အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

အလယ်တန်းအထူးပြု ဇီဝဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း

0

(0 မှတ်ချက်)

Certified

8 hour(s)

107 စာရင်းသွင်းထားသူဦးရေ

988 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းသည် အလယ်တန်းကျောင်းသားများ သိပ္ပံဘာသာရပ်အပေါ်တွင် စိတ်ဝင်စားမှုနှင့် လေ့လာသင်ယူမှုများကို ပံ့ပိုးကူညီနိုင်စေရန် လုပ်ငန်းခွင်ဝင်စဆရာများကို ပြင်ဆင်ပေးမည်ဖြစ်သည်။ ထို့ပြင် သိပ္ပံဘာသာရပ်သင်ကြားခြင်းဆိုင်ရာ တတ်ကျွမ်းမှုများနှင့် သင်နည်းဗေဒဆိုင်ရာ အခြေခံ အသိပညာများနှင့် သိပ္ပံဆိုင်ရာ အခြေခံအသိပညာများ တိုးတက်ဖွံ့ဖြိုးလာရန် ရည်ရွယ်၍ ရေးဆွဲထားခြင်းဖြစ်သည်။ ဤသင်တန်းတွင် အခြေခံဇီဝဗေဒအကြောင်းအရာများဖြစ်သော သက်ရှိများကို အမျိုးအစားခွဲခြင်း၊ ဂေဟဗေဒနှင့် ဂေဟစနစ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇီဝဗေဒနှင့် မျိုးပွားခြင်းတို့ကို လေ့လာရမည်ဖြစ်သည်။ ဤသင်တန်းမှတစ်ဆင့် လူတိုင်းအကျုံးဝင်မှုနှင့် သိပ္ပံဘာသာရှိ စစ်ဆေးအကဲဖြတ်ခြင်းတို့ကိုလည်း လေ့လာသင်ယူနိုင်မည် ဖြစ်ပါသည်။ 

ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည်။

မော်ဂျူး ၁။ အလယ်တန်း ဇီဝဗေဒဘာသာရပ်မိတ်ဆက်
        ၁.၁။ အလယ်တန်း ဇီဝဗေဒဘာသာရပ်ကို မိတ်ဆက်သင်ကြားခြင်း
             ၁.၁.၁။ အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ ဇီဝဗေဒဘာသာရပ် အဓိကနယ်ပယ်များနှင့် သင်ယူမှုရည်မှန်းချက်များ
        ၁.၂။ အလယ်တန်းသင်ရိုးညွှန်းတမ်းရှိ ရည်ရွယ်ထားသော ကျွမ်းကျင်မှုများ
မော်ဂျူး ၂။ သက်ရှိများ
        ၂.၁။ အဏုဇီဝသက်ရှိများအား အမျိုးအစားခွဲခြားခြင်း
             ၂.၁.၁။ အဏုဇီဝများကို အမျိုးအစားခွဲခြားခြင်း
             ၂.၁.၂။ အပင်များကို အမျိုးအစားခွဲခြားခြင်း
             ၂.၁.၃။ သတ္တဝါများအား အမျိုးအစားခွဲခြားခြင်း
             ၂.၁.၄။ သက်ရှိများ၏ ဘဝနှင့် လက္ခဏာရပ်များ - အပင်များနှင့် တိရစ္ဆာန်များ
             ၂.၁.၅။ အပင်နှင့် တိရစ္ဆာန်များ၏ လက္ခဏာရပ်များနှင့် လိုက်လျောညီထွေ ရှင်သန်နေထိုင်နေမှုများ
        ၂.၂။ တစ်ရှူးများ
            ၂.၂.၁။ အပင်တစ်ရှူးများ (ဆဲလ်ပွားတစ်ရှူး၊ ရိုးရှင်းတစ်ရှူးနှင့် ရှုပ်ထွေးတစ်ရှူး)
            ၂.၂.၂။ ရှုပ်ထွေးအပင်တစ်ရှူးများ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်လုပ်ဆောင်ချက်
            ၂.၂.၃။ သတ္တဝါတစ်ရှူးများ
        ၂.၃။ ခန္ဓာကိုယ်အင်္ဂါစနစ်များ
            ၂.၃.၁။ အပင်များရှိအင်္ဂါစနစ်များ၏ ပူးပေါင်းဆောင်ရွက်ခြင်း
            ၂.၃.၂။ လူ့ခန္ဓာကိုယ်ရှိ ကိုယ်အင်္ဂါစနစ်များ
            ၂.၃.၃။ လူ့အရေပြားနှင့် အာရုံကြောစနစ်၏ ဖွဲ့စည်းတည်ဆောက်ပုံ
            ၂.၃.၄။ လူ့ခန္ဓာကိုယ်ရှိစနစ်များ၏ အပြန်အလှန်ဆက်သွယ်မှု
မော်ဂျူး ၃။ ဂေဟဗေဒ
        ၃.၁။ ဂေဟဗေဒနှင့် ဂေဟစနစ်များ
မော်ဂျူး ၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇီဝဗေဒ
        ၄.၁။ အပင်နှင့် သတ္တဝါများတွင်ရှိသော လိုက်လျောညီထွေ နေထိုင်မှုများ
        ၄.၂။ အပင်များကြီးထွားခြင်းနှင့် အကာအကွယ်ရရှိခြင်း
        ၄.၃။ သတ္တဝါများကြီးထွားခြင်းနှင့် အကာအကွယ်ရရှိခြင်း
        ၄.၄။ အစာကွန်ရက်များတွင် ဆက်စပ်လျက်ရှိသော ဇီဝသက်ရှိများ
        ၄.၅။ အပင်အရေအတွက် ပြောင်းလဲမှုများနှင့် ထိန်းသိမ်းကာကွယ်မှု
မော်ဂျူး ၅။ မျိုးပွားခြင်း
        ၅.၁။ အပင်များမျိုးပွားခြင်း
             ၅.၁.၁။ ပန်းပွင့်၏ အစိတ်အပိုင်းများ၊ ပန်းပွင့်သောအပင်များနှင့် ၎င်းတို့၏ ဇီဝစက်ဝန်း
             ၅.၁.၂။ လက်တွေ့လုပ်ဆောင်ခြင်း - ပန်းပွင့်တစ်ပွင့်၏ အစိတ်အပိုင်းများ
             ၅.၁.၃။ ပန်းပွင့်များနှင့် သစ်သီးများအပေါ်အခြေပြု၍ အပင်များကို အမျိုးအစားခွဲခြားခြင်း
             ၅.၁.၄။ ဝတ်မှုန်ကူးခြင်း
             ၅.၁.၅။ သန္ဓေအောင်ခြင်း
             ၅.၁.၆။ အပင်များရှိ လိင်မဲ့မျိူးပွားခြင်း
        ၅.၂။ သတ္တဝါများ မျိုးပွားခြင်း
            ၅.၂.၁။ သတ္တဝါများရှိ လိင်ရှိမျိူးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်း
            ၅.၂.၂။ သတ္တဝါများ၏ ကိုယ်တွင်းသန္ဓေအောင်ခြင်းနှင့် ပြင်ပသန္ဓေအောင်ခြင်း
            ၅.၂.၃။ ကျောရိုးမဲ့သတ္တဝါများနှင့် ကျောရိုးရှိသတ္တဝါများ၏ ဇီဝစက်ဝန်း
မော်ဂျူး ၆။ သင်ကြားမှုနည်းလမ်းများ
        ၆.၁။ လူတိုင်းအကျုံးဝင်မှု
        ၆.၂။ သိပ္ပံဘာသာရပ်ရှိ စစ်ဆေးအကဲဖြတ်ခြင်း
        ၆.၃။ သင်ပြမှုပုံစံလွှာ

