သင်ယူမှုရလဒ်များတိုးတက်အောင်မြင်စေရန် တုံ့ပြန်အကြံပြုချက်ကို အသုံးပြုခြင်း
5
(2 Reviews)
Certified
5 hour(s)
80 Enrollment(s)
945 View(s)

Share On :
Course Description
ဤသင်တန်းသည် ကျောင်းသားများ၏ သင်ယူမှုနှင့် စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ဆရာများအနေဖြင့် တုံ့ပြန်အကြံပြုချက်များကို အစွမ်းထက်သော နည်းကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်ရန် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားရရှိစေရန် ရည်ရွယ်ပါသည်။ သင်တန်းတွင် အောက်ပါမော်ဂျူးများပါဝင်ပါသည်။ ဤသင်တန်းသည် ကျောင်းသားများ၏ သင်ယူမှုရလဒ်များကို ကောင်းမွန်စွာ ပြည့်မီ ရရှိစေရန် တုံ့ပြန်အကြံပြုချက် ပေးခြင်းနှင့် ရယူခြင်းဆိုင်ရာ ကဏ္ဍများကိုပါ ဖြေရှင်းဆောင်ရွက်ပေးလျက် ပညာရေးလုပ်ငန်းများတွင် တုံ့ပြန်အကြံပြုချက်ပေးခြင်း၏ အရေးပါမှုများကိုပါ အလေးပေး ဖော်ပြသည်။
မော်ဂျူး (၁) တုံ့ပြန်အကြုပြုချက်ကို နားလည်သဘောပေါက်ခြင်း
(၁.၁) တုံ့ပြန်အကြံပြုချက်၏ အခြေခံအချက်များ
(၁.၂) တုံ့ပြန်အကြံပြုချက် အမျိုးအစားများ
မော်ဂျူး (၂) တုံ့ပြန်အကြံပြုချက်ပေးခြင်း
(၂.၁) တုံ့ပြန်အကြံပြုချက်ပေးရာတွင် အသုံးပြုသည့်နည်းကိရိယာများ
(၂.၂) အခက်အခဲစိန်ခေါ်မှုများနှင့် ဖြေရှင်းနည်းများ
မော်ဂျူး (၃) တုံ့ပြန်အကြံပြုချက်ကို လက်ခံရယူခြင်းနှင့် အသုံးပြုခြင်း၏ အရေးပါပုံ
(၃.၁) တုံ့ပြန်အကြံပြုချက်ကို လက်ခံရယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့်လက်တွေ့ကျင့်သုံးမှုများ
အဓိက အသုံးအနှုန်းများ
ထိရောက်သော တုံ့ပြန်အကြံပြုချက်၊ သင်ယူစဉ် တုံ့ပြန်အကြံပြုချက် ပေးခြင်း၊ သင်ယူပြီး တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ အတန်းဖော် အချင်းချင်း တုံ့ပြန်အကြံပြုချက်ပေးခြင်း စစ်ဆေးရန်အချက်များပါသောစာရင်း၊ အကဲဖြတ်ရန်သတ်မှတ်ချက်ဇယား၊ အချိန် ကန့်သတ်ချက်၊ ကျောင်းသား၏ လက်ခံနိုင်မှု၊ တုံ့ပြန် အကြံပြုချက်ပေးရာတွင် တစ်သမတ်တည်း ဖြစ်မှု ၊ တိုးတက်လိုစိတ်ရှိမှု ၊ ပြန်လည်သုံးသပ်မှုနှင့် လိုက်လျောညီထွေ ပြင်ဆင်နိုင်မှု။
Course Objectives
ဤသင်တန်းသည် အပြုသဘောဆောင်ပြီး ပံ့ပိုးကူညီမှုရှိသော သင်ယူမှုဝန်းကျင်တစ်ခုကို ဖန်တီးရန် ဆရာများအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို ပြင်ဆင်ပေးပါသည်။ ထိုသို့ပြင်ဆင်ပေးရာတွင် ဆရာများသည် တုံ့ပြန်အကြံပြုချက်၏ အခြေခံအချက်များ၊ တုံ့ပြန်အကြံပြုချက် အမျိုးအစားများ၊ တုံ့ပြန်အကြံပြုချက်ပေးရာတွင် အသုံးပြုသည့် နည်းကိရိယာများ နှင့် တုံ့ပြန်အကြံပြုချက်ကို လက်ခံရယူခြင်းနှင့် အသုံးပြုခြင်းကို ထိရောက်စေမည့် နည်းဗျူဟာများ စသည်တို့ကို ဘက်ပေါင်းစုံမှ စူးစမ်းလေ့လာရမည် ဖြစ်သည်။
