အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်

|

မှတ်ပုံတင်

Course 3: Google Classroom အတွင်း စာမေးပွဲမေးခွန်းလွှာများ ဖန်တီးခြင်းနှင့် အမှတ်ပေးခြင်း

5

(4 မှတ်ချက်)

Certified

30 hour(s)

399 စာရင်းသွင်းထားသူဦးရေ

1002 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ပညာရေးလောက အလုံးစုံအသွင်ပြောင်းလဲစေသည့် အရွေ့အပြောင်းတစ်ရပ်ကို ကြုံတွေ့လာရသည့် ယနေ့ကာလတွင် နည်းပညာ တတ်ကျွမ်းမှုများကို လူတို့ ပိုမိုလိုအပ်လာကြသည်။​ GOOGLE ဆိုသည်မှာ ရှေးရိုးစဉ်လာ စာသင်ခန်းကို အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသည့် သင်ကြားရေး ဝန်းကျင်တစ်ရပ် ဖြစ်လာအောင် အသွင်ပြောင်းနိုင်ရေးအတွက် ဆရာ၊​ ဆရာမများကို ကူညီထောက်ပံ့ပေးနေသော အမျိုးမျိုး အသုံးဝင်သည့် အွန်လိုင်းစနစ် တစ်ခု ဖြစ်ပါသည်။ Google Classroom ဆိုသည်မှာ ဆရာ၊ဆရာမများအနေဖြင့် လုပ်ငန်းတာဝန် (Assignment) များ ဖန်တီးခြင်း၊ (သင်ကြား/သင်ယူမှု) ရင်းမြစ်များ မျှဝေခြင်း၊ ကျောင်းသူကျောင်းသားများနှင့် ဆက်သွယ်ပြောဆိုခြင်း၊ သင်ယူတိုးတက်မှုကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်စေနိုင်သော ပညာရေးဆိုင်ရာ နည်းလမ်းကိရိယာ တစ်ရပ်ဖြစ်ပါသည်။​ Google Classroom တွင် ဆရာ၊​ ဆရာမများသည် စာသင်ခန်း တစ်ခန်းတည်းမကဘဲ စာသင်ခန်းအမျိုးမျိုးကို တစ်ပြိုင်နက် ဖန်တီးပြီး အတန်းတွင်း သင်ကြားရေး လုပ်ငန်းများကို ကျောင်းသားတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ ကျောင်းသားများစွာအတွက်သော်လည်းကောင်း တစ်ပြိုင်နက် တာဝန်ခွဲဝေသတ်မှတ်နိုင်သည်။​ ဤတတိယမြောက် သင်တန်းတွင် အခြား Google အက်ပလီကေးရှင်းများနှင့် Google Classroom ကို ပေါင်းစပ်သုံးစွဲပြီး ကျောင်းသူကျောင်းသားများအတွက် စစ်ဆေးအကဲဖြတ်ခြင်းများ ဖန်တီးရေးဆွဲပုံနည်းလမ်းများကို သင်ယူရမည်ဖြစ်ပါသည်။​ ကျောင်းသူကျောင်းသားများ၏ သင်ယူမှု ရလဒ်များကို တစ်နေရာတည်းတွင် ထည့်သွင်း ခွဲခြမ်းစိတ်ဖြာရန် စာမေးပွဲမေးခွန်းလွှာများ ဖန်တီးခြင်း၊ စုဆောင်းသိမ်းဆည်းခြင်း၊ အမှတ်ပေးပြီး မှတ်တမ်းတင်ခြင်း၊ ထုတ်ပြန်ခြင်း၊ ကျောင်းသားများဆီ သင်ယူမှု အကဲဖြတ်ဆန်းစစ်ချက်ရလဒ်များ ပြန်ပေးအပ်ခြင်းနည်းလမ်းတို့ကိုလည်း ထည့်သွင်းလေ့လာရမည်ဖြစ်ပါသည်။​

Google Classroom ကို Google Workspace for Education Standard ဟူ၍လည်း ခေါ်ကြပါသည်။​ Google Meet, Google Calendar စသည့် လုပ်ဆောင်ချက် အချို့ကိုမူ အခမဲ့ အသုံးပြုသူများအတွက် အပြည့်အဝ ပေးအပ်မထားပါ။​ သို့ရာတွင် ရသမျှ လုပ်ဆောင်ချက် အားလုံးသည် အခမဲ့ အသုံးပြုသူများအတွက် အသုံးဝင်မှုရှိပါသည်။​ ဆရာ၊​ ဆရာမများသည် ၎င်းတို့၏ သင်ကြားရေး အရင်းအမြစ်များ၊ သင်ထောက်ကူများကို တစ်နေရာတည်းတွင် စုဆောင်းသိမ်းဆည်းထားနိုင်သည်။​ အွန်လိုင်း တွေ့ဆုံရန် စီစဉ်ခြင်း၊​ ကျောင်းသားများ၏ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲခြင်း၊ တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ ကျောင်းသားများ၏ လိုအပ်ချက်အလိုက် သင်ယူမှု အရင်းအမြစ်များ ဖြန့်ဝေခြင်းတို့ကို တစ်နေရာတည်းတွင် လုပ်ဆောင်နိုင်ပါမည်။​