အဓိကအသုံးအနှုန်းများ

ဇီဝဗေဒဘာသာရပ် (biology)၊ အကြောင်းအရာဆက်သွယ်ပြပုံစံ (concept map) ၊ ဆန်းစစ်ဝေဖန်ချက် (critique)၊ သင်ရိုးညွှန်းတမ်း (curriculum)၊ စူးစမ်းရှာဖွေမှု (inquiry)၊ သင်ရိုးမာတိကာ(syllabus)၊ ရေညှိများ (algae)၊ မျိုးစေ့ဝှက်ပင် (angiosperms)၊ အမီးဗား (amoeba)၊ အမိုင်လိုပလပ်စ် (amyloplast)၊ အာခီယ (archaea)၊ ဘက်တီးရီးယား (bacteria)၊ ပြုမူဆောင်ရွက်ပုံဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများ (behavioural adaptations)၊ ကလိုရိုပလပ်စ် (chloroplasts)၊ လှုပ်ရှားမှုဆိုင်ရာ တစ်ရှူး (collenchyma)၊ တွယ်ဆက်တစ်ရှူး (connective tissues)၊ စေ့ရွက်စုံပင် (dicotyledonous)၊ အတွင်းအမြှေးပါးကွန်ရက် (endoplasmic reticulum)၊ အပေါ်ယံအရေပြားလွှာ (epidermis)၊ အပေါ်ယံတစ်ရှူး (epithelial tissue)၊ ယူကာရုတ် (eukaryotes)၊ မှိုများ (fungi)၊ မျိုးစေ့ဖော်ပင်များ (gymnosperms)၊ ပေါက်ရောက် ရှင်သန်ရာ/ပေါက်ဖွားကျက်စားရာဒေသ (habitat)၊ သန်ကောင် (helminth)၊ ကိုယ်တွင်းဓာတ်မျှမှု (homeostasis)၊ ကျောရိုးမဲ့သတ္တဝါများ (invertebrates)၊ ရှင်သန်နေထိုင်မှု (living)၊ ဇီဝရုပ်ဖြစ်ပျက်ခြင်း (metabolism)၊ အဏုဇီဝများ (microorganisms)၊ အဏုကြည့်မှန်ပြောင်း (microscope)၊ မိုက်တိုကွန်ဒရီးယား (mitochondria)၊ စေ့ရွက်ထီးပင် (monocotyledonous)၊ ကြွက်သားတစ်ရှူးများ (muscular tissues)၊ သက်ရှိမဟုတ်သည်များ (non-living)၊ နျူကလီးယပ်စ် (nucleus)၊ အင်္ဂါ (organs)၊ အင်္ဂါငယ် (organelle)၊ ကပ်ပါးကောင်များ (parasites)၊ အဓိကတစ်ရှူး (parenchyma)၊ အစာကြော (phloem)၊ ပရိုတိုဇွာ (protozoa)၊ အာရုံတုံ့ပြန်မှု၊ ရိုင်ဘိုဆုမ်းများ (ribosomes)၊ ထောက်ကူတစ်ရှူး (sclerenchyma)၊ တစ်ရှူး (tissues)၊ ဆဲလ်ရည်ကွက် (vaculoe)၊ ကျောရိုးရှိသတ္တဝါများ (vertebrates)၊ ဗိုင်းရပ်စ်များ (virus)၊ ရေကြော (xylm)၊ တဆေး (yeast)၊ အစာကွင်းဆက်ထိပ်ဆုံးရှိသားရဲကောင်များ (apex predator) ၊ စားသုံးသူများ (consumers)၊ အစာဖြိုခွဲသူများ (decomposers)၊ ဂေဟဗေဒ (ecology)၊ ဂေဟစနစ် (ecosystem)၊ အစာကွန်ရက် (food web) ၊ အစာချက်လုပ်သူများ (producer)၊ သင်ရိုးညွှန်းတမ်း (curriculum)၊ အားနည်းချက် စစ်ဆေးအကဲဖြတ်ခြင်း (diagnostic assessment)၊ သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း (formative assessment)၊ လူတိုင်းအကျုံးဝင်သော အလေ့အကျင့် (inclusive practice)၊ သင်ယူမှုရည်မှန်းချက်များ (learning objectives)၊ သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုများ (scientific skills)၊ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း၊ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှု (adaptations)၊ ပြုမူဆောင်ရွက်ပုံဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှု (behavioural adaptation)၊ ဇီဝမျိုးစုံ မျိုးကွဲ (biodiversity)၊ တစ်ဖက်တည်းအကျိုးပြုသော (commensal)၊ ယှဉ်ပြိုင်နေထိုင်မှု (competition)၊ ထိန်းသိမ်းကာကွယ်ခြင်း (conservation)၊ အစာကွင်းဆက် (food chain)၊ အစာကွန်ရက် (food web)၊ ပေါက်ရောက်ရှင်သန်ရာ/ ပေါက်ဖွားကျက်စားရာဒေသ (habitat)၊ အလင်းရောင် (light)၊ အာဟာရများ (nutrients)၊ ကပ်ပါးပြုသော (parasitic)၊ ရုပ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှု (physical adaptation)၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ (physical conditions)၊ သားရဲ/သားရဲပြုခြင်း (predator/predation)၊ သားကောင် (prey)၊ အစာထုတ်လုပ်သူ (producer)၊ မြေဆီလွှာ (soil)၊ အပူချိန် (temperature)၊ လိင်မဲ့မျိုးပွားခြင်း (asexual reproduction)၊ ခရိုမိုဆုမ်း (chromosome)၊ သန္ဓေသားလောင်းဖြစ်တည်မှု (embryogenesis)၊ ပြင်ပသန္ဓေအောင်ခြင်း (external fertilisation)၊ သန္ဓေအောင်ခြင်း (fertilisation)၊ ပန်းပွင့် (flower)၊ သစ်သီး (fruit)၊ ဗီဇကလာပ်စည်း (ဂမိ) (gamete)၊ အစေ့ပေါက်ခြင်း (germination)၊ ကိုယ်တွင်းသန္ဓေအောင်ခြင်း (internal fertilisation)၊ သားဥအိမ် (ovary)၊ ဝတ်မှုန် (pollen)၊ ဝတ်မှုန်ကူးခြင်း (pollination)၊ ပင်တည်းသန္ဓေအောင်ခြင်း (self-fertilisation)၊ လိင်ရှိမျိုးပွားခြင်း (sexual reproduction)၊ သုက်ပိုး (sperm)၊ ပင်ပိုင်းမျိုးပွားခြင်း (vegetative reproduction)။ 

ဤအလယ်တန်းအထူးပြု ဇီဝဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်းသင်တန်းတက်‌ရောက်ပြီးစီးပါက မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်း - https://mmteacherplatform.net/en/e-learning/courses/multanataupyu-thippanbaathayaat-asangatmyngatthinkyani  

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် လုပ်ငန်းခွင်ဝင်စဆရာ၊ ဆရာမများသာမက လုပ်ငန်းခွင်ဝင်ပြီးဆရာ၊ ဆရာမများအတွက် ဇီဝဗေဒဘာသာရပ် သင်ကြားရာတွင် သိပ္ပံနည်းကျလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ လေးနက်စွာဆန်းစစ် ဝေဖန်စဉ်းစားနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်များ၊ ပြဿနာဖြေရှင်းခြင်း၊ မေးခွန်းများမေးမြန်းခြင်းဆိုင်ရာ စွမ်းရည်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် စွမ်းရည်များ ဖွံ့ဖြိုးလာရန် အဓိက ရည်ရွယ်ထားခြင်းဖြစ်သည်။ ဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့၏ နေ့စဉ်ဘဝအတွေ့အကြုံများနှင့် ချိတ်ဆက်၍ သင်ခန်းစာများကို စနစ်တကျစီစဉ်တတ်မည် ဖြစ်သည်။ ထို့ပြင် ဤသင်တန်းတွင် အလယ်တန်း ကျောင်းသားများ၏ နားလည်မှုကို စစ်ဆေးရန်နှင့် တုံ့ပြန်အကြံပြုချက်များပေးရန်အတွက် အမျိုးမျိုးသော စစ်ဆေးအကဲဖြတ်မှုလုပ်ငန်းများကို စီစဉ်ရေးဆွဲ၍ စနစ်တကျအသုံးပြုတတ်စေရန် စသည့် နေ့စဉ်သင်ကြားမှုအတွက်လိုအပ်သည့် အလေ့အထကောင်းများစွာကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို တက်ရောက်ပြီးချိန်တွင် သင်သည် - 

  • အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ သင်ယူမှုရည်မှန်းချက်များနှင့် ဇီဝဗေဒဘာသာရပ်ရှိ အလေးပေးထားသော အကြောင်းအရာကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလယ်တန်းအောက်ဆင့်သိပ္ပံဘာသာရပ်သင်ရိုးညွှန်းတမ်းတွင် တိုးတက်ရန်လိုအပ်သော သိပ္ပံဆိုင်ရာကျွမ်းကျင်မှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • အလယ်တန်းအောက်ဆင့် သိပ္ပံဘာသာရပ်သင်ရိုးညွှန်းတမ်းရှိ သိပ္ပံနည်းကျ စူးစမ်းလေ့လာမှု အမျိုးအစားများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • သိပ္ပံနည်းကျစူးစမ်းလေ့လာမှုများသည် ကျောင်းသားများအား သိပ္ပံနည်းကျဆောင်ရွက်နိုင်မှုများ တိုးတက်လာစေရန် မည်သို့အထောက်အကူပြုနိုင်ကြောင်း ရှင်းပြတတ်မည်။
  • အရွယ်အစား၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပေါက်ရောက်ရှင်သန်ရာ/ပေါက်ဖွားကျက်စားရာဒေသ၊ ဇီဝရုပ်ဖြစ်ပျက်ခြင်းနှင့် မျိုးပွားခြင်းတို့အပေါ်မူတည်၍ အဏုဇီဝမျိုးများအား အုပ်စုအမျိုးအစား ခွဲခြားတတ်မည်။
  • ဇီဝဗေဒဆိုင်ရာ အမျိုးအစားခွဲခြားခြင်းအဆင့်ဆင့်ကို နားလည်ပြီး အဏုဇီဝများ ပါဝင်ပတ်သက်နေသော နယ်ပယ်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ပန်းပွင့်သောအပင်များနှင့် ပန်းမပွင့်သောအပင်များကို ခွဲခြားတတ်မည်။
  • ၎င်းတို့၏ ဝိသေသလက္ခဏာများအရ မျိုးစေ့ဖော်အပင်များနှင့် မျိုးစေ့ဝှက်ပင်များကို အမျိုးအစား ခွဲခြားတတ်မည်။
  • ၎င်းတို့၏ ဝိသေသလက္ခဏာများအပေါ်မူတည်၍ စေ့ရွက်ထီးပင်နှင့် စေ့ရွက်စုံပင်တို့ကို နှိုင်းယှဉ်တတ်မည်။
  • ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများကို အမျိုးအစား ခွဲခြားတတ်မည်။
  • ဆဋ္ဌမတန်းနှင့် သတ္တမတန်းကျောင်းသားများအတွက် ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများအား ချိန်ထိုးနှိုင်းယှဉ်သော သင်ယူမှုလုပ်ငန်းတစ်ခုကို ဒီဇိုင်းရေးဆွဲတတ်မည်။
  • သက်ရှိများ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုနှင့် ပြုမူဆောင်ရွက်ပုံဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကို ခွဲခြားတတ်မည်။
  • သက်ရှိများ၏ ဘဝဖြစ်စဉ်ခုနစ်ခုကို အသေးစိတ်ရှင်းပြတတ်မည်။
  • သတ္တဝါများနှင့် အပင်များအား ၎င်းတို့ပေါက်ရောက်ရှင်သန်ရာ/ပေါက်ဖွားကျက်စားရာဒေသများတွင် အသက်ရှင်ရပ်တည်နိုင်စေသော ၎င်းတို့၏ ဝိသေသလက္ခဏများနှင့် လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများအပါအဝင် မတူညီသည့် အလေ့အထများကို အကဲဖြတ် သုံးသပ်တတ်မည်။
  • အပင်တစ်ရှူးအမျိုးမျိုးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဆဲလ်ပွားတစ်ရှူး၏ ဆဲလ်ကွဲပွားခြင်းကို ရှင်းပြတတ်မည်။
  • ရိုးရှင်းတစ်ရှူးတွင်ပါဝင်သော အစိတ်အပိုင်းများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဖော်ပြတတ်မည်။
  • ရှုပ်ထွေးတစ်ရှူးတွင် ပါဝင်သော အစိတ်အပိုင်းများနှင့် ၎င်းတို့၏လုပ်ဆောင်ချက်များကို ဖော်ပြတတ်မည်။
  • သတ္တဝါတစ်ရှူးအမျိုးအစားအမျိုးမျိုးကို ဆန်းစစ်တတ်မည်။
  • အပေါ်ယံလွှာတစ်ရှူး၏ပုံစံနှင့် ဖွဲ့စည်းတည်ဆောက်ပုံကို ရှင်းပြတတ်မည်။
  • တွယ်ဆက်တစ်ရှူးအမျိုးမျိုးကို ဖော်ပြတတ်မည်။
  • ခန္ဓာကိုယ်ရှိကြွက်သားတစ်ရှူးအမျိုးမျိုးကို ဖော်ပြတတ်မည်။
  • အာရုံကြောတစ်ရှူးနှင့် အာရုံကြောစနစ်ကို ရှင်းပြတတ်မည်။
  • အပင်များရှိ အင်္ဂါတစ်ခုစီ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို ကြည့်ရှုလေ့လာပြီး အမျိုးအစားခွဲခြားတတ်မည်။
