ဘာသာစကားစုံပညာရေး (Multilingual Education - MLE) ဖြင့် သင်ယူမှုအတွေ့အကြုံများကို အဓိပ္ပာယ်ပြည့်ဝစေခြင်း
5
(6 မှတ်ချက်)
Certified
5 hour(s)
99 စာရင်းသွင်းထားသူဦးရေ
1404 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
ဤ "ဘာသာစကားစုံ ပညာရေး (Multilingual Education - MLE) ဖြင့် သင်ယူမှုအတွေ့အကြုံများကို အဓိပ္ပါယ်ပြည့်ဝစေခြင်း" သင်တန်းတွင် ဘာသာစကားစုံပညာရေး (MLE) နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေး (Mother tongue-based multilingual education - MTB-MLE) တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ၎င်းတို့ကို စာသင်ခန်းတွင် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများကို ခြုံငုံ၍ ဖော်ပြသွားမည်ဖြစ်သည်။ သင်တန်းတွင် အောက်ပါ မော်ဂျူးများ ပါဝင်သည် —
မော်ဂျူး (၁) MLE နှင့် ၎င်း၏ အရေးပါပုံကို နားလည်သဘောပေါက်ခြင်း
(၁.၁) MLE နှင့် MTB-MLE ကို စူးစမ်းလေ့လာခြင်း
(၁.၂) MLE ၏ အရေးပါပုံ
(၁.၃) ဘာသာစကားတတ်မြောက်မှုသီအိုရီဖြင့် MLE ကို နားလည်ခြင်း
မော်ဂျူး (၂) MLE နှင့် MTB-MLE ကို လက်တွေ့ကျင့်သုံးခြင်း
(၂.၁) MLE နှင့် MTB-MLE နည်းလမ်းများ
(၂.၂) MLE နှင့် MTB-MLE ဆိုင်ရာ သင်ကြားသင်ယူမှုရင်းမြစ်များ
သင်တန်းရည်ရွယ်ချက်များ
ဤသင်တန်းမှတစ်ဆင့် ဘာသာစကားစုံ ပညာရေး (MLE) နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (MTB-MLE) တို့ကို ပိုမိုနားလည်သဘောပေါက်လာပြီး MLE ကို ပံ့ပိုးပေးသော ဘာသာစကားတတ်မြောက်မှုသီအိုရီများကိုလည်း သိရှိနားလည်စေရန် ရည်ရွယ်သည်။ ထို့ပြင် MLE နည်းလမ်းများ၊ လက်တွေ့ ကျင့်သုံးနည်းများကို သိရှိနားလည်လာပြီး စာသင်ခန်းတွင် ကျောင်းသားများနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်လည်း ရည်ရွယ်ပါသည်။
သင်ယူမှုရလဒ်များ
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
- MLE နှင့် MTB-MLE ကို အဓိပ္ပါယ်ဖွင့်ဆိုတတ်မည်။
- MLE ဖြင့် ဖြေရှင်းနိုင်သော စိန်ခေါ်မှုများကို သိရှိလာမည်။
- MLE သည် အရေးကြီးကြောင်း ရှင်းလင်းချက်များ ပေးနိုင်မည်။
- ဘာသာစကားတတ်မြောက်မှု သီအိုရီ (၃) ခု (အခြေခံတူညီသော တတ်ကျွမ်းမှုသီအိုရီ၊ လူမှုယဉ်ကျေးမှုသီအိုရီ၊ ဘာသာစကားဖလှယ်နိုင်မှုသီအိုရီ) နှင့် ၎င်းတို့နှင့် MLE ၏ ဆက်နွှယ်ပုံကို နားလည်သဘောပေါက်လာမည်။
- MTB-MLE ကို အကောင်အထည်ဖော်နိုင်သည့်နည်းလမ်း အဆင့်ဆင့်ကို နားလည် သဘောပေါက်လာမည်။
- MTB-MLE နှင့် MLE ကို အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းဥပမာများကို ဖော်ထုတ်တတ်မည်။
- MTB-MLE အတွက် သင်ကြားသင်ယူမှုဆိုင်ရာ ရင်းမြစ်များကို လိုက်လျောညီထွေ ဖန်တီးတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ MLE နှင့် ၎င်း၏အရေးပါပုံကို နားလည်သဘောပေါက်ခြင်း
မော်ဂျူး ၁ မျှော်မှန်းထားသော သင်ယူမှု ရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၁.၁။ MLE နှင့် MTB-MLE ကို စူးစမ်းလေ့လာခြင်း
MLE နှင့် MTB-MLE ဆိုသည်မှာ အဘယ်နည်း။
၁.၂။ MLE ၏ အရေးပါပုံ
မော်ဂျူး ၁.၂ - အဆက်
၁.၃။ ဘာသာစကားတတ်မြောက်မှုသီအိုရီဖြင့် MLE ကို နားလည်ခြင်း
မော်ဂျူး (၁.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး ၁။ အနှစ်ချုပ်
မော်ဂျူး ၂။ MLE နှင့် MTB-MLE ကို လက်တွေ့ကျင့်သုံးခြင်း
မော်ဂျူး ၂ မျှော်မှန်းထားသော သင်ယူမှု ရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၂.၁။ MLE နှင့် MTB-MLE နည်းလမ်းများ
မော်ဂျူး ၂.၁ အတွက် လေ့ကျင့်ရန်လုပ်ငန်း ၁
မော်ဂျူး ၂.၁ အတွက် လေ့ကျင့်ရန်လုပ်ငန်း ၂
မော်ဂျူး ၂.၁ အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
မော်ဂျူး ၂.၁ အတွက် လေ့ကျင့်ရန်လုပ်ငန်း ၃
၂.၂။ MLE နှင့် MTB-MLE ဆိုင်ရာ သင်ကြားသင်ယူမှု ရင်းမြစ်များ
မော်ဂျူး ၂.၂ အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂) အနှစ်ချုပ်
အကျဉ်းချုပ်
သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ
သက်ဆိုင်သော သင်တန်းများ