အင်တာနက် ရရှိပါပြီ
Google Play StoreApple App StoreAPK DownloadFacebookYouTubeစနစ်သို့ ဝင်ရန်မှတ်ပုံတင်

အခြေခံပညာအလယ်တန်း စာရိတ္တနှင့်ပြည်သူ့နီတိ သင်ကြားခြင်း

5

(1 မှတ်ချက်)

Certified

6 hour(s)

140 စာရင်းသွင်းထားသူဦးရေ

1251 ကြည့်ရှုထားသူဦးရေ

Share On :

သင်တန်းအကြောင်းအရာ ဖော်ပြချက်

ဤ “အခြေခံပညာအလယ်တန်း စာရိတ္တနှင့်ပြည်သူ့နီတိသင်ကြားခြင်း” သင်ရိုးကို ရေးဆွဲရာတွင် စာသင်ခန်းများအတွင်း ပြည်သူ့နီတိ ကျွမ်းကျင်မှုများကို ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်သော အခြေခံ အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများကို ဆရာများ တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပါသည်။ ဤသင်ရိုးတစ်လျှောက်တွင် ဆရာများအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် စာရိတ္တနှင့် ပြည်သူ့နီတိ အရေးပါပုံ၊ အလယ်တန်းဆင့် ကျောင်းသားများ၏ သင်ယူမှုကို အထောက်အကူပြုသည့် ဆန်းသစ်ဖန်တီးမှုရှိသော သင်ကြားရေးနည်းဗျူဟာများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများကို စူးစမ်းလေ့လာ ရမည်ဖြစ်သည်။ ဤသင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်သည်။

မော်ဂျူး ၁။ စာရိတ္တနှင့် ပြည်သူ့နီတိ အရေးပါပုံ
၁.၁။ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားခြင်း 
၁.၂။ စာရိတ္တ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းစိတ်ဓာတ်
၁.၃။ အလယ်တန်းတွင် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားမှု
၁.၄။ အလယ်တန်း စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်အတွက် သင်ကြား၊ သင်ယူမှု နည်းလမ်းများ
မော်ဂျူး ၂။ လူမှုကျင့်ဝတ်များ
၂.၁။ လူ့စံတန်ဖိုးများနှင့် လူမှုကျင့်ဝတ်များ
၂.၂။ အပြန်အလှန် လေးစားမှု
၂.၃။ မြန်မာနိုင်ငံမှ လူမှုကျင့်ဝတ်များ၏ တန်ဖိုးများ
၂.၄။ ကောင်းမွန်သော ပြောဆိုဆက်သွယ်မှု၏ တန်ဖိုးများ
မော်ဂျူး ၃။ အခွင့်အရေးနှင့် တာဝန်
၃.၁။ နိုင်ငံသားများ၏ အခွင့်အရေးများ
၃.၂။ တာဝန်ယူမှုနှင့် တာဝန်ခံမှု
မော်ဂျူး ၄။ စည်းကမ်းနှင့် ဥပဒေ
၄.၁။ စည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များ
၄.၂။ စည်းကမ်းနှင့် ဥပဒေ
မော်ဂျူး ၅။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း
၅.၁။ ကွဲပြားစုံလင်သော လူ့အဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း
၅.၂။ သဟဇာတဖြစ်စွာ နေထိုင်ခြင်း
၅.၃။ ငြိမ်းချမ်းမှုကို ဖော်ဆောင်သော ပညာရေး
မော်ဂျူး ၆။ သင်ကြား၊ သင်ယူမှုကို ပြန်လည်သုံးသပ်ခြင်း
၆.၁။ စာရိတ္တနှင့် ပြည်သူ့နီတိအတွက် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းများ

အဓိကအသုံးအနှုန်းများ
စာရိတ္တ၊ ပြည်သူ့နီတိ သင်ကြားခြင်း၊ အသိပညာ၊ ကျွမ်းကျင်မှုများ၊ စံတန်ဖိုးများ၊ ဒီမိုကရေစီ အခြေခံမူများ၊ ကျင့်ဝတ်များ၊ အခွင့်အရေးများနှင့် တာဝန်များ၊ ငြိမ်းချမ်းရေး၊ စည်းကမ်းများနှင့် ဥပဒေများ၊ ဆန်းစစ်အကဲဖြတ်မှု။

