Online
Google Play StoreApple App StoreAPK DownloadFacebookYouTube

ပညာရေးစိတ်ပညာ

0

(0 Reviews)

Certified

4 hour(s)

392 Enrollment(s)

6732 View(s)

ပညာရေးစိတ်ပညာ

Share On :

Course Description

ဤသင်တန်းသည် ပညာရေးစိတ်ပညာဆိုင်ရာ အကြောင်းအရာများကို လေ့လာခြင်းအတွက် ရည်ညွှန်း ပါသည်။ ဤသင်တန်းတွင် သင်သည် ပညာရေးစိတ်ပညာအကြောင်း သိကောင်းစရာများ၊ ပညာရေး စိတ်ပညာရှင်များ၏ ယူဆချက်အမျိုးမျိုးနှင့် ၎င်းယူဆချက်များကို သင်ကြားသင်ယူမှုတွင် ဆက်စပ် အသုံးချပုံ ဥပမာများ၊ ကျောင်းသားများ၏ စိတ်ကျန်းမာရေးဆိုင်ရာ သဘောသဘာဝများနှင့် ၎င်းတို့၏ စိတ်ကျန်းမာရေးကို သင်ကြား၊ သင်ယူမှုဝန်းကျင်မှတစ်ဆင့် ပံ့ပိုးပေးနိုင်ပုံများ၊ လူတို့၏ ဉာဏ်ရည် အထွေထွေနှင့် သင်ကြားရေးကို ပိုမိုထိရောက်စွာ ဖန်တီးပုံဖော်ပေးနိုင်ရန် သိထားရမည့် ဉာဏ်ရည်ဆိုင်ရာ သီအိုရီများနှင့် Information Processing Model၊ သင်ကြားသင်ယူမှု၌ များစွာ အကူအညီ ပေးနိုင်သော လူသာပဓာန သဘောတရားနှင့် ချဉ်းကပ်နည်းများ နှင့် ကမ္ဘာတစ်ဝန်းအသုံးပြုနိုင်သော သင်ယူမှုပုံစံ (UDL – Universal Design for Learning)စသည့် အကြောင်းအရာများကို စနစ်တကျ လေ့လာဆည်းပူး သင်ယူရမည်ဖြစ်ပါသည်။
ဤသင်တန်းတွင် အောက်ပါ မော်ဂျူးများကို သင်ယူရပါမည် -
မော်ဂျူး ၁။ ပညာရေးစိတ်ပညာအကြောင်း သိကောင်းစရာများ 
၁.၁။ ပညာရေးစိတ်ပညာ၏ အရေးပါမှု
၁.၂။ စိတ်ပညာ၊ သင်ယူမှုနှင့် သင်ကြားမှုတို့ကို ဆက်စပ်ခြင်း
၁.၃။ ပညာရေးစိတ်ပညာ၏ သမိုင်းကြောင်းတစ်လျှောက် တိုးတက်ပြောင်းလဲမှုများနှင့် မျက်မှောက် ခေတ် အတွေးအမြင်များ
မော်ဂျူး ၂။ စကင်နာ၊ ပီယာဂျေးနှင့် စေ့ဆော်မှု
၂.၁။ အပြုအမူပုံသွင်းခြင်း ပဓာနအယူအဆနှင့် သိမှုဖွံ့ဖြိုးမှု ပဓာနအယူအဆ
၂.၂။ ပီယာဂျေး၏ သိမှုဖွံ့ဖြိုးလာပုံ အဆင့် (၄) ဆင့်
၂.၃။ စေ့ဆော်မှု
မော်ဂျူး ၃။ ကျောင်းသားများ၏ စိတ်ကျန်းမာရေး
၃.၁။ ကျောင်းသားများ၏ စိတ်ကျန်းမာရေးနှင့် သင်ကြား၊ သင်ယူမှုအတွက် ရည်ညွှန်းချက်များ
၃.၂။ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို ပံ့ပိုးခြင်း
မော်ဂျူး ၄။ ဉာဏ်ရည်နှင့်ပတ်သက်သော သီအိုရီများ
၄.၁။ ဉာဏ်ရည်အထွေထွေ
၄.၂။ ဦးနှောက်ထဲ၌ အချက်အလက်များကို အဆင့်ဆင့် ချိတ်ဆက်ပြုပြင် စီစဉ်ခြင်းပုံစံ (Information Processing Model)
၄.၃။ ဉာဏ်ရည်နှင့်ပတ်သက်သောသီအိုရီများနှင့် သင်ကြား၊ သင်ယူမှုအတွက်ရည်ညွှန်းချက်များ
မော်ဂျူး ၅။ သင်ယူမှု၌ လူသာပဓာန သဘောတရားနှင့် ချဉ်းကပ်နည်းများ
၅.၁။ လူသာပဓာန သဘောတရား
၅.၂။ မာ့စ်လို၏ လူတို့ လိုအင်အဆင့်ဆင့် သီအိုရီ
၅.၃။ ကားလ်ရော်ဂျာစ်နှင့် ညွှန်ကြားမှုမဲ့ သင်ကြားခြင်း
၅.၄။ ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်သင်ယူမှု
၅.၅။ လူမှုစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု
မော်ဂျူး ၆။ ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်သော သင်ယူမှုပုံစံ (UDL – Universal Design for Learning)
၆.၁။ ကမ္ဘာတစ်ဝန်းအသုံးပြုနိုင်သော သင်ယူမှုပုံစံ(UDL) ၏အခြေခံမူများ
၆.၂။ ထပ်ဆောင်းလိုအပ်ချက်များရှိသော ကျောင်းသားများအပါအဝင် ကျောင်းသားများအားလုံး အတွက် UDL နည်းဗျူဟာများ

