အလယ်တန်းအထူးပြု ရူပဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်း
3
(1 မှတ်ချက်)
Certified
8 hour(s)
49 စာရင်းသွင်းထားသူဦးရေ
323 ကြည့်ရှုထားသူဦးရေ

Share On :
သင်တန်းအကြောင်းအရာ ဖော်ပြချက်
ဤအလယ်တန်းအထူးပြု ရူပဗေဒဘာသာရပ် အဆင့်မြင့်သင်ကြားခြင်းသင်တန်းတက်ရောက်ပြီးစီးပါက မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်းသင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။
မူလတန်းအထူးပြု သိပ္ပံဘာသာရပ် အဆင့်မြင့်သင်ကြားနည်း - https://mmteacherplatform.net/en/e-learning/courses/multanataupyu-thippanbaathayaat-asangatmyngatthinkyani
သင်တန်းရည်ရွယ်ချက်များ
သင်ယူမှုရလဒ်များ
- အလယ်တန်းသိပ္ပံဘာသာရပ်တွင် ကျောင်းသားများအတွက် ချမှတ်ထားသော သင်ယူမှု ဦးတည်ချက်များကို ပြန်လည်သုံးသပ်တတ်မည်။
- အခြေခံပညာ ဆမတန်းနှင့် သတ္တမတန်းသိပ္ပံဘာသာရပ် သင်ရိုးမာတိကာ၏ မည်သည့်နေရာတွင် ရူပဗေဒအခန်းရှိကြောင်း ဆန်းစစ်တတ်မည်။
- သိပ္ပံနည်းကျ ဆောင်ရွက်ရန်နှင့် စူးစမ်းရှာဖွေမှုဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာစေရန် အလယ်တန်းကျောင်းသားများကို အထောက်အပံ့ပေးနိုင်ပုံ ဥပမာများကို ပေးတတ်မည်။
- ရူပဗေဒသင်ခန်းစာတစ်ခုကို အလေးပေးသော ဆဋ္ဌမတန်းနှင့်သတ္တမတန်း သိပ္ပံသင်ခန်းစာတစ်ခုအတွက် လုပ်ငန်းတစ်ရပ်ကို ကြိုတင်စီစဉ်နိုင်ရန် အယူအဆလွဲမှားခြင်းအပေါ် နားလည်သဘောပေါက်ခြင်းအား အသုံးချတတ်မည်။
- ရူပဗေဒဓာတ်ခွဲခန်းအတွင်း ဘေးဥပဒ်များကို သတ်မှတ်ဖော်ထုတ်တတ်ပြီး အန္တရာယ်ဖြစ်နိုင်ခြေကို မည်သို့လျှော့ချမည်ဖြစ်ကြောင်း ဆွေးနွေးတတ်မည်။
- အခြေခံပညာ ဆမတန်းနှင့် သတ္တမတန်း ရူပဗေဒစာသင်ခန်းအတွင်း ဘေးကင်းလုံခြုံရေးအကြောင်းကို နားလည်သဘောပေါက်၍ ပြန်လည်အသုံးချတတ်မည်။
- စကေလာ သဘောတရားများ၊ ဗက်တာသဘောတရားများနှင့် ပတ်သက်၍ အကွာအဝေးနှင့် အရွေ့တို့၏အဓိပ္ပာယ်သတ်မှတ်ချက်ကို ချိတ်ဆက်ဖော်ပြတတ်မည်။
- တစ်ပြိုက်နက်ဖြစ်ပေါ်သော အမြန်နှင့် အလျင်တို့ကို အဓိပ္ပာယ်သတ်မှတ်တတ်မည်။
- နယူတန်၏ ဒုတိယရွေ့လျားမှုနိယာမကို အလေးချိန်သဘောတရားနှင့် ချိတ်ဆက်ဖော်ပြတတ်မည်။
- အလေးချိန်သည် ဒြပ်ဆွဲမှု g ကြောင့် ဖြစ်ပေါ်လာသော အရှိန်ပေါ်မူတည်၍ မည်သို့ ပြောင်းလဲနိုင်ကြောင်း ဆွေးနွေးတတ်မည်။
- ဟွတ်ခ်နိယာမ (Hooke’s Law) အကြောင်းနှင့်တကွ အဆိုပါနိယာမသည် ရိုးရိုးစပရိန်စနစ်နှင့် မည်သို့ ဆက်စပ်နေကြောင်း ဆန်းစစ်တတ်မည်။
- ချိန်သီးလှုပ်ရှားမှုသည် ဟွတ်ခ်နိယာမနှင့် မည်သို့ဆက်စပ်နေကြောင်း အကဲဖြတ် သုံးသပ်တတ်မည်။
- အရည်၏ သိပ်သည်းဆကို တိုင်းတာရန်အတွက် ဟိုက်ဒရိုမီတာတစ်ခုကို ပြုလုပ်၊ အသုံးပြုတတ်မည်။