  • သတ္တဝါများ၏အဓိကကိုယ်အင်္ဂါများနှင့် ကိုယ်အင်္ဂါစနစ်များကို စာရင်းပြုစုတတ်မည်။
  • လူ့ကိုယ်အင်္ဂါစနစ်တစ်ခုစီနှင့် ပတ်သက်သောအစိတ်အပိုင်းများကို ဖော်ပြနိုင်ပြီး စနစ်တစ်ခုစီ၏ လုပ်ဆောင်ချက်များကို ရှင်းပြတတ်မည်။
  • လူ့အာရုံခံစနစ်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်ကို စစ်ဆေးတတ်မည်။
  • ကိုယ်တွင်းဓာတ်မျှမှုကို ထိန်းထားနိုင်ရန်အတွက် လူ့ခန္ဓာကိုယ်ရှိစနစ်များ အတူတကွ အလုပ်လုပ်နိုင်ရန် အရေးပါပုံကို ဖော်ပြတတ်မည်။
  • ဂေဟဗေဒနှင့် ဂေဟစနစ်ကို အဓိပ္ပာယ်သတ်မှတ်တတ်မည်။
  • ဂေဟစနစ်အမျိုးအစားများကိုဖော်ပြပြီး ဂေဟစနစ်အမျိုးအစားအမျိုးမျိုးကို ခွဲခြားတတ်မည်။
  • သက်ဆိုင်ရာနယ်ပယ်ရှိ အပင်များနှင့်သတ္တဝါများ၏ ဆက်နွှယ်မှုပြစက်ဝန်း/ဒိုင်ယာဂရမ်ပုံကို ရေးဆွဲတတ်မည်။
  • အပင်များနှင့် သတ္တဝါများအကြားရှိ ဆက်နွှယ်မှုကို ရှင်းပြတတ်မည်။
  • အပင်များနှင့် သတ္တဝါများအကြားရှိ ဆက်နွှယ်မှု၏အကျိုးကျေးဇူးများကို အကဲဖြတ်တတ်မည်။
  • ဂေဟစနစ်တစ်ခုရှိ စွမ်းအင်စီးဆင်းမှုကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ကျောင်းသားများ၏ ဒေသတွင်းဂေဟစနစ်တစ်ခုရှိ စွမ်းအင်စီးဆင်းမှု၏ အကျိုးကျေးဇူးများကို ဆွေးနွေးတတ်မည်။
  • အပင်များနှင့် သတ္တဝါများ၏ ရုပ်ပိုင်းဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကိုဖော်ပြပြီး သတ္တဝါများသည် ယင်းလိုက်လျောညီထွေရှင်သန်နေထိုင်မှုများကြောင့် ပေါက်ဖွားကျက်စားရာဒေသတစ်ခုခုတွင် မည်သို့ အသက်ရှင်နေနိုင်စွမ်း ရှိသည်ကို ရှင်းပြတတ်မည်။
  • အပင်များနှင့် သတ္တဝါများ၏ အပြုအမူဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကိုဖော်ပြပြီး သတ္တဝါများသည် ယင်းလိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများကြောင့် ပေါက်ဖွားကျက်စားရာ ဒေသတစ်ခုခုတွင် မည်သို့ အသက်ရှင်နေနိုင်စွမ်းရှိသည်ကို ရှင်းပြတတ်မည်။
  • ဆဋ္ဌမတန်းနှင့် သတ္တမတန်းတို့အတွက် အပင်များကြီးထွားခြင်းနှင့် ရှင်သန်ရပ်တည်နိုင်ခြင်းသည် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများအပေါ်တွင် မည်သို့မူတည်နေကြောင်း ရှင်းပြတတ်မည်။
  • သဟဇီဝဆက်ဆံရေး၊ ကပ်ပါးဆက်ဆံရေး၊ အပြန်အလှန်အကျိုးပြုဆက်ဆံရေးနှင့် တစ်ဖက်တည်းအကျိုးပြု ဆက်ဆံရေးနှင့် သားရဲ-သားကောင်ဆက်ဆံရေးတို့အပါအဝင် သက်ရှိများအကြားရှိ အပြန်အလှန်သက်ရောက်မှုများနှင့် ဆက်စပ်မှုများကို ရှင်းပြတတ်မည်။
  • ဂေဟစနစ်များရှိ ဆက်စပ်မှုများကို နမူနာလုပ်ပြရန် အစာကွင်းဆက်များနှင့် အစာကွန်ရက်များကို အသုံးပြုတတ်မည်။
  • အစာကွန်ရက်တစ်ခုရှိ သက်ရှိများအပေါ် သက်ရှိဦးရေ ပြောင်းလဲခြင်း၏ သက်ရောက်မှုကို ရှင်းပြတတ်မည်။
  • လူသားများ၏ လုပ်ဆောင်မှုများအပါအဝင် ပတ်ဝန်းကျင်ကို ပြောင်းလဲစေသော အရာများသည် အပင်များပြန့်ပွားခြင်းနှင့် မျိုးကွဲများရှိခြင်းအပေါ် မည်သို့သက်ရောက်မှု ရှိကြောင်း ရှင်းပြတတ်မည်။
  • ဇီဝမျိုးစုံ မျိုးကွဲများရှိခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း၏ အရေးပါမှုကို ဖော်ပြတတ်မည်။
  • ပန်းပွင့်များ၏ ဖွဲ့စည်းတည်ဆောက်ပုံများ၊ လုပ်ဆောင်ချက်များနှင့် ပန်းပွင့်သောအပင်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ပန်းပွင့်သောအပင်များ၏ ဇီဝစက်ဝန်းကို ရေးဆွဲဖော်ပြထားသော သင်ကြားမှုရင်းမြစ်တစ်ခုကို ပူးပေါင်းဖန်တီးပြုလုပ်တတ်မည်။
  • ဖွဲ့စည်းတည်ဆောက်ပုံများကို သတ်မှတ်ဖော်ထုတ်ရန် ပန်းပွင့်အမျိုးမျိုးကို စုဆောင်းပြီး နည်းလမ်းတကျ ခွဲစိတ်လေ့လာတတ်မည်။
