Apple App Store Google Play Store Google Play Store YouTube

မော်ဂျူး (၃) - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်

  Certified      10  hour(s)      28 enrollment(s)      3 lecture(s)      3 quizz(es)      903 view(s)   
 No Rating Yet
မော်ဂျူး (၃) - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ်
Course Description

ဤသင်တန်းသည် "လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအစီအစဉ် - ဆရာများအတွက် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်း" ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ 

ဤ တတိယနှစ်၊ ပထမစာသင်နှစ်ဝက် အွန်လိုင်းသင်တန်းတွင်

  • မော်ဂျူး ၁။ ၂၁ ရာစု ပညာရေး
  • မော်ဂျူး ၂။ သင်နည်းဗေဒ သဘောတရားနှင့် လက်တွေ့ ကျင့်သုံးမှုကို ခိုင်မာစွာ နားလည်စေခြင်း
  • မော်ဂျူး ၃။ ပညာရေး စိတ်ပညာ 
  • မော်ဂျူး ၄။ ထိရောက်သော သင်ယူမှုအတွက် နည်းဗျူဟာများ
  • မော်ဂျူး ၅။ အဓိပ္ပာယ်ရှိသော သင်ယူမှု အတွေ့အကြုံများ ဖန်တီးခြင်း

ဟူ၍ မော်ဂျူး (၅) ခုပါဝင်ရာ ယခု သင်တန်းတွင် မော်ဂျူး (၃)  ကို အသေးစိတ် လေ့လာရမည်ဖြစ်ပါသည်။ မော်ဂျူး (၃) တွင်လေ့လာရမည့် အကြောင်းအရာများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

မော်ဂျူး (၃)

  • မော်ဂျူး (၃.၁) စိတ်ပညာရှုထောင့်မှ သင်ယူမှုသဘောတရားများနှင့် သင်ကြားရေးအပေါ် သက်ရောက်မှုများ
    • ထမနှစ်နှင့် ဒုတိယနှစ်တို့မှ အခြေခံသင်ယူမှုသဘောတရားအချို့ကို ပြန်လည်သုံးသပ်ခြင်း
    • သိမှုဆိုင်ရာနှင့် လူမှုဆက်ဆံရေးဖြင့် အသိပညာ တည်ဆောက်မှုဆိုင်ရာ သင်ယူမှုသဘောတရားများ
    • လူမှုဆက်ဆံရေးဖြင့် အသိပညာ တည်ဆောက်မှုဝါဒဆိုင်ရာ သင်ယူမှုသဘောတရားများ
    • ပညာရေးစိတ်ပညာဆိုင်ရာ ယုံတမ်းစကားများနှင့် အယူအဆအလွဲများ 
  • မော်ဂျူး (၃.၂) ဉာဏ်ရည်အထွေထွေ သီအိုရီ
    • ဉာဏ်ရည်အထွေ‌ထွေသီအိုရီဆိုင်ရာ လက်တွေ့ကျင့်သုံးမှုကို ပိုမိုခိုင်မာအားကောင်းစေခြင်းနှင့် ဝေဖန်သုံးသပ်ခြင်း
    • သင်ကြားသင်ယူမှုအတွက် ဉာဏ်ရည်ဆိုင်ရာသီအိုရီ
  • မော်ဂျူး (၃.၃) ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သိရှိနားလည်စေခြင်း
    • ကလေးများနှင့် ဆယ်ကျော်သက်များ၏ သိမှုဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု
    • သင်ယူသူ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် မတူကွဲပြားမှုတို့ အကြောင်း ခိုင်မာစွာ နားလည်စေခြင်း
    • ကျောင်းသားများ၏ စိတ်ကျန်းမာရေး

Course Objectives

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမတို့အနေဖြင့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာအစီအစဉ် တတိယနှစ်၊ ပထမစာသင်နှစ်ဝက် သင်ရိုးညွှန်းတမ်းကို ထိရောက်စွာ သင်ကြားပေးနိုင်မည့် တတ်ကျွမ်းမှုများ ပိုမိုရရှိလာရန် ဖြစ်ပါသည်။

