ဤအတန်းသည် ကျောင်းသားများကို မူလတန်းကျောင်းအဆင့်တွင် မြန်မာ့ရိုးရာကို
အခြေခံပြီး ဂီတအနုပညာ (အဆို၊ အက) နှင့် ပန်းချီအနုပညာ (ပန်းချီဆွဲခြင်းနှင့်
ဆေးခြယ်ခြင်း) များကို သင်ကြားနိုင်ရန်အတွက် ပြင်ဆင်ပေးမည်ဖြစ်သည်။ ဤအတန်း၏ ရည်ရွယ်ချက်မှာ
ပြောင်းလဲနေသော ရေစီးကြောင်းနှင့် လျော်ညီစွာ အနုပညာများဖန်တီးရာတွင် ကြင်နာသော
စိတ်နေသဘောထားများနှင့် ကျွမ်းကျင်မှုများရှိသော ဆရာကောင်းများ ဖြစ်လာစေရန်
ရည်ရွယ်ပါသည်။ ဆရာများသည် အခြေခံပညာကျောင်းသားများက
မိမိတို့၏ ရိုးရာအနုပညာ၊ ဂီတနှင့် ယဉ်ကျေးမှုအတွက် အလေးပေးမှုများ ရရှိစေရန်
လုပ်ဆောင်မည် ဖြစ်သည်။ ဤအတန်းတွင် အဆို၊ အက၊ အတီး၊ ပန်းချီဆွဲခြင်းနှင့်
လက်မှုအနုပညာများ ပါဝင်ပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ကျောင်းသားများ အချင်းချင်း
ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်ယူသော အပြုအမူများကို မြှင့်တင်ပေးခြင်းနှင့် အနုပညာကို
သိမြင်ခံစားခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့် ကျောင်းသား
များ ကျောင်းနေပျော်စေရန် ကူညီထောက်ပံ့ပေးမည် ဖြစ်သည်။ ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများသည် ပညာရေးကောလိပ်
သင်ရိုးညွှန်းတမ်း အညွှန်းဘောင်အား ကိုးကားပြီး အနုပညာ၏ အခြေခံအသိပညာများနှင့်
အနုပညာသင်ကြားခြင်း၏ သင်နည်းဗေဒဆိုင်ရာအသိပညာများ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။ တတိယနှစ်နှင့်
စတုတ္ထနှစ်တွင် အနုပညာ ဘာသာရပ် အသိပညာကို ပိုမိုနက်နက်နဲနဲ နားလည် သဘောပေါက်ရန် ထပ်မံသင်ယူရမည်
ဖြစ်ပြီး မူလတန်း အနုပညာသင်ရိုးညွှန်းတမ်း၊
ညွှန်ကြားချက်နှင့် စစ်ဆေးအကဲဖြတ်မှုများကို ပိုမိုပြီး စနစ်တကျ နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။
If you have not logged in, please to leave a review.
This course prepares student teachers for teaching Performance Art (music and dance) an...
Learn Moreဤအတန်းသည် ကျောင်းသားများကို မူလတန်းကျောင်းအဆင့်တွင် မြန်မာ့ရိုးရာကို အခြေခံပြီး ဂီတအနုပ...
Learn Moreဤအတန်းသည် ကျောင်းသားများကို မူလတန်းကျောင်းအဆင့်တွင် မြန်မာ့ရိုးရာကို အခြေခံပြီး ဂီတအနုပ...
Learn More