Learning Outcomes
ဤသင်တန်းကို သင်ယူပြီးချိန်တွင် သင်သည် -
- သင်ယူမှုလုပ်ငန်းစဉ်အတွင်း ထိရောက်သော တုံ့ပြန်အကြံပြုချက်ပေးရာတွင် ပါဝင်သော အဓိကအချက်များ ကိုအသုံးပြုတတ်မည်။
- ကျောင်းသားများ၏ သင်ယူမှုနှင့် စွမ်းဆောင်မှုကို မြှင့်တင်ပေးရန်အတွက် တုံ့ပြန်အကြံပြုချက်ပေးခြင်း၏ အခန်းကဏ္ဍကို နားလည် အသိအမှတ်ပြုတတ်မည်။
- သင်ယူစဥ်တုံ့ပြန်အကြံပြုချက်ပေးခြင်း၊ သင်ယူပြီးတုံ့ပြန်အကြံပြုချက်ပေးခြင်း၊ အချင်းချင်း တုံ့ပြန်အကြံပြုချက်ပေးခြင်း စသည့် တုံ့ပြန်အကြံ ပြုချက်ပေးခြင်းပုံစံအမျိုးမျိုးကို ခွဲခြားသိရှိနိုင်မည်။
- ကျောင်းသားများ၏ သင်ယူမှုကို ထိရောက်စွာပံ့ပိုးပေးနိုင်ရန် တုံ့ပြန်အကြံပြုချက် ပုံစံအမျိုးမျိုးကို သင့်လျော်သလို အသုံးချနိုင်သည့် အရည်အသွေးများ ဖွံ့ဖြိုးလာမည်။
- တုံ့ပြန်အကြံပြုချက်ပေးရာတွင် အသုံးပြုနိုင်သည့် နည်းကိရိယာအမျိုးမျိုးနှင့် ၎င်းတို့အား ထိရောက်စွာအသုံးပြုပုံတို့ကို ဘက်စုံလွှမ်းခြုံ၍ နားလည်တတ်မည်။
- တုံ့ပြန်အကြံပြုချက်ပေးရာတွင် ပေါ်ပေါက်လာနိုင်သော စိန်ခေါ်မှုများကို သိရှိဖြေရှင်းတတ်မည်။
- ကျောင်းသားများအား ပေးသော တုံ့ပြန်အကြံပြုချက်များ၏ အရည်အသွေးနှင့် သက်ရောက်မှုကို တိုးမြှင့်ရန်အတွက် လိုအပ်သော လက်တွေ့ကျသည့် အဖြေများနှင့် နည်းလမ်းများကို ရရှိသွားမည်။
- တုံ့ပြန်အကြံပြုချက်ကို ထိရောက်စွာ လက်ခံရယူ၍ နားလည်နိုင်စေရန်အတွက် ကျွမ်းကျင်မှုများ ရရှိတိုးတက်လာမည်။
- သင်ယူမှုတွင် ပို၍ နားလည်စေရန်အတွက် စိတ်ခံစားမှုအလိုက် တုံ့ပြန်ခြင်းများနှင့် နားလည်ရန် ကြိုးပမ်းခြင်းများကို မည်သို့စီမံရမည်ကို လေ့လာတတ်မည်။
- တုံ့ပြန်အကြံပြုချက်ပေးခြင်းကို အခြေခံ၍ စဥ်ဆက်မပြတ် တိုးတက်မှုကို ဖန်တီးစီစဉ်တတ်မည်။
- စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်မှုများနှင့် လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်မှုများမှတဆင့် တိုးတက်လိုစိတ်ကို ပျိုးထောင်ပေးတတ်မည်။
Please login to take this course
Lectures
သင်တန်းမိတ်ဆက်
မော်ဂျူး ၁။တုံ့ပြန်အကြံပြုချက်ကို နားလည်သဘောပေါက်ခြင်း
မော်ဂျူး (၁) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၁.၁။ တုံ့ပြန်အကြံပြုချက်၏ အခြေခံအချက်များ