- ဆဋ္ဌမတန်း (သို့မဟုတ်) သတ္တမတန်းအတွက် အရာဝတ္ထုများသည် အရည်မျက်နှာပြင်ပေါ် ပေါ်နေခြင်း (သို့မဟုတ်) အရည်ထဲသို့ နစ်မြုပ်ခြင်း အဘယ်ကြောင့် ဖြစ်ပေါ်ကြောင်း သင်ကြားနည်းများ ဖော်ထုတ်တတ်မည်။
- ဖော့အားအကြောင်းကို ရုပ်ပုံများဖြင့် သင်္ချာနည်းကျဖော်ပြတတ်မည်။
- အလွတ်ပြုတ်ကျခြင်းအတွက် အခြေအနေများကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
- သိပ်သည်းဆနှင့် သတ်မှတ်ဒြပ်ဆွဲအားတို့၏ ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
- လှိုင်းများ၏ လက္ခဏာရပ်များကို ဖော်ပြတတ်မည်။
- ရေလှိုင်းများနှင့် ၎င်းတို့၏ ရွေ့လျားမှုအကြောင်း ဆွေးနွေးတတ်မည်။
- လေထုနှင့် ရေထဲတွင် အသံ၏အမြန်ကို ဆန်းစစ်တတ်မည်။
- ဆဋ္ဌမတန်း (သို့မဟုတ်) သတ္တမတန်းကျောင်းသားများအတွက် ပတ်ဝန်းကျင်အမျိုးမျိုးရှိ အသံလှိုင်းများ၏ရွေ့လျားမှုကို ဆန်းစစ်လေ့လာနိုင်မည့် လက်တွေ့စမ်းသပ်ချက်တစ်ခုကို ဖန်တီးတည်ဆောက်တတ်မည်။
- အရာဝတ္ထုအမျိုးမျိုးသည် စုပ်ယူခြင်းမှတစ်ဆင့် မည်ကဲ့သို့ အရောင်အမျိုးမျိုး ထွက်ပေါ်လာကြောင်း ရှင်းပြတတ်မည်။
- အသံမြန်နှုန်းသည် အပူချိန်အလိုက် မည်ကဲ့သို့ပြောင်းလဲကြောင်းကို အကဲဖြတ် စစ်ဆေးတတ်မည်။
- အစိုင်အခဲများ၊ အရည်များနှင့် ဓာတ်ငွေ့များအကြားတွင် အသံ၏မြန်နှုန်း မည်ကဲ့သို့ ပြောင်းလဲကြောင်း အကဲဖြတ် စစ်ဆေးတတ်မည်။
- သဘာဝအလင်းရင်းမြစ်နှင့် အလင်းရင်းမြစ်အတုတို့၏ ကွဲပြားခြားနားချက်ကို ဖော်ပြတတ်မည်။
- အလင်းကြောင့် အရိပ်များ မည်ကဲ့သို့ဖြစ်ပေါ်လာသည်ကို ပြသမည့် သင်ယူမှုလုပ်ငန်းတစ်ခုကို ရေးသားတတ်မည်။
- နေ့စဉ်ဘဝတွင် တွေ့ကြုံနေရသော အလင်းယိုင်ပုံကိုပြသမည့် ရောင်စဉ်ရုပ်ပုံများကို ရေးဆွဲတတ်မည်။
- အပူနှင့်လည်းကောင်း၊ အပူချိန်နှင့်လည်ကောင်း ဆက်နွှယ်နေသော ဒြပ်များ၏အခြေအနေအမျိုးမျိုးကို ဖော်ပြတတ်မည်။
- အပူချိန်တိုင်းကိရိယာအမျိုးအစားအမျိုးမျိုးအား လက်တွေ့ဘဝတွင်အသုံးချပုံကို ပြသမည့် သင်ယူမှုလုပ်ငန်းတစ်ခုကို ဒီဇိုင်းရေးဆွဲတတ်မည်။
- အပူနှင့် ၎င်း၏ယူနစ်ကို အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
- နေ့စဉ်ဘဝအခြေအနေများရှိ အပူစီးဆင်းပုံလားရာကို ရုပ်ပုံဖြင့် သရုပ်ပြရေးဆွဲတတ်မည်။
- အပူချိန်ပြောင်းလဲမှု အကြီးမားဆုံးကို တွေ့ကြုံရသော ကမ္ဘာ့နေရာအမျိုးမျိုးအကြောင်း ဆွေးနွေးတတ်မည်။
- အာကာသနှင့် အာကာသအရာဝတ္ထုများတွင် အပူချိန်ပြောင်းလဲမှုအကြောင်း ဆွေးနွေးတတ်မည်။
- ပြဒါးသုံးအပူချိန်တိုင်းကိရိယာဖြင့် အပူချိန်ကို မည်ကဲ့သို့ တိုင်းတာကြောင်း ဖော်ပြတတ်မည်။
- ကိန်းသေထုထည်ရှိသော ဓာတ်ငွေ့သုံးအပူချိန်တိုင်းကိရိယာတစ်ခုသည် မည်ကဲ့သို့ လုပ်ဆောင်ကြောင်း ဖော်ပြတတ်မည်။
- အမ်မီတာနှင့် ဗို့အားတိုင်းကိရိယာကို မည်ကဲ့သို့ တည်ဆောက်ကြောင်း ရှင်းပြတတ်မည်။