ဤအခြေခံပညာအလယ်တန်း စာရိတ္တနှင့်ပြည်သူ့နီတိသင်ကြားခြင်းသင်တန်း တက်‌ရောက်ပြီးစီးပါက အခြေခံပညာမူလတန်း စာရိတ္တနှင့်ပြည်သူ့နီတိသင်ကြားခြင်း သင်တန်းကိုလည်း ထပ်မံ၍ တက်ရောက်လေ့လာနိုင်ပါသည်။

အခြေခံပညာမူလတန်း စာရိတ္တနှင့်ပြည်သူ့နီတိ သင်ကြားခြင်း - https://mmteacherplatform.net/en/e-learning/courses/akhyekhanpnyamultan-sayaittnhngatpyithuniti-thinkyakhyin

သင်တန်းရည်ရွယ်ချက်များ

ဤသင်တန်းသည် စာရိတ္တပိုင်းဆိုင်ရာ စံတန်ဖိုးများနှင့် နိုင်ငံသားကောင်းစိတ်ဓာတ် သင်ကြားမှု၏ အခြေခံအုတ်မြစ်များကို ဆရာများ သေချာစွာ နားလည်သ‌‌ဘောပေါက်မှု ရှိစေရန်အတွက် ရည်ရွယ်ပါသည်။ ဤသင်တန်းတွင် လူတိုင်းအကျုံးဝင်မှု၊ ပံ့ပိုးကူညီမှုရှိသော သင်ယူမှုရပ်ဝန်းများ ဖန်တီးနိုင်ရန် လက်တွေ့နည်းလမ်းများနှင့် ဥပမာများကို ဆရာများအား မျှဝေသွားမည် ဖြစ်ပါသည်။ ထို့ပြင် ဤသင်တန်းသည် ပြည်သူ့နီတိ အသိပညာ၊ စာရိတ္တပိုင်းဆိုင်ရာ စံတန်ဖိုးများနှင့် မရှိမဖြစ်သော ပြည်သူ့နီတိ ကျွမ်းကျင်မှုများကို နေ့စဉ်သင်ကြားမှုအလေ့အထများတွင် ပေါင်းစပ်ထည့်သွင်းမှုကို မြှင့်တင်အားပေးထားပါသည်။

