ဤသင်ရိုး၏
ရည်ရွယ်ချက်မှာ ကျောင်းသားများအား ICT ၏ အယူအဆများ၊ ပညာရေးတွင် ICT အား
အသုံးပြုခြင်းနှင့် ပတ်သက်သည့် အသိပညာများ ပေးရန်နှင့် ကျောင်းသားများကို
အလယ်တန်းနှင့် မူလတန်း ကျောင်းများတွင် ICT ကို သင်ကြားနိုင်စေလာရန်အတွက်
ပြင်ဆင်ပေးရန် ဖြစ်ပါသည်။ အခြေခံ ICT အယူအဆများ၊ မီဒီယာနှင့်
သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ ဒစ်ဂျစ်တယ်နှင့် အကျွမ်းဝင်သော နိုင်ငံသား
ဖြစ်မှု၊ ကွန်ပျူတာ application များ၊
ပညာရေးအတွက် အင်တာနက်၊ ဆက်သွယ်ရေးနှင့် ICT စသည့် ခေါင်းစဉ်များကို
ကျောင်းသားများက စာတွေ့လက်တွေ့ သင်ယူကြရမည် ဖြစ်သည်။ ကျောင်းသားများသည် အခြား
ဘာသာရပ်များ/သင်ယူမှု နယ်ပယ်များနှင့် ICT အကြား ဆက်စပ်မှုများကို နားလည်
သဘောပေါက်ပြီး ပညာရေးတွင် ICT အား မည်သို့ အကျိုးရှိစွာ
အသုံးချနိုင်မည်ဆိုသည့် အသိပညာကိုလည်း ရရှိသွားမည် ဖြစ်သည်။ ထို့အပြင်
ကျောင်းသားများ၏ ICT အသိပညာကို တိုးတက်ခိုင်မာစေပါသည်။ ၎င်းတို့၏ ICT အသိပညာများကို
သင်ကားမု လုပ်ငန်းစဉ်များတွင်သာမကပဲ စီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ်
တိုးတက်ရေးအတွက်ပါ ကောင်းစွာ အသုံးချနိုင်မည် ဖြစ်သည်။
If you have not logged in, please to leave a review.
ဤသင်ရိုး၏ ရည်ရွယ်ချက်မှာ ကျောင်းသားများအား ICT ၏ အယူအဆများ၊ ပညာရေးတွင် ICT အား အသုံးပြ...
Learn Moreဤဘာသာရပ်စာအုပ်၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားများအတွက် ICT နှင့်ဆက်စပ်သော အခြေခံဗဟုသုတမျ...
Learn MoreThis article explores two models of non-state education provision in Myanmar (Burma), in...
Learn More