- မီတာဆက်ကူးတစ်ခုကိုအသုံးပြု၍ တန်ဖိုးမသိရသောခုခံအားတစ်ခုကို ရှာဖွေမည့် လက်တွေ့စမ်းသပ်ချက်တစ်ခုမှ တွေ့ရှိချက်များကို ဆောင်ရွက်၊ ချိတ်ဆက်တတ်မည်။
- လျှပ်စစ်ဓာတ်ရွေ့လျားမှုများအရ လျှပ်ကူးပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် လျှပ်ကာပစ္စည်းများ၏စီးကူးနိုင်စွမ်းကို ဆွေးနွေးတတ်မည်။
- တည်မြဲသံလိုက်နှင့် ယာယီသံလိုက်တို့၏ ကွဲပြားခြားနားချက်ကို ရှင်းပြတတ်မည်။
- ပွတ်တိုက်ခြင်းနှင့် ညှို့ယူခြင်းတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်သွင်းခြင်းကို ရုပ်ပုံနှင့် ရှင်းပြတတ်မည်။
- တည်ငြိမ်လျှပ်စစ်၏ အသုံးပြုပုံများနှင့် ဆိုးကျိုးများကို ဆွေးနွေးတတ်မည်။
- ဆဋ္ဌမတန်း/သတ္တမတန်းတို့အတွက် လျှပ်စီးပတ်လမ်းတစ်ခုရှိ လျှပ်စီးကြောင်း၊ ဗို့အားနှင့် ခုခံမှုတို့၏ပမာဏကို မာလ်တီမီတာဖြင့် တိုင်းတာပြရန် ဒီဇိုင်းရေးဆွဲထားသော လက်တွေ့စမ်းသပ်ချက်တစ်ခုကို လုပ်ဆောင်တတ်မည်။
- နေ့စဉ်ဘဝတွင် သံလိုက်များ အသုံးပြုပုံများကို ဆွေးနွေးတတ်မည်။
- ကျောက်များနှင့် တွင်းထွက်ပစ္စည်းများ၏ ဂုဏ်သတ္တိအချို့ကို ဖော်ပြတတ်မည်။
- ကျောက်သံသရာလည်ပုံကို သရုပ်ဖော်ပုံ ရေးဆွဲပြတတ်မည်။
- အပူစီးကူးခြင်းနှင့် အပူဘေးတိုက်ရွေ့ခြင်းတို့၏ ကွဲပြားခြားနားချက်ကို ဖော်ပြတတ်မည်။
- အက်တမ်ဖွဲ့စည်းတည်ဆောက်ပုံကို ဆန်းစစ်တတ်မည်။
- နျူကလီးယပ်စ်၏ အဓိကအစိတ်အပိုင်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
- •နျူကလီးယားစွမ်းအင်၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို ဖော်ပြတတ်မည်။
- နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များကို ဓာတ်ငွေ့ဂြိုဟ်ကြီးများ၊ အေးခဲဂြိုဟ်ကြီးများနှင့် ကျောက်သားဂြိုဟ်များအဖြစ် အမျိုးအစား ခွဲခြားတတ်မည်။
- ဒြပ်နက်ဓာတ်ရောင်ခြည်နှင့် ၎င်း၏အသုံးပြုပုံများကို ဖော်ပြတတ်မည်။
- အလယ်တန်း ရူပဗေဒဘာသာရပ်သင်ခန်းစာများတွင် သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများကို လူတိုင်းအကျုံးဝင် ရှုထောင့်တစ်ခုမှ ဆန်းစစ်ဝေဖန်တတ်မည်။
- အလယ်တန်း ရူပဗေဒဘာသာရပ်သင်ခန်းစာများတွင် သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများကို လူတိုင်းအကျုံးဝင် ရှုထောင့်တစ်ခုမှ ဆန်းစစ်အသုံးပြုတတ်မည်။
- ဆဋ္ဌမတန်းနှင့် သတ္တမတန်း ရူပဗေဒအခန်းမှ သိပ္ပံသင်ခန်းစာတစ်ခုအတွက် သင်ပြမှုပုံစံ ရေးဆွဲဖန်တီးတတ်မည်။
ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ
သင်ကြားပို့ချချက်များ
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။ အလယ်တန်းအဆင့် သိပ္ပံမိတ်ဆက်