  • မတူညီသောပန်းပွင့်အမျိုးမျိုးအား လေ့လာတွေ့ရှိမှုများကို မှတ်တမ်းတင်နိုင်ရန် ပုံများရေးဆွဲပြီး အမည်အညွှန်းရေးထိုးတတ်မည်။
  • ပန်းပွင့်များ၏ သီးခြားသတ်မှတ်ထားသော ဖွဲ့စည်းတည်ဆောက်ပုံများ ပါရှိခြင်း/မပါရှိခြင်းအပေါ် အခြေပြု၍ မျိုးပွားခြင်းအမျိုးအစားများကို ခွဲခြားတတ်မည်။
  • သစ်သီးများ၏ အမျိုးမျိုးသောဖွဲ့စည်းတည်ဆောက်ပုံများကို သတ်မှတ်ဖော်ထုတ်နိုင်ပြီး သစ်သီးအမျိုးအစားများအကြားရှိ ကွဲပြားခြားနားမှုကို နားလည်သဘောပေါက်လာမည်။
  • ဝတ်မှုန်ကူးခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး မတူညီသောဝတ်မှုန်ကူးခြင်းအမျိုးအစားများ၊ ဝတ်မှုန်ကူးခြင်းဖြစ်ပေါ်လာပုံ၊ ဝတ်မှုန်ကူးခြင်းရှိ သတ္တဝါများ၏ အခန်းကဏ္ဍကို ရှင်းပြတတ်မည်။
  • သန္ဓေအောင်ခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီး သန္ဓေအောင်ခြင်းဖြစ်စဉ်ကို ရှင်းပြတတ်မည်။
  • ဒီအန်အေ၊ မျိုးရိုးဗီဇနှင့် ခရိုမိုဆုမ်းများ၏ အခန်းကဏ္ဍများကို နားလည်လာမည်။
  • အပင်များရှိ လိင်ရှိမျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်းတို့၏ ကွဲပြားခြားနားမှုကို ရှင်းပြတတ်မည်။
  • သတ္တဝါများ၏ လိင်ရှိမျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်းအကြောင်းကို ရှင်းပြတတ်မည်။
  • သတ္တဝါများ၏ လိင်ရှိမျိုးပွားခြင်းအတွက်လိုအပ်သော ဖွဲ့စည်းတည်ဆောက်ပုံများနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ဆဋ္ဌမတန်းနှင့် သတ္တမတန်း စာသင်ခန်းများအတွက် ကွဲထွက်မျိုးပွားခြင်းနှင့် အဖူးကူးခြင်းကဲ့သို့ သတ္တဝါများ၏ လိင်ရှိမျိုးပွားပုံယန္တရားများကို ရှာဖွေလေ့လာနိုင်သော သင်ယူမှုလုပ်ငန်းတစ်ခုကို ပူးပေါင်း‌ရေးဆွဲတတ်မည်။
  • သတ္တဝါများ၏ ကိုယ်တွင်းသန္ဓေအောင်ခြင်းနှင့် ပြင်ပသန္ဓေအောင်ခြင်းတို့အကြောင်း တစ်ခုစီအတွက် ဥပမာများပေး၍ ခွဲခြားတတ်မည်။
  • ဥမှပေါက်ဖွားသောနို့တိုက်သတ္တဝါများ၊ အချင်းရှိနို့တိုက်သတ္တဝါများ၊ သားပိုက်ကောင် မျိုးစိတ်ဝင်သတ္တဝါများ၊ ငှက်များ၊ ငါးများနှင့် ခရုမျိုးစိတ်ဝင်သတ္တဝါများ၏ မျိုးပွားပုံယန္တရားများကို ရှင်းပြတတ်မည်။
  • ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများ၏ သန္ဓေသားလောင်းဖွံ့ဖြိုးမှုနှင့် ဇီဝစက်ဝန်းများကို ချိန်ထိုးနှိုင်းယှဉ်တတ်မည်။ ကျောရိုးရှိသတ္တဝါများနှင့် ကျောရိုးမဲ့သတ္တဝါများအား ခွဲခြားသိမြင်နိုင်သော ဝိသေသလက္ခဏာများကို သတ်မှတ်ဖော်ထုတ်ပြီး တစ်ခုစီအတွက်ဥပမာများပေးတတ်မည်။
  • ပညာရေးတွင် လူတိုင်းအကျုံးဝင်မှု၏ သဘောတရားကို ရှင်းပြတတ်မည်။
  • ကျောင်းသားများ၏ သင်ယူခြင်းအပေါ် ထိရောက်သော တုံ့ပြန်အကြံပြုချက်ပေးနိုင်ရန်အတွက် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းတို့ကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • သိပ္ပံဆိုင်ရာ အသိပညာနှင့်ကျွမ်းကျင်မှုများကို စစ်ဆေးအကဲဖြတ်ရန် အသုံးပြုနိုင်သော လူတိုင်းအကျုံးဝင်သည့် အလေ့အကျင့်များကို ရှင်းပြတတ်ပြီး ကျောင်းသားများ၏ တိုးတက်မှုကို ကြည့်ရှုလေ့လာရန်နှင့် စောင့်ကြည့်မှတ်တမ်းတင်ရန်အတွက် ၎င်းတို့ကို မည်သို့အသုံးပြုသည်ကို ရှင်းပြတတ်မည်။
  • အမျိုးမျိုးသော သင်ကြားမှုနည်းလမ်းများကို ပေါင်းစပ်လျက် သင်ပြမှုပုံစံလွှာကို အသုံးပြု၍ အလယ်တန်းဇီဝဗေဒဘာသာရပ် သင်ပြမှုပုံစံတစ်ခုကို စီစဉ်တတ်မည်။
  • လူတိုင်းအကျုံးဝင်မှုရှုထောင့်မှ အလယ်တန်းဇီဝဗေဒ ဘာသာရပ်သင်ကြားမှုလုပ်ငန်းများနှင့် ရင်းမြစ်များကို ဆန်းစစ်ဝေဖန်တတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ အလယ်တန်း ဇီဝဗေဒဘာသာရပ်မိတ်ဆက်