မော်ဂျူး (၁.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
တုံ့ပြန်အကြံပြုချက်၏ အခြေခံအချက်များ
မော်ဂျူး (၁.၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၁.၁) အတွက် လေ့ကျင့်ရန် လုပ်ငန်း
၁.၂။ တုံ့ပြန်အကြံပြုချက် အမျိုးအစားများ
မော်ဂျူး (၁.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၁)
သင်ယူစဉ် တုံ့ပြန်အကြံပြုချက်ပေးခြင်းနှင့် သင်ယူပြီး တုံ့ပြန်အကြံပြုချက်ပေးခြင်း
မော်ဂျူး (၁.၂) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၁)
အတန်းဖော် အချင်းချင်း တုံ့ပြန်အကြံပြုချက်ပေးခြင်း
မော်ဂျူး (၁.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)
မော်ဂျူး (၁.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၂)
မော်ဂျူး (၁) အနှစ်ချုပ်
မော်ဂျူး ၂။ တုံ့ပြန်အကြံပြုချက်ပေးခြင်း
မော်ဂျူး (၂) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၂.၁။ တုံ့ပြန်အကြံပြုချက်ပေးရာတွင် အသုံးပြုသည့် နည်းကိရိယာများ
မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၁)
တုံ့ပြန်အကြံပြုချက်ပေးရာတွင် အသုံးပြုသည့် နည်းကိရိယာများ
မော်ဂျူး (၂..၁) အတွက် ဗီဒီယိုသင်ခန်းစာ
မော်ဂျူး (၂.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း (၂)
မော်ဂျူး (၂.၁)အတွက် လေ့ကျင့်ရန် လုပ်ငန်း
၂.၂။ အခက်အခဲ စိန်ခေါ်မှုများနှင့် ဖြေရှင်းနည်းများ
မော်ဂျူး (၂.၂) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် အကြံပြုထားသည့် ဖြေရှင်းရန်နည်းလမ်းများ
မော်ဂျူး (၂.၂) အတွက် လေ့ကျင့်ရန် လုပ်ငန်း
မော်ဂျူး (၂.၂) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၂) အနှစ်ချုပ်
မော်ဂျူး (၃) တုံ့ပြန် အကြံပြုချက်ကို လက်ခံရယူခြင်းနှင့် အသုံးပြုခြင်း၏ အရေးပါပုံ
မော်ဂျူး (၃) မျှော်မှန်းထားသော သင်ယူမှုရလဒ်များနှင့် ရရှိသွားမည့် တတ်ကျွမ်းမှုများ
၃.၁။ တုံ့ပြန်အကြံပြုချက်ကို လက်ခံရယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် လက်တွေ့ကျင့်သုံးမှုများ
မော်ဂျူး (၃.၁) အတွက် ခေတ္တရပ်၍ ပြန်လည်သုံးသပ်ရန် လုပ်ငန်း
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၁)
မော်ဂျူး (၃.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၃.၁) အတွက် လေ့ကျင့်ရန် လုပ်ငန်း (၂)
မော်ဂျူး (၃) အနှစ်ချုပ်
Summary
သင်တန်းအဆုံး ပြန်လည်သုံးသပ်ချက်
သင်တန်းအနှစ်ချုပ်
ဆက်လက်ဖတ်မှတ်စရာများ / ထပ်ဆောင်းရင်းမြစ်များ
Related Courses