မော်ဂျူး (၁.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၁.၁။ အလယ်တန်း သိပ္ပံသင်ရိုးမာတိကာ
မော်ဂျူး (၁.၁) အတွက် လက်တွေ့လုပ်ငန်း
၁.၂။ အလယ်တန်းသိပွံဘာသာရပ် သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုများ
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၁.၃။ နေ့စဉ်ဘဝရှိ ရူပဗေဒ
မော်ဂျူး (၁.၃) အတွက် သင်ယူမှုလုပ်ငန်း
၁.၄။ အလယ်တန်းသိပ္ပံဘာသာရပ်မှချဉ်းကပ်နည်းများ
မော်ဂျူး (၁.၄) အတွက် လက်တွေ့လုပ်ငန်း
၁.၅။ ဓာတ်ခွဲခန်းအတွင်း ဘေးကင်းလုံခြုံရေး
အန္တရာယ်ဖြစ်နိုင်ခြေ စစ်ဆေးအကဲဖြတ်မှုပုံစံ
မော်ဂျူး (၁.၅) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အောက်ပါတို့ကို မှန်/မှား ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၂။ အားများနှင့် ရွေ့လျားမှု
မော်ဂျူး (၂.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၂.၁။ ရွေ့လျားမှု
အကွာအဝေးတိုင်းတာခြင်းအတွက် ယူနစ်နှင့်စကေးများ
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အကွာအဝေးနှင့် အရွေ့၊ စကေလာနှင့် ဗက်တာများ
မော်ဂျူး (၂.၁) အတွက် သင်ယူမှုလုပ်ငန်း (၁)
အောက်ပါတို့မှအဖြေမှန်ကို ရွေးချယ်ပါ။
အမြန်၊ အလျင်နှင့် အရှိန်
မော်ဂျူး (၂.၁) အတွက် လက်တွေ့လုပ်ငန်း (၁)
ကိန်းသေအလျင်နှင့် ရွေ့လျားမှုဂရပ်
မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အောက်ပါတို့မှ အဖြေမှန်ကို ရွေးချယ်ဖြေဆိုပါ။
အလွတ်ပြုတ်ကျခြင်း
မော်ဂျူး (၂.၁) အတွက် သင်ယူမှုလုပ်ငန်း (၂)
မော်ဂျူး (၂.၁) အတွက် လက်တွေ့လုပ်ငန်း (၂)
၂.၂။ ဒြပ်ထုနှင့်အလေးချိန်
ဒြပ်ဆွဲအားနှင့် ရုန်းပြန်စနစ်များ
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂.၂) အတွက် လက်တွေ့လုပ်ငန်း (၁)
ဟွတ်ခ် နိယာမ
ရိုးရိုးချိန်သီးအကြောင်းလက်တွေ့စမ်းသပ်ချက်
ချိန်သီးပေါ်မှအားများ
မော်ဂျူး (၂.၂) အတွက် လက်တွေ့လုပ်ငန်း (၂)
၂.၃။ ဖိအား
ပါစကယ်နိယာမ
ဟိုက်ဒြိုမီတာတစ်ခု တည်ဆောက်ခြင်း
မော်ဂျူး (၂.၃) အတွက် လက်တွေ့လုပ်ငန်း (၁)
သက်တံရောင်ရေ
မော်ဂျူး (၂.၃) အတွက် လက်တွေ့လုပ်ငန်း (၂)
ဖော့အားများ
မော်ဂျူး (၂.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၂.၃) အတွက် လက်တွေ့လုပ်ငန်း (၃)
အောက်ပါတို့ကို မှန်/မှား ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၃။ လှိုင်းများ - အသံနှင့်အလင်း
မော်ဂျူး (၃.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၃.၁။ လှိုင်းများ၏ လက္ခဏာရပ်များ
လှိုင်းရွေ့လျားမှု
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အောက်ပါတို့ကို မှန်/မှား ရွေး၍ ဖြေဆိုပါ။
၃.၂။ အသံလှိုင်းများ
အသံလှိုင်းများ၏ အင်္ဂါရပ်များနှင့် အသံရင်းမြစ်များ
