အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

အခြေခံပညာမူလတန်း စာရိတ္တနှင့်ပြည်သူ့နီတိ သင်ကြားခြင်း

5

(1 မှတ်ချက်)

Certified

6 hour(s)

132 စာရင်းသွင်းထားသူဦးရေ

2992 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤသင်တန်းတွင် မူလတန်းကျောင်းသားများကို ထိရောက်စွာ သင်ကြားပေးနိုင်သည့် ဆရာတစ်ဦး ဖြစ်လာစေရန်အတွက် စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ဆိုင်ရာ အသိပညာများသာမက မူလတန်း ကျောင်းသားများအား စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်ကို စိတ်ပါဝင်စားမှုရှိလာအောင် သင်ကြားပို့ချပေးနိုင်သည့် နည်းလမ်းများ၊ နည်းဗျူဟာများကိုလည်း လေ့လာရမည် ဖြစ်ပါသည်။

ဤသင်တန်းတွင် အဓိကအားဖြင့် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် - 

မော်ဂျူး (၁) စာရိတ္တနှင့် ပြည်သူ့နီတိမိတ်ဆက်

မော်ဂျူး (၂) လူမှုရေးကျင့်ဝတ်

မော်ဂျူး (၃) ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

မော်ဂျူး (၄) စည်းကမ်း

မော်ဂျူး (၅) ငြိမ်းချမ်းစွာနေထိုင်ခြင်း

မော်ဂျူး (၆) စစ်ဆေးအကဲဖြတ်ခြင်း


အဓိကအသုံးအနှုန်းများ

ဘက်လိုက်မှု (Bias)၊ နိုင်ငံသား (Citizen)၊ ကျင့်ဝတ် (Ethics)၊ မျက်နှာသာပေးမှု (Favouritism)၊ မမြင်သာသော သင်ရိုးညွှန်းတမ်း (Hidden Curriculum)၊ ရည်ရွယ်ထားသော သင်ရိုးညွှန်းတမ်း (Intended Curriculum)၊ စာရိတ္တပိုင်းဆိုင်ရာ ဗဟုဝါဒဖြစ်မှု (Moral Pluralism)၊ စာရိတ္တဆိုင်ရာ ယထာဘူတကျမှု (Moral Realism)၊ ကိုယ်နှုတ်အမူအရာဖြင့် ဆက်သွယ်ခြင်း (Non-verbal Communication)၊ အသွင်တူအောင် ဖန်တီးပြုလုပ်ထားသော အတွေ့အကြုံများ (Simulated experience)၊ ဝင်ရောက်ဖြန်ဖြေသူများ (Upstander)၊ အရေးအသားနှင့် နှုတ်ဖြင့် ပြောဆိုဆက်သွယ်ခြင်း (Verbal Communication)

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ သင်ယူသူများအနေဖြင့် မြန်မာ့စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ဆိုင်ရာ တန်ဖိုးထားမှုနှင့် ရပ်တည်ချက်များကို သရုပ်ပြခြင်းမှတစ်ဆင့် သင်ကြားပေးနိုင်ရန်နှင့် လိုအပ်သော တတ်ကျွမ်းမှုများကို မူလတန်းပြ ဆရာ၊ဆရာမများသို့ ဖြည့်ဆည်းပြင်ဆင်ပေးနိုင်ရန်တို့ ဖြစ်ပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို တက်ရောက်ပြီးချိန်တွင် သင်ယူသူများသည် -

