မော်ဂျူး (၅) - ဆရာများအတွက် တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်
5
(1 Reviews)
Certified
4 week(s)
64 Enrollment(s)
1577 View(s)

Share On :
Course Description
ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ဤ တတိယနှစ်၊ ဒုတိယ စာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်
- မော်ဂျူး ၁။ ပညာရေးဒဿနများနှင့် ပညာရေးအပေါ် ၎င်းတို့၏ သက်ရောက်မှုများ
- မော်ဂျူး ၂။ စစ်ဆေးအကဲဖြတ်ခြင်း- စစ်ဆေးအကဲဖြတ်မှုကိရိယာများ ပြုစုရေးဆွဲခြင်းနှင့် တတ်မြောက်မှုကို ဆန်းစစ်လေ့လာခြင်း
- မော်ဂျူး ၃။ လူတိုင်းအကျုံးဝင်သော သင်ယူမှုဝန်းကျင်များ
- မော်ဂျူး ၄။ သင်ကြား၊သင်ယူမှုတွင် နည်းပညာကို အသုံးပြုခြင်း
- မော်ဂျူး ၅။ ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် လက်တွေ့သင်ကြားမှု
ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၅) ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၅) တွင်လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -
မော်ဂျူး (၅)
- မော်ဂျူး (၅.၁) ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု
- ပူးပေါင်းလုပ်ဆောင်သော ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင် ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
- သုတေသီများဖြစ်သော ဆရာများ
- သုတေသန စီမံချက်များ
- ဆရာအတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး (CPD) အတွက် ICT
- မော်ဂျူး (၅.၂) ဆရာအတတ်ပညာဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ ဆက်သွယ်မှုများ
- မြန်မာကျောင်းဆရာများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ
- တာဝန်ယူမှုရှိပြီး ကျင့်ဝတ်နှင့် ကိုက်ညီသော အမူအကျင့်အား တန်ဖိုးထားခြင်း
- မြန်မာကျောင်းဆရာများ၏ ခေါင်းဆောင်မှု အရည်အသွေးများ
- မြန်မာကျောင်းဆရာ တစ်ဦး ဖြစ်လာခြင်း
Course Objectives
ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ဒုတိယ စာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။
Learning Outcomes
ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည် -
- တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
- မူလတန်းအောက်အဆင့်နှင့် အလယ်တန်းအောက်အဆင့်ကျောင်းများတွင် ကျောင်းသားများ၏ သင်ယူမှုကို ထိရောက်စွာပံ့ပိုးပေးနိုင်ရန် သင်ခန်းစာများသင်ကြားရာ၌ ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းတွင် ၎င်းတို့၏ အသိပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချတတ်မည်။
- မူလတန်းအောက်အဆင့်နှင့် အလယ်တန်းအောက်အဆင့်ကျောင်းရှိ စာသင်ခန်းများတွင် ယဉ်ကျေးမှုဆိုင်ရာ မတူကွဲပြားမှုကို တိုးမြှင့်ခြင်းနှင့် ကျောင်းသားများ၏ အမူအကျင့်များကို ထိရောက်စွာစီမံခန့်ခွဲခြင်းဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာသုခရှိမှုကို သေချာစေပြီး လူတိုင်းအကျုံးဝင်သော သင်ယူမှုဝန်းကျင်ကို ဖန်တီးတတ်မည်။
- စာသင်ခန်းတွင် လူတိုင်းအကျုံးဝင်မှုရှိပြီး အသစ်တီထွင်ဖန်တီးမှုရှိသော သင်ယူမှုဝန်းကျင်ကို ဖန်းတီးရန် ပညာရေးဆိုင်ရာ နည်းပညာကို အသုံးချတတ်မည်။