အဓိကအသုံးအနှုန်းများ

အပြုအမူတစ်ခု၏ ရှေ့-လယ်-နောက်အစဉ် (Antecedent-Behaviour-Consequence)(ABC) ၊ အပြုအမူဆိုင်ရာရှုထောင့် (Behavioural Perspective) ၊ သိမှုဆိုင်ရာရှုထောင့် (Cognitive perspective) ၊ အသိပညာတည်ဆောက်မှုဆိုင်ရာရှုထောင့် (Constructivist perspective) ၊ သိမှုဖွံ့ဖြိုးလာပုံအဆင့်ဆင့်နှင့် သက်ဆိုင်သောရှုထောင့် (Developmental perspective) ၊ ပညာရေးစိတ်ပညာ (Educational Psychology) ၊ ခိုင်မြဲသော တုံ့ပြန်မှုရစေသည့် အပြုအမူပုံသွင်းခြင်း (Operant Conditioning)၊ အပြုမူပုံသွင်းခြင်း ပဓာနအယူအဆ၊ သိမှုဖွံ့ဖြိုးမှု ပဓာနအယူအဆ၊ စေ့ဆော်မှု၊ စိတ်တွင်းစေ့ဆော်မှု၊ ပြင်ပစေ့ဆော်မှု၊ စီးမျောမွေ့လျော်ခြင်း၊ မသန်စွမ်းမှုဆိုင်ရာ ဆေးပညာ နမူနာပုံစံ (Medical model of disability)၊ စိတ်ကျန်းမာရေး (Mental health)၊ စိတ်ကျန်းမာရေးချို့တဲ့မှု (Mental illness)၊ စိတ်ကျန်းမာရေးပြည့်စုံမှု (Mental wellbeing)၊ စိတ်အခြေအနေ (Mental State)၊ အကာအကွယ်ပြုပေးသော အကြောင်းအရင်းများ (Protective factors)၊ ကြံ့ကြံ့ခံနိုင်မှု (Resilience)၊ စွဲမြဲတည်တံ့သော ဉာဏ်ရည် (Crystallised intelligence)၊  ပြောင်းလွယ်ပြင်လွယ်သော ဉာဏ်ရည် (Fluid intelligence)၊ သတင်းအချက်အလက်စီစဉ်ပြုပြင် မှတ်သားမှုပုံစံ (Information processing model)၊ ဉာဏ်ရည် (Intelligence)၊ ရေရှည်မှတ်ဉာဏ် (Long-term memory)၊ ရေတိုမှတ်ဉာဏ် (Short-term memory)၊ အဆင့်မြင့် တွေးခေါ်မှုဖြစ်စဉ်များ (Metacognitive processes)၊ လူသားပဓာနဝါဒ (Humanism)၊ မသန်စွမ်းမှု ဆိုင်ရာ လူမှုနမူနာပုံစံ (Social model of disability)၊ လူသာပဓာနရှုထောင့် (Humanist perspective)၊ ညွှန်ကြားမှုမဲ့သင်ကြားခြင်း (Non-Directive Teaching)၊ လူမှုစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Psychosocial development)၊ လူမှုဆက်ဆံရေးဆိုင်ရာ တည်ဆောက်မှု (Social Constructivism)၊ လူတိုင်းအကျုံးဝင်ပညာရေး (Inclusive education