  • စာရိတ္တနှင့် ပြည်သူ့နီတိအပေါ် နားလည်မှုကို ပြန်လည်သုံးသပ်ပြီး အဓိပ္ပါယ် သတ်မှတ်တတ်မည်။
  • မူလတန်း ကျောင်းသားများအတွက် စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်တွင် အဘယ်ကြောင့် ရွေးချယ်ထားသော သင်ခန်းစာခေါင်းစဉ်များနှင့် တတ်ကျွမ်းမှုများသင်ကြားပေးမှု သင်ခန်းစာကို မည်ကဲ့သို့ အလေးပေးမှုနှင့် သင်ယူမှုလုပ်ငန်းရပ်များ၏ အဆင့်ဆင့် တိုးတက်မှုကို ဆွေးနွေးတတ်မည်။
  • မူလတန်း စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားသင်ယူမှု အဆင့်သုံးဆင့်ကို သတ်မှတ်တတ်မည်။
  • မြန်မာ့လူ့အဖွဲ့အစည်းနှင့် မူလတန်း စာရိတ္တနှင့် ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်းတွင် လူမှုရေးကျင့်ဝတ်များ အရေးကြီးပုံကို ဖော်ပြတတ်ပြီး လူမှုရေးကျင့်ဝတ် ဘာသာရပ်နှင့်အညီ မည်သို့ ဆက်သွယ်ရမည်၊ စဉ်းစားရမည်၊ ပြုမူရမည်ကို နားလည်တတ်မည်။
  • အပြန်အလှန် လေးစားခြင်း၏ တန်ဖိုးကို ရှင်းပြတတ်မည်။
  • လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသားများ၊ မိဘများနှင့် ရပ်ရွာအဖွဲ့အစည်းအတွင်း တစ်ဦးကိုတစ်ဦး လေးစားခြင်း၏ အရေးကြီးပုံကို စစ်ဆေးတတ်ပြီး ဘေးကင်းလုံခြုံသော ကျောင်းပတ်ဝန်းကျင် ဖန်တီးရာတွင် အပြန်အလှန် လေးစားခြင်း၏ အပြုသဘောဆောင်သည့် နောက်ဆက်တွဲကို ရှင်းပြတတ်မည်။
  • မျှတမှု၊ ရိုးသားမှု၊ မျှဝေခံစားမှုနှင့် ထောက်ထားညှာတာမှုတို့ကို မူလတန်း ကျောင်းသားများ၏ ဘက်စုံလွှမ်းခြုံသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော ကျင့်ဝတ်ဆိုင်ရာ တန်ဖိုးများ အဖြစ် နားလည်သဘောပေါက်၊ အသိအမှတ်ပြုတတ်မည်။
  • ကိုယ်အမူအရာ၊ နှုတ်အမူအရာနှင့် ဆက်သွယ်ပြောဆိုရာတွင် ယဉ်ကျေးသော အပြုအမူနှင့် မယဉ်ကျေးသော အပြုအမူတို့ကို ကွဲကွဲပြားပြား ခွဲခြားတတ်မည်။ 
  • လူမှုရေးကျင့်ဝတ်နှင့် စာရိတ္တတန်ဖိုးများအပေါ် ဗဟိုပြုလျက် မူလတန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ရိုးညွှန်းတမ်းတွင် ပါရှိသော သင်ကြားရေးနှင့် သင်ယူရေးဆိုင်ရာ နည်းလမ်း (၃) ခုကို သိရှိ နားလည်လာမည်။
  • ဆရာနှင့် ကျောင်းသားတို့၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို ပြန်လည်သုံးသပ်တတ်မည်။
  • ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၏ အဓိပ္ပာယ်ကို ပြန်လည်သုံးသပ်ပြီး နိုင်ငံသားကောင်း တစ်ဦး၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများအား ကာကွယ်ခြင်းဆိုသည်မှာ မည်သို့ အဓိပ္ပာယ် သက်ရောက်သည်ကို သုံးသပ်တတ်မည်။
  • မူလတန်း သင်ရိုးမှ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားတို့၏ ရည်ရွယ်ချက်ကို ဆွေးနွေးတတ်မည်။ 
  • မူလတန်း ကျောင်းသုံးစာအုပ်များကို ပြန်လည်သုံးသပ်ပြီး မူလတန်း သင်ရိုးညွှန်းတမ်းရှိ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ၏ ခေါင်းစဉ်များကို နားလည်သဘောပေါက်တတ်မည်။
  • ကိုယ့်စည်းကမ်းနှင့်ကိုယ် ပြုမူနေထိုင်ခြင်းနှင့် စည်းကမ်း၏ အဓိပ္ပာယ်ကို ဖော်ပြတတ်ပြီး နိုင်ငံသားကောင်းနှင့် ဆရာကောင်းတစ်ဦးဖြစ်လာစေရန် ကိုယ့်စည်းကမ်းနှင့်ကိုယ် ပြုမူနေထိုင်ခြင်းသည် မည်ကဲ့သို့ အခြေခံအချက်ဖြစ်သည်ကို နားလည် သဘောပေါက်တတ်မည်။
  • စည်းမျဉ်းနှင့် နည်းဥပဒေများ၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ယင်းတို့ စည်းကမ်းနှင့် ဆက်စပ်ပုံကို ဖော်ပြတတ်ပြီး ဆရာကောင်းတစ်ဦးဖြစ်လာစေရန် စည်းမျဉ်းနှင့် နည်းဥပဒေများ လိုအပ်ပုံကို ဆွေးနွေးတတ်မည်။
  • ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ၎င်းသည် စည်းမျဉ်း၊ နည်းဥပဒေများနှင့် မည်သို့ဆက်စပ်နေသည်ကို နားလည်သဘောပေါက်လာပြီး အမျိုးသားပညာရေးဥပဒေ၏ အရေးပါမှုနှင့် ထိုဥပဒေ၏ ပညာရေးဆိုင်ရာ အလေအ့ကျင့်များတွင် အကျိုးသက်ရောက်မှုများကို ဆွေးနွေးတတ်မည်။
  • ကွဲပြားခြားနားသော မျိုးနွယ်စု၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို နားလည်ခြင်းအား သရုပ်ပြတတ်ပြီးတိုင်းရင်းသား အမျိုးမျိုးတို့၏ ကွဲပြားစုံလင်သော ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို ဖော်ပြတတ်မည်။
  • ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၏ အခြေခံယူဆချက်နှင့် လက်တွေ့ဘဝတွင် တည်ရှိနေပုံကို ရှင်းပြတတ်ပြီး ကွဲပြားခြားနားသော မျိုးနွယ်စုများအတွင်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရန် လိုအပ်ပုံကို ဆွေးနွေးတတ်မည်။
  • အတန်းအလိုက် အကြောင်းအရာများ ချိတ်ဆက်ပုံကို ဆွေးနွေးတတ်မည်။
  • မူလတန်းအဆင့်တွင် ငြိမ်းချမ်းစွာ နေထိုင်ခြင်းကို သင်ကြားရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြတတ်ပြီး ၎င်းကို သင်ကြားရန် သင်ယူမှုလုပ်ငန်းများနှင့် နည်းလမ်းများကို သတ်မှတ်တတ်မည်။
  • မူလတန်းအဆင့်၌ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွင် အသုံးပြုရန် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများအကြောင်း ရှင်းပြတတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်တန်းမိတ်ဆက်