သင်တန်းရည်ရွယ်ချက်များ

သင်ကြားသင်ယူမှု စီမံခန့်ခွဲမှု နည်းလမ်းကိရိယာတစ်ခုကို နားလည်သိရှိပြီး လက်တွေ့သုံးတတ်အောင် ဤသင်ရိုးက သင်ကြားလေ့ကျင့်ပေးပါသည်။​ ဤသင်ရိုး၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

  • နည်းပညာကို သိလိုစိတ် နှိုးဆွပေးရန်နှင့် ဆရာသက်တမ်း တစ်လျှောက်တွင် "စဉ်ဆက်မပြတ်သင်ယူမှု" ရှိစေရေး အားပေးရန်
  • အွန်လိုင်း သင်ကြားသင်ယူမှု နည်းလမ်းကိရိယာ အသုံးပြုခြင်းဆိုင်ရာ နည်းပညာစွမ်းရည်များနှင့် အသိပညာတို့ကို မြှင့်တင်ရန်
  • Google Classroom ကဲ့သို့သော အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်များကို အချိန်မရွေး၊ နေရာမရွေး လက်လှမ်းမီ အသုံးပြုနိုင်ကြောင်း အသိအမြင် မြှင့်တင်ရန်
  • Google Classroom ကို အသုံးပြုပြီး စာမေးပွဲမေးခွန်းလွှာများကို မည်သို့ ဖန်တီး မျှဝေနိုင်ကြောင်း ရှင်းလင်းတင်ပြရန်
  • Google Classroom တွင် အခြားဆရာ၊​ ဆရာမများနှင့် ပူးတွဲသင်ကြားခြင်း၊ အတူတကွ ရယူအသုံးပြုခြင်းတို့အတွက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းတင်ဆက်ရန်
  • တုံ့ပြန်အကြံပြုချက်ပေးနည်း၊​ လုပ်ငန်းတာဝန် (Assignment) များကို အမှတ်ပေးပြီး၊ ကျောင်းသူကျောင်းသားများအား ရလဒ်ပြန်ပေးအပ်နည်းများကို သရုပ်ပြရန်

သင်ယူမှုရလဒ်များ

ဤသင်ရိုးအတွင်း သင့်အနေနှင့် အောက်ပါတို့ကို လုပ်ဆောင်တတ်သွားမည်ဖြစ်သည်။

  • အတန်းအဆင့်အသီးသီးနှင့် ဘာသာရပ် အမျိုးမျိုးအတွက် Google စာသင်ခန်းများ ဖန်တီးခြင်း
  • အွန်လိုင်း သင်ကြားသင်ယူမှု စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ရှုပ်ထွေးနက်နဲသော အခြေခံအယူအဆများကို နားလည်ခြင်း
  • စာမေးပွဲမေးခွန်းများ၊ လုပ်ငန်းတာဝန် (assignment) များကို ဖန်တီးခြင်းနှင့် ကျောင်းသူကျောင်းသားများ၏ လုပ်ဆောင်ချက်များကို အမှတ်ပေးခြင်း
  • ကျောင်းသားများ၏ သင်ယူခြင်း တိုးတက်မှုကို မှတ်တမ်းတင်ခြင်း၊ ကျောင်းသူကျောင်းသားများကို တစ်ဦးချင်းအလိုက် တုံ့ပြန်အကြံပြုချက်များပေးခြင်း
  • စာသင်ခန်းအတွင်း နည်းပညာကို ထိရောက်စွာ ထည့်သွင်းပေါင်းစပ်ခြင်းအားဖြင့် သင်ကြားသင်ယူမှုအရည်အသွေးကို မြှင့်တင်ခြင်း
  • အပြန်အလှန် တုံ့ပြန်ဖလှယ်မှုရှိသော ပညာရေး ဝန်းကျင်တစ်ရပ် ဖန်တီးရန်အတွက် အခြားဆရာ၊​ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်ရိုးအကြောင်း ရှင်းလင်းချက်

မရှိမဖြစ် အခြေခံ လိုအပ်ချက်များ

သင်ရိုး၏ ကန့်သတ်ချက်များ

သင်ရိုးပါ အဓိက ဝေါဟာရများ

How to create exam papers using Google Documents

How to create a gradebook

How to return grades

Collaborating and Reporting from Google Forms Assessments

How to create and grade exam papers on a mobile device

Resources

ဉာဏ်စမ်းမေးခွန်း (၁)

ဉာဏ်စမ်းမေးခွန်း (၂)

ဉာဏ်စမ်းမေးခွန်း (၃)

ဉာဏ်စမ်းမေးခွန်း (၄)

ဉာဏ်စမ်းမေးခွန်း (၅)

ဉာဏ်စမ်းမေးခွန်း (၆)

ဉာဏ်စမ်းမေးခွန်း (၇)

သက်ဆိုင်သော သင်တန်းများ

chatGPTicon