Course Objectives

ဤသင်တန်း၏ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းခွင်ဝင်စဆရာများအပြင် လုပ်ငန်းခွင်ဝင်ပြီးဆရာများ အပါအဝင် ဆရာလုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်လိုသူများပါမကျန် ပညာရေး စိတ်ပညာ၏ တန်ဖိုးနှင့် သင်ကြားသင်ယူမှုတွင် အသုံးဝင်ပုံတို့ကို ဖော်ထုတ်လေ့လာကာ လက်တွေ့ စာသင်ခန်းတွင် ကျင့်သုံးနိုင် ရန် ရည်ရွယ်ပါသည်။  ဆရာများအနေဖြင့် ပညာရေးစိတ်ပညာဆိုင်ရာ အတွေးအခေါ်၊ အယူအဆများ ရရှိ တတ်မြောက်သွားကာ ကလေးများအတွက် လုံခြုံနွေးထွေးပြီး သင်ယူမှုအခွင့်အလမ်းကောင်းများ ပံ့ပိုး ပေးနိုင်သော သင်ကြားရေးဝန်းကျင်များ ဖန်တီးပုံဖော်ပေးနိုင်ရန် ရည်ရွယ် ရေးဆွဲထားပါသည်။

Learning Outcomes

ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်ယူသူများသည် -

  • သင်ကြား၊ သင်ယူမှု အခြေအနေအမျိုးမျိူးတို့တွင် ပညာရေးစိတ်ပညာ၏ အရေးပါမှုကို ဆွေးနွေးတတ်မည်။
  • စာသင်ခန်းအတွင်း လက်တွေ့သင်ကြားမှုများအတွက် ပညာရေးစိတ်ပညာ၏ သွယ်ဝိုက် ရည်ညွှန်းမှု (သွယ်ဝိုက်အသုံးပြုနိုင်မှု) များကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ပညာရေးစိတ်ပညာ၏ အဓိပ္ပာယ်ကို ကိုယ်ပိုင်စကားလုံးများဖြင့် အဓိပ္ပာယ်ဖွင့်ဆိုတတ်မည်။
  • ပညာရေးစိတ်ပညာက သင်ယူသင်ကြားမှုနှင့်စပ်လျဉ်းသည့် အသိပညာများကို မည်ကဲ့သို့ ပံ့ပိုးနိုင်ကြောင်း ရှင်းပြတတ်မည်။
  • သင်ကြားမှုသင်ယူမှုများ၌ ထင်ဟပ်နေသောပညာရေးစိတ်ပညာ၏ သဘောသဘာဝကို လေ့လာ၍ ထိုသဘောသဘာဝကို သင်ကြားမှု ထိရောက်အောင်မြင်ရေး၌ မည်သို့အသုံးပြုနိုင် ကြောင်း စူးစမ်းလေ့လာတတ်မည်။
  • ပညာရေးစိတ်ပညာ၏ အဓိကရှုထောင့် (၄) ရပ်ကို သိရှိဖော်ပြတတ်မည်။
  • ပညာရေးစိတ်ပညာ၏ အဓိကရှုထောင့် (၄)ရပ်တွင် ပါဝင်သည့် အရေးပါသော စိတ်ကူးစိတ် သန်း အယူအဆများကို ဖော်ပြတတ်မည်။
  • သမိုင်းကြောင်းအစဉ်အလာအရ ပေါ်ပေါက်ခဲ့သော စိတ်ပညာသီအိုရီများက မျက်မှောက်ခေတ် စိတ်ပညာရှုထောင့်များကို မည်သို့ ပံ့ပိုးပေးထားကြောင်း ရှင်းပြတတ်မည်။