မော်ဂျူး (၁) စာရိတ္တနှင့် ပြည်သူ့နီတိမိတ်ဆက် - ဗီဒီယိုသင်ခန်းစာ

မော်ဂျူးငယ် (၁.၁) စာရိတ္တနှင့် ပြည်သူ့နီတိ ဆိုသည်မှာ အဘယ်နည်း။

မော်ဂျူးငယ် (၁.၁) အတွက် သင်ယူမှုလုပ်ငန်းများ

မော်ဂျူး (၁.၁) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူးငယ် (၁.၂) စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားရခြင်း၏ ရည်ရွယ်ချက်

မော်ဂျူး (၁.၂) သင်ယူမှုလုပ်ငန်း (၅) နှင့် (၆)

မော်ဂျူး (၁.၂) ပြန်လည်ဆန်းစစ်ရန်မေးခွန်းများနှင့် နမူနာအဖြေများ

မော်ဂျူးငယ် (၁.၃) အခြေခံပညာသင်ရိုးကို သိခြင်း

မော်ဂျူး (၁.၃) သင်ယူမှု လုပ်ငန်း (၇)

မော်ဂျူး (၁.၃) သင်ယူမှု လုပ်ငန်း (၈)

မော်ဂျူး (၁) ဉာဏ်စမ်းမေးခွန်းများ

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး (၂) လူမှုရေးကျင့်ဝတ် - ဗီဒီယိုသင်ခန်းစာ

မော်ဂျူးငယ် (၂.၁) လူမှုရေးကျင့်ဝတ်၏ အဓိကဆိုလိုရင်းအချက်များ

မော်ဂျူး (၂.၁) သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၂.၁) ခေတ္တရပ်၍ပြန်လည်သုံးသပ်ရန်လုပ်ငန်း

မော်ဂျူးငယ် (၂.၂) ကျောင်းပတ်ဝန်းကျင်တွင် အပြန်အလှန်လေးစားခြင်း

မော်ဂျူး (၂.၂) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၂.၂) လေ့ကျင့်ရန်လုပ်ငန်း (၁)

မော်ဂျူးငယ် (၂.၃) မျှတမှု၊ ရိုးသားမှု၊ မျှဝေခံစားမှုနှင့် ထောက်ထားညှာတာမှု

မော်ဂျူး (၂.၃) သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၂.၃) လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူးငယ် (၂.၄) ထိရောက်မှုရှိပြီး ယဉ်ကျေးသော ဆက်သွယ်ပြောဆိုမှု