သင်ယူမှုရလဒ်များ

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် - 

  • စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ် ဖြစ်တည်ဖွံ့ဖြိုးလာမှု၏ အခြေခံကို ရှင်းပြတတ်မည်။ 
  • အလယ်တန်းကျောင်းသားများ ဘက်စုံအရည်အသွေးရှိသည့် မြန်မာနိုင်ငံသားများ ဖြစ်လာစေရန် လိုအပ်သော အဓိကတတ်ကျွမ်းမှုများကို ဆွေးနွေးတတ်မည်။ 
  • စာရိတ္တပိုင်းဆိုင်ရာ စံတန်ဖိုးများ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းစိတ်ဓာတ် သင်ကြားမှုတို့အကြား ဆက်နွှယ်မှုများကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
  • အလယ်တန်းအဆင့်တွင် စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားရသည့် ရည်ရွယ်ချက်များကို ဆန်းစစ်တတ်မည်။
  • အခြေခံကျသော လူ့စံတန်ဖိုးနှင့် လူသားဆန်မှု၏ သဘောသဘာဝ၊ ၎င်းနှင့် လူမှုကျင့်ဝတ်များ ဖြစ်ပေါ်လာပုံအကြား ဆက်နွှယ်မှုတို့ကို ခွဲခြမ်းစိတ်ဖြာတတ်မည်။
  • လူ့စံတန်ဖိုးများ၊ လူသားဆန်မှု ဝိသေသလက္ခဏာများအဖြစ် မြန်မာနိုင်ငံတွင် လူမှုကျင့်ဝတ်များ ဖြစ်ပေါ်လာပုံကို ဆွေးနွေးတတ်မည်။
  • အပြန်အလှန်လေးစားမှုနှင့် လက်သင့်ခံမှု/အသိအမှတ်ပြု နားလည်မှုသည် လူမှုကျင့်ဝတ်များ၏ အရေးကြီးအစိတ်အပိုင်း အဘယ်ကြောင့် ဖြစ်ရသည်ကို ရှင်းပြတတ်မည်။  
  • အခြားသူများဖြင့် ဆက်ဆံပြောဆိုရာတွင် အပြန်အလှန်လေးစားမှုနှင့် လက်သင့်ခံမှု/အသိအမှတ်ပြု နားလည်မှုကို လက်တွေ့အသုံးပြုနိုင်ရန် နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးတတ်မည်။
  • ထိရောက်၍ ယဉ်ကျေးသော ပြောဆိုဆက်သွယ်မှု၏ ဝိသေသလက္ခဏာများအကြောင်းနှင့် အဘယ်ကြောင့် ၎င်းတို့သည် အရေးပါသော ကျွမ်းကျင်မှုများ ဖြစ်ရကြောင်း ဆွေးနွေးတတ်မည်။
  • အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် အခြေခံလူ့အခွင့်အရေးများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ကုလသမဂ္ဂသဘောတူစာချုပ်အမျိုးမျိုးကို လေ့လာခြင်းဖြင့် ကလေးငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးများ အရေးကြီးပုံကို ဖော်ပြတတ်မည်။ 
  • နိုင်ငံသားများ၏ အခွင့်အရေးများနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအကြား ဆက်နွှယ်ပုံကို သုံးသပ်ခြင်းဖြင့် ပြည်သူ့နီတိ ထွန်းကားသော လူ့အဖွဲ့အစည်းတစ်ရပ်ရှိ တာဝန်ယူမှုနှင့် တာဝန်ခံမှု၏ အခန်းကဏ္ဍကို ဆွေးနွေးတတ်မည်။
  • ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် တွေ့နိုင်သော စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက် အမျိုးမျိုးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုနှင့် မိမိကိုယ်ကို ကြပ်မတ်နိုင်မှုက လူ့အဖွဲ့အစည်းနှင့် ၎င်း၏ ကျန်းမာချမ်းသာမှုအပေါ် သက်ရောက်လွှမ်းမိုးပုံကို ဆွေးနွေးတတ်မည်။ 
  • စည်းမျဉ်းများ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ဥပဒေများအကြား ကွာခြားမှုများ ဆန်းစစ်သုံးသပ်တတ်မည်။ 
  • မိမိလူမှုအသိုက်အဝန်း၊ နိုင်ငံနှင့် ကမ္ဘာကြီးအတွင်း တစ်စိတ်တစ်ဒေသ ပါဝင်သူများအနေနှင့် နိုင်ငံသားများ၏ တာဝန်များနှင့် ဝတ္တရားများကို သုံးသပ်လေ့လာကာ ဥပဒေ၏ သက်ရောက်မှုများကို ဆွေးနွေးတတ်မည်။
  • ကွဲပြားစုံလင်မှုကို အဓိပ္ပာယ်ဖွင့်ဆို ဖော်ပြနိုင်ပြီး ကွဲပြားစုံလင်မှုအဆင့်များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ကွဲပြားစုံလင်သော လူ့အဖွဲ့အစည်းများ၊ ကွဲပြားစုံလင်မှု၏ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုများကို ဥပမာပေး ဖော်ပြတတ်မည်။
  • ကွဲပြားစုံလင်သော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် အတားအဆီးများနှင့် ၎င်းအတားအဆီးများကို ဖယ်ရှားရန် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • စာသင်ခန်းအတွင်းနှင့် ရပ်ရွာအသိုင်းအဝိုင်းအတွင်း ကွဲပြားစုံလင်မှုနှင့် စပ်လျဉ်းသော အတွေ့အကြုံများ၊ အမှတ်တရအဖြစ်အပျက်များ သုံးသပ်၊ မျှဝေတတ်မည်။
  • ကွဲပြားစုံလင်ပြီး ယဉ်ကျေးမှုမျိုးစုံသော လူ့အဖွဲ့အစည်းအတွင်း သဟဇာတဖြစ်စွာ နေထိုင်ရန် နည်းလမ်းအမျိုးမျိုးကို အဆိုပြုတတ်မည်။
  • အဆင့်အမျိုးမျိုးတွင် ငြိမ်းချမ်းမှုကို ဖော်ဆောင်သော ပညာရေးကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • စာသင်ခန်း၊ ကျောင်းနှင့် ရပ်ရွာအဆင့်များတွင် ငြိမ်းချမ်းမှုကို ဖော်ဆောင်သော ပညာရေး၏ ဥပမာအမျိုးမျိုးကို ဆန်းစစ်တတ်မည်။
  • အလယ်တန်းကျောင်းများတွင် ငြိမ်းချမ်းမှုကို ဖော်ဆောင်သော ပညာရေးကို အကောင်အထည်ဖော်ခြင်းမှတစ်ဆင့် ငြိမ်းချမ်းသော အတွေ့အကြုံ တည်ဆောက်ရန် လက်တွေ့ဆောင်ရွက်မှုအစီအစဉ်တစ်ခု ဖန်တီးတတ်မည်။
  • အလယ်တန်းအဆင့် စာရိတ္တနှင့် ပြည့်သူ့နီတိ ဘာသာရပ်၏ အကြောင်းအရာများ၊ သင်ကြား၊ သင်ယူမှု နည်းလမ်းများနှင့် သင်ယူမှုလုပ်ငန်းများကို သုံးသပ်ဆန်းစစ်တတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ ဘာသာရပ်ဆိုင်ရာ အသိပညာများနှင့် စာရိတ္တပိုင်းဆိုင်ရာ စံတန်ဖိုးများ သင်ယူမှုကို စောင့်ကြည့်၊ အကဲဖြတ်သုံးသပ်ရန် ဆန်းစစ်အကဲဖြတ်မှုနည်းလမ်းများကို ဆွေးနွေးတတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ သင်ယူမှုအတွက် တန်းတူညီမျှသော စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ် ဖြစ်စေမည့် အကဲဖြတ်သုံးသပ်မှု နည်းကိရိယာအမျိုးမျိုးကို သတ်မှတ်ဖော်ထုတ်တတ်မည်။