  • စကင်နာ(skinner) နှင့် ပီယာဂျေး (Piaget) တို့၏ ဆောင်ရွက်ချက်တွေ့ရှိချက်များကို အနှစ်ချုပ် ဖော်ပြတတ်မည်။
  • စကင်နာနှင့် ပီယာဂျေးတို့၏ သီအိုရီများကို ၎င်းတို့နှစ်ခုကြားရှိ တူညီချက်များနှင့် ခြားနားချက် များအား ရှာဖွေ၍ နှိုင်းယှဉ်လေ့လာပြီး ထိုသီအိုရီများသည် ယနေ့ခေတ် သင်ယူမှု သင်ကြားမှု များအတွက် ကိုက်ညီဆီလျော်မှုရှိကြောင်း ဆွေးနွေးတတ်မည်။
  • ပီယာဂျေး၏ ကလေးတို့၏ သိမှုဖွံ့ဖြိုးလာပုံ အဆင့်(၄)ဆင့် အကြောင်းကို လေ့လာသုံးသပ်ပြီး ၎င်းအယူအဆက အတန်းတစ်ခုတည်း၌ အသက်အရွယ်မတူသောကလေးများကို ယှဉ်တွဲသင် ကြားရာတွင်လည်းကောင်း အရွယ်ရောက်ပြီးသူများအား သင်ကြားရာတွင်လည်းကောင်း မည်သို့ အထောက်အကူပြုနိုင်ကြောင်း တွေးတောကြံဆတတ်မည်။
  • မူလစေ့ဆော်မှုနှင့် ဒုတိယအဆင့်စေ့ဆော်မှုတို့အကြား၊ စိတ်တွင်းစေ့ဆော်မှုနှင့် ပြင်ပစေ့ဆော် မှုတို့အကြား တူညီချက်ခြားနားချက်များကို နှိုင်းယှဉ်လေ့လာတတ်မည်။
  • မိမိလက်တွေ့ ဘဝနှင့် မိမိအလေ့အထများထဲမှ ဥပမာအချို့ကိုပေး၍ စေ့ဆော်မှုသံသရာလည် ပုံကို ရှင်းပြတတ်မည်။
  • အမြင့်မားဆုံးသော၊ အဆုံးစွန်စေ့ဆော်မှုပေါ်ပေါက်နေသည့် စိတ်အခြေအနေ (သို့မဟုတ်) စီးမျောမွေ့လျော်ခြင်း (Flow) သဘောတရားကို သိရှိနားလည်ပြီး ထိုစိတ်အခြေအနေမျိုး ဖြစ်ပေါ်စေမည့် ပတ်ဝန်းကျင်အခြေအနေများနှင့် ၎င်းတွင်ပေါင်းစပ်ဖွဲ့စည်းပါဝင်နေသည့် အစိတ်အပိုင်းများကို သတ်မှတ်ဖော်ပြတတ်မည်။
  • စေ့ဆော်မှုက သင်ယူမှုအပေါ် မည်သို့သက်ရောက်လွှမ်းမိုးမှုရှိနိုင်ပုံကို ရှင်းလင်းဖော်ပြတတ် မည်။
  • စိတ်ကျန်းမာရေးကို အဓိပ္ပာယ်ဖွင့်ဆိုတတ်ပြီး နေကောင်းကျန်းမာခြင်း အခြေအနေအမျိုးမျိုး၏ ဥပမာများပေးတတ်မည်။
  • သင်ယူမှုနှင့် သင်ကြားမှုတို့အတွက် ကလေးသူငယ်များ၏ စိတ်ကျန်းမာရေးဆိုင်ရာ ယေဘုယျသွယ်ဝိုက် အသုံးပြုနိုင်မှုများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်ခြေ အကြောင်းရင်းများနှင့် အကာအကွယ် ပြုပေးသော အကြောင်းရင်းများကို သတ်မှတ်ဖော်ထုတ်တတ်မည်။
  • ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို အထောက်အပံ့ပြုနိုင်ရေး နည်းဗျူဟာများကို လက်တွေ့ အသုံးချတတ်မည်။
  • ဉာဏ်ရည်ပြကိန်း စစ်ဆေးလွှာများသည် မည်သည့်အရာကို တိုင်းတာစစ်ဆေးခြင်းဖြစ်ကြောင်း ရှင်းပြတတ်မည်။
  • ဉာဏ်ရည်နှင့်ပတ်သက်၍ သမားရိုးကျအယူအဆသည် အဘယ်ကြောင့် ကန့်သတ်မှုများ ရှိကြောင်း ရှင်းပြတတ်မည်။
  • ပညာရှင်ဂါးဒ်နာ (Gardner) ၏ ဉာဏ်ရည်အထွေထွေအယူအဆအကြောင်း သိရှိနားလည်ပြီး ထိုအကြောင်းအရာကို အနှစ်ချုပ်ဖော်ပြတတ်မည်။
  • သင်ယူမှုလုပ်ငန်း၌ ဤအယူအဆအသစ်ဖြစ်သည့် ဉာဏ်ရည်အမျိုးမျိုး အကြောင်းနားလည်မှု ကို မည်သို့အသုံးချသင့်ကြောင်း ရှင်းပြတတ်မည်။
  • ဉာဏ်ရည်အထွေထွေသီအိုရီကို ဆန်းစစ်ဝေဖန်သုံးသပ်မှုတစ်ခုအား ရှင်းပြတတ်ပြီး အကဲဖြတ် သုံးသပ်တတ်မည်။
  • လက်တွေ့ကျင့်သုံးနေသော ဉာဏ်ရည်အထွေထွေတို့အတွက် သင်ကြားမှုနည်းလမ်း တစ်ရပ်ကို သရုပ်ဖော်ပြတတ်ပြီး ဆန်းစစ်ဝေဖန်တတ်မည်။
  • အရေးပါသော ဉာဏ်ရည်ဆိုင်ရာ သီအိုရီများ၏ အဓိကအယူအဆများကို ပြန်လည်သုံးသပ် တတ်မည်။
  • ဦးနှောက်ထဲ၌ အချက်အလက်များကို အဆင့်ဆင့်ချိတ်ဆက် ပြုပြင်စီစဉ်ခြင်းပုံစံ (Information Processing Model) ကို သင်ကြားမှုဖြစ်စဉ်တွင် အသုံးချတတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ မှတ်ဉာဏ်ကို အထောက်အပံ့ပြုနိုင်မည့် နည်းဗျူဟာများကို အကဲဖြတ်သုံးသပ်တတ်မည်။
  • မာ့စ်လို (Maslow) ၏ လူတို့လိုအင်အဆင့်ဆင့် သီအိုရီကို အနှစ်ချုပ်ဖော်ပြတတ်မည်။
  • သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးဖော်ဆောင်ရာ၌ လူတို့လိုအင်အဆင့်ဆင့်ပြ သရုပ်ဖော် ပိရမစ်ပုံစံပါ သဘောတရားများကို အသုံးချတတ်မည်။
  • ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌ စိတ်လှုပ်ရှားခံစားမှု ကောင်းမွန်ခြင်းသည် သင်ယူမှုအတွက် သာမက လူ့အဖွဲ့အစည်းအတွက်ပါ အရေးပါကြောင်း ရှင်းပြတတ်မည်။
  • လူသာပဓာနထားသည့် သင်ယူမှုဆိုင်ရာ ချဉ်းကပ်နည်းများကို အဓိပ္ပာယ်သတ်မှတ် ပြတတ်မည်။
  • လူသာပဓာနချဉ်းကပ်နည်းများက မူလတန်း သင်ရိုးညွှန်းတမ်းတွင် ပါဝင်သော မြန်မာနိုင်ငံ၏ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် မည်သို့ချိတ်ဆက်နေသည်ကို ရှင်းပြတတ်မည်။
