Online
Google Play StoreApple App StoreAPK DownloadFacebookYouTubeLoginRegister

မော်ဂျူး (၅) - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်

0

(0 Reviews)

Certified

5 hour(s)

41 Enrollment(s)

1252 View(s)

Share On :

Course Description

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ ၂၁ ရာစု ပညာရေး
  • မော်ဂျူး ၂။ သင်နည်းဗေဒ သဘောတရားနှင့် လက်တွေ့ ကျင့်သုံးမှုကို ခိုင်မာစွာ နားလည်စေခြင်း
  • မော်ဂျူး ၃။ ပညာရေး စိတ်ပညာ 
  • မော်ဂျူး ၄။ ထိရောက်သော သင်ယူမှုအတွက် နည်းဗျူဟာများ
  • မော်ဂျူး ၅။ အဓိပ္ပာယ်ရှိသော သင်ယူမှု အတွေ့အကြုံများ ဖန်တီးခြင်း

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၅)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၅) တွင် လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၅)

  • မော်ဂျူး (၅.၁) အထောက်အထားများမှ အချက်အလက်ရယူ၍ သင်ပြမှုပုံစံ ရေးဆွဲခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်း
    • သင်ပြနည်းပုံစံများနှင့် ချိတ်ဆက်မှုများ
    • ထိရောက်သော သင်ကြားသင်ယူမှု ဖြစ်စေရန်အတွက် အစီအစဉ်  ရေးဆွဲခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းနှင့် အကဲဖြတ်သုံးသပ်ခြင်း

    • မော်ဂျူး (၅.၂) ဘက်စုံ ကိုက်ညီမှု ရှိခြင်းနှင့် လိုအပ်ချက်အလိုက် ပြုပြင်ပြောင်းလဲ လုပ်ဆောင်ခြင်း
      • သင်ယူမှု အတွေ့အကြုံများကို ပုံဖော် တည်ဆောက်ရန် ဆီလျော်သည့် သင်ရိုးညွှန်းတမ်းများ အသုံးပြုခြင်း
      • စစ်ဆေးအကဲဖြတ်ခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်း 

    Course Objectives

    ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။

    Learning Outcomes

    ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-

    • ပညာရေးနှင့် လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်နွှယ်မှု၊ ပညာရေးကို အဓိက ပံ့ပိုးပေးသည့်အရာများနှင့် မတူကွဲပြားသော သင်ယူသူများနှင့် ရပ်ရွာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်များနှင့် လိုအင်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတစ်ခု ပြုစုရေးဆွဲရာတွင် အဓိကကျသည့် ဘက်စုံကိုက်ညီမှုရှိခြင်းတို့အကြောင်း သိရှိနားလည်လာမည်။
    • ဆရာအတတ်ပညာအစီအစဉ်၊ တတိယနှစ်၊ ဘာသာရပ်အထူးပြုလမ်းကြောင်း နှစ်ရပ်စလုံး၏ သင်ယူမှုပန်းတိုင်များ ပြည့်မီစေရန်အတွက် နည်းပညာ၊ သင်နည်းဗေဒနှင့် ဘာသာရပ် အကြောင်းအရာ ပေါင်းစပ်အသိပညာ (TPACK) အညွှန်းဘောင်၊ ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေး (EPSD) နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) စသော သင်နည်းဗေဒအညွှန်းဘောင်များကို အသုံးပြုသင်ကြားတတ်မည်။
    • တတိယနှစ်၊ ပထမစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
    • စာသင်ခန်းများရှိ ကွဲပြားစုံလင်သော သင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းအမျိုးမျိုးကို လက်တွေ့အသုံးချ၍ တတိယနှစ်၊ ပထမစာသင်နှစ်ဝက်တွင် ပါဝင်သည့် ဘာသာရပ်/သင်ယူမှုနယ်ပယ်များကို စီစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် သင်ကြားပို့ချခြင်းများ လုပ်ဆောင်တတ်မည်။

    Please login to take this course

    သင်ကြားမှုပုံစံများနှင့် ဆက်စပ်မှုများ - ITPR ပုံစံ

    သင်ကြားမှုပုံစံများနှင့် ဆက်စပ်မှုများ - တိုက်ရိုက်သင်ကြားမှုပုံစံ 

    ITPR ပုံစံကို အသုံးပြု၍ သင်ခန်းစာပြင်ဆင်ခြင်း

    ထိရောက်သော သင်ကြားသင်ယူမှု ဖြစ်စေရန်အတွက် အစီအစဉ် ရေးဆွဲခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်း

    ရေရှည်အတွက် သင်ယူမှု အစီအစဉ် ရေးဆွဲခြင်း 

    နေ့စဉ်အတွက် သင်ယူမှု အစီအစဉ်  ရေးဆွဲပြင်ဆင်ခြင်း

    မော်ဂျူး (၅.၁) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၅.၁) အနှစ်ချုပ်

    မော်ဂျူး (၅.၁) အတွက် ပို့ချချက် အပြည့်အစုံ

    သက်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများကို အသုံးပြု၍ သင်ယူမှုအတွေ့အကြုံများကို ပုံဖော်တည်ဆောက်ခြင်း

    သင်ယူမှုအတွေ့အကြုံများကို ပုံဖော်တည်ဆောက်ရန်အတွက် လက်တွေ့လေ့ကျင့်ခြင်း

    စစ်ဆေးအကဲဖြတ်မှုနှင့် အကဲဖြတ်သုံးသပ်မှု

    မော်ဂျူး (၅.၂) ဉာဏ်စမ်းမေးခွန်း

    မော်ဂျူး (၅.၂) အနှစ်ချုပ်

    မော်ဂျူး (၅.၂) အတွက် ပို့ချချက် အပြည့်အစုံ

    မော်ဂျူး (၅) အနှစ်ချုပ်

    သင်တန်းအနှစ်ချုပ်

    Related Courses

    chatGPTicon