မော်ဂျူး (၁.၁) ရပ်တန့်၍ စဉ်းစားပါ

၁.၁.၁။ အလယ်တန်းအောက်ဆင့် သိပ္ပံသင်ရိုးညွှန်းတမ်းရှိ ဇီဝဗေဒဘာသာရပ် အဓိကနယ်ပယ်များနှင့် သင်ယူမှုရည်မှန်းချက်များ

မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၁.၂။ အလယ်တန်းသင်ရိုးညွှန်းတမ်းရှိ ရည်ရွယ်ထားသော ကျွမ်းကျင်မှုများ

မော်ဂျူး (၁.၂) အတွက် သင်ယူမှုလုပ်ငန်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၁.၂) အတွက် လက်တွေ့လုပ်ငန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံးပြန်လည်သုံးသပ်ချက်

မော်ဂျူး ၂။ သက်ရှိများ

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

အဏုဇီဝသက်ရှိများဆိုသည်မှာအဘယ်နည်း။

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၂.၁) အတွက် လက်တွေ့လုပ်ငန်း

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူး (၂.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

၂.၁.၂။ အပင်များကို အမျိုးအစားခွဲခြားခြင်း

မျိုးစေ့ဝှက်ပင်နှင့် မျိုးစေ့ဖော်ပင်

မော်ဂျူး (၂.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၃)

၂.၁.၃။ သတ္တဝါများအားအမျိုးအစားခွဲခြားခြင်း (ကျောရိုးရှိသတ္တဝါများ/ ကျောရိုးမဲ့ သတ္တဝါများ)

သတ္တဝါအမျိုးအစားများနှင့် ၎င်းတို့၏ အင်္ဂါရပ်များ

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

မော်ဂျူး (၂.၁) ရပ်တန့်၍ စဉ်းစားပါ (၄)

၂.၁.၄။ သက်ရှိများ၏ဘဝနှင့်လက္ခဏာရပ်များ - အပင်များနှင့် တိရစ္ဆာန်များ

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

၂.၂။ တစ်ရှူးများ

၂.၂.၁။ အပင်တစ်ရှူးများ (ဆဲလ်ပွားတစ်ရှူး၊ ရိုးရှင်းတစ်ရှူးနှင့် ရှုပ်ထွေးတစ်ရှူး)

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

အပေါ်ယံလွှာတစ်ရှူး၏ လက္ခဏာရပ်များ

အာရုံကြောကြွက်သားများ

မော်ဂျူး (၂.၂) ရပ်တန့်၍ စဉ်းစားပါ

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၂.၃။ ခန္ဓာကိုယ်အင်္ဂါစနစ်များ

၂.၃.၁။ အပင်များရှိအင်္ဂါစနစ်များ၏ပူးပေါင်းဆောင်ရွက်ခြင်း

မော်ဂျူး (၂.၃) အတွက် သင်ယူမှုလုပ်ငန်း (၁)

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၂.၃) ရပ်တန့်၍ စဉ်းစားပါ

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၃.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

ဂေဟစနစ်များကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ခြင်းနှင့် ဖော်ပြခြင်း

မော်ဂျူး (၃.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၃.၁) အတွက် လက်တွေ့လုပ်ငန်း

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၄။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇီဝဗေဒ

၄.၁။ အပင်များနှင့် သတ္တဝါများတွင်ရှိသော လိုက်လျောညီထွေနေထိုင်မှုများ

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၄.၁) အတွက် လက်တွေ့လုပ်ငန်း

အပင်များနှင့် သတ္တဝါများ၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ လိုက်လျောညီထွေ ရှင်သန်နေထိုင်မှုများ

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၄.၂။ အပင်များကြီးထွားခြင်းနှင့် အကာအကွယ်ရရှိခြင်း

အပင်ကြီးထွားမှုအတွက် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

မော်ဂျူး (၄.၂) အတွက် အိမ်စာလုပ်ငန်း

သက်ရှိတို့၏ သဟဇီဝဖြစ်မှု

ဂေဟစနစ်အတွင်းရှိ ဆက်နွှယ်မှုများ

မော်ဂျူး (၄.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၄.၃) အတွက် လက်တွေ့လုပ်ငန်း

မော်ဂျူး (၄.၄) အတွက် လက်တွေ့လုပ်ငန်း

မော်ဂျူး (၄.၅) ရပ်တန့်၍ စဉ်းစားပါ

မြန်မာနိုင်ငံ၏ ဇီဝမျိုးကွဲများ

မော်ဂျူး (၄.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး ၅။ မျိုးပွားခြင်း

၅.၁.၁။ ပန်းပွင့်၏ အစိတ်အပိုင်းများ၊ ပန်းပွင့်သောအပင်များနှင့် ၎င်းတို့၏ ဇီဝစက်ဝန်း

ပန်းပွင့်သောအပင်များနှင့် ၎င်းတို့၏ဇီဝစက်ဝန်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

၅.၁.၃။ ပန်းပွင့်များနှင့် သစ်သီးများအပေါ် အခြေပြု၍ အပင်များကို အမျိုးအစားခွဲခြင်း

ပန်းပွင့်တစ်ပွင့်၏ အဓိကအစိတ်အပိုင်း လေးခု

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

သစ်သီးအမျိုးအစားများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၅.၁.၄။ ဝတ်မှုန်ကူးခြင်း

ဝတ်မှုန်ကူးသူများကို ကြည့်ရှုလေ့လာခြင်း

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

အောက်ပါတို့ကို မှန်ကန်စွာ ရွေးချယ်၍ ယှဉ်တွဲပေးပါ။

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

အစေ့တစ်စေ့၏ ဖွဲ့စည်းတည်ဆောက်ပုံ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

၅.၁.၆ ။ အပင်များရှိ လိင်မဲ့မျိုးပွားခြင်း

မော်ဂျူး (၅.၁) ရပ်တန့်၍ စဉ်းစားပါ (၂)

ကျောင်းသားများတွင်ရှိနိုင်သော အယူအဆလွဲမှားခြင်းများ

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၆)

မော်ဂျူး (၅.၂) ရပ်တန့်၍ စဉ်းစားပါ (၁)

၅.၂.၁။ သတ္တဝါများရှိ လိင်ရှိမျိုးပွားခြင်းနှင့် လိင်မဲ့မျိုးပွားခြင်း

ဥ ဥ ချသော သတ္တဝါ၊ ဥတွင်းသားရှင်မွေးသတ္တဝါ၊ သားရှင်မွေးသတ္တဝါတို့၏ စရိုက်လက္ခဏာများ

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

လူသားသန္ဓေသားလောင်း ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်များ

လိင်မဲ့မျိုးပွားခြင်း (Asexual Reproduction)

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၅.၂.၂။ သတ္တဝါများ၏ ကိုယ်တွင်း သန္ဓေအောင်ခြင်းနှင့် ပြင်ပသန္ဓေအောင်ခြင်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၃)

မော်ဂျူး (၅.၂) အတွက် သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၅.၂) အတွက် သင်ယူမှုလုပ်ငန်း (၂)

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

ကျောရိုးရှိသတ္တဝါများ၏ သန္ဓေလောင်းဖွံ့ဖြိုးမှုအဆင့်များ

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၄)

ကျောရိုးမဲ့သတ္တဝါများ၏ ဇီဝစက်ဝန်းများ

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၅)

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

မော်ဂျူး (၆.၁) ရပ်တန့်၍ စဉ်းစားပါ (၁)

မော်ဂျူး (၆.၁) အတွက် လက်တွေ့လုပ်ငန်းငယ်

မော်ဂျူး (၆.၁) အတွက် သင်ယူမှုလုပ်ငန်း

၆.၂။ သိပ္ပံဘာသာရပ်ရှိ စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။

သိပ္ပံဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများ

မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

လူတိုင်းအကျုံးဝင်သော စစ်ဆေးအကဲဖြတ်ခြင်း

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။

လက်တွေ့လုပ်ငန်းများမှ တစ်ဆင့် စစ်ဆေးအကဲဖြတ်နိုင်သော သိပ္ပံဆိုင်ရာကျွမ်းကျင်မှုများ

မော်ဂျူး (၆.၂) အတွက် ဗီဒီယိုသင်ခန်းစာ

၆.၃။ သင်ပြမှုပုံစံလွှာ

5Es

မော်ဂျူး (၆.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်

သင်တန်းအနှစ်ချုပ်

သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်

ဆက်လက်ဖတ်မှတ်စရာများနှင့် ရင်းမြစ်များ

သက်ဆိုင်သော သင်တန်းများ

chatGPTicon
;