဉာဏ်စမ်းမေးခွန်း (၄)
ဉာဏ်စမ်းမေးခွန်း (၅)
ဉာဏ်စမ်းမေးခွန်း (၆)
သက်ဆိုင်သော သင်တန်းများ