မော်ဂျူး (၂.၄) သင်ယူမှုလုပ်ငန်း (၄)

မော်ဂျူး (၂.၄) သင်ယူမှုလုပ်ငန်း (၄) - အဆက်

မော်ဂျူး (၂.၄) လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂.၅) မူလတန်းအဆင့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ် သင်ကြားသင်ယူမှု နည်းလမ်းများ

မော်ဂျူး (၂.၅) သင်ယူမှုလုပ်ငန်း (၅)

မော်ဂျူး (၂.၅) လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁-၂)

မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)

မော်ဂျူး (၂) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄-၆)

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး (၃) ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

မော်ဂျူးငယ် (၃.၁) ဆရာနှင့် ကျောင်းသားတို့၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

မော်ဂျူးငယ် (၃.၂) တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားကောင်းတစ်ဦး၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ

မော်ဂျူးငယ် (၃.၃) ရပိုင်ခွင့် တာဝန်ဝတ္တရားနှင့် ပတ်သက်သော မူလတန်းသင်ခန်းစာကို လေ့လာခြင်း

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၃) သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁)

မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂) အောက်ပါတို့ကို မှား/မှန် ရွေးချယ်ပါ။

မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃) အောက်ပါတို့အနက် မည်သည့်အချက်များသည် နိုင်ငံသားများ၏ ရပိုင်ခွင့်များဖြစ်၍ မည်သည်တို့သည် တာဝန်ဝတ္တရားများ ဖြစ်သနည်း။

မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)

မော်ဂျူး (၃) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၅)

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး (၄) စည်းကမ်း

မော်ဂျူးငယ် (၄.၁) နိုင်ငံသားကောင်းတစ်ဦးအနေဖြင့် ကိုယ့်စည်းကမ်းနှင့်ကိုယ် ပြုမူနေထိုင်ခြင်း

မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၁) မေးခွန်း (၁)

မေးခွန်း ၂။ ကလေးသူငယ်များအား ထိန်းသိမ်းကြပ်မတ်ခြင်းဆိုင်ရာ နည်းလမ်းအမျိုးမျိုးကို ပြန်လည်ဖတ်ရှုပြီး ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ကျင့်သုံးသင့်ကြောင်း ရှင်းပြပါ။

မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၄) သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ

မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)

မော်ဂျူး (၄) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)အဖြေမှန်ကို ရွေးချယ်ပေးပါ။

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး (၅) ငြိမ်းချမ်းစွာနေထိုင်ခြင်း

မော်ဂျူးငယ် (၅.၁) ယဉ်ကျေးမှုနှင့် တိုင်းရင်းသားမျိုးနွယ်စုများ ကွဲပြားစုံလင်ခြင်း

ဘုံတူညီနေသည့် ယဉ်ကျေးမှုဆိုင်ရာ လက္ခဏာရပ်များ

မော်ဂျူး (၅.၁) လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူးငယ် (၅.၂) ကွဲပြားစုံလင်သော လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်းစွာ နေထိုင်ခြင်း

ကွဲပြားစုံလင်သော မျိုးနွယ်စုတွင် ငြိမ်းချမ်းစွာ နေထိုင်ခြင်း

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၃)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၄)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၅)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၆)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၇)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၈) မေးခွန်း (၂)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၉)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၁၀)

မော်ဂျူး (၅.၁) သင်ယူမှုလုပ်ငန်း (၁၁)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၁) အောက်ပါတို့ကို မှား/မှန် ရွေးချယ်ပါ။

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၂)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၃)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၄)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၅)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၆)

မော်ဂျူး (၅) ဉာဏ်စမ်းမေးခွန်းများ - မေးခွန်း (၇) အောက်ပါတို့ကို မှား/မှန် ရွေးချယ်ပါ။

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး (၆) စစ်ဆေးအကဲဖြတ်ခြင်း

မော်ဂျူးငယ် (၆.၁) စာရိတ္တနှင့် ပြည်သူ့နီတိကို စစ်ဆေးအကဲဖြတ်သည့် နည်းလမ်းများ

မော်ဂျူး (၆) သင်ယူမှုလုပ်ငန်း (၁)

မော်ဂျူး (၆) ဉာဏ်စမ်းမေးခွန်းများ

မော်ဂျူး (၆) အနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ

သက်ဆိုင်သော သင်တန်းများ

chatGPTicon