Learning Outcomes

ဤသင်တန်းပြီးမြောက်သည့်အခါ ဆရာ၊ ဆရာမများသည်-

  • ပညာရေးနှင့် လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်နွှယ်မှု၊ ပညာရေးကို အဓိက ပံ့ပိုးပေးသည့်အရာများနှင့် မတူကွဲပြားသော သင်ယူသူများနှင့် ရပ်ရွာအဖွဲ့အစည်းများ၏ မျှော်မှန်းချက်များနှင့် လိုအင်များကို ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းတစ်ခု ပြုစုရေးဆွဲရာတွင် အဓိကကျသည့် ဘက်စုံကိုက်ညီမှုရှိခြင်းတို့အကြောင်း သိရှိနားလည်လာမည်။
  • ဆရာအတတ်ပညာအစီအစဉ်၊ တတိယနှစ်၊ ဘာသာရပ်အထူးပြုလမ်းကြောင်း နှစ်ရပ်စလုံး၏ သင်ယူမှုပန်းတိုင်များ ပြည့်မီစေရန်အတွက် နည်းပညာ၊ သင်နည်းဗေဒနှင့် ဘာသာရပ် အကြောင်းအရာ ပေါင်းစပ်အသိပညာ (TPACK) အညွှန်းဘောင်၊ ကမ္ဘာတစ်ဝှမ်းလုံးဆိုင်ရာ သင်ယူမှုပုံစံ (UDL)၊ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်သော ပညာရေး (EPSD) နှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာရေး (HRE) စသော သင်နည်းဗေဒအညွှန်းဘောင်များကို အသုံးပြုသင်ကြားတတ်မည်။
  • တတိယနှစ်၊ ပထမစာသင်နှစ်ဝက်၊ ဘာသာရပ်အထူးပြုလမ်းကြောင်းအသီးသီးတွင်ပါဝင်သည့် ဘာသာရပ်များ/သင်ယူမှုနယ်ပယ်များကို သင်ကြားရာတွင် အဓိကကျသည့် ပညာရေးစိတ်ပညာ၊ ပညာရေးအတွေးအခေါ်များနှင့် ပညာရေးသဘောတရားများကို သိရှိနားလည်လာမည်။
  • စာသင်ခန်းများရှိ ကွဲပြားစုံလင်သော သင်ယူသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သင်ကြားမှုနည်းလမ်းများနှင့် စစ်ဆေးအကဲဖြတ်မှုနည်းလမ်းအမျိုးမျိုးကို လက်တွေ့အသုံးချ၍ တတိယနှစ်၊ ပထမစာသင်နှစ်ဝက်တွင် ပါဝင်သည့် ဘာသာရပ်/သင်ယူမှုနယ်ပယ်များကို စီစဉ်ရေးဆွဲခြင်း၊ ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် သင်ကြားပို့ချခြင်းများ လုပ်ဆောင်တတ်မည်။

Assessment and Certification

In order to get the certification, you need to finish all the course work, quizzes and final assessment.

Rating & Reviews (5 - Best, 1 - Worst)
Please login and take the course to rate and review.
Login
Please login to view the discussion and chat with the course takers.
Login
Take This Course
Related Resources
EDC Year3 Semester2 Educational Studies Primary Track Student Teacher Textbook (Myanmar version)

EDC Year3 Semester2 Educatio...

ဤမော်ဂျူးသည် မြန်မာနိုင်ငံအတွက် မျှော်မှန်းထားသော နိုင်ငံသားများနှင့် လူ့ဘောင်အဖွဲ့အစည်း...

Learn More
EDC Year3 Semester2 Educational Studies Primary Track Teacher Educator Guide (Myanmar version)

EDC Year3 Semester2 Educatio...

ဤမော်ဂျူးသည် မြန်မာနိုင်ငံအတွက် မျှော်မှန်းထားသော နိုင်ငံသားများနှင့် လူ့ဘောင်အဖွဲ့အစည်း...

Learn More
EDC Year3 Semester2 Educational Studies Primary Track Student Teacher Textbook (Myanmar version)

EDC Year3 Semester2 Educatio...

ဤမော်ဂျူးသည် မြန်မာနိုင်ငံအတွက် မျှော်မှန်းထားသော နိုင်ငံသားများနှင့် လူ့ဘောင်အဖွဲ့အစည်း...

Learn More
<
Back To Top