ဤသင်တန်းကိုတက်ရောက်ရန် စနစ်သို့ဝင်ပါ

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ စာရိတ္တနှင့် ပြည်သူ့နီတိ အရေးပါပုံ

၁.၁။ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ကြားခြင်း

မည်သည့် အဆိုများက ‘မှန် (True)’ ပြီး မည်သည်တို့က ‘မှား (False)’ သနည်း။ ဆုံးဖြတ်ပါ။

မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၁.၂။ စာရိတ္တ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းစိတ်ဓာတ်

ပြည်သူ့နီတိ တတ်ကျွမ်းမှု နယ်ပယ်သုံးခု

လူမှုအသိုက်အဝန်းများတွင် ပြည်သူ့နီတိကျွမ်းကျင်မှုများကို အသုံးပြုခြင်း

မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁) ခေတ္တရပ်၍ စဉ်းစားပါ

အ‌ဖြေမှန် ယှဉ်တွဲပါ။

၁.၄။ အလယ်တန်း စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်အတွက် သင်ကြား၊ သင်ယူမှု နည်းလမ်းများ

လက်တွေ့သင်ကြား သင်ယူမှုချဉ်းကပ်နည်းများ

မော်ဂျူး (၁.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူး ၂။ လူမှုကျင့်ဝတ်များ

၂.၁။ လူ့စံတန်ဖိုးများနှင့် လူမှုကျင့်ဝတ်များ

နယ်ပယ်အသီးသီးနှင့် ဆက်နွှယ်နေသော လူမှုကျင့်ဝတ်များ

လူမှုကျင့်ဝတ်များကိုသင်ကြားခြင်းနှင့် ဆရာများ၏ အခန်းကဏ္ဍ

မော်ဂျူး (၂.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၂.၂။ အပြန်အလှန် လေးစားမှု

