Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT

5

(3 Reviews)

Certified

30 hour(s)

108 Enrollment(s)

4063 View(s)

စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT

Share On :

Course Description

ဤစစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT သင်တန်းသည် ဆရာများကို အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုရှိသော သင်ယူမှုပုံစံဖြင့် ကိုယ်တိုင်ပါဝင်လုပ်ဆောင်စေခြင်းဖြင့် စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT နှင့် ဆက်စပ်သော တတ်ကျွမ်းမှုများရရှိအောင် ပြင်ဆင်ပေးမည် ဖြစ်သည်။ ဆရာတို့၏ လက်တွေ့သင်ကြားရေးတွင် သင့်လျော်သော စစ်ဆေးအကဲဖြတ်ခြင်းနည်းများကို အလိုက်သင့်ပြောင်းလဲအသုံးပြုခြင်းဖြင့် ကျောင်းသားများ၏ သင်ယူမှုအတွေ့အကြုံများနှင့် သင်ယူမှုရလဒ်များကို တိုးမြှင့်ပေးရန် ဤသင်တန်းမှ သင်ယူရရှိခဲ့သည့်အရာများကို ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်။ ဤသင်တန်းကိုမတက်ရောက်မှီ/ ဤသင်တန်းနှင့်အတူ သင်ပြမှုပုံစံရေးဆွဲပြင်ဆင်ရာတွင် ICT ကိုပေါင်းစပ်ထည့်သွင်းခြင်း သင်တန်းကို တက်ရောက်ရန် အကြံပြုလိုပါသည်။

သင်တန်းတွင် အောက်ပါမော်ဂျူးများ ပါဝင်ပါသည်။

မော်ဂျူး (၁.၁) ပညာရေးတွင် ICT ကို မိတ်ဆက်ခြင်း

(၁.၁.၁) မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ်ဆိုင်ရာ အဆင်သင့်ဖြစ်မှု

(၁.၁.၂) ပညာရေးတွင် ICT ကို မိတ်ဆက်ခြင်း 

(၁.၁.၃) ဆရာများအတွက် သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာဆိုင်ရာ တတ်ကျွမ်းမှု အညွှန်းဘောင် (ICT CFT)

မော်ဂျူး (၁.၂) သင်ယူမှုဝန်းကျင်ကို ဖန်တီးရာတွင် ICT ၏ အခန်းကဏ္ဍ 

(၁.၂.၁) ဘာသာရပ်သင်ကြားရေး၌ အသုံးပြုသော နည်းပညာသုံးသင်နည်းဗေဒဆိုင်ရာ အသိပညာ (TPACK) အညွှန်းဘောင်

(၁.၂.၂) သင်ယူမှုတိုးတက်စေရန် ICT ကို အသုံးပြုခြင်း

(၁.၂.၃) TPACK အညွှန်းဘောင် နှင့် SAMR Model တို့ကို ပေါင်းစပ်အသုံးပြုခြင်း

မော်ဂျူး (၁.၃) စစ်ဆေးအကဲဖြတ်ခြင်းတွင် ICT ကိုပေါင်းစပ်အသုံးပြုရန် ပြင်ဆင်ခြင်း

(၁.၃.၁) TPACK အညွှန်းဘောင်နှင့် စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT

(၁.၃.၂) SAMR Model နှင့် စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT

မော်ဂျူး (၁.၄) စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT ကို အသုံးပြုခြင်း

(၁.၄.၁) စစ်ဆေးအကဲဖြတ်ခြင်းတွင် နည်းပညာကို လက်တွေ့အသုံးချမှုများ

(၁.၄.၂) အွန်လိုင်းစစ်ဆေးအကဲဖြတ်ခြင်း၏ အားသာချက်များနှင့် အားနည်းချက်များ

(၁.၄.၃) အွန်လိုင်းမေးခွန်းများကို စီစဉ်ရေးဆွဲခြင်း 

Course Objectives

ဤသင်တန်းသည် သင်ယူသူများကို ပညာရေးနှင့် စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT အသုံးပြုမှုဆိုင်ရာ မူဝါဒများ၊ ချဉ်းကပ်မှုများနှင့် နည်းဗျူဟာများကို သိရှိနားလည်ရန်နှင့် လက်တွေ့ကျင့်သုံးရန် ပြင်ဆင်ပေးမည်ဖြစ်သည်။