  • လက်ရှိ လိုအင်အဆင့် (၈) ဆင့်ကို စာရင်းပြုစုပြီး ရှင်းလင်းပြတတ်မည်။
  • အလယ်တန်းကျောင်းသားများ၏ အခြေခံလိုအပ်ချက်များကို ပြည့်စုံစေပြီး သူတို့၏ သင်ယူမှု ရည်မှန်းချက်များကို ရရှိနိုင်စေရန် ကူညီထောက်ပံ့မှုပြုနိုင်သည့် နည်းဗျူဟာများကို ဖော်ပြတတ်မည်။
  • ဆရာ့ညွှန်ကြားမှုမဲ့ သင်ကြားခြင်း (Non-Directive Teaching) အကြောင်းကို အဓိပ္ပာယ် သတ်မှတ်ပြတတ်မည်။
  • ကားလ်ရော်ဂျာစ်၏ သင်ယူမှု သဘောတရား (၁၀) ချက်ကို ဖော်ပြတတ်မည်။
  • (ကျောင်းသားများ၏) သင်ယူမှုကို ထိရောက်စွာ ကူညီလမ်းညွှန်ပေးနိုင်သည့် ကူညီလမ်းညွှန်သူ (ဆရာ) တစ်ဦး၏ အရည်အသွေးများအကြောင်းကို ဆွေးနွေးတင်ပြတတ်မည်။
  • ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူမှု (Co-operative learning) နှင့်ပူးပေါင်းဆောင်ရွက်သင်ယူမှု (Collaborative learning) ကို ခွဲခြားသိရှိလာမည်။
  • အလယ်တန်းကျောင်းသားများအတွက် ပူးပေါင်းပါဝင် လုပ်ဆောင်သင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက် သင်ယူမှု လုပ်ငန်းများကို ဖန်တီးတည်ဆောက်တတ်မည်။
  • မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများတွင် လက်တွေ့အသုံးချနိုင်သော လူမှုစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအဆင့်များကို ဖော်ပြတတ်မည်။
  • ကမ္ဘာတစ်ဝန်းလုံး အသုံးပြုနိုင်သော သင်ယူမှုပုံစံ (UDL) ၏ သဘောတရားများကို သတ်မှတ်ဖော်ထုတ်တတ်ပြီး ရှင်းပြတတ်မည်။
  • UDL နှင့် လိုအပ်ချက်အလိုက် ပြောင်းလဲလုပ်ဆောင်ခြင်း (differentiation) ကို ဆက်စပ် ပေးတတ်မည်။
  • သင်ကြားသင်ယူမှုဆိုင်ရာ စိတ်မှန်းဖြစ်ရပ်များ (ထပ်ဆောင်းလိုအပ်ချက်များရှိသော ကျောင်းသားများ၏ သင်ယူမှုအပါအဝင်) ကို UDL သဘောတရားများနှင့်အညီ အကဲဖြတ် သုံးသပ်တတ်မည်။
  • အမျိုးအစား ကွဲပြားစုံလင်သော ကျောင်းသားအုပ်စုအတွက် စစ်ဆေးအကဲဖြတ်မှုကို ဒီဇိုင်းရေးဆွဲရာတွင် UDL သဘောတရားများကို အသုံးပြုတတ်မည်။