မော်ဂျူး (၂) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၂.၃။ မြန်မာနိုင်ငံမှ လူမှုကျင့်ဝတ်များ၏ တန်ဖိုးများ

မော်ဂျူး (၂) ခေတ္တရပ်၍ စဉ်းစားပါ (၂)

အ‌ဖြေမှန် ယှဉ်တွဲပါ။

၂.၄။ ကောင်းမွန်သော ပြောဆိုဆက်သွယ်မှု၏ တန်ဖိုးများ

မော်ဂျူး (၂) ခေတ္တရပ်၍ စဉ်းစားပါ (၃)

ပြောဆိုဆက်သွယ်မှုပုံစံများနှင့် ၎င်းတို့၏ ဝိသေသလက္ခဏာများ

မော်ဂျူး (၂.၄) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူး ၃။ အခွင့်အရေးနှင့် တာဝန်

၃.၁။ နိုင်ငံသားများ၏ အခွင့်အရေးများ

နားလည်ကာလေးစား လူ့အခွင့်အရေးများ

မှန် (True) မှား၊ (False) ရွေးချယ်ပါ။

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

ကလေးသူငယ်အခွင့်အရေးများနှင့် အမျိုးသမီးအခွင့်အရေးများအတွက် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးယန္တရား ဥပမာများ

မော်ဂျူး (၃) ခေတ္တရပ်၍ စဉ်းစားပါ (၂)

မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၃.၂။ တာဝန်ယူမှုနှင့် တာဝန်ခံမှု

အစိုးရတာဝန်ခံမှုအတွက် အဓိကလမ်းကြောင်း သုံးခု

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူး ၄။ စည်းကမ်းနှင့် ဥပဒေ

၄.၁။ စည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များ

စံတန်ဖိုးများနှင့် ကျင့်ဝတ်များ၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုနှင့် ကြပ်မတ်နိုင်မှု၊ စည်းမျဉ်းများနှင့် စည်းကမ်းသတ်မှတ်ချက်များအကြား ဆက်နွှယ်ပုံ

တစ်ကိုယ်ရေ ကျွမ်းကျင်မှုများ၏ ကဏ္ဍအစိတ်အပိုင်းများ

မော်ဂျူး (၄) ခေတ္တရပ်၍ စဉ်းစားပါ (၁)

မော်ဂျူး (၄.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း

၄.၂။ စည်းကမ်းနှင့် ဥပဒေ

ဥပဒေဆိုသည်မှာ အဘယ်နည်း။

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၄)ခေတ္တရပ်၍ စဉ်းစားပါ (၂)

မော်ဂျူး (၄.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူး ၅။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း

၅.၁။ ကွဲပြားစုံလင်သော လူ့အဖွဲ့အစည်းတစ်ခုအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၅.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၅.၂) ခေတ္တရပ်၍ စဉ်းစားပါ

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၅.၂) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

၅.၃။ ငြိမ်းချမ်းမှုကို ဖော်ဆောင်သော ပညာရေး

မော်ဂျူး (၅.၃) ရပ်တန့်၍ စဉ်းစားပါ

မှန် (True)၊ မှား (False) ရွေးချယ်ပါ။

မော်ဂျူး (၅.၃) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူး ၆။ သင်ကြား၊ သင်ယူမှုကို ပြန်လည်သုံးသပ်ခြင်း

သင်ယူမှုနယ်ပယ်များနှင့် သင်ကြားသင်ယူမှု နည်းလမ်းများ

မော်ဂျူး (၆) ရပ်တန့်၍ စဉ်းစားပါ

မော်ဂျူး (၆.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၁)

ထိရောက်သော စစ်ဆေးအကဲဖြတ်မှုနည်းလမ်းအမျိုးမျိုးကို ပေါင်းစပ်အသုံးပြုခြင်း

မော်ဂျူး (၆.၁) အတွက် လေ့ကျင့်ရန်လုပ်ငန်း (၂)

မော်ဂျူး (၆) အနှစ်ချုပ်

ဆက်လက်ဖတ်မှတ်စရာများ

သက်ဆိုင်သော သင်တန်းများ

chatGPTicon