Learning Outcomes

ဤသင်တန်းတွင် သင်ယူသူများသည်

  • မြန်မာနိုင်ငံတွင် ICT ၏ တည်ရှိပုံနှင့် မြန်မာ့အီလက်ထရွန်နစ်ဆိုင်ရာ အဆင်သင့်ဖြစ်မှုကို ဖော်ထုတ်တတ်မည်။
  • ဒစ်ဂျစ်တယ်ကွာဟမှု (digital divides) နှစ်မျိုးကို စူးစမ်းလေ့လာတတ်မည်။
  • ICT က ပညာရေးတွင် နည်းပညာသိနားလည်မှု၊ အသိပညာနက်ရှိုင်းမှုနှင့် အသိပညာ ဖန်တီးမှုတို့ကို မည်သို့အားပေးကြောင်း စဉ်းစားတတ်မည်။
  • UNESCO ၏ ဆရာများအတွက် သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာဆိုင်ရာ တတ်ကျွမ်းမှု အညွှန်းဘောင် (ICT CFT) ကို လေ့လာဖော်ထုတ်တတ်မည်။
  • ဘာသာရပ်သင်ကြားရေး၌ အသုံးပြုသော နည်းပညာသုံး သင်နည်းဗေဒဆိုင်ရာ အသိပညာ (TPACK) အညွှန်းဘောင်ကို လေ့လာဖော်ထုတ်တတ်မည်။
  • SAMR Model ကို လေ့လာဖော်ထုတ်တတ်မည်။
  • သင်ယူမှုဝန်းကျင်၌ ICT ကို ပိုမိုကောင်းမွန်စွာအသုံးပြုနိုင်ရန် TPACK အညွှန်းဘောင်နှင့် SAMR Model တို့ကိုပေါင်းစပ်အသုံးချတတ်မည်။
  • တက်ကြွသောသင်ကြားသင်ယူမှုကို ICT ကမည်သို့ပံ့ပိုး‌ပေးနိုင်ကြောင်း ခွဲခြမ်းစိတ်ဖြာ တတ်မည်။
  • စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT ကို အသုံးပြုရန်ပြင်ဆင်ရာတွင် TPACK အညွှန်းဘောင် ကိုအသုံးပြုတတ်မည်။
  • စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT ကို အသုံးပြုရန်ပြင်ဆင်ရာတွင် SAMR Model ကို အသုံးချတတ်မည်။
  • သင်ယူစဉ်နှင့် သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းအတွက် ICT ကို လက်တွေ့ အသုံးပြုခြင်းဆိုင်ရာ နည်းလမ်းအမျိုးမျိုးကို ခွဲခြားစိတ်ဖြာတတ်မည်။
  • အွန်လိုင်းစစ်ဆေးအကဲဖြတ်ခြင်းကို အသုံးပြုရာတွင် အားသာချက်များနှင့် အားနည်းချက်များကို ဆန်းစစ်တတ်မည်။
  • အွန်လိုင်းမေးခွန်းများကို အလိုအလျောက်အမှတ်ပေးခြင်းစနစ်ဖြင့် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းအမျိုးမျိုးကို လေ့လာဖော်ထုတ်တတ်မည်။
  • သင်ယူစဉ်နှင့် သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်းအတွက် ပိုမိုကျယ်ပြန့်သော ICT ဆိုင်ရာ နည်းဗျူဟာများကို စူးစမ်းလေ့လာတတ်မည်။

Please login to take this course

Related Courses

chatGPTicon
;