ဤမော်ဂျူးတွင် ဒစ်ဂျစ်တယ်သင်ကြားရေးပစ္စည်းများ ဖန်တီးပြုလုပ်ရာတွင် လိုအပ်သည့် ကျွမ်းကျင်မှုများကို ကျောင်းသားများအား အွန်လိုင်းမှတစ်ဆင့် မျှဝေသင်ကြားရန် အဓိကထား သင်ကြားသွားမည်ဖြစ်သည်။ ဆရာများအနေဖြင့် အွန်လိုင်း/အဝေးရောက်စနစ်ဖြင့် သင်ကြားသင်ယူမှုကို ထိရောက်စွာ ပြုလုပ်နိုင်ရန်အတွက် ဘာသာရပ်ပေါင်းစုံမှ သင်ခန်းစာများကို ဗီဒီယိုရိုက်ကူးနိုင်ပြီး သင်ခန်းစာပို့ချချက်ဗီဒီယိုများကိုလည်း ဖန်တီးနိုင်သော ကျွမ်းကျင်မှုများ ရရှိစေမည့် ပြင်ဆင်မှုများပြုလုပ်ရန် အသေးစိတ် လမ်းညွှန်ချက်အဆင့်ဆင့် ပါဝင်သည်။ အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း(၁)တွင် ဆရာများသည် အတန်းတွင်း ဆွေးနွေးမှု/လှုပ်ရှားမှုများကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်နိုင်ရန်အတွက် Viber အက်ပလီကေးရှင်း အသုံးပြုပုံကို သင်ယူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် Viber Group Chat များအတွင်း တည်းဖြတ်ထားသော ဓာတ်ပုံများအပါအဝင် သင်ခန်းစာပို့ချချက်ဗီဒီယိုများကို ကျောင်းသားများသို့ မျှဝေသည့်အကြောင်းများပါဝင်သော ဤမော်ဂျူးရှိ သင်ယူမှုလုပ်ငန်းများကို ပြီးမြောက်အောင် သင်ယူခြင်းဖြင့် ဆရာများသည် အွန်လိုင်းသင်ကြားသင်ယူမှု အပိုင်း(၁)မှ သင်ယူထားသော ကျွမ်းကျင်မှုများကို အသုံးချရန် အခွင့်အရေးတစ်ခု ရရှိကြပါလိမ့်မည်။ ကိုယ်ပိုင်သင်ခန်းစာပို့ချချက် ဗီဒီယိုများ ဖန်တီးခြင်းဖြင့် ဆရာများသည် ၎င်းတို့သင်ခန်းစာ၏ အကြောင်းအရာများကို တင်ပြနိုင်မည်ဖြစ်ပြီး အချက်အလက်များ ပိုမိုမှတ်မိစေရန်အတွက်လည်း ကျောင်းသားများကို အထောက်အကူပြုနိုင်လိမ့်မည် ဖြစ်သည်။
In order to get the certification, you need to finish all the course work, quizzes and final assessment.
There will be evaluation session before certification!
Theories of Conflict is based on lectures given when the author was professor of sociolo...
Learn Morehttps://archive.org/details/AnAZOfELTPdf/mode/2up Learning the terminology of langu...
Learn Moreသတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ (ICT) ဘာသာရပ်သည် လုပ်ငန်းခွင်အကြို ပညာရေးဒီဂရီကေ...
Learn More