Please login to take this course

သင်တန်းမိတ်ဆက်

မော်ဂျူး ၁။ ပညာရေးစိတ်ပညာအကြောင်း သိကောင်းစရာများ

ဉာဏ်ဖွင့်မေးခွန်း

အောက်ပါတို့ကို မှား/မှန်ရွေးကာ ဖြေဆိုပါ။

ပညာရေးစိတ်ပညာ၏ အဓိကကျသော နယ်ပယ်များ

(၁) အပြုအမူဆိုင်ရာ ရှုထောင့်

(၂) သိမှုဖွံ့ဖြိုးလာပုံအဆင့်ဆင့်နှင့် သက်ဆိုင်သော ရှုထောင့် (Process)

(၃) သိမှုဆိုင်ရာရှုထောင့်

အောက်ပါတို့ကို အမှန်ရွေးကာ ဖြေဆိုပါ။

စာသင်ခန်းတွင် လက်တွေ့သင်ကြားမှုအတွက် ပညာရေးစိတ်ပညာကို အသုံးချမှု

မော်ဂျူး (၁.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၁.၂။ စိတ်ပညာ၊ သင်ယူမှုနှင့် သင်ကြားမှုတို့ကို ဆက်စပ်ခြင်း

မော်ဂျူး (၁.၂) အတွက် သင်ယူမှုလုပ်ငန်း

၁.၃။ ပညာရေးစိတ်ပညာ၏ သမိုင်းကြောင်းတစ်လျှောက် တိုးတက်ပြောင်းလဲမှုများနှင့် မျက်မှောက်ခေတ် အတွေးအမြင်များ

ပညာရေးစိတ်ပညာ - ယခင်နှင့်ယခု

အောက်ပါတို့ကို မှန်/မှား ရွေးချယ် ဖြေဆိုပါ။

မော်ဂျူး (၁) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး ၂။ စကင်နာ၊ ပီယာဂျေးနှင့် စေ့ဆော်မှု

ဉာဏ်ဖွင့်မေးခွန်းများ

၂.၁။ အပြုမူပုံသွင်းခြင်း ပဓာနအယူအဆနှင့် သိမှုဖွံ့ဖြိုးမှု ပဓာနအယူအဆ

မော်ဂျူး (၂.၁) အတွက် ဉာဏ်စမ်းမေးခွန်း

ဂျန်း ပီယာဂျေး (Jean Piaget) ၏ သိမှုဖွံ့ဖြိုးမှု ပဓာနအယူအဆ

၂.၂။ ပီယာဂျေး (Piaget) ၏ သိမှုဖွံ့ဖြိုးလာပုံ အဆင့် (၄) ဆင့်

အောက်ပါတို့ကို မှား/မှန်ရွေးကာ ဖြေဆိုပါ။

၂.၃။ စေ့ဆော်မှု

စိတ်တွင်းစေ့ဆော်မှုနှင့် ပြင်ပစေ့ဆော်မှု

မော်ဂျူး (၂.၃) အတွက် သင်ယူမှုလုပ်ငန်း (၁)

မီဟာလီဆစ်ခ်ဇဲန်တ် မီဟာရီ (Mihaly Ciskszentimihalyi) နှင့် စီးမျောမွေ့လျော်ခြင်း (အဆုံးစွန် စေ့ဆော်မှု)

မော်ဂျူး (၂.၃) အတွက် သင်ယူမှုလုပ်ငန်း (၂)

မော်ဂျူး (၂.၃) အတွက် ဉာဏ်စမ်းမေးခွန်း

မော်ဂျူး (၂) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး ၃။ ကျောင်းသားများ၏ စိတ်ကျန်းမာရေး

ဉာဏ်ဖွင့်မေးခွန်း

၃.၁။ ကျောင်းသားများ၏ စိတ်ကျန်းမာရေးနှင့် သင်ကြား၊ သင်ယူမှုအတွက် ရည်ညွှန်းချက်များ

မော်ဂျူး (၃.၁) အတွက် သင်ယူမှုလုပ်ငန်း

သင်ကြား၊ သင်ယူမှုအတွက် စိတ်ကျန်းမာရေးဆိုင်ရာ ရည်ညွှန်းချက်များ

၃.၂။ ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို ပံ့ပိုးခြင်း

မော်ဂျူး (၃.၂) အတွက် ဉာဏ်စမ်းမေးခွန်း

အောက်ပါတို့ကို မှား/မှန်ရွေးကာ ဖြေဆိုပါ။

မော်ဂျူး (၃) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး ၄။ ဉာဏ်ရည်နှင့်ပတ်သက်သော သီအိုရီများ

ဉာဏ်ဖွင့်မေးခွန်း

၄.၁။ ဉာဏ်ရည်အထွေထွေ

မော်ဂျူး (၄.၁) အတွက် သင်ယူမှုလုပ်ငန်း

ဟောင်းဝါဒ်ဂါးဒ်နာ (Howard Gardner) ၏ ဉာဏ်ရည်အထွေထွေ

မော်ဂျူး (၄.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၄.၂။ ဦးနှောက်ထဲ၌ အချက်အလက်များကို အဆင့်ဆင့် ချိတ်ဆက်ပြုပြင် စီစဉ်ခြင်းပုံစံ (Information Processing Model)

မော်ဂျူး (၄.၂) အတွက် သင်ယူမှုလုပ်ငန်း

၄.၃။ ဉာဏ်ရည်နှင့်ပတ်သက်သောသီအိုရီများနှင့် သင်ကြား၊ သင်ယူမှုအတွက်ရည်ညွှန်းချက်များ

အောက်ပါတို့ကို မှား/မှန်ရွေးကာ ဖြေဆိုပါ။

မော်ဂျူး (၄) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး ၅။ သင်ယူမှု၌ လူသာပဓာန သဘောတရားနှင့် ချဉ်းကပ်နည်းများ

ဉာဏ်ဖွင့်မေးခွန်း

၅.၁။ လူသာပဓာန သဘောတရား

မော်ဂျူး (၅.၁) အတွက် သင်ယူမှုလုပ်ငန်း

လူသာပဓာန စိတ်ပညာနှင့် မြန်မာနိုင်ငံ၏ဗလငါးတန် ဖွံ့ဖြိုးမှု သင်ရိုးညွှန်းတမ်း

မော်ဂျူး (၅.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၅.၂။ မာ့စ်လို (Maslow) ၏ လူတို့ လိုအင်အဆင့်ဆင့် သီအိုရီ

မာ့စ်လို (Maslow) ၏ လူတို့ လိုအင်အဆင့်ဆင့် သီအိုရီ

မော်ဂျူး (၅.၂) အတွက် ဉာဏ်စမ်းမေးခွန်း

၅.၃။ ကားလ်ရော်ဂျာစ် (Carl Rogers) နှင့် ညွှန်ကြားမှုမဲ့ သင်ကြားခြင်း

ကားလ်ရော်ဂျာစ် (Carl Rogers) နှင့် ညွှန်ကြားမှုမဲ့ သင်ကြားခြင်း

မော်ဂျူး (၅.၃) အတွက် သင်ယူမှုလုပ်ငန်း

၅.၄။ ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်သင်ယူမှု

ပူးပေါင်းပါဝင်လုပ်ဆောင်သင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်သင်ယူမှု

မော်ဂျူး (၅.၄) အတွက် သင်ယူမှုလုပ်ငန်း

၅.၅။ လူမှုစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု

အဲရစ်ဆင် (Erikson) ၏ လူမှုစိတ်ပိုင်းဆိုင်ရာ သီအိုရီ

အောက်ပါတို့ကို အမှန်ရွေးကာ ဖြေဆိုပါ။

မော်ဂျူး (၅) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း

မော်ဂျူး ၆။ ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်သော သင်ယူမှုပုံစံ (UDL – Universal Design for Learning)

ဉာဏ်ဖွင့်မေးခွန်း

၆.၁။ ကမ္ဘာတစ်ဝန်းအသုံးပြုနိုင်သော သင်ယူမှုပုံစံ(UDL) ၏အခြေခံမူများ

ကမ္ဘာတစ်ဝန်း အသုံးပြုနိုင်သော သင်ယူမှုပုံစံ (UDL) ၏ အဓိကသဘောတရားများ

မော်ဂျူး (၆.၁) အတွက် ဉာဏ်စမ်းမေးခွန်း

၆.၂။ ထပ်ဆောင်းလိုအပ်ချက်များရှိသော ကျောင်းသားများအပါအဝင် ကျောင်းသားများအားလုံး အတွက် UDL နည်းဗျူဟာများ

လူတိုင်းအကျုံးဝင် ပညာရေး

မော်ဂျူး (၆.၂) အတွက် သင်ယူမှုလုပ်ငန်း

အောက်ပါတို့ကို မှား/မှန် ရွေးကာ ဖြေဆိုပါ။

မော်ဂျူး (၆) အနှစ်ချုပ်

မော်ဂျူးအဆုံး ပြန်လည်သုံးသပ်ခြင်း

သင်တန်းအနှစ်ချုပ်

သင်တန်းအဆုံးပြန်လည်သုံးသပ်ချက်မေးခွန်းများ

ကိုးကားချက်များ

Related Courses

chatGPTicon
;Use the site language menu