မော်ဂျူး (၃.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အသံ၏အမြန်
မော်ဂျူး (၃.၂) အတွက် လက်တွေ့လုပ်ငန်း
မိုးကြိုးနှင့် လျှပ်စီး
၃.၃။ အလင်းလှိုင်းများ
အလင်းပြန်ခြင်း၊ အလင်းထုတ်လွှတ်ခြင်းနှင့် အရိပ်
မော်ဂျူး (၃.၃) အတွက် လက်တွေ့လုပ်ငန်း (၁)
အလင်းယိုင်ခြင်းနှင့် အနက်ယောင်
မော်ဂျူး (၃.၃) အတွက် လက်တွေ့လုပ်ငန်း (၂)
အလင်းရင်းမြစ်များနှင့် လျှပ်စစ်သံလိုက်ရောင်စဉ်
မော်ဂျူး (၃.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
အလင်း၏စုပ်ယူခြင်းနှင့်အလင်းပြန့်ကျဲခြင်း
မော်ဂျူး (၃.၃) အတွက် လက်တွေ့လုပ်ငန်း (၃)
အောက်ပါတို့ကို အဖြေမှန်ရွေး၍ဖြေဆိုပါ။
မော်ဂျူး (၃) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၃) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၄။ အပူစွမ်းအင်
မော်ဂျူး (၄.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၄.၁။ အပူချိန်နှင့် အပူ
အပူချိန်နှင့်အပူကြား ကွာခြားမှုများ
မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၄.၂။ အပူနှင့် အပူချိန်အကြောင်း လေ့လာမှုတွင် ကျောင်းသားများ စိတ်ပါဝင်စားလာအောင် ဆောင်ရွက်ခြင်း
မော်ဂျူး (၄.၂) အတွက် လက်တွေ့လုပ်ငန်း
၄.၃။ အပူချိန်ယူနစ်များနှင့် အပူချိန်တိုင်း ကိရိယာများ
ပကတိသုညမှတ်၊ အပူချိန်ယူနစ်များနှင့် အပူချိန်တိုင်းကိရိယာများ
မော်ဂျူး (၄.၃) အတွက် လက်တွေ့လုပ်ငန်း
၄.၄။ အပူကြောင့်ပွခြင်း
အစိုင်အခဲများ၏ အခေါင်းပေါက်များအတွက် အပူကြောင့် ဧရိယာပြန့်ခြင်း
အောက်ပါ ဖြစ်ရပ်များအတွက် အဖြေမှန်များကို ရွေးချယ်ပေးပါ။
နေ့စဉ်သုံးကိရိယာများတွင်အပူကြောင့်ပွခြင်း
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၄) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၄) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၅။ လျှပ်စစ်နှင့်သံလိုက်
မော်ဂျူး (၅.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၅.၁။ လျှပ်စစ်
လျှပ်စီးကြောင်းနှင့် ဗို့အားတိုင်းတာချက်
မော်ဂျူး (၅.၁) ခေတ္တရပ်၍ စဉ်းစားပါ
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)
ခုခံအားနှင့် ခုခံနိုင်စွမ်း
မီတာဆက်ကူး လက်တွေ့စမ်းသပ်ချက်
မော်ဂျူး (၅.၁) အတွက် လက်တွေ့လုပ်ငန်း (၁)
ခုခံအားနှင့် မာလ်တီမီတာများ
မော်ဂျူး (၅.၁) အတွက် လက်တွေ့လုပ်ငန်း (၂)
လျှပ်စစ်ဓာတ်နှင့် လျှပ်စစ်အား
မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)
လျှပ်စစ်ဓာတ်သွင်းခြင်း
မော်ဂျူး (၅.၁) အတွက် လက်တွေ့လုပ်ငန်း (၃)
၅.၂။ သံလိုက်ဓာတ်
သံလိုက်စက်ကွင်း၊ သံလိုက်အားလမ်းကြောင်းများနှင့် လျှပ်စီးအားဆောင် ဝါယာကြိုး
မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
တည်မြဲသံလိုက်နှင့် ယာယီသံလိုက်
သံလိုက်အိမ်မြှောင်
မော်ဂျူး (၅.၂) အတွက် လက်တွေ့လုပ်ငန်း
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၅) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၅) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၆။ ကမ္ဘာမြေကြီးနှင့် အာကာသ
မော်ဂျူး (၆.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၆.၁။ ကမ္ဘာနှင့်နေ
ကျောက်များနှင့် တွင်းထွက်ပစ္စည်းများ
ကျောက်သံသရာလည်ပုံ
မော်ဂျူး (၆.၁) အတွက် လက်တွေ့လုပ်ငန်း (၁)
အပူကြောင့် လေ၏ရွေ့လျားမှု
မော်ဂျူး (၆.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း
မော်ဂျူး (၆.၁) အတွက် လက်တွေ့လုပ်ငန်း (၂)
၆.၂။ နျူကလီးယားအား
မော်ဂျူး (၆.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း
ပြင်းထန် နျူကလီးယားအား
မော်ဂျူး (၆.၂) အတွက် လက်တွေ့လုပ်ငန်း
၆.၃။ ဂြိုဟ်များ၏ ဝိသေသလက္ခဏာများ
ဂြိုဟ်များနှင့် အာကာသထဲရှိအခြားအရာဝတ္ထုများ
မော်ဂျူး (၆.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၆.၄။ ဓာတ်ရောင်ခြည်
နေအဖွဲ့အစည်းနှင့် ထရက်ပစ် (၁) အဖွဲ့အစည်း
မော်ဂျူး (၆.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း
ဒြပ်နက် ဓာတ်ရောင်ခြည်
မော်ဂျူး (၆.၄) အတွက် လက်တွေ့လုပ်ငန်း
အောက်ပါတို့ကို မှား/မှန် ရွေး၍ ဖြေဆိုပါ။
အောက်ပါတို့ကို အဖြေမှန်ရွေး၍ ဖြေဆိုပါ။
မော်ဂျူ (၆) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၆) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
မော်ဂျူး ၇။ အလယ်တန်းသိပ္ပံဘာသာရပ် စစ်ဆေးအကဲဖြတ်ခြင်းနှင့် သင်ပြမှုပုံစံပြင်ဆင်ရေးဆွဲခြင်း
မော်ဂျူး (၇.၁) အတွက် ဉာဏ်ဖွင့်မေးခွန်းများ
၇.၁။ အလယ်တန်းသိပ္ပံဘာသာရပ်တွင် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၆.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း
၇.၂။ အလယ်တန်းသိပ္ပံဘာသာရပ်တွင် သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်း
မော်ဂျူး (၇.၂) အတွက် လက်တွေ့လုပ်ငန်း
၇.၃။ အလယ်တန်း သိပ္ပံဘာသာရပ်တွင် သင်ပြမှုပုံစံများရေးဆွဲခြင်း
မော်ဂျူး (၇.၃) အတွက် လက်တွေ့လုပ်ငန်း
အောက်ပါတို့ကို မှား/မှန်ရွေး၍ ဖြေဆိုပါ။
မော်ဂျူး (၇) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ
မော်ဂျူး (၇) အနှစ်ချုပ်
မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ချက်
အကျဉ်းချုပ်
သင်တန်းအနှစ်ချုပ်
သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်
ဆက်လက်ဖတ်မှတ်စရာများနှင့် ထပ်ဆောင်းရင်းမြစ်များ
သက်ဆိုင်သော သင်တန်းများ
