အင်္ဂလိပ်စာဘာသာရပ်သည် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်းတွင် ပါဝင်ပါသည်။ မြန်မာနိုင်ငံ၏ အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် သတ်မှတ်ထား အင်္ဂလိပ်စာဘာသာရပ်တွင်ပါရှိသော သင်ရိုးအကြောင်းအရာများကို သင်ကြားနိုင်သော ဆရာများအဖြစ် ပြင်ဆင်လေ့ကျင့်ပေးနိုင်ရန် ရည်ရွယ်ပြီး ဤဘာသာရပ်ကို ထည့်သွင်းထားခြင်းဖြစ်သည်။ ကျောင်းသား (သို့မဟုတ်) မူလတန်းဆရာလောင်းများသည် ဘာသာရပ်နှင့် ဆိုင်သောအခြေခံ ကျွမ်းကျင်မှုများ ကောင်းမွန်စွာရရှိစေရန် အတွက်မူလတန်း၊အလယ်တန်းအဆင့် နှင့် ကိုက်ညီသော စာပေစံများကို သင်ယူရမည်ဖြစ်ပြီး မူလတန်းကျောင်းသားများကို ထိရောက်စွာသင်ကြားနိုင်မည့် ဆရာများ ဖြစ်လာစေရန် ရည်ရွယ်ပါသည်။ (ပညာရေးဒီဂရီကောလိပ်သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ ၂၀၁၈)
ထိုရည်ရွယ်ချက်များ ပြည့်မီစေရန်အတွက် ဤဘာသာရပ်တွင် ကျောင်းသားများကို ၎င်းတို့ သင်ကြားမည့် မူလတန်းကျောင်းသားများ၏ ဘက်စုံတိုးတက်မှုကို ကူညီဆောင်ရွက်ပေးနိုင်မည့် လိုအပ်သော စွမ်းရည်များ တိုးတက်လာစေရန် ပုံဖော်ပေးမည်ဖြစ်သည်။ ဤဘာသာရပ် သင်ယူပြီးမြောက်ပါက ကျောင်းသားများသည် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ ဗဟုသုတများ၊ သင်ကြားသင်ယူမှု ဖြစ်စဉ်များ နှင့် စစ်ဆေးအကဲဖြတ်ခြင်း နည်းလမ်းများ စသည့် ကျွမ်းကျင်မှုများ ရရှိမည် ဖြစ်သည်။ ထိုကျွမ်းကျင်မှုများသည် ၎င်းတို့၏ မူလတန်းကျောင်းသားများကို အင်္ဂလိပ်စာဘာသာရပ်အတွက် ချမှတ်ထားသော သင်ယူမှုဦးတည်ချက်များကို ပေါက်မြောက်အောင် သင်ကြားနိုင်ရန် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။
bbIf you have not logged in, please to leave a review.
You can read Myanmar Version.Accessible online: https://www.idea.int/publications/c...
Learn MoreThere are a number of ways you can help protect the environment in your everyday life. S...
Learn MoreThis series of activities gives pupils an opportunity to explore different aspects of fr...
Learn More