- ထိရောက်သော ဆရာများဖြစ်လာစေရန်အတွက် တာဝန်ဝတ္တရားများနှင့် ခေါင်းဆောင်မှုဆိုင်ရာ အရည်အသွေးများကို လက်ခံယုံကြည်ပြီး ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကာတစ်ဦးချင်းနှင့် စုပေါင်းဆောင်ရွက်ရသော ချဉ်းကပ်နည်းများမှတစ်ဆင့် ဆရာအတတ်ပညာဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (CDP) တွင် ပါဝင်ဆောင်ရွက်တတ်မည်။
- စာသင်ခန်းများရှိ မတူကွဲပြားသောသင်ယူသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အမျိုးမျိုးသော သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်းနည်းများကို အသုံးချပြီး တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရန် အစီအစဉ်ရေးဆွဲ ပြင်ဆင်တတ်မည်။
Please login to take this course
Lectures
မော်ဂျူး (၅.၁) ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု
ပူးပေါင်းလုပ်ဆောင်သော ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် ကိုယ်ပိုင် ဆရာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးရေးတိုးတက်ရေး
CPD ပုံစံများ
CPD ကို ပံ့ပိုးခြင်း
ဆရာများသည် CPD နှင့် ပတ်သက်၍ မည်သို့ ယူဆပါသနည်း။
ပူးပေါင်းဆောင်ရွက်သော ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး
"ပူးပေါင်းဆောင်ရွက်သော ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး" အတွက် လေ့ကျင့်ရန်
သုတေသီများဖြစ်သော ဆရာများ
အရေအတွက်စံထားသုတေသန နှင့် အရည်အသွေးစံထား သုတေသန
"အရေအတွက်စံထားသုတေသန နှင့် အရည်အသွေးစံထား သုတေသန" အတွက် လေ့ကျင့်ရန်
ကိုယ်တိုင်လုပ်ဆောင်သည့် သုတေသနစာတမ်းငယ်
သုတေသီ ဖြစ်သော ဆရာများ - အသိပညာ၊ ကျွမ်းကျင်မှုများနှင့် တန်ဖိုးထားမှုများ
သုတေသန စီမံချက်များ
CAR ကို ဆောင်ရွက်ခြင်း - သုတေသန မေးခွန်း
CAR ကို ဆောင်ရွက်ခြင်း - အဆက်
ဆရာများက သုတေသနကို မည်သို့ အသုံးပြုနိုင်ပါသနည်း။
ဆရာအတတ်ပညာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT
မော်ဂျူး (၅.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၅.၁) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၅.၁) အနှစ်ချုပ်
မော်ဂျူး (၅.၁) အတွက် ပို့ချချက် အပြည့်အစုံ
မော်ဂျူး (၅.၂) ဆရာအတတ်ပညာဆိုင်ရာနှင့် ကျင့်ဝတ်ဆိုင်ရာ ဆက်သွယ်မှုများ
မြန်မာကျောင်းဆရာများအတွက် ကျင့်ဝတ်စည်းကမ်းများ
ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ပါ နယ်ပယ် (ဂ)
တာဝန်ယူမှုရှိပြီး ကျင့်ဝတ်နှင့်ညီသော ပြုမူဆောင်ရွက်မှုကို တန်ဖိုးထားခြင်း
မြန်မာကျောင်းဆရာများ၏ ခေါင်းဆောင်မှု အရည်အသွေးများ
ခေါင်းဆောင်များ ဖြစ်ကြသည့် ဆရာများ
စာသင်ခန်းအတွင်း အပြန်အလှန် လေးစားမှု ရှိခြင်း
သင်ကြားခြင်း စက်ဝန်း
မြန်မာကျောင်းဆရာ တစ်ဦး ဖြစ်လာခြင်း
လေ့လာသင်ယူထားသော အသိပညာများကို ပေါင်းစည်းခြင်း
မော်ဂျူး (၅.၂) ဉာဏ်စမ်းမေးခွန်း
မော်ဂျူး (၅.၂) အနှစ်ချုပ်
မော်ဂျူး (၅.၂) အတွက် ပို့ချချက် အပြည့်အစုံ
မော်ဂျူး (၅) အနှစ်ချုပ်
Summary
တတိယနှစ်၊ ဒုတိယစာသင်နှစ်ဝက် သင်တန်းအနှစ်